Background
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၃၈၈ ၁၄၀၀၂ မန္တလေး ၁ ပိဿာ ၁၂၅၈ ၁၂၂၃၃ မုံရွာ ၁ ပိဿာ ၁၂၃၇ ၁၂၂၁၄ ပခုက္ကူ ၁ ပိဿာ ၁၂၀၀ ၁၂၀၀၅ မြင်းခြံ ၁ ပိဿာ ၁၂၀၀ ၁၂၀၀၆ ရေစကြို ၁ ပိဿာ ၁၁၆၀ ၁၁၆၀ကုလားပဲဖြူလုံးကြီး အိတ်စပို့ အဝယ်နည်းလို့ ဈေးအေး မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက် နဲ့ မြို့ခံပဲခွဲစက်တွေက ဈေးပေးအဝယ်မရှိသလို ဝယ်အားပါနည်းသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၂၂၃ ကျပ် (တစ်တန်ကို ၇၄၈၉၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ။် ပခုက္ကူဈေးကွက်မှာ ကုလားပြဲဖူလုံးကြီး က ဈေးနှုန်းသာရှိပြီး အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မန္တလေးအဆွဲအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်ေ့ နတယ်လို့သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၆၀ ကျပ်(တစ်တန်ကို ၇၁၀၃၇၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀မှ ၁၅၀ကြားဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မုံံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်က တစ်ပိဿာကို ၁၂၂၁ကျပ်(တစ်တန်ကို ၇၄၇၇၂၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြားသာအဝယ်ရှိခဲ့ပြီး ယခင်အပတ်နဲ့ စာရင် ဈေးကျနေတယ်လို့ ဆိုပါတယ်။ ဒီတစ် ပတ်မှာ ကုလားပဲဖြူ လုံးကြီးကို အိတ်စပို့အတွက် ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အား လျော့သွားခဲ့လို့ အခုလို ဈေးတွေကျသွားတာလို့ မြို့ခံကုန်သည်တစ်ဦး က ဆိုပါတယ်။
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၅၇၀၀၀ ၄၄၅၀၀၀၂ မန္တလေး ၁ ပိဿာ ၆၈၃ ၆၅၀၃ မုံရွာ ၁ ပိဿာ ၆၈၅ ၆၅၅၄ ပြည် ၁ ပိဿာ ၆၈၀ ၆၅၀၅ ပခုက္ကူ ၁ ပိဿာ ၆၉၀ ၆၇၀၆ မြင်းခြံ ၁ ပိဿာ ၆၈၅ ၆၅၀၇ အောင်လံ ၁ ပိဿာ ၆၈၅ ၆၇၅၈ မကွေး ၁ ပိဿာ ၆၉၀ ၆၆၅ပဲစင်းငုံနီဈေးကျပြီး အရောင်းအဝယ်အေးလာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ဈေးချအဝယ်ရှိ သလို ဝယ်အားနည်းပါးလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၃၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၅၀၀၀ ကျပ် အတွင်း တန် ၁၁၅၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။အောင်လံဈေးကွက်မှာ ပဲစင်း ငုံနီကို ရန်ကုန်အဆွဲခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်) နဲ့ နေစဉ် အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာ ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်နဲ့ မန္တလေး ဝယ်လက်က ဝယ်အားနည်းပြီး ဈေးကွက်ထဲမှာ ဒေသခံကုန်သည် အချင်းချင်းကြိုက်ရောင်းကြိုက်ဝယ်အသင့်အတင့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၅၅ ကျပ် (တစ်တန်ကို ၄၀၁၁၁၅ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ် လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ေ်ဈေးကွကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က နေ့စဉ်အဝယ်မရှိဘဲ တစ်ခါ တစ်ရံမှသာ အဝယ်ရှိတာကြောင့် ဈေးကွက်အတွင်း အရောင်းအ ဝယ်အေးနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၂၉၈၀၅၃ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုနည်းသွားတယ်လို့ သိရပါတယ်။
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၉၄၅၀၀ ၅၉၀၅၀၀၂ မုံရွာ ၁ ပိဿာ ၉၁၅ ၈၄၀၃ ပြည် ၁ ပိဿာ ၉၀၀ ၉၀၀၄ ဟင်္သာတ ၁ ပိဿာ ၉၁၅ ၉၀၀၅ မန္တလေး ၁ ပိဿာ ၈၆၇ ၈၃၃မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၅၈၉၀၀၀ ကျပ်နဲ့ အဝယ်ရှိခဲ့ရာက နောက်ပိုင်းမှာ ဝယ်လက်တွေက ဈေးပေး အဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် အောက်တိုဘာ ၁၄ ရက်နေ့မှာ တစ်တန်ကို ၅၉၀၅၀၀ ကျပ်အထိဈေးမြင့်လာခဲ့ ပေမယ့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၄၀၀၀ ကျပ်ခန့် ဈေးကျနေသေး ကြောင်း ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ သီတင်းကျွတ်ပွဲတော်ကလည်း ရှိနေတာကြောင့် အရောင်းအဝယ်က ယခင် အပတ်ထက်စာရင် နည်းနည်းအေးနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တစ်ပတ်အတွင်း တန် ၅၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ။် မန္တလေးဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ဒေသတွင်း ပဲခွဲစက်များသာ ဝယ်အားအသင့်အတင့်ရှိပြီး ရန်ကုန်အဆွဲနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၆၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းလက် များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ် ထင်သ လောက်မဖြစ်ခဲ့ဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ဝန်းကျင်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲအဝင်မရှိတော့ဘဲ လှောင်လက်သမားများ လက်ဝယ်ရှိ ပဲများကိုသာ ထုတ်ရောင်းနေ တယ်လို့သိရပါတယ်။ အဓိက ဝယ်လက်ကတော့ ရန်ကုန်ဝယ်လက် ဖြစ်ပြီး တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသတွင်းတောင်သူများကလည်း ပဲစိုက်ချိန်နီးလာပြီဖြစ် လို့ ထုတ်လုပ်မှုတွေများပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ငြိမ်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဈေး ကွက်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အခြေအနေရယ်၊ အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအား အခြေအနေ ရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပြည်၊ ဟင်္သာတနဲ့ မန္တလေးမှာ ဈေးကျနေ ကြောင်း သိရပါတယ်။ ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်တွေက ပဲထွက် ရှိတဲ့ဒေသရဲ့ အရည်အသွေးအပေါ်မူတည်ပြီး စိစစ်ဝယ်ယူမှုတွေ ရှိတာကြောင့် မုံရွာ၊မန္တလေး၊ ပြည်၊ မကွေးနဲ့ မြင်းခြံမှာ ဈေးကျနေ ကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို ပြည်ပအဆွဲပြန်နည်းသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးကျလာကြောင်း တွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲ အားပျော့သွားသလို ပြည်တွင်းခွဲစက်များကလည်း ဝယ်အားပါးသွားတာကြောင့် ဘုရင့် နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ ၊ မြင်းခြံနဲ့ ရေစကြိုမှာ ဈေးကျနေ ကြောင်း သိရပါတယ်။ ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက်များနှင့် ဒေသတွင်း အမှုန့်ကြိတ်စက်သမားများက ဝယ်အားပုံမှန်ရှိတာကြောင့် မကွေး၊ ပခုက္ကူ ၊အောင်လံနဲ့ ရေစကြိုမှာ ဈေးမြင့်နေပြီး မန္တလေး၊ မုံရွာ မြင်းခြံနဲ့ပြည်မှာ ဈေးမဆိုသုသလောက်က်ကျနေတာတွေ့ရပါတယ။် ပြောင်းကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များလာတာကြောင့် တောင်ကြီး၊ မူဆယ်၊ မန္တလေး၊ မြင်းခြံနဲ့ဟင်္သာတမှာ ဈေးကျနေပြီး လားရိူးမှာ ဈေးမြင့် နေကြောင်း တွေ့ရပါတယ်။ နှမ်းဖြူကို တရုတ်က အရည်အသွေးအလိုက် စိစစ်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် မန္တလေးနဲ့ မုံရွာမှာ ဈေးကျ နေပြီး မကွေးမှာ ဈေးမြင့် နေကြောင်း တွေ့ရပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် အောင်လံ ဈေးကွက်မှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၀၄၉ ၁၀၁၃၂ မကွေး ၁ ပိဿာ ၁၀၁၅ ၁၀၃၀၃ ပခုက္ကူ ၁ ပိဿာ ၁၀၁၅ ၁၀၂၁၄ မုံရွာ ၁ ပိဿာ ၁၀၄၂ ၉၇၄၅ အောင်လံ ၁ ပိဿာ ၁၀၁၀ ၁၀၂၅၆ မြင်းခြံ ၁ ပိဿာ ၁၀၀၀ ၉၇၅၇ ပြည် ၁ ပိဿာ ၁၀၅၀ ၁၀၂၀၈ ရေစကြို ၁ ပိဿာ ၁၀၁၀ ၁၀၂၀ထိုင်ဝမ်(ကုလားပဲ) အရောင်းအဝယ်ပုံမှန်ရှိနေ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်စက်တွေက တစ်ပိဿာကို ၁၀၁၃ ကျပ်(တစ်တန်ကို ၆၂၀၃၅၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေသေးကြောင်း ပဲခွဲစက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။မကွေးဈေးကွက်မှာ ဒီတစ်ပတ်မိုးများ တဲ့နေ့တွေမှာ ကုလားပဲကို ပြည်၊ ရန်ကုန်နဲ့ မန္တလေးဝယ်လက်များက တစ်ပိဿာကို ၁၀၃၀ ကျပ်(တစ်တန်ကို ၆၃၀၇၆၁ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၂၀၀ ခန့်သာ အဝယ်ရှိပေမယ့် မိုးနည်းတဲ့နေ့တွေမှာဆိုရင် တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။ အောင်လံဈေးကွက်မ် ှာ ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၀၂၅ ကျပ် (တစ်တန်ကို ၆၂၇၆၉၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲ ကိုဒေသတွင်း အမှုန့်ကြိတ်စက်များက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့ အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ သိရပါတယ။် အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၂၀ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မ် ှာ ကုလားပဲအဝင်အနည်းငယ်သာရှိပြီး လှောင်လက်သမားများ ထုတ်ရောင်းမှုတွေရှိသလို ခွဲခြမ်းသမားများကလည်း တစ်ပိဿာကို ၁၀၂၀ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းစက်သမား များနဲ့ လက်လီအသုံး တစ်နေ့ကို အိတ် ၅၀၀ ဝန်းကျင်ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၂ဝ၆၇ ၂၁၇၈နှမ်းဖြူကို တရုတ်က အရည်အသွေးအပေါ် မူတည်ပြီး အဝယ်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်က အရည်အသွေးစိစစ်ပြီး ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၆၂၂ ကျပ် (တစ်တန်ကို ၉၉၃၂၉၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်ဝယ်လက်ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ့ ာပြီး တစ်ပိဿာ ၁၆ဝဝ ကျပ် (တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ မြောင်နယ်၊ ယောနယ်နဲ့ ချင်းတွင်းမြစ် အနောက်ဘက်ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့ နယ်က နှမ်းဖြူတွေ အဝင်ပုံမှန်ရှိပေမယ့် မန္တလေး အဆွဲအေးသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၄ဝဝ ကျပ်(တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံ ဈေးကွက်မှာ သိပ္ပံနှမ်းနက်ကို ရန်ကုန်-မန္တလေး ဝယ်လက်အဆွဲ ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၂၁၇၈ ကျပ်(တစ်တန်ကို ၁၃၃၃၇၈၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၇၃၀၀၀ ၄၅၇၀၀၀၂ မန္တလေး ၁ ပိဿာ ၇၃၃ ၆၈၃၃ မုံရွာ ၁ ပိဿာ ၇၃၅ ၆၈၅၄ ပြည် ၁ ပိဿာ ၇၄၀ ၆၈၀၅ ပခုက္ကူ ၁ ပိဿာ ၇၄၅ ၆၉၀၆ မြင်းခြံ ၁ ပိဿာ ၇၂၀ ၆၈၅၇ အောင်လံ ၁ ပိဿာ ၇၃၀ ၆၈၅၈ မကွေး ၁ ပိဿာ ၇၂၅ ၆၉၀ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက အောက်ဈေးနဲ့ အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သန်းနေတယ်လို့ိ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်တန်ကို ၄၅၇၀၀၀ ကျပ်မှ ၄၇၂၀၀၀ ကျပ်အတွင်း တန် ၁၆၈၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကျလာမှုကြောင့် ရောင်းလက်တွေ အရောင်းအေးလာတယ်။ ဝယ်လက်တွေကလည်း ဈေးနှိမ်ပြီး အဝယ်ရှိနေတယ်။ ဒါကြောင့် ပဲအရောင်းအဝယ်ဖြစ်မှု ပမာဏကလည်း နည်းလာတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲက ဈေးချအဝယ် ရှိနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို တစ်ပိဿာကို ၆၈၃ ကျပ် (တစ်တန်ကို ၄၁၈၂၆၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာဖြစ်ခဲ့တယ်လို့ ဆို ပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်-မန္တလေး ဝယ်လက် က အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၈၅ ကျပ် (တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိပေ မယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေကြောင်း သိ ရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သန်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၉ဝ ကျပ်(တစ်တန်ကို ၄၂၂၅၄၉ ကျပ်) နဲ့ တစ်ပတ်အတွင်း အိတ် ၆ဝဝဝ ခန့်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။
နှမ်းဖြူစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၆၄၄ ၁၆၂၂၂ မကွေး ၁ ပိဿာ ၁၄၉ဝ ၁၆ဝဝ၃ မုံရွာ ၁ ပိဿာ ၁၄၃၃ ၁၄ဝဝ
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၄၃၀ ၁၃၈၈၂ မန္တလေး ၁ ပိဿာ ၁၃၂၈ ၁၂၅၈၃ မုံရွာ ၁ ပိဿာ ၁၃၀၅ ၁၂၃၇၄ ပခုက္ကူ ၁ ပိဿာ ၁၃၁၅ ၁၂၀၀၅ မြင်းခြံ ၁ ပိဿာ ၁၂၃၅ ၁၂၀၀၆ ရေစကြို ၁ ပိဿာ ၁၂၂၅ ၁၁၆၀ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အတွက် ဝယ်ယူသူများက အဝယ် အားပျော့လို့ ဈေးကျ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက် မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်လုပ်ငန်းရှင်များက ဒီတစ်ပတ်မှာ ဝယ်အားပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင ် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၅၈ ကျပ် (တစ်တန်ကို ၇၇၀၃၈၈ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၁၆၀ ကျပ် (တစ်တန်ကို ၇၁၀၃၇၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀ မှ ၂၀၀ ကြား ဝယ်အားရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူ ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို တစ်ပိဿာ ၁၂၀၀ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်) နဲ့ ရန်ကုန်ဝယ်လက်က ဈေးဖွင့်အဝယ်ရှိ ပေမယ့် ရောင်းလက်များ အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာပြီးခဲ့တဲ့ တစ်ပတ်က တက်ဈေးနဲ့ အဝယ်အရောင်း ပုံမှန်ရှိခဲ့တဲ့ ကုလားပဲဖြူလုံးကြီးကတော့ ဒီတစ်ပတ်မှာ အဝယ်အရောင်းအနည်းငယ်အေးသွားပြီး ဈေးလည်းကျသွားတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၂၃၇ ကျပ် (တစ် တန်ကို ၇၅၇၅၂၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၆၅ ၂၁၀၂ လားရှိုး ၁ ပိဿာ ၂၈၀ ၃၀၀၃ မူဆယ် ၁ တန် ၂၃၀၃၇၁ ၂၂၅၁၂၉၄ မန္တလေး ၁ ပိဿာ ၃၄၃ ၂၈၇၅ မြင်းခြံ ၁ ပိဿာ ၃၁၀ ၃၀၀၆ ဟင်္သာတ ၁ ပိဿာ ၃၂၅ ၃၁၀ပြောင်းကို တရုတ်က ဝယ်အားပုံမှန်ရှိ လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၀၀ ကျပ်နဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၅၇၃၆၉၉ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြောင်းက ဒီတစ်ပတ်မှာ ဈေးကောင်းရလာလို့ ရောင်းလက်များ အရောင်းများလာသလို ဝယ်လက်ကလည်း ပုံမှန်အဝယ်ရှိနေတယ်။ ဒါကြောင့် အရောင်းအဝယ် ဖြစ်မှုပမာဏက ယခင်အပတ်နဲ့စာရင် ပိုများလာတယ်လို့ ဆိုပါတယ်။ မူဆယ်ဈေးကွက်မ် ှာ ပြောင်းက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိ သလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါ တယ။် မြင်းခြံဈေးကွက်မှာ ပြောင်းက မိုးများလို့ ဈေးကွက်သို့ အဝင် နည်းနေသလို ဝယ်လက်တွေကလည်း ဝယ်အားအနည်းငယ်သာရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပြောင်းကဈေး ကွက်သို့ နယ်စုံမှ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်-မန္တလေးဝယ်လက် တွေက သယ်ယူခနှုန်းထားမြင့်လာတာကို အကြောင်းပြပြီး ဈေးချ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၂၁၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၃၁၀၀၀ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းကို အရင် ကတောင်ကြီးမှ ရန်ကုန်သို့ သယ်ယူခက တစ်ပိဿာကို ၆၅ ကျပ်ရှိ ရာက အခု ၉၅ ကျပ်ဖြစ်လာတယ်။ တောင်ကြီးမှ မန္တလေးကို ပြောင်း သယ်ယူခအရင်က တစ်ပိဿာကို ၄၀ ကျပ်ရှိရာက အခုဆိုရင် ၈၀ ကျပ်ဖြစ်လာတယ်။ ဒါကြောင့် ဝယ်လက်တွေက ဈေးချအဝယ်ရှိလာ တယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။