Main menu

Background

Monday, 26 Sep 2011

မတ်ပဲစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ     ယခင်            ယခု    ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်     ၆၀၈၀၀၀     ၆၂၈၀၀၀၂ မုံရွာ                     ၁ ပိဿာ      ၉၀၀          ၁၀၂၅၃ ပြည်                     ၁ ပိဿာ      ၈၇၅          ၁၀၀၀၄ ဟင်္သာတ              ၁ ပိဿာ       ၉၁၅          ၉၈၅၅ မန္တလေး               ၁ ပိဿာ        ၈၆၇          ၉၅၀မတ်ပဲဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်မှုများလာ                     ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ(RC)ကို အိတ်စပို့ဝယ်လက်တွေက ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေး အတက်အကျအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန် ကို ၆၂၈၀၀၀ ကျပ်မှ ၆၇၆၅၀၀ ကျပ်အတွင်း တန်ချိန် ၁၁၂၂၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာ ဒေါ်လာဈေးက အတက်အကျမြန်နေသလို ပဲဈေးကလည်း လှုပ်နေ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အဆွဲနည်းပေမယ့် မြို့ခံစက်သမားတွေသာ ဝယ်အားပုံ မှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပြည်ဈေးကွက် မှာ ဒီတစ်ပတ်မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့ အဝင်ပါးနေပြီး လက်ကျန်ပဲများကိုသာ ရန်ကုန်ဝယ်လက်က အဆွဲများလာသလို ရောင်းလက် ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆို ပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ် လက်က ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး မြင့်လာမှုအ ပေါ် အကြောင်းပြုပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ။် အရောင်း အဝြယ်ဖစ်မှု က တစ်ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်) နဲ့ နေ့စဉ် အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 26 Sep 2011

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်           ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်             ၁ တန်     ၄၇၈၀၀၀   ၄၉၆၀၀၀၂ မန္တလေး                  ၁ ပိဿာ     ၇၀၅          ၇၆၇၃ မုံရွာ                       ၁ ပိဿာ     ၇၀၅          ၇၆၀၄ ပြည်                       ၁ ပိဿာ     ၇၀၀          ၇၅၀၅ ပခုက္ကူ                    ၁ ပိဿာ     ၇၀၅          ၇၇၀၆ မြင်းခြံ                    ၁ ပိဿာ     ၇၀၀           ၇၅၀၇ အောင်လံ               ၁ ပိဿာ     ၇၀၀          ၇၅၀၈ မကွေး                   ၁ ပိဿာ     ၇၁၀          ၇၇၅ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် ဝယ်အားပုံမှန်ရှိလို့ဈေးစွာ             ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ ဝယ်လက်တွေက ဒေါ်လာဈေးပြန်မြင့်လာတာရယ်၊ အိန္ဒိယကလည်း အဆွဲပုံမှန်ရှိတာရယ်အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၄၉၆၀၀၀ ကျပ်မှ ၅၄၀၀၀၀ ကျပ်အတွင်း တန် ၂၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရောင်းလက်များက တက်ဈေးနဲ့ အရောင်းများလာတာကြောင့် ယခင်အပတ်နဲ့စာရင် အရောင်းအ ဝယ်ဖြစ်မှုပမာဏပိုများလာတယ်လို့ ပဲကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ဈေးကွက်က စဖွင့်တဲ့ရက်တွေ မှာ ရန်ကုန်အဆွဲများပြီး နောက်ပိုင်းမှာ အဝယ်ပြန်အေးသွားပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်နေသေးတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၇၆၇ ကျပ် (တစ်တန်ကို ၄၆၉၇၀၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက် ထဲသို့ ပဲစင်းငုံအသစ်များ ဝင်လာဖို့ ၄ လလောက် လိုသေးတဲ့အချိန် မှာ ယခုပေါက်ဈေးက တစ်ပိဿာ ၇၆၇ ကျပ်နှင့် ၈၀၀ ကျပ်ကြားမှာ အရောင်းအဝယ်ဖြစ်နေပေမဲ့ ရောင်းသူ ကုန်သည်များက တက်ဈေး မျှောြ်ပးီ အရောင်း ထိန်း နေတယ်လို့ သိရပါတယ။် ပခုက္ကူဈေးကွက် မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒေါ်လာဈေးမြင့်လာမှုအပေါ် ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၀ ကျပ် (တစ်တန်ကို ၄၇၁၅၄၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြးီ တစ်ပိဿာကို ၇၇၅ ကျပ်(တစ်တန်ကို ၄၇၄၆၀၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ။် မုံံရွာဈေး ကွက်မှာ ပဲစင်းငုံနီက ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး ကုန်သည်အချင်းချင်း လက်ပြောင်းကာ အရောင်းအဝယ်ဖြစ် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၆၀ ကျပ်(တစ်တန်ကို ၄၆၅၄၁၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၁၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Monday, 26 Sep 2011

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်      ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ ပိဿာ     ၁၄၀၄    ၁၄၀၄၂ မန္တလေး              ၁ ပိဿာ     ၁၄၆၇    ၁၃၉၇၃ မုံရွာ                   ၁ ပိဿာ      ၁၄၅၀   ၁၃၉၅၄ ပခုက္ကူ                ၁ ပိဿာ     ၁၄၆၀    ၁၃၉၄၅ မြင်းခြံ                ၁ ပိဿာ      ၁၃၀၀    ၁၃၀၀ကုလားပဲဖြူလုံးကြီး ဈေးအနည်းငယ်ဆင်းလာပေမယ့် အရောင်းအဝယ် ပုံမှန်ရှိနေ                   မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲပုံမှန် ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၃၉၇ ကျပ်(တစ်တန်ကို ၈၅၅၅၀၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မုံံရုရွာွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မန္တလေး-ရန်ကုန် ဝယ်လက်အပြင် စက်သမားရော မျိုးအတွက်ပါ ပြန်လည်ဝယ်ယူသူ တွေဝယ်အားပုံမှန်ရှိခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ နဲ့အထက်ဖြစ်ခဲ့တယ်လို့ ဆို ပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်-မန္တလေးအပြင် မျိုးအတွက် ပါဝယ်ယူသူတွေများလာသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ဈေးကွက်မှာ ပိုမိုစည်ကား လာတယ်လို့မြို့ခံစက်သမားတစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ရောင်းလက် များအရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၃၉၄ ကျပ်(တစ်တန်ကို ၈၅၃၆၇၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀  ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

Monday, 26 Sep 2011

ပြောင်းစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ       ယခင်       ယခု             ပြောင်းလဲမှု၁ တောင်ကြီး               ၁ ပိဿာ     ၂၈၅         ၃၀၀၂ လားရှိုး                    ၁ ပိဿာ      ၃၀၀        ၃၅၀၃ မူဆယ်                    ၁ တန်       ၂၁၂၁၅၆  ၂၂၅၁၈၈၄ မန္တလေး                   ၁ ပိဿာ     ၃၀၆        ၃၄၃၅ မြင်းခြံ                     ၁ ပိဿာ      ၃၀၀        ၃၃၀၆ ဟင်္သာတ                 ၁ ပိဿာ     ၂၆၅         ၃၄၅ပြောင်းကို တရုတ်ဝယ်အား ပုံမှန်ရှိလို့ ဈေးစွာ                        တောင်ကြီးဈေးကွက်မှာ ပြောင်း(ဟောင်း)က ပစ္စည်းလက်ကျန်နည်းသွားပေမယ့် ဈေးကွက်သို့ ပြောင်းသစ်တွေ အဝင်ပုံမှန် ရှိတာကြောင့် အရောင်းအဝယ်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိက ဝယ်လက်တွေကတော့ ရန်ကုန်-မန္တလေးဝယ်လက်တွေဖြစ်ပြီး တစ်ပိဿာကို ၃၀၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်အားကောင်း နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၅၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၃၆၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်များလာသလို တရုတ်အဆွဲကလည်း ပုံမှန်ရှိခဲ့ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ သိရပါ တယ်။ ဟင်္သာတဈေးကွက်မှာ ပြောင်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၃၄၅ ကျပ်နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၅၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ တရုတ် ဝယ်လက်က ပြောင်း (ဟောင်း) တစ်ပိဿာ ၃၄၃ ကျပ်၊ ပြောင်း (သစ်)တစ်ပိဿာ ၃၃၃ ကျပ်နဲ့ နေ့စဉ်အိတ် ၂၀၀၀ မှ ၅၀၀၀ ကြား ဝယ်အားပုံမှန်ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 26 Sep 2011

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု၁ အောင်လံ            ၁ ပိဿာ      ၂၁၁၂    ၂၁၅၆နှမ်းဖြူကို တရုတ်အဆွဲသွက်လို့ ဈေးမြောက်လာ                   မန္တလေးဈေးကွက်သို့ အောင်လံ၊ပြည်၊ မကွေး(ခြုံကျော်) နှင့် ကျောက်ပန်းတောင်းဒေသမှ ထွက်ရှိတဲ့ နှမ်းသစ်တွေ အဝင်ပုံမှန် ရှိနေသလို နှမ်းဖြူထိပ်စနဲ့ အောက်စကိုလည်း တရုတ်က အဆွဲသွက် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ထိပ်စတစ်ပိဿာ ၁၇၃၃ ကျပ် (တစ်တန်ကို ၁၀၆၁၂၇၁ ကျပ်) အောက်စတစ်ပိဿာ ၁၅၁၁ ကျပ် (တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀၀ မှ ၅၀၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၆၇၀ ကျပ် (တစ် တန်ကို ၁၀၂၂၆၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။မုံရွာဈေးကွက်မှာ  နှမ်းဖြူက ဈေးကွက်သို့ အဝင်များ လာသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း ဝယ်အား သွက်နေ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၆၇ ကျပ်(တစ်တန်ကို ၉၅၉၆၁၅ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု များတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။အောင်လံ ဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲများတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၂၁၅၆ ကျပ် (တစ် တန်ကို ၁၃၂၀၃၁၂ ကျပ်) နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 26 Sep 2011

နှမ်းဖြူစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်       ယခု    ပြောင်းလဲမှု၁ မန္တလေး             ၁ ပိဿာ      ၁၄၈၉    ၁၇၃၃၂ မကွေး               ၁ ပိဿာ     ၁၅၁၂     ၁၆၇၀၃ မုံရွာ                 ၁ ပိဿာ      ၁၄၀၀     ၁၅၆၇

Monday, 26 Sep 2011

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ       ယခင်       ယခု             ပြောင်းလဲမှု ၁ မုံရွာ                      ၁ ပိဿာ      ၁၀၂၆        ၉၇၄ ၂ မန္တလေး                 ၁ ပိဿာ       ၁၁၂၀      ၁၀၃၁ ၃ ပြည်                      ၁ ပိဿာ        ၇၂၅        ၈၅၀ ၄ မကွေး                   ၁ ပိဿာ        ၉၂၁        ၁၀၃၀ ၅ မြင်းခြံ                   ၁ ပိဿာ        ၈၇၀         ၈၉၀ ပဲတီစိမ်း(အညာ) ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                     မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဆက်တိုက် အဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီးထိပ်စ တစ်ပိဿာ ၁၀၃၁ ကျပ်(တစ်တန် ကို ၆၃၁၃၇၄ ကျပ်) အောက်စတစ်ပိဿာ ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲသို့ ပဲတီစိမ်းသစ်များ ဝင် ရောက်မှုမရှိဘဲ လက်ကျန်ပဲများကိုသာ ရောင်းဝယ်နေကြပြီးပစ္စည်း အရည်အသွေးအလိုက် ဈေးနှုန်းကွာခြားမှုတွေ ရှိနေတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပါးလာပြီး မျိုးအတွက် ဝယ်ယူသူများ အဝယ်များ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ နေ့စဉ် အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မကွေး ဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့ စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၀၃၀ ကျပ်(တစ် တန်ကို ၆၃၀၇၆၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၃၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီး ဈေးကွက်သို့ အဝင်နည်းလာသလို ပဲရဲ့အရည်အသွေး ကလည်းအနည်းငယ်ညံ့လာတာကြောင့် တရုတ်ဝယ်လက်က အဝယ် နည်းပြီး ဒေသတွင်းပဲခွဲစက်သမားများသာ အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၄ ကျပ် (တစ်တန်ကို ၅၉၆၄၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါ တယ်။ ပဲတီစိမ်းက ငွေဈေးအတက်အကျကိုမူတည်ပြီး ရောင်းလက် တွေ အထုတ်အသိမ်းချင့်ချိန်ခဲ့ကြလို့ ဒီတစ်ပတ် အရောင်းအဝယ် ထင်သလောက်မဖြစ်ခဲ့ဘူးလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ 

Monday, 26 Sep 2011

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ       ယခင်      ယခု          ပြောင်းလဲမှု၁ မန္တလေး                   ၁ ပိဿာ        ၁၀၇၆    ၁၀၈၄၂ မကွေး                     ၁ ပိဿာ        ၁၀၂၆    ၁၀၂၆၃ ပခုက္ကူ                     ၁ ပိဿာ        ၁၀၂၆    ၁၀၄၇၄ မုံရွာ                        ၁ ပိဿာ         ၁၀၅၃   ၁၀၆၃၅ အောင်လံ                 ၁ ပိဿာ        ၁၀၀၀    ၁၀၅၀၆ မြင်းခြံ                     ၁ ပိဿာ          ၁၀၅၀   ၁၀၅၀၇ ပြည်                        ၁ ပိဿာ         ၁၀၁၅    ၁၀၈၀ထိုင်ဝမ်(ကုလားပဲ) ဈေးမြောက်လာ                       မန္တလေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းပဲခွဲစက်သမားများအပြင် ရန်ကုန်ကပါ အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၈၄ ကျပ်(တစ်တန်ကို ၆၆၃၈၃၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်အဆွဲ များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၂၆ ကျပ်(တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံစက်သမားများက ဝယ်အားပုံမှန်ရှိသလို ရန်ကုန်ကလည်းအဆွဲလိုက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၇ ကျပ် (တစ်တန်ကို ၆၄၁၁၇၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မ် ှာ ကုလားပဲကို မြို့ခံပဲခွဲစက်သမား များနဲ့ အမှုန့်ကြိတ်စက်များက အရောင်းအဝယ်အားဖြင့် ကြိုက်ဈေး အပေါ်မူတည်ပြီး တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေအပြင် ရန်ကုန်ဝယ်လက် ကပါ အဝယ်သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅၀မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 26 Sep 2011

ကုန်စည်ဒိုင်သုံးသပ်ချက်                        မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယက အဆွဲ ပုံမှန်ရှိတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူ နစ်တန်ဖိုး ဈေးမြင့်လာတာရယ်အပေါ် မူတည်ပြီး ဈေးပေးအဝယ် ရှိသလို ဝယ်အားပါ များလာတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ မန္တလေး၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးမြင့်လာကြောင်း တွေ့ရပါ တယ်။                       ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်လက်က ပဲအရည်အသွေး ပေါ် မူတည်ပြီး အဝယ်ရှိနေတာကြောင့် ပြည်၊ မကွေးနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်မြင့်နေပြီး မုံရွာနဲ့ မန္တလေးမှာ ဈေးအနည်း ငယ်ကျနေကြောင်း တွေ့ရပါတယ်။                         ပဲစင်းငုံနီကိို ပြည်ပအဝယ်လိုက်လာတာရယ်၊ ဒေါ်လာ ဈေး မြင့်လာတာရယ်အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့်ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးမြင့်နေကြောင်း သိရပါတယ်။                           ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် မန္တလေး၊မုံရွာနဲ့ ပခုက္ကူမှာ ဈေးအနည်းငယ်ကျလာပြီး ဘုရင့်နောင်နဲ့မြင်းခြံမှာ ဈေးတန့်နေကြောင်း တွေ့ရပါတယ်။                             ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်များနှင့် ဒေသတွင်း အမှုန့်ကြိတ်စက်များသာမက ရန်ကုန်အဆွဲပါ များလာတာကြောင့် မန္တလေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံနဲ့ ပြည်မှာ ဈေးအနည်းငယ် မြင့်နေပြီး မကွေးနဲ့ မြင်းခြံမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                          ပြောင်းကို တရုတ်ဝယ်လက် ဝယ်အားကောင်းနေတာ ကြောင့် တောင်ကြီး၊ လားရှိုး၊ မူဆယ်၊ မန္တလေး၊ မြင်းခြံနဲ့ ဟင်္သာတ မှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။                             နှမ်းဖြူ ကို အရည်အသွေးအပေါ် မူတည်ပြီး တရုတ် ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး၊ မကွေးနဲ့ မုံရွာမှာ ဈေးသိသိသာစွာွာမြင့့်် လာကြောင်း သိရပါတယ်။                        သိပ္ပံနှမ်းကို ရန်ကုန်အဆွဲသွက်နေတာကြောင့် အောင်လံ ဈေးကွက်မှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။

Friday, 23 Sep 2011

ကုန်စည်ဒိုင်သုံးသပ်ချက်                  မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲ သန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယက အဆွဲများ လာတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူ နစ်တန်ဖိုး ဈေးမြင့်လာရယ်အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိ တာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။       ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်လက်က ပဲအရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး၊ မုံရွာ၊ မကွေးနဲ့ မြင်းခြံမှာ ဈေးမြင့်  ေ နပြီး ပြည်တွင် ဈေးတန့်နေ ကြောင်း တွေ့ရပါတယ်။            ပဲစင်းငုံနီကို ပြည်ပဝယ်လက်က ဒေါ်လာဈေးမြင့်လာတာ ရယ်၊ အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားပြန်လိုက်လာတာရယ်အပေါ် မူတည်ပြီး ဝယ်အားများလာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးမြင့်လ် ာကြောင်း တွေ့ရပါတယ်။                ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲကောင်းလာတာကြောင့်  ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးသိသာ စွာ မြင့်တက်လာကြောင်း တွေ့ရပါတယ်။    ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်များနှင့် ဒေသတွင်း အမှုန့်ကြိတ်စက်များက ဝယ်အားသွက်လာတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ၊ မြင်းခြံနဲ့ ပြည်မှာ ဈေးမြင့်လာ ကြောင်း သိရပါတယ်။           ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်သမား များ ဝယ်အားပုံမှန်ရှိတာကြောင့် တောင်ကြီး၊ လားရှိုး၊ မူဆယ် နဲ့ မြင်းခြံမှာ ဈေးမြင့်နေပြီး မန္တလေးနဲ့ ဟင်္သာတမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။             နှမ်းဖြူ ကို တရုတ်အဆွဲသွက်နေတာကြောင့် မန္တလေး၊မကွေးနဲ့ မုံရွာမှာ ဈေးမြင့်နေတာတွေ့ရပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် အောင်လံဈေးကွက်မှာ ဈေးမြင့် လာတာ တွေ့ရပါတယ်။

Pages