Background
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၅၅ ၂၆၅၂ လားရှိုး ၁ ပိဿာ ၂၇၅ ၂၈ဝ၃ မူဆယ် ၁ တန် ၁၉၉ဝ၄၅ ၂ဝဝ၁၆၉၄ မန္တလေး ၁ ပိဿာ ၂၇၈ ၂၉၆၅ မြင်းခြံ ၁ ပိဿာ ၂၆ဝ ၂၇ဝ၆ ဟင်္သာတ ၁ ပိဿာ ၂၅ဝ ၂၆၅၇ ရေစကြို ၁ ပိဿာ ၂၄ဝ ၂၈ဝပြောင်းကို တရုတ်နဲ့ ဒေသတွင်း အစာစပ်သမားများ ဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်လာ တောင်ကြီးဈေးကွက်မှာ ပြောင်းသစ်က ဈေးကွက်သို့ဝင်ရောက်မှုရှိနေပေမယ့် အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် တစ်ပိဿာ ကို ၁၅ဝ ကျပ်နဲ့ ဈေးဖွင့်အရောင်းရှိနေပေမယ့် ရန်ကုန်-မန္တလေး ဝယ်လက် အဝယ်အေးနေတယ်လို့ဆိုပါတယ်။ ပြောင်း(ဟောင်း)ကို ရန်ကုန်-မန္တလေး ဝယ်လက်အပြင် ဒေသတွင်း အစာစပ်လုပ်ငန်း ရှင်များပါ ဝယ်အားပုံ မှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ကို ၂၆၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၃ဝဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်များက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းသစ်ရောအဟောင်းပါ တရုတ်ဝယ်အား ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ လားရိူးဈေးကွက်မှာ ပြောင်းသစ်က ဈေးကွက်သို့အဝင်ရှိနေပြီး အစိုဓာတ် အနည်းငယ်ရှိနေပေမယ့် ပြောင်း အခြောက်ခံစက်ကြီးတွေရှိနေတာကြောင့် ပြောင်းအဟောင်းဈေးနဲ့အသစ်က အတူတူဖြစ်နေပြီး တစ်ပိဿာကို ၂၈ဝ ကျပ်နဲ့ တစ်ရက်ကို ပိဿာချိန် ၄ဝဝဝ ခြန့်ဖစ်ခဲ့ကြောင်းသိရပါတယ။် မန္တလေး ဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်များလာသလို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များကလည်း ဝယ်အား သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၉၆ ကျပ်နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၉၂၁ ၉၆၈ ၂ မန္တလေး ၁ ပိဿာ ၈၈၉ ၁ဝ၆၇ ၃ ပြည် ၁ ပိဿာ ၆၅ဝ ၇ဝဝ ၄ အောင်လံ ၁ ပိဿာ ၈ဝဝ ၉၅ဝ ၅ မကွေး ၁ ပိဿာ ၆၇၅ ၇၉ဝ ၆ မြင်းခြံ ၁ ပိဿာ ၇ဝဝ ၇၇၅ ပဲတီစိမ်းကို တရုတ်အဆွဲသွက်လို့ ဈေးစွာ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့ ပစ္စည်း အဝင်လှိုင်လာသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ် မူတည်ပြီး ဈေးပေး အဝယ်ရှိနေတာကြောင့် ယခုလိုပဲတီစိမ်းဈေး စွာလာတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေး-ရန်ကုန်ဝယ်လက်တွေက ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၆၈ ကျပ်(တစ်တန်ကို ၅၉၂၇၉၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် သိရပါတယ်။မကွေးဈေး ကွက်မှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၇၉ဝ ကျပ် (တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအဝယ်ရှိ ခဲ့တယ်လို့ သိရပါတယ်။အောင်လံဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန် ဝယ်လက်က အရည်အသွေးကောင်းရင် ကောင်းသလို ဈေးပေးအ ဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၅ဝ ကျပ်(တစ်တန်ကို ၅၈၁၇၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၂ဝ၅ ၁၂၅ဝ၂ မန္တလေး ၁ ပိဿာ ၁၂၂၃ ၁၁၇၉၃ မုံရွာ ၁ ပိဿာ ၁၁၈၄ ၁၁၇၄၄ ပခုက္ကူ ၁ ပိဿာ ၁၁ဝ၅ ၁၁၈၄၅ မြင်းခြံ ၁ ပိဿာ ၁၁ဝဝ ၁၁၅ဝကုလားပဲဖြူလုံးကြီး ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိပြီး မြို့ခံပဲခွဲစက်တွေက အဝယ်နည်းခဲ့တယ်လို့ဆိုပါတယ်။ ကုလား ပဲဖြူလုံးကြီးက ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိနေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၇၉ ကျပ် (တစ်တန်ကို ၇၂၂ဝဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝမှ ၁၂ဝဝ အတွင်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို အရောင်းအဝယ်ပုံမှန်ရှိနေပေမယ့် ဈေးကတော့ နည်းနည်းပြန်ဆင်း လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ် ပိဿာ ၁၁၇၄ ကျပ် (တစ်တန်ကို ၇၁၈၉၄၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလား ပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၈၄ ကျပ် (တစ်တန်ကို ၇၂၅ဝ၆၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝ မှ ၁ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ အောင်လံ ၁ ပိဿာ ၁၈ဝဝ ၁၈၈၉ နှမ်းဖြူကို တရုတ်အဆွဲများလို့ ဈေးမြောက်လာ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို ဒီတစ်ပတ်တရုတ်အဆွဲများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီးတစ်ပိဿာကို ၁၄၄၄ ကျပ်(တစ်တန်ကို ၈၈၄၂၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၁၈ဝဝ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ နှမ်းကုန်သည်ကြီးတစ်ဦးက တရုတ်ကနှမ်းဖြူကို အဆွဲသွက်လာသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်။ ဒါကြောင့် ရောင်းဝယ်မှုပမာ ဏက အရင်ထက်ပိုပြီး များလာတာလို့ဆိုပါတယ်။ မုံရွာဈေးကွက် မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄ဝဝ ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ခြုံကျော်နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးပိုပေးပြီး အဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၄ဝဝ ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၅ဝဝ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန် အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၈၈၉ ကျပ်(တစ်တန်ကို ၁၁၅၆၈ဝ၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
နှမ်းဖြူစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၃၅၆ ၁၄၄၄၂ မကွေး ၁ ပိဿာ ၁၃၆ဝ ၁၄ဝဝ၃ မုံရွာ ၁ ပိဿာ ၁၁၆၇ ၁၄ဝဝ၄ ရေစကြို ၁ ပိဿာ ၁၂ဝဝ ၁၂၅ဝ၅ ပခုက္ကူ ၁ ပိဿာ ၁၁၅ဝ ၁၃၃၃
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄ဝ၅ဝဝဝ ၄၄၁ဝဝဝ၂ မန္တလေး ၁ ပိဿာ ၆၁၇ ၆၅ဝ၃ မုံရွာ ၁ ပိဿာ ၆ဝဝ ၆၈ဝ၄ ပြည် ၁ ပိဿာ ၆ဝဝ ၆၅၅၅ ပခုက္ကူ ၁ ပိဿာ ၆ဝဝ ၆၆၅၆ မြင်းခြံ ၁ ပိဿာ ၅၈၅ ၆၅ဝ၇ အောင်လံ ၁ ပိဿာ ၆ဝဝ ၆၆၅၈ မကွေး ၁ ပိဿာ ၆၁ဝ ၆၅ဝပဲစင်းငုံနီ ဈေးစွာလာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၄၁၇ဝဝဝ ကျပ်မှ ၄၄၁ဝဝဝ ကျပ်အတွင်း တန် ၁၈၈၆ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကုန်သည်ကြီးတစ်ဦးက ဒေါ်လာ ဈေးကောင်းလာတာကြောင့် လှောင်လက်တွေကလည်း ထုတ်ရောင်း မှုများလာသလို အိတ်စပို့ဝယ်လက်တွေကလည်း ဝယ်အားများလာ တယ်။ ဒါကြောင့် ပဲစင်းငုံက ဈေးကွက်မှာ အရောင်းအဝယ်ပိုသွက် လာတယ်လို့ဆိုပါတယ။် မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀၀ ခန့် ရောင်းအဝြယ်ဖစ်ခဲ့ကြောင်းသိရပါတယ။် မံုံရွာ ဈေးကွက်မှာ ပဲစင်းငုံနီက ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ် လို့ဆိုပါတယ်။ ဒေါ်လာဈေးကလည်း ဒီတစ်ပတ်မှာ ဈေးကောင်းလာ တာကြောင့် ရန်ကုန်ဝယ်လက်က ယခင်အပတ်နဲ့စာရင် ဈေးပေးအ ဝယ်ရှိသလို ဝယ်အားပါများလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၃ဝဝ ကြားအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။အောင်လံ ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဝယ်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၆၅ ကျပ် (တစ်တန်ကို ၄ဝ၇၂၃၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပဲကုန်သည်ကြီးတချို့က ယခုလို ဒေါ်လာဈေးတွေ ပြန်မြင့်လာလို့ ပဲအရောင်းအဝယ်ကုန်သည်တွေ လည်း လှုပ်လှုပ်ရှားရှားနဲ့ အရောင်းအဝယ်သွက်လာတာကြောင့် ဈေးကွက်မှာ ပိုမိုစည်ကားလာတယ်လို့ ဆိုပါတယ်။
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၄၂ဝဝဝ ၅၆၈ဝဝဝ၂ မုံရွာ ၁ ပိဿာ ၇၅ဝ ၇၇၅၃ ပြည် ၁ ပိဿာ ၇၉၅ ၈၃၅၄ ဟင်္သာတ ၁ ပိဿာ ၈ဝ၅ ၈၄ဝ၅ မန္တလေး ၁ ပိဿာ ၇၅ဝ ၇၆၇မတ်ပဲကို ပြည်ပအဝယ်လိုက်လို့ ဈေးမြောက်လာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ( RC) ကို အိတ်စ ပို့ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးတရိပ်ရိပ်မြင့်တက်လာတာရယ်၊ ပြည်ပဝယ်လို အားကလည်း ပုံမှန်ရှိနေတာရယ်အပေါ် မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၅၃၈ဝဝဝ ကျပ်မှ ၅၆၈ဝဝဝ ကျပ်အတွင်း တန်ချိန် ၆၉ဝဝ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲကုန်သည် တချို့က ဒီတစ်ပတ်မှာ ဒေါ်လာ ဈေးက တရိပ်ရိပ်မြင့်လာသလို ပဲဈေးကလည်း တဖြည်းဖြည်းမြင့်တက်လာကြောင်း ပြည်ပဝယ်လိုအားကလည်း ပုံမှန်ရှိကြောင်း၊ ဒါကြောင့် ပဲဈေးကောင်းလာသလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ယခင် အပတ်ထက် ပိုများလာတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်သမားများ သာဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာကို ၇၆၇ ကျပ်(တစ်တန်ကို ၄၆၉၇ဝ၃ ကျပ်)နဲ့ နေ့စဉ် အိတ်၂ဝဝ ခန့်သာ ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့််လာပြီး တစ်ပိဿာကို ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၁ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သၤာတဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း) က ရန်ကုန်အဆွဲများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသိသာစွာမြင့်လာတယ်လို့ သိရပါတယ။် ဒေါ်လာဈေးမြင့်လာ တာကြောင့် ရန်ကုန်အဆွဲများလာသလို မြို့ခံလှောင်လက်တွေလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
ကုန်စည်ဒိုင် သုံးသပ်ချက် မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ မတ်ပဲသန့်စင် ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန် ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုးေ ဈးလှုပ်နေတဲ့အပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်မှာ ဈေးမြင့်နေပြီး မုံရွာ၊ ပြည်၊ မန္တလေး နဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်ကျဆင်း ပဲတီစိမ်း(အညာ)ကိုတရုတ်က အရည်အသွေးပေါ် မူ တည်ပြီး အဆွဲပြန်သွက်လာတာကြောင့် မုံရွာ၊ မန္တလေး၊ အောင်လံ နဲ့မကွေးမှာဈေးမြင့်နေပြီး ပြည်မှာ ဈေးအနည်းငယ် ကျနေတာ တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယမှ ဈေးပိုပေးပြီး အဝယ်ပြန်လိုက်လာ တာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံ နှင့် မကွေးမှာ ဈေးအနည်း ငယ်မြင့့််လာပြီး ပြည်မှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပြည်တွင်းဝယ်လိုအားနဲ့ ပြည်ပ ဝယ်လိုအား ပုံမှန်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေးနဲ့ မုံရွာမှာ ဈေးမြင့်ေ့ နပြီး ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်ကျနေကာ ရေစကြိုမှာ ဈေးတန့််ေ် နကြောင်း တွေ့ရပါတယ်။ ထိုင်ဝမ်(ကုလားပဲ)ကို ဒေသတွင်းပဲခွဲစက်များနဲ့ အမှုန့်ကြိတ် စက်များက ဝယ်အားပျော့သွားတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ အောင်လံနဲ့ ပြည် တွင် ဈေးကျလာပြီး မြင်းခြံမှာ ဈေးအနည်းငယ် မြင့်နေကာ မုံရွာနဲ့ရေစကြိုမှာ ဈေးငြိမ်နေကြောင်း တွေ့ ရပါတယ်။ ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမဲ့ ဈေးကွက်မှာ ပစ္စည်းလက် ကျနန် ည်း သွာ း တာကြောင့် တောြင်ကီး မှာ ဈေးမြင့်နေပြီး လားရှိုး ၊ မြင်းခြံနဲ့ ရေစကြိုမှာ ဈေးအနည်းငယ်ကျနေကာ မန္တလေးတွင် ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။ နှမ်းဖြူကို တရုတ်အဆွဲသွက်နေတာကြောင့် မန္တလေးမှာ ဈေးမြင့််နေပြီး မကွေး မှာ ဈေးမဆိုသိသလောက်က်ကျ နေကာ မုံရွာ၊ ရေစကြိုနဲ့ ပခုက္ကူ မှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ သိပ္ပ္ပံံနှမ်းကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများနေတာကြောင့် အောင်လံဈေးကွက်မှာ ဈေး အနည်းငယ်ကျ နေကြောင်း သိရပါတယ်။
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၇၈၉ ၉၂၁ ၂ မန္တလေး ၁ ပိဿာ ၇၁၁ ၈၈၉ ၃ ပြည် ၁ ပိဿာ ၇၄ဝ ၆၅ဝ ၄ အောင်လံ ၁ ပိဿာ ၆၅ဝ ၈ဝဝ ၅ မကွေး ၁ ပိဿာ ၆၃ဝ ၆၇၅ ပဲတီစိမ်း(အညာ) ကို အရည်အသွေးပေါ်မူတည်ပြီး တရုတ်ဈေးပေး အဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်း(အညာ)ကို တရုတ် ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတာ ကြောင့် မန်းဈေးကွက်သို့ ပဲတီစိမ်းတွေ တစိမ့်စိမ့်ဝင်လာနေတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းတဲ့အစကို တရုတ်အ ဆွဲများပြီး အရည်အသွေးအသင့်အတင့်ရှိတဲ့အစကို ပဲခွဲစက်တွေ အဆွဲ ရှိနေတယ်လို့ဆိုပါတယ်။ ''ပဲတီစိမ်းက ယခင်အပတ်နဲ့စာရင် ဈေးစွာလာ သလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း များလာတယ်''လို့ မြို့ခံ ပဲကုန်သည်အချို့ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မ် ှာ ပဲတီ စိမ်းကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့ အဝင်ပါးနေသလို လက်ကျန်ပဲတွေရဲ့ အရည် အသွေးကလည်း ကျဆင်းလာတာကြောင့် ဝယ်လက်တွေ ဈေးချ အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာကို ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားသာဖြစ်ခဲ့တယ်လို့သိရပါတယ်။မုံရွာဈေးကွက် မှာ ပဲတီစိမ်းကို မန္တလေးအဆွဲသွက်နေတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၂၁ကျပ် (တစ်တန်ကို ၅၆၄ဝ၁၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။ ''ဒီတစ်ပတ်ပဲအရောင်းသွက်နေတာက တရုတ်အဆွဲများလာလို့ အခု လိုဈေးတွေမြောက်လာပြီး အရောင်းအဝယ်ဖြစ်မှုများလာရတယ်'' လို့ မြို့ခံကုန်သည်တချို့က ဆိုပါတယ်။
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၈၉၈ ၈၉၈၂ မကွေး ၁ ပိဿာ ၈၆၅ ၈၅၅၃ ပခုက္ကူ ၁ ပိဿာ ၈၆၈ ၈၄ဝ၄ မုံရွာ ၁ ပိဿာ ၈၁၆ ၈၁၆၅ အောင်လံ ၁ ပိဿာ ၈၇၅ ၈၅ဝ၆ မြင်းခြံ ၁ ပိဿာ ၈၆၅ ၈၇၅၇ ရေစကြို ၁ ပိဿာ ၈၆ဝ ၈၆ဝ၈ ပြည် ၁ ပိဿာ ၈၈၅ ၈၃ဝထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ အဝယ်နည်းလို့ ဈေးဆင်းလာ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲကို ဒေသတွင်းပဲခွဲစက်တွေ အဝယ်နည်းလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၈ဝ ကျပ် (တစ်တန်ကို ၅၃၈၉ဝ၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာရှိ ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲ စက်တွေက ဝယ်အားပုံမှန်ထက်စာရင် နည်းသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၅ ကျပ်(တစ်တန်ကို ၅၂၃၅၉၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲကို ဒေသခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်လုပ်ငန်းရှင်များက အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းလက်များကလည်း ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်လို့ အရောင်း အဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၄ဝ ကျပ်(တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ်၅ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကွက်မှာတော့ ကုလားပဲကို မြို့ခံခွဲစက်တွေသာမက အမှုန့်ကြိတ်စက်သမားတွေပါ ဝယ်အားအထိုက်အလျောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။မုံရွာဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေနဲ့အမှုန့်ကြိတ် စက်တွေက အဆွဲအသင့်အတင့်ရှိခဲ့သလို ငွေပြန်ပေါ်လိုသောကုန် သည်အချို့ကလည်း အရောင်းရှိနေတာကြောင့် တစ်ပိဿာကို ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။