Main menu

Background

Thursday, 2 Dec 2010

မုံရွာမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းကြီးကျဈေးနဲ့အရောင်းအဝယ်ဖြစ်           ကုလားပဲဖြူလုံးကြီး ကို ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာ ကို ၁၂၁၁ ကျပ်(တစ်တန်ကို ၇၄၁၆ဝ၄ ကျပ်)နဲ့ ဈေးလျော့အဝယ်ရှိ သလို ရောင်းသူကုန်သည်များကလည်း ပစ္စည်းလက်ကျန်နည်းနေတဲ့ အပေါ်ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းအ ဝယ်ဖြစ်မှုနည်းခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်နည်းနေသလို မန္တလေးဝယ်လက်ကလည်း အရည်အသွေးလိုနေ တာကို အကြောင်းပြပြီးဈေးချဝယ်ယူခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်)နဲ့နေ့စဉ်အိတ် ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။

Thursday, 2 Dec 2010

မန ္တလေးမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူကြီးဈေးကျလာ           ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလိုဝယ်အားပါနည်းသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၄၇၆ ကျပ်(တစ်တန်ကို ၉ဝ၃၈၈၇ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၅ဝဝ နဲ့ ၂ဝဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလံုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များသာ အဝယ်အထိုက် အလျောက်ရှိပြီး ရန်ကုန်ဝယ်လက်က အဝယ်ပြန်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၄ဝ ကျပ် (တစ်တန်ကို ၇၅၉၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။  

Thursday, 2 Dec 2010

မကွေးမှာ ပဲတီစိမ်းနဲ့ နှမ်းဖြူကျဈေးနဲ့ အရောင်းအဝယ်ဖြစ်        ပဲတီစိမ်းကြီး ကို ရန်ကုန်-မန ္တလေးဝယ်လက်က အရည်အသွေး ပေါ်မတူညီ ပြီး အဝယ်ရှိတာတို့ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၂၆၃ ကျပ်(တစ်တန်ကို ၇၇၃၄၄၈ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၇၁၁ ကျပ်(တစ်တန်ကို ၁ဝ၄၇၇၉၉ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျသွား တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 2 Dec 2010

 မူဆယ်မှာ ပြောင်းအဝင်များပြီး အရောင်းအဝယ်ဖြစ်မှုများ             ပြောင်း က ဈေးကွက်သို့ ဝင်ရောက်မှု များပြားသလို တရုတ်ပြည် တင်ပို့ရန် ဝယ်ယူသူများကလည်း ဝယ်အားများပေမယ့် ရောင်းသူ ကုန်သည်များ အရောင်းများနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး အရောင်း အဝြယ်ဖစ်ခဲ့တယ်လို့သိရပါတယ။် ရော်ဘာ ကိုတရုတ်ဘက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကငြိမ်နေတယ်လို့ ရော်ဘာလုပ်ငန်းရှင်များဆိုပါတယ်။

Thursday, 2 Dec 2010

 ဘုရင့်နောင်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်             ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက မတ်ပဲ(RC) ကိုရန်ကုန်ဈေးကွက်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ပို့ကုန်ဝင်ငွေဒေါ် လာ တစ်ယူနစ်တန်ဖိုး ဈေးအတက်အကျအပေါ်မူတည်ပြီး အဝယ်ရှိ သလို လှောင်လက်ကုန်သည်များကလည်း လက်ရှိ ပေါက်ဈေးနှုန်းနဲ့ အရောင်းရှိနေတာကြောင့် တစ်တန်ကို အနိမ့်ဆုံး ၇၇၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၉၅ဝဝဝ ကျပ်အတွင်း ၂၄၁၅ တန် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် မတ်ပဲ(SQRC) ကိုလည်းပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များက ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၉၇ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၇၂ဝဝဝ ကျပ်အတွင်း ၈၇၄ တန်ခန့်အဝယ်ရှိခဲ တယ်လို့သိရပါတယ်။ ယခင်အပတ်တွေက အရောင်းအဝယ်အေးနေ တဲ့မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ကုန်သည်များ နှင့်ဝယ်ရောင်းကုန်သည်ကြီးများက တစ်ပိဿာကို အနိမ့်ဆုံး ၁၃၂ဝ ကျပ်(တစ်တန်ကို ၈ဝ၈၃၅၄ ကျပ်)မှ တစ်ပိဿာကို အမြင့်ဆုံး ၁၃၇၅ ကျပ်(တစ်တန်ကို ၈၄၂ဝ၃၆ ကျပ်)အတွင်း တန် ၁၅ဝ ခန့်အဝယ်ရှိ ခဲ့တယ်လို့ပဲကုန်သည်တစ်ဦးကဆိုပါတယ်။အလားတူပဲစင်းငုံနီ(RC) က လည်းရက်အတန်ကြာအရောင်းအဝယ်အေးနေရာက ဒီတစ်ပတ်မှာ ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက တစ်တန်ကို ၅၁ဝဝဝဝ ကျပ်နဲ့ တန် ၁၁၅ တန်အဝယ်ပြန်ရှိလာတယ်လို့ပဲကုန်သည် ကြီးများကဆိုပါတယ်။ 

Thursday, 25 Nov 2010

ဟင်္သာတမှာ ရန်ကုန်ဝယ်လက်ဈေးချအဝယ်ရှိလို့ မတ်ပဲဈေးကျလာ         ဒီတစ်ပတ်မှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) ရောင်း ဈေးကျလာတအဲ့ ပေါ် ဟင်္သာတ ဈေးကွက်ရှိ မတ်ပဲ (ကုန်ကြမ်း) ကိုအဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က လက်ရှိပေါက်ဈေးထက် ဈေးလျော့ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် မတ်ပဲ ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မတ်ပဲရောင်းဝယ်နေတဲ့ကုန်သည်များက ဆိုပါတယ်။

Thursday, 25 Nov 2010

ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီးဈေးကျပြီး ပဲတီစိမ်းသေးဈေးမြင့်                မြို့ခံပဲခွဲစက်လုပ်ငန်းရှင်များက ပဲခွဲခြမ်းပြုလုပ်ရန်အတွက် ကုလားပဲဖြူလုံးကြီးကို တစ်ပိဿာ ၁၂၈၇ ကျပ်(တစ်တန်ကို ၇၈၈၁၄၅ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက ဝယ်ယူတဲ့ ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းနည်းခဲ့တယ်လို့ပဲကုန် သည်တစ်ဦးကဆိုပါတယ်။ ပဲတီစိမ်းသေးကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတဲ့အပြင် ဝယ်အားပါများလာတာကြောင့် ယခင် အပတ်နဲ့ စာရင်  ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၄၂ ကျပ်( တစ်တန်  ကို ၈၂၁၈၂၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့သိရပါတယ်။

Thursday, 25 Nov 2010

မကွေးမှာ ရန်ကုန်ဝယ်လက်က ပဲတီစိမ်းကိုဈေးပေးအဝယ်ရှိလို့ဈေးမြင့်             ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယရ် တှိ ာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၅၅ ကျပ်(တစ်တန်ကို ၈၂၉၇၈၈ ကျပ်)နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၇၇၈ ကျပ်(တစ်တန်ကို ၁ဝ၈၈၈၂ ကျပ်) နဲ့ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့  နှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။

Thursday, 25 Nov 2010

မြင်းခြံမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်           ပဲတီစိမ်းလုံးကြီးကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ မှ ၃ဝဝ ကြားဝယ်အားပုံမှန်ရှိပင်မယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ် နေတယ်လို့သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်ကဈေးချအဝယ်ရှိသလို လှောင်လက်ကုန်သည်အချို့ကလည်း ငွေပြန်ပေါ်လိုတာကြောင့် အိတ်အနည်းငယ်ခန့် အရောင်းရှိခဲ့တယ်လို့ မြို့ခံကုန်သည် များကဆိုပါတယ်။

Thursday, 25 Nov 2010

တောင်ကြီးမှာ ပြောင်းဈေးမြင့်                 ပြောင်း က ဈေးကွက်သို့အဝင်များသလောက် မန္တလေး-ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့့််လာပြီး တစ်ပိဿာကို ၂၄ဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၆၃ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Pages