Main menu

Background

Monday, 23 Mar 2015

အတွဲ(၁၅)အမှတ်(၁၂)

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းအနေဖြင့် နယ်စုံမှ တစ်ပတ်အတွင်း တန် ၂၉၀၀၀ ခန့် ဝင်ရောက်ခဲ့လို့ အဝင်နည်း သွားတယ်လို့ ဆိုရမှာပါ။ ပစ္စည်းအဝင်နည်းပေမယ့် တရုတ်လိုင်း ကတော့ ပုံမှန်အဝယ်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် ၅၀ ကီလို တစ်အိတ်ကို ၉၂ ယွမ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ

Thursday, 12 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၀)

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်ဝယ် လက်က ဝယ်လိုအား  ပုံမှန်ရှိသလို ရောင်းသူကုန်သည်တွေက လည်း  အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့်  တစ် ပိဿာကို ၃၅၀ ကျပ် ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက   တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။

Thursday, 12 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၀)

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ် လက်က ဝယ်လိုအား  အနည်းငယ်  ပြန်လိုက်လာပေမယ့်   အရောင်းအဝယ်ကတော့ သိပ်မသွက်သေးကြောင်း၊ အရောင်း အဝယ်အနေဖြင့် တစ်ပိဿာ ၃၇၀ ကျပ်ဈေးဖြင့်သာ  အရောင်း အဝယ် အနည်းငယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နှစ်သစ် ကူးပွဲတော်ပြီးကတည်းက ပြောင်းအရောင်းအဝယ်အနည်းငယ် အေးစက်နေကြောင်း ဈေးကွက် အတွင်းမှသိရပါတယ်။

Thursday, 12 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၀)

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံကို ရန် ကုန်-မန္တလေးဝယ်လက်နှင့် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ က ဝယ်လိုအား ပုံမှန်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၃၅၀ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၁၀ သိန်းခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages