Main menu

Background

Tuesday, 30 Aug 2011

သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင်    ရေတွက်ပုံ     ယခင်      ယခု    ပြောင်းလဲမှု ၁ အောင်လံ         ၁ ပိဿာ       ၁၇၃၅     ၁၇၁၂ နှမ်းဖြူကို တရုတ်အဆွဲသွက်လာ                   မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်အဆွဲ သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၅၆ ကျပ်(တစ်တန်ကို ၈၃ဝ၄ဝဝ ကျပ်) နဲ့နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ''နှမ်းဖြူက ယခင် အပတ်နဲ့စာရင် ဈေးပိုကောင်းလာတယ်။ တရုတ်အဆွဲလည်း ပုံမှန်ရှိ တော့ ဈေးကွက်ထဲနှမ်းတွေ အဝင်များလာတယ်။ ရောင်းလက်တွေက လည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်'' လို့မြို့ခံနှမ်း ကုန်သည် တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာတော့ ဒီတစ်ပတ် နှမ်းဖြူက ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၆၇ ကျပ်(တစ်တန်ကို ၇၁၄၆၅၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။မကွေး ဈေးကွက်မှာနှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိနေသလို အရောင်းအဝယ်ဖြစ်မှုလည်း များခဲ့တယ်လို့ သိရပါတယ်။ ''ဒီတစ်ပတ်ဈေးကွက်မှာ နှမ်းဖြူက အရောင်းအဝယ်အကောင်းဆုံး သီးနံှဖြစ်နေတယ်။ မန္တလေးအဆွဲများတယ်။ ရောင်းလက်များကလည်း ဝယ်ဈေးကြိုက်လို့ အရောင်းများလာ တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၁၃၆ဝ ကျပ်(တစ်တန်ကို ၃၈၅၈ဝ၅ ကျပ်)နဲ့ နေ့စဉ်အိတ်   ၂ဝဝဝ မှ ၂၅ဝဝကြားဖြစ်ခဲ့ကြောင်းသိရပါတယ။် အောင်လံ ဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ ဝယ်လက်က တစ်ပိဿာကို ၁၇၁၂ ကျပ်(တစ်တန် ကို ၁ဝ၄၈၄၁၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အထိ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ 

Tuesday, 30 Aug 2011

နှမ်းဖြူစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ      ယခင်     ယခု    ပြောင်းလဲမှု၁ မန္တလေး             ၁ ပိဿာ      ၁၃၂၂    ၁၃၅၆၂ မကွေး               ၁ ပိဿာ      ၁၃၈ဝ    ၁၃၆ဝ၃ မုံရွာ                 ၁ ပိဿာ       ၁၁၆၇    ၁၁၆၇၄ ရေစကြို            ၁ ပိဿာ       ၁၂ဝဝ    ၁၂ဝဝ၅ ပခုက္ကူ              ၁ ပိဿာ      ၁၁၅ဝ    ၁၁၅ဝ

Tuesday, 30 Aug 2011

ပြောင်းစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ     ယခင်      ယခု    ပြောင်းလဲမှု၁ တောင်ကြီး            ၁ ပိဿာ   ၂၄၅         ၂၅၅၂ လားရှိုး                ၁ ပိဿာ    ၂၈ဝ         ၂၇၅၃ မူဆယ်                ၁ တန်      ၂ဝ၈၆၄၈   ၁၉၉ဝ၄၅၄ မန္တလေး               ၁ ပိဿာ     ၂၇၈        ၂၇၈၅ မြင်းခြံ                 ၁ ပိဿာ     ၂၆၅         ၂၆ဝ၆ ဟင်္သာတ             ၁ ပိဿာ      ၂၅ဝ        ၂၅ဝ၇ ရေစကြို               ၁ ပိဿာ      ၂၅ဝ         ၂၄ဝပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်သမားများ ဝယ်အားပုံမှန်ရှိ                    တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကိုရန်ကုန်-မန္တလေး ဝယ်လက်အပြင် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များပါ ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၂၅၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၅ဝဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် တောင်ကြီးဈေးကွက်သို့ ပြောင်းသစ်တွေဝင်ရောက်လာပြီး အဖွင့်ဈေးက တစ်ပိဿာ ၁၅ဝ ကျပ်နဲ့ စတင်အရောင်းရှိနေပေမယ့် အစိုဓာတ် ရှိသေးတာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ ဒေသခံပြောင်းကုန်သည် အချို့က ဆိုပါတယ်။လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်က တစ်ပိဿာ ကို ၂၇၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၄ဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ ဆိုပါ တယ်။ ဒေသခံ လှောင်လက်ကုန်သည်များထံမှာ ပြောင်းလက်ကျန် နည်းသွားပေမယ့် ယခုရက်ပိုင်းဈေးကွက်ထဲသို့ ပြောင်းသစ်များ စတင် ဝင်ရောက်နေပြီလို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိနေပေမယ့် ယခင်အပတ်နဲ့စာ ရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၇၈ ကျပ်နဲ့ နေ့စဉ်အိတ် ၇ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Tuesday, 30 Aug 2011

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ     ယခင်      ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်          ၁ ပိဿာ    ၁၁၈၇       ၁၂ဝ၅၂ မန္တလေး              ၁ ပိဿာ     ၁၁၃၅      ၁၂၂၃၃ မုံရွာ                   ၁ ပိဿာ     ၁၁၂၆     ၁၁၈၄ ၄ ရေစကြို              ၁ ပိဿာ      ၁၁ဝ၅     ၁၁ဝ၅ကုလားပဲဖြူလုံးကြီး ဈေးစွာလာ                ဘုရင့်နောင် ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး (RC) ကို အိတ် စပို့ဝယ်လက်တွေကဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၇၃၈ဝဝဝ ကျပ်နဲ့ တန်၁၁၅ ခန့်ဝယ် ရှိခဲ့သလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့ တယ်လို့သိရပါတယ။် မန္တလေးဈေးကွက် ကြီး ကို ယခင်အပတ်နဲ့စာရင် ဈေးစွာလာသလို အရောင်းအဝယ်ဖြစ် မှုလည်း များခဲ့တယ်လို့ ဆိုပါတယ်။ မန်းဈေးကွက်တွင် အရောင်းအဝယ်အား ကောင်းေသောပဲမှာ ကုလားပဲဖြူလုံးကြီးဖြစ်ကြောင်း တခြားပဲများနှင့် စာလျင်ဈေးကောင်းပိုရတယ်။ ရောင်းလက်တွေလည်း ဝယ်တဲ့ဈေးကို ကြိုက်နှစ်သက်သလို အရောင်းအဝယ်ဖြစ်မှု များနေကြောင်း မြို့ခံ ပဲကုန်သည်အချို့က ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးကို ရန်ကုန်ဝယ်လက်များပြီး ဒေသတွင်းပဲခွဲစက်တွေက အဝယ် နည်းနေတယ်လို့ သိရပါတယ်။မြင်းခြံဈေးကွက်မှာတော့ ဒီတစ်ပတ် ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က ကြိုးကြားကြိုးကြား သာ အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မံုံရွာဈေးကွက်မှာ ဒီတစ်ပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်ဆက်လက်အား ကောင်းနေပြီး ဈေးအနေနဲ့လည်း အမြင့်ဈေးမှာရှိနေတယ်လို့ သိရပါတယ်။ ကုလားပဲ ဖြူလုံးကြီးဈေးကောင်းနေလို့ နယ်တောင်သူတွေရဲ့ ပဲတွေဈေးကွက်သို့ တစိမ့်စိမ့်ဝင်လာနေသလို ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက်က လည်း အဆွဲသွက်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၈၄ ကျပ်(တစ်တန်ကို ၇၂၅ဝ၆၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝဝ နဲ့အထက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Tuesday, 30 Aug 2011

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ       ယခင်         ယခု           ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်       ၃၈၆ဝဝဝ   ၄ဝ၅ဝဝဝ၂ မန္တလေး               ၁ ပိဿာ        ၅၈၃       ၆၁၇၃ မုံရွာ                   ၁ ပိဿာ         ၅၉ဝ       ၆ဝဝ၄ ပြည်                   ၁ ပိဿာ        ၆ဝဝ        ၆ဝဝ၅ ပခုက္ကူ                ၁ ပိဿာ        ၅၉ဝ         ၆ဝဝ၆ မြင်းခြံ                 ၁ ပိဿာ        ၅၈ဝ        ၅၈၅၇ အောင်လံ             ၁ ပိဿာ       ၅၉ဝ          ၆ဝဝ၈ မကွေး                 ၁ ပိဿာ        ၅၈၅        ၆၁ဝပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် အဝယ်ပြန်လိုက်၍ ဈေးမြင့်လာ                  ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီ(RC)ကို ဈေး ကွက်စဖွင့်ချိန်မှာ အိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၃၆၅ဝဝဝ ကျပ်နဲ့အဝယ်ရှိရာက နောက်ပိုင်း ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမြင့်လာတဲ့အပေါ် ဈေး ပေးအဝယ်ရှိ တာကြောင့် သြဂုတ် ၂၄ရက်မှာ ၃၇၉ဝဝဝ ကျပ်သို့ ဈေးမြင့်ခဲ့ပြီး ၂၅ရက်မှာတော့ ၄ဝ၅ဝဝဝ ကျပ်အထိ ထပ်မံဈေးမြင့်တက်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပတ်အတွင်း တန် ၁၄၉၅ ခန့်ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်လာဈေး မြင့်တက်လာလို့ ပြည်တွင်းရှိတဲ့ လှောင်လက်တွေ ပြည်ပအဝယ်လိုက်နေချိန်မှာ ထုတ်ရောင်းမှုတွေ များလာကြောင်း ပဲကုန်သည်အချို့က ဆိုပါတယ်။ မန္တလေးဈေး ကွက်တွင် အစောပိုင်းရက်တွေမှာ ပဲစင်းငုံအရောင်းအဝယ်အေးနေ ရာက နောက်ပိုင်းမှာ ရန်ကုန်အဆွဲများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို အမြင့်ဆုံး ၆၁၇ ကျပ် (တစ်တန်ကို ၃၇၇၈၄၄ ကျပ်)မှ အနိမ့်ဆုံး ၅၇၅ ကျပ်(တစ်တန်ကို ၃၅၂၁၂၄ ကျပ်)အတွင်း နေ့စဉ်အိတ် ၅ဝဝမှ ၁၃ဝဝအတွင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည် ဈေးကွက်မှာ ပဲစင်းငုံက ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ဈေးကွက်မှာ ပစ္စည်းလက်ကျန်က များနေပြီး ရန်ကုန်အဆွဲကလည်း ဒေါ်လာဈေး လှုပ်နေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိလို့ အရောင်းအဝယ် ထင် သလောက် မဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုကုက္ကူ္ကူဈေးကွကွက်မ် ှာတော့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲခပ်ပါးပါးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆ဝဝ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားသာရှိခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက်မှာ ဒီတစ် ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒေါ်လာဈေး အတက်အကျ ပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိနေသလို ငွေပြန်ပေါ် လိုသူများက လည်း ထုတ်ရောင်းမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ကို ၆ဝဝ ကျပ်(တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

Tuesday, 30 Aug 2011

မတ်ပဲစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ    ယခင်          ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်     ၅၃၂ဝဝဝ   ၅၄၂ဝဝဝ၂ မုံရွာ                    ၁ ပိဿာ     ၇၇၅        ၇၅ဝ၃ ပြည်                    ၁ ပိဿာ      ၈၄ဝ     ၇၉၅၄ ဟင်္သာတ             ၁ ပိဿာ        ၈၂၅    ၈ဝ၅၅ မန္တလေး               ၁ ပိဿာ       ၇၆၇     ၇၅ဝမတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်           ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) က ဈေး လှုပ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်စဖွင့် ချိန်မှာ မတ်ပဲ (RC) ကိုအိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၅၁၅၅ဝဝ ကျပ်နဲ့ အဝယ်ရှိရာမှ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျဆင်းလာတာကြောင့် ၂၃-၈- ၂ဝ၁၁ နေ့မှာ ၄၉၃ဝဝဝ ကျပ်သို့ ဈေးဆင်းခဲ့ပြီး နောက်ပိုင်းရက်တွေ မှာ ဒေါ်လာဈေးပြန်မြင့်လာတာကြောင့် ၂၄-၈-၂ဝ၁၁ နေ့မှာ ၅၂ဝဝဝဝ ကျပ်သို့ ဈေးပြန်မြင့်လာတာကာ ၂၅-၈-၂ဝ၁၁ နေ့မှာ တော့ ၅၄၂ဝဝဝ ကျပ်အထိ ထပ်မံဈေးမြင့်လာပြီး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကုန်သည်ကြီးတစ်ဦးက ဒေါ်လာ ဈေးက အတက်အကျမြန်နေ၍ ပဲဈေးလည်း လှုပ်နေကြောင်း၊ ဒါကြောင့် ရောင်းရေးဝယ်တာမှာ အလွန်သတိထားနေရကြောင်း ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း တန်ချိန် ၅၆၃၅ ခန့်ရှိကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ဒေသတွင်းပဲခွဲစက်များက ဝယ်အားပုံမှန်ရှိပေ မယ့် ရန်ကုန်အဆွဲနည်းတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျနေတယ်လို့ သိရပါတယ်။အရောင်းအဝယ်ဖြစ်မှုက တော့ တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သာတ ဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ဈေးကွက်စဖွင့်ရက်များမှာ ရန်ကုန် ဝယ်လက်က တစ်ပိဿာကို ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆ဝ၂ ကျပ်)နဲ့ အဝယ်ရှိရာကနောက် ပိုင်းရက်များတွင် ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)သို့ဈေးဆင်း ခဲ့ပြီး ၂၅-၈-၂ဝ၁၁ နေ့မှာတော့ ရန်ကုန် ဈေးကွက်မှာ ဒေါ်လာဈေး မြင့်လာတဲ့အပေါ် ဝယ်လက်တွေက ဈေးပေးအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၈ဝ၅ ကျပ်(တစ်တန်ကို ၄၉၂၉၇၃ ကျပ်)သို့ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ် ။ဒေါ်လာဈေး ပြန်မြင့်လာသောကြောင့် လှောင်လက်တွေ အရောင်း များလာသလို ရန်ကုန်အဆွဲလည်း သွက်လာကြောင်း မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။

Wednesday, 24 Aug 2011

ကုန်စည်ဒိုင်သုံးသပ်ချက်                 မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန် သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျဆင်းတာရယ် အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေရယ်အပေါ် မူတည် ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပြည်၊ ဟင်္သာတနဲ့ မန္တလေးမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                                    ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်တွေက ဝယ်အား နည်းသွားတာကြောင့် မန္တလေး၊ မုံရွာ၊ မကွေး၊ ပြည်၊ အောင်လံနဲ့ ပခုက္ကူ မှာ ဈေးကျနေကြောင်း သိရပါတယ်။                                          ပဲစင်းငံုံနီကို အိတ်စပို့ဝယ်လက်တွေက ဒေါ်လာဈေးကျ ဆင်းနေတာရယ် အိန္ဒိယဈေးကွက်မှ ဝယ်လိုအားနည်းသွားတာ ရယ်အပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံနဲ့ အောင်လံမှာ ဈေးကျ နေပြီး မုံရွာနဲ့ မကွေးမှာ ဈေး တန့်နေကြောင်း တွေ့ရ ပါတယ်။                                ကုလားပဲဖြူလုံးကြီးကို ပြည်တွင်းဝယ်လိုအားနဲ့ ပြည်ပ ဝယ်လိုအား ပုံမှန်ရှိတာကြောင့် မန္တလေး၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေး မြင့်နေပြီး မုံရွာနဲ့ ဘုရင့်နောင်မှာ ဈေးမဆိုသိသလောက်ကျနေကာ ရေစကြိုမှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။                                          ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေနဲ့ ရန်ကုန်အဆွဲအသင့် အတင့်ရှိတာကြောင့် မကွေး၊မုံရွာ ၊ ရေစကြိုနဲ့ ပြည် ဈေးအနည်း ငယ်ကျနေပြီး မန္တလေး၊ မကွေးနဲ့ ပြည်မှာ ဈေးမြင့် နေပြီး မုံရွာနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်ကျနေကာ အောင်လံနဲ့ ပခုက္ကူမှာ ဈေးငြိမ် နေကြောင်းသိရပါတယ်။                                        ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ် ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် တောင်ကြီး၊ မူဆယ်၊ မန္တလေးနဲ့ မြင်းခြံ မှာ ဈေးမြင့်နေပြီး လားရှိုး မှာ ဈေး အနည်းငယ် ကျနေကာ ဟင်္သာတနဲ့ ရေစကြို မှာ  ဈေးငြိမ်နေကြောင်း တွေ့ ရပါတယ်။                                           နှမ်းဖြူကို ဒေသတွင်းနှမ်းလှောင်လက်များအပြင် တရုတ် ကပါ အဆွဲအထိုက်အလျောက်ရှိလာတာကြောင့် မန္တလေး၊ မကွေး ၊ မုံရွာ ၊ ရေစကြို နဲ့ ပခုက္ကူမှာ ဈေးမြင့်လာကြောင်း တွေ့ရ ပါတယ်။                              သိပ္ပံနှမ်းကို ရန်ကုန်အဆွဲဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် အောင်လံ ဈေးကွက်မှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။

Wednesday, 24 Aug 2011

 မတ်ပဲစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ    ယခင်        ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်          ၁ တန်    ၅၅၅ဝဝဝ   ၅၃၂ဝဝဝ၂ မုံရွာ                   ၁ ပိဿာ   ၇၈၅         ၇၇၅၃ ပြည်                   ၁ ပိဿာ   ၈၅ဝ         ၈၄ဝ၄ ဟင်္သာတ            ၁ ပိဿာ    ၈၃၅         ၈၂၅၅ မန္တလေး              ၁ ပိဿာ   ၈ဝဝ         ၇၆၇မတ်ပဲဈေးကျပြီး အရောင်းအဝယ်ဖြစ်                  ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို ပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန် ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျနေတာရယ်၊ အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေရယ်အပေါ် မူတည်ပြီး တွက်ချက် ဝယ်ယူမှုတွေရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၅၃၂ဝဝဝ ကျပ်မှ ၅၄၇ဝဝဝ ကျပ်အတွင်း တန် ၅၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အဆွဲအေးနေပြီး မြို့ခံပဲခွဲစက်တွေက သာ ဝယ်အားအထိုက်အလျောက် သာရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာ ရှိနေကြောင်း သိရပါတယ။် အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၆၇ ကျပ်(တစ်တန်ကို ၄၆၉၇ဝ၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(ကုန်ကြမ်း)အဝင် ပါးလာပြီး ကုန်သည်များလက်ဝယ်ရှိ လက်ကျန်ပဲများနဲ့ အပ်ပဲသမား များသာထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၄ဝ ကျပ် (တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့အဝင်နည်း နေပေမယ့် မြို့ပေါ်လှောင်လက်သမားများ ထုတ်ရောင်းမှုရှိတာ ကြောင့် အရောင်းအဝယ်ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅ဝ၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 24 Aug 2011

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ    ယခင်    ယခု    ပြောင်းလဲမှု၁ မန္တလေး            ၁ ပိဿာ     ၈၉ဝ    ၈၉၈၂ မကွေး              ၁ ပိဿာ     ၈၆ဝ    ၈၆၅၃ ပခုက္ကူ              ၁ ပိဿာ     ၈၆၈    ၈၆၈၄ မုံရွာ                 ၁ ပိဿာ    ၈၈၉     ၈၁၆၅ အောင်လံ          ၁ ပိဿာ    ၈၇၅     ၈၇၅၆ မြင်းခြံ               ၁ ပိဿာ    ၈၇၅    ၈၆၅၇ ရေစကြို            ၁ ပိဿာ     ၈၆ဝ     ၈၆ဝ၈ ပြည်                ၁ ပိဿာ      ၈၇၅    ၈၈၅ထိုင်ဝမ်(ကုလားပဲ) ကို ဒေသတွင်းပဲခွဲစက်တွေ ဝယ်အားနည်း                 မန္တလေးဈေးကွက်မှာ ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက်တွေ က ယခင်အပတ်နဲ့စာရင် ဝယ်အားနည်းလာတယ်လို့ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၉၈ ကျပ်(တစ်တန်ကို ၅၄၉၉၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေက တစ်ပိဿာ ကို ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားသာ အဝယ်ပါးပါးရှိခဲ့တယ်လို့ သိရပါတယ။် ရေစကြို ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်သမားများက ဝယ်အားအထိုက်အလျောက်ရှိပေမဲ့ ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆ဝ ကျပ် (တစ်တန်ကို ၅၂၆၆၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကိုမြို့ခံခွဲစက်တွေက ဒီတစ်ပတ်မှာ ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၆၅ ကျပ် (တစ်တန်ကို ၅၂၉၇၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့တယ် လို့ဆိုပါတယ။် အောင်လံ ဈေးကွက်မှာ ကုလားပဲကို တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ ပြည်ဝယ်လက်တွေက အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။မုံရွာဈေးကွက်မှာ ကုလားပဲကို ပြည် တွင်းနဲ့ ဒေသသုံးစက်သမားတွေ၊ အမှုန့်ကြိတ်လုပ်ငန်းရှင်တွေက ဝယ်အား အသင့်အတင့်ရှိသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၄ဝဝ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 24 Aug 2011

သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ    ယခင်     ယခု    ပြောင်းလဲမှု ၁ အောင်လံ           ၁ ပိဿာ     ၁၈၄၅    ၁၇၃၅ နှမ်းဖြူဈေးမြင့်လာ             မန္တလေးဈေးကွက်မှာ နှမ်းဖြူကို ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ ပုံမှန်အဆွဲရှိသလို တရုတ်ကလည်း အဝယ်အနည်းငယ်ရှိလာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၁၁ ကျပ်(တစ်တန်ကို ၈ဝ၂၈၄၃ ကျပ်) နဲ့နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ် ခဲ့ကြောင်းသိရပါတယ်။ရေစကြိုဈေးကွက်မှာ နှမ်းဖြူကို ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များနဲ့ နှမ်းလှော်လက်များက တစ်ပိဿာကို ၁၂ဝဝ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့အဝင်များလာသလို မန္တလေးဝယ်လက်နဲ့ ဒေသတွင်းနှမ်း လှော်လက်များက ဝယ်အားကောင်းလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၈ဝ ကျပ် (တစ်တန်ကို ၈၄၅ဝ၉၈ ကျပ်)နဲ့နေ့စဉ် အိတ် ၃ဝဝဝ နဲ့ အထက်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တွေကဆိုပါတယ်။ ဒါ့အပြင် စမုံနက် နှမ်းကို မန္တလေးဝယ်လက်က တစ်ပိဿာ ၁၈ဝဝ ကျပ်(တစ်တန်ကို ၁၁ဝ၂၃ဝ၂ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝဝ ခန့်အဝယ်ရှိတာကြောင့် ဒေသ ခံနှမ်းတောင်သူတွေ အဆင်ပြေနေတယ်လို့ မြို့ခံနှမ်းကုန်သည်တစ် ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၇၃၅ ကျပ်(တစ်တန်ကို ၁ဝ၆၂၄၉၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ 

Pages