Main menu

Background

Monday, 10 Oct 2011

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်    ယခု     ပြောင်းလဲမှု ၁ မုံရွာ                  ၁ ပိဿာ       ၉၄၇    ၈၉၅ ၂ မန္တလေး             ၁ ပိဿာ     ၁၀၂၃    ၈၈၉ ၃ ပြည်                  ၁ ပိဿာ       ၈၅၀    ၈၄၀ ၄ မကွေး               ၁ ပိဿာ        ၉၂၁   ၈၄၂ ၅ မြင်းခြံ               ၁ ပိဿာ        ၈၆၀    ၈၃၀ ပဲတီစိမ်း(အညာ) ကို တရုတ်ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                    မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက အရည်အသွေး ကိုစိစစ်ပြီး အဝယ်ရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲတွေကို အရည်အသွေးစိစစ်ပြီး တရုတ်က အဝယ်ရှိနေတယ်။ ရောင်းလက်တွေကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းလာတယ်။ ဒါကြောင့် ဈေးကွက်မှာ အရောင်းအဝယ်ထင်သလောက် မဖြစ်ခဲ့ဘူး လို့မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်က အရည်အသွေးလိုနေတာကို အ ကြောင်းပြပြီး အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာအ ရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၄၂ကျပ်(တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းအဝင်ပါးလာပြီဖြစ်သလို ပဲလက်ကျန် လည်း နည်းသွားပြီဖြစ်ကြောင်း သိရပါတယ်။ လောလောဆယ် မျိုး အတွက် ပြန်လည်ဝယ်ယူသူများက တစ်ပိဿာကို ၈၄၀ ကျပ် (တစ် တန်ကို ၅၁၄၄၀၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀ ခန့်အဝယ်ရှိနေ သလို ရန်ကုန်အဆွဲရှိတဲ့ ရက်တွေမှာတော့ တစ်ရက်ကို အိတ် ၂၀၀ လောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Monday, 10 Oct 2011

မတ်ပဲ စဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ     ယခင်         ယခု         ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်      ၅၉၆၅၀၀     ၅၉၄၅၀၀၂ မုံရွာ                     ၁ ပိဿာ       ၉၅၀         ၉၁၅၃ ပြည်                     ၁ ပိဿာ       ၉၇၅          ၉၀၀၄ ဟင်္သာတ              ၁ ပိဿာ       ၉၃၅          ၉၁၅၅ မန္တလေး                ၁ ပိဿာ       ၈၈၃          ၈၆၇မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                   ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ(RC)ကို အိတ်စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၅၉၀၀၀၀ ကျပ်နဲ့စတင်အဝယ်ရှိခဲ့ပြီး နောက်ပိုင်းရက်တွေမှာ ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတာကြောင့် အောက်တိုဘာ ၄ရက်မှာ ၅၉၆၀၀၀ ကျပ်သို့ဈေးမြင့်ခဲ့ပြီး အောက်တိုဘာ ၅ရက်မှာ ၆၀၇၀၀၀ ကျပ်အထိ ထပ်မံဈေးမြင့်ခဲ့ကာ အောက်တိုဘာ ၆ ရက်မှာတော့ ပြည်ပဝယ်လိုအားလျော့သွားတာကြောင့် ၆၀၁၀၀၀ ကျပ်သို့ပြန်လည် ဈေးဆင်းခဲ့ပါတယ်။အောက်တိုဘာ ၇ရက်မှာတော့ ၅၉၄၅၀၀ ကျပ် သာရှိတော့ကြောင်းသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တော့ တစ်ပတ်အတွင်း တန် ၅၉၈၀ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပေမယ့် ရန်ကုန်ဝယ်လက်အချို့နဲ့ မြို့ခံပဲ ခွဲစက်များက ဝယ်အားအထိုက်အလျောက်ရှိခဲ့ပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို အနိမ့်ဆုံး ၈၃၃ ကျပ် (တစ်တန်ကို ၅၁၀၁၂၀ ကျပ်)မှ အမြင့်ဆုံးတစ်ပိဿာကို ၈၆၇ ကျပ်အတွင်း နေ့စဉ် အိတ် ၂၀၀ မှ ၃၀၀ကြားဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ မုံရွာ ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ကို ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်အဝယ်ခပ်ပါးပါးသာရှိခဲ့တယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ဈေးကွက်စဖွင့် ချိန်မှာ တစ်ပိဿာကို ၉၁၀ ကျပ်(တစ်တန်ကို ၅၅၇၂၇၄ ကျပ်)နဲ့ အဝယ်ရှိရာမှ နောက်ပိုင်းရက်တွေမှာ ဝယ်အားများလာတာကြောင့် တစ်ပိဿာကို ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)အထိဈေး မြင့်လာပေမယ့် ၇-၁၀-၂၀၁၁ နေ့မှာတော့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျလာတာကို အကြောင်း ပြပြီး ဈေးချအဝယ်ရှိလာတာကြောင့်တစ်ပိဿာကို ၉၁၅ ကျပ် (တစ်တန်ကို ၅၆၀၃၃၆ ကျပ်) သို့ ဈေးဆင်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား ရှိခဲ့တယ်လို့ သိရပါတယ်

Sunday, 2 Oct 2011

ကုန်စည်ဒိုင်သုံးသပ်ချက်                     မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန် သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်း ဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျဆင်းနေကြောင်း တွေ့ရပါတယ်။                         ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်လက်က ပဲအရည်အသွေး ပေါ်မူတည်ပြီး စိစစ်ဝယ်ယူမှုတွေရှိတာကြောင့် မုံရွာ၊ မန္တလေး၊ မကွေးနဲ့ မြင်းခြံမှာ ဈေးကျနေပြီး ပြည်မှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                          ပဲစင်းငုံနီကို ပြည်ပအဆွဲပြန်အေးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးကကျရိပ်သမ်းနေတာ တွေ့ရပါတယ်။                              ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက် ဈေးချအဝယ် ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးကျလာပြီး ဘုရင့်နောင်မှာ ဈေးတန့်နေကြောင်း သိရပါတယ်။                            ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက်များနှင့် ဒေသတွင်း အမှုန့် ကြိတ်စက်သမားများက ဈေးချအဝယ်ရှိတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ၊ မြင်းခြံနဲ့ ပြည်မှာ ဈေးကျလာကြောင်း တွေ့ရပါတယ်။                               ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ် ငန်းရှင်များက ဈေးလျော့အဝယ်ရှိနေသလိုပြောင်းကလည်း ဈေး ကွက်သို့ အဝင်များလာတာကြောင့် တောင်ကြီး၊ လားရှိုး၊ မြင်းခြံနဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်ကျနေပြီး မူဆယ်မှာ ဈေးမဆိုသ လောက်မြင့် နေတာ တွေ့ရပါတယ်။                               နှမ်းဖြူ ကို တရုတ်ဝယ်လက်က အရည်အသွေးကို စိစစ် ပြီး ဝယ်ယူမှုတွေရှိတာကြောင့် မန္တလေး၊မုံရွာနဲ့ မကွေးမှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။                         သိပ္ပံနှမ်း ကို ရန်ကုန်အဆွဲ ပြန်အေးသွားတာကြောင့် အောင်လံဈေးကွက်မှာ ဈေးကျလာကြောင်း တွေ့ရပါတယ်။

Sunday, 2 Oct 2011

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်     ယခု      ပြောင်းလဲမှု ၁ မုံရွာ                     ၁ ပိဿာ      ၉၇၄      ၉၄၇ ၂ မန္တလေး                ၁ ပိဿာ     ၁၀၃၁    ၁၀၂၃ ၃ ပြည်                     ၁ ပိဿာ      ၈၅၀       ၈၅၀ ၄ မကွေး                  ၁ ပိဿာ     ၁၀၃၀      ၉၂၁ ၅ မြင်းခြံ                  ၁ ပိဿာ        ၈၉၀      ၈၆၀ ပဲတီစိမ်း(အညာ) ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                     မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေသလို ရောင်းလက် များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်း သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး တစ်ပိဿာကို အနိမ့်ဆုံး ၈၅၃ ကျပ်(တစ်တန်ကို ၅၂၂၃၆၈ ကျပ်)မှ တစ်ပိဿာ ၁၀၂၃ ကျပ်(တစ်တန်ကို ၆၂၆၄၇၄ ကျပ်)အတွင်းနေ့စဉ် အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့အဝင်မရှိသလို ပစ္စည်းလက်ကျန်နည်းလာခဲ့ပြီး အရောင်းအဝယ်လည်း အေးနေတယ် လို့ဆိုပါတယ်။ ဈေးကွက်ထဲမှာ လတ်တလောပဲတီစိမ်းကို မျိုးသမား များသာ အဝယ်အနည်းငယ်ရှိတဲ့ရက်တွေမှာ တစ်ရက်ကို အိတ် ၂၀ လောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်အဆွဲရှိတဲ့ ရက်တွေမှာ တစ်ရက်ကို အိတ် ၁၀၀ လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးက နယ်ကပစ္စည်းအဝင် မရှိသလို ရှိတဲ့ပစ္စည်းကလည်း အရည်အသွေးမမီလို့ မန္တလေးဝယ် လက်က အဝယ်အနည်းငယ်သာရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၄၇ ကျပ် (တစ်တန်ကို ၅၇၉၉၃၃ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲအသစ်ဝင်လာတဲ့ ပဲတီစိမ်းကြီးကလည်း မိုးမိလို့ အရောင် မလှတဲ့ပဲတွေ ပါဝင်နေတာကြောင့် တရုတ်ဝယ်လက် မကြိုက်ဘဲ ဒေသတွင်း ခွဲစက်သမားတွေရဲ့ အဝယ်သာရှိခဲ့တယ်လို့ ပဲကုန်သည် တစ်ဦးကဆိုပါတယ်။ 

Sunday, 2 Oct 2011

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ        ယခင်           ယခု               ပြောင်းလဲမှု၁ ဘုရင့်နောင်             ၁ တန်        ၄၉၆၀၀၀     ၄၇၃၀၀၀၂ မန္တလေး                  ၁ ပိဿာ       ၇၆၇             ၇၃၃၃ မုံရွာ                       ၁ ပိဿာ       ၇၆၀             ၇၃၅၄ ပြည်                       ၁ ပိဿာ       ၇၅၀             ၇၄၀၅ ပခုက္ကူ                    ၁ ပိဿာ       ၇၇၀             ၇၄၅၆ မြင်းခြံ                    ၁ ပိဿာ       ၇၅၀             ၇၂၀၇ အောင်လံ               ၁ ပိဿာ       ၇၅၀             ၇၃၀၈ မကွေး                   ၁ ပိဿာ       ၇၇၅             ၇၂၅ပဲစင်းငုံနီကို အိတ်စပို့ အဆွဲနည်းလို့ ဈေးဆင်းလာ           ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်မှာ မြန်မာ့ပဲစင်းငုံနီဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အား ပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြးီ တစ် တန်ကို ၄၇၃၀၀၀ ကျပ်မှ ၄၈၇၀၀၀ ကျပ်အတွင်း တန် ၂၀၀၀ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲဈေးကျလာမှု ကြောင့် ရောင်းလက်များ အရောင်းနည်းလာတယ်။ ဝယ်လက်တွေကလည်း ဈေးချအဝယ်ရှိနေတယ်။ ဒါကြောင့် ပဲအရောင်းအဝယ်ဖြစ် မှုပမာဏလည်း ယခင်အပတ်နဲ့စာရင် လျော့နည်းသွားတယ်လို့ ပဲ ကုန်သည်တစ်ချို့က ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ ကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ ပုံမှန်အဝယ်ရှိသလို ငွေပြန် ပေါ်လိုသောကုန်သည်အချို့ကလည်း အရောင်းရှိနေတာကြောင့် တစ်ပိဿာကို ၇၃၃ ကျပ်(တစ်တန်ကို ၄၄၈၈၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးလျော့အဝယ်ရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၂၀ ကျပ် (တစ်တန်ကို ၄၄၀၉၂၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှှိနေတယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၄၅ ကျပ် (တစ်တန်ကို ၄၅၆၂၃၀ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက လှောင်လက်တွေ ထံမှာ ပစ္စည်းလက်ကျန်တော်တော်များများရှိနေတယ်။ ဒါပေမဲ့ ကြိုက်ဈေးရမှ ထုတ်ရောင်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ် ပတ်မှာ ရန်ကုန်ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိနေသလို ဝယ် အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၃၅ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။

Sunday, 2 Oct 2011

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ      ယခင်       ယခု              ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ ပိဿာ      ၁၄၃၀       ၁၄၃၀၂ မန္တလေး                ၁ ပိဿာ      ၁၃၉၇       ၁၃၂၈၃ မုံရွာ                     ၁ ပိဿာ       ၁၃၉၅      ၁၃၀၅၄ ပခုက္ကူ                  ၁ ပိဿာ       ၁၃၉၄      ၁၃၁၅၅ မြင်းခြံ                  ၁ ပိဿာ        ၁၃၀၀      ၁၂၃၅ကုလားပဲဖြူလုံးကြီး ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                 မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက် က အဝယ်ပြန်အေးသွားသလို မျိုးအတွက် ဝယ်ယူသူများကလည်း အဝယ်နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၂၈ ကျပ်(တစ်တန်ကို ၈၁၃၂၅၃ ကျပ်)နဲ့နေ့စဉ်အိတ် ၈၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲလက်ကျန်ကလည်း တဖြည်းဖြည်းနည်းလာသလို ဒေသတွင်းစိုက်ပျိုးမယ့် တောင်သူများကလည်း မျိုးအတွက်ပဲ အဝယ်အနည်းငယ်ရှိတာ ကြောင့် အရောင်းအဝယ်က ပုံမှန်ထက်စာရင် နည်းသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မြင်းခြံဈေးကွက်မှာ ကုလား ပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းသူ ကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်း နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၂၃၅ ကျပ်(တစ်တန်ကို ၇၅၆၃၀၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပခုက္ကူဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလိုဝယ်အားပါနည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၃၁၅ ကျပ်(တစ်တန်ကို ၈၀၅၂၉၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀ မှ ၁၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေး ကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၃၀၅ ကျပ် (တစ်တန်ကို ၇၉၉၁၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။

Sunday, 2 Oct 2011

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်     ယခု      ပြောင်းလဲမှု၁ အောင်လံ             ၁ ပိဿာ    ၂၁၅၆   ၂၀၆၇နှမ်းဖြူကို အောက်ဈေးနဲ့ တရုတ် အဝယ်ရှိနေ                    မန္တလေး ဈေးကွက်သို့ မကွေး၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ရေစကြိုဒေသများမှ ထွက်ရှိတဲ့ နှမ်းဖြူတွေ ပုံမှန် ဝင်ရောက်နေပေမယ့် တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၁၆၄၄ ကျပ်(တစ်တန်ကို ၁၀၀၆၇၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ နှမ်းဖြူဈေး ကွက်သို့ အဝင်များနေပေမယ့် မန္တလေးဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက် မှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၄၃၃ ကျပ် (တစ်တန်ကို ၈၇၇၅၅၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု က နည်းသွားတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၄၉၀ ကျပ်(တစ်တန်ကို ၉၁၂၄၆၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၂၀၆၇ ကျပ် (တစ်တန်ကို ၁၂၆၅၈၁၀ ကျပ်)နဲ တစ်ရက်ကို အိတ် ၄၀၀ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။

Sunday, 2 Oct 2011

နှမ်းဖြူစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်   ယခု         ပြောင်းလဲမှု၁ မန္တလေး             ၁ ပိဿာ     ၁၇၃၃    ၁၆၄၄၂ မကွေး               ၁ ပိဿာ     ၁၆၇၀    ၁၄၉၀၃ မုံရွာ                  ၁ ပိဿာ     ၁၅၆၇     ၁၄၃၃

Sunday, 2 Oct 2011

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်         ယခု    ပြောင်းလဲမှု၁ မန္တလေး               ၁ ပိဿာ    ၁၀၈၄     ၁၀၄၉၂ မကွေး                 ၁ ပိဿာ    ၁၀၂၆     ၁၀၁၅၃ ပခုက္ကူ                 ၁ ပိဿာ    ၁၀၄၇     ၁၀၁၅၄ မုံရွာ                    ၁ ပိဿာ    ၁၀၆၃     ၁၀၄၂၅ အောင်လံ             ၁ ပိဿာ    ၁၀၅၀    ၁၀၁၀၆ မြင်းခြံ                 ၁ ပိဿာ    ၁၀၅၀     ၁၀၀၀၇ ပြည်                   ၁ ပိဿာ    ၁၀၈၀     ၁၀၅၀ထိုင်ဝမ်(ကုလားပဲ) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ                      မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၁၀၄၉ ကျပ်(တစ်တန်ကို ၆၄၂၃၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးဈေးဆင်းမှုနဲ့အတူ ကုလားပဲလည်း ဈေးဆင်းလာတယ်။ တောင်သူတွေကလည်း မျိုးအတွက် ပြန်လည်ဝယ်ယူမှုတွေရှိ သလို စက်ပိုင်နဲ့ လက်လီသမားတွေလည်း အဝယ်ရှိနေတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်တော့ ပုံမှန်ရှိနေကြောင်း မြို့ခံစက်သမားတစ်ဦးက ဆိုပါတယ်။ မြင်းခြံေံ ဈးကွက်မှာ ကုလားပဲကို မြို့ခံခွဲ စက်တွေက တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်) နဲ့နေ့စဉ်အိတ် ၁၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေအပြင် လက်လီ သမားများပါ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၅ ကျပ် (တစ်တန်ကို ၆၂၁၅၇၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံ ဈေးကွက်မှာ ကုလားပဲကို ပဲခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့ အနေနဲ့ အဝယ်ပုံမှန်ရှိခဲ့ပေမယ့် ရန်ကုန်ဝယ်လက်အချို့ကတော့ ဝယ်အားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာပြးီ တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်) နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို မျိုးအတွက် ပြန်လည်ဝယ်ယူသူများနဲ့ စက်ပိုင်နဲ့ လက်လီသမားတွေ ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျဘက်မှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၄၂ ကျပ်(တစ်တန်ကို ၆၃၈၁၁၀ ကျပ်)နဲ့တစ်ရက် ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 2 Oct 2011

မတ်ပဲစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်         ယခု         ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်      ၆၂၈၀၀၀   ၅၉၆၅၀၀၂ မုံရွာ                     ၁ ပိဿာ     ၁၀၂၅       ၉၅၀၃ ပြည်                     ၁ ပိဿာ      ၁၀၀၀      ၉၇၅၄ ဟင်္သာတ              ၁ ပိဿာ        ၉၈၅       ၉၃၅၅ မန္တလေး                ၁ ပိဿာ        ၉၅၀       ၈၈၃မတ်ပဲကို အိတ်စပို့အဆွဲနည်းလို့ ဈေးဆင်းလာ                    ဘုရင့်နောင် ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC)ကို ပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက အိန္ဒိယဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျဆင်းနေတဲ့အပေါ် အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးကျလာပြးီ တစ်တန်ကို ၅၉၆၅၀၀ ကျပ်မှ ၆၁၁၀၀၀ ကျပ်အတွင်း တန် ၇၄၄၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရောင်းလက်များကလည်း တက်ဈေးမှာ အရောင်းများပြီး အခုလိုအိန္ဒိယဘက်မှာ မတ်ပဲဈေး ကျဆင်းလာတဲ့အခါမှာတော့ အရောင်းနည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန် ကြမ်း)ကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံခွဲစက်တွေသာ ဝယ်အားအသင့်အတင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက် မှာ မတ်ပဲက ဒေသမျိုးတွေသာ အစိုက်များခဲ့လို့ Export  အရည်အ သွေးမမီသလို ပဲအထွက်လည်းနည်းလို့ ဒေသတွင်းစက်သမားအဆွဲနဲ့သာ မျှတရုံလောက်ရှိတာတွေ့ရပါတယ်။ မုံရွာမြို့ပေါ်ရှိ အကြော် ဖိုတွေအတွက် မတ်ပဲအနှစ်ကြိတ်ခွဲလုပ်ငန်းတွေ တွင ်ကျယ်လျက်ရှိ ပြီး ပဲလက်လီသမားများသာ ပုံမှန်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြား ရှိခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက် က ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေမှုအပေါ် အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိနေသလို ရောင်းလက်ကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်းခဲ့ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃၅ ကျပ် (တစ်တန်ကို ၅၇၂၅၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Pages