Background
အတွဲ(၁၅)အမှတ်(၁၂)
အတွဲ(၁၅)၊ အမှတ်(၁၀)
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်ဝယ် လက်က ဝယ်လိုအား ပုံမှန်ရှိသလို ရောင်းသူကုန်သည်တွေက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့် တစ် ပိဿာကို ၃၅၀ ကျပ် ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ် လက်က ဝယ်လိုအား အနည်းငယ် ပြန်လိုက်လာပေမယ့် အရောင်းအဝယ်ကတော့ သိပ်မသွက်သေးကြောင်း၊ အရောင်း အဝယ်အနေဖြင့် တစ်ပိဿာ ၃၇၀ ကျပ်ဈေးဖြင့်သာ အရောင်း အဝယ် အနည်းငယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နှစ်သစ် ကူးပွဲတော်ပြီးကတည်းက ပြောင်းအရောင်းအဝယ်အနည်းငယ် အေးစက်နေကြောင်း ဈေးကွက် အတွင်းမှသိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံကို ရန် ကုန်-မန္တလေးဝယ်လက်နှင့် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ က ဝယ်လိုအား ပုံမှန်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၃၅၀ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၁၀ သိန်းခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဈေး ကွက်ထဲ စတင်ဝင်ရောက်နေသလိုExport အတွက် အဓိက ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်လိုအားပြန်လိုက် လာတာကြောင့် တစ်ပိဿာကို ၁၃၆၀ ကျပ်(တစ်တန်ကို ၈၃၂၈၅၀ ကျပ်)ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက်ပဲလွန်းနီ(သစ်)ကို ရန်ကုန်ဝယ်လက်ကဝယ် လိုအား များလာတာကြောင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၆၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကိုExport အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်လိုအားပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်ဘက်မှာတော့ ပစ္စည်းလက်ကျန်နည်း နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ကို ၁၄၆၀ ကျပ် (တစ်တန်ကို ၈၉၄၀၈၉ ကျပ်)ဈေးဖြင့် တစ်ရက် ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်များက ကုလားပဲ (ထိုင်ဝမ်)(အသစ်)ကို တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်) ဈေးဖြင့် ဝယ်ယူလိုပေ မယ့် ရောင်းသူကုန်သည်များက ဈေးအမြင့်မှန်းထားတာကြောင့် အရောင်းအဝယ်အေးခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါ တယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က ဝယ်လိုအားပြန်သွက်လာတာကြောင့် ယခင်တစ် ပတ်နဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၆၀ ကျပ် (တစ်တန် ကို ၈၉၄၀၈၉ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုတော့ မြို့ခံပဲခွဲစက်တွေရဲ့ ဝယ်လိုအား ကောင်းတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါ တယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
မုံရွာဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို မြို့ခံပဲခွဲစက်များက ဝယ်လိုအား ပုံမှန်ရှိတာကြောင့် ယခင်တစ်ပတနဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၃၅ကျပ်(တစ်တန်ကို ၈၁၇၅၄၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၅၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို Export အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်လိုအားပြန်လိုက်လာလို့ ဈေး မြင့်လာပြီး တစ်ပိဿာ ၁၄၅၀ ကျပ်(တစ်တန်ကို ၈၈၇၉၆၅ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုပမာဏများခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
