Main menu

Background

Tuesday, 3 Mar 2026

ပဲနီပြား
ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲသစ်များ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ပဲနီပြားသီးနှံသစ်များလည်း ဝင်ရောက်လာပြီဖြစ်သည်။ ပဲစတင်ပေါ်စအချိန်ဖြစ်သည့်အတွက် တစ်ရက်လျှင် အိတ် ၂၀-၃၀ ကျော် ဝင်ရောက်မှုရှိပြီး လက်လီသမားများသာ ဝယ်ယူမှုရှိကြသည်။ ပဲ အထွက်လှိုင်ချိန်နှင့် ပဲဝင်ရောက်မှုများချိန်တွင် လက်လီ၊ လက်ကား အဝယ်ရှိကြပြီး လှောင်သမားများလည်း ဝယ်ယူသည်ဟုသိရသည်။ 

Monday, 4 Aug 2025

ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ရောင်းချ လျက်ရှိသော မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား၊ ထောပတ်ပဲနှင့် ပဲပုပ်တို့၏  ဈေးနှုန်းဈေးကွက် အခြေအနေအား လေ့လာခဲ့ သည်။
မြေပဲ
ဇူလိုင်လ   နောက်ဆုံးပတ်တွင်    ပြည်ဈေးကွက်၌ အရောင်းအဝယ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၈၀ဝ၊ ဆီကြိတ်မြေပဲဆန်(အနီ)တစ် ပိဿာလျှင် ကျပ် ၈၅၀ဝဖြင့် ယခင်လကအတိုင်း ဈေးငြိမ် လျက်ရှိသည်။ 
ပဲလွမ်းဖြူ

Monday, 1 Jan 2024

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသော ပဲများ မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲတို့ ဖြစ်ကြောင်း သိရသည်။ 

Tuesday, 7 Nov 2023

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့် နှမ်းကို အဓိကစိုက်ပျိုးကြသည်။ ယခုအခါတွင် သုံးလ မြေပဲများ ဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆန်ဈေးမှာလည်း အနည်းငယ် ကျကြောင်း သိရှိရသည်။ ပခုက္ကူခရိုင် အတွင်းသို့ မြိုင်မြို့နယ်ရှိ ရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူမြို့ အနောက်ဘက်ရှိ ရွာများမှ သုံးလမြေပဲ များလာရောက် အရောင်းအဝယ်ဖြစ်နေ သည်။  သုံးလမြေပဲ၏  အခွံပါအတောင့် ဈေးနှုန်းမှာ  တစ်ပိဿာလျှင်   ကျပ် ၂၆၀ဝ-၃၁၀ဝ-၃၂၀ဝ ၊ မြေပဲအဆန် တစ်ပိဿာ လက်ကားဈေးမှာ မြေပဲ ဆန် (ပဲလေး) အလုံးအသေးအကြီးပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ- ၅၈၀ဝ မှစ၍    ကျပ် ၆၀ဝ၀ -၆၁၀ဝ၊ မြေပဲဆန်(ပဲကြီး)  တစ

Monday, 17 Jul 2023

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် မတ်ပဲဈေးများ တက်နေသော် လည်း ဒုတိယပတ်တွင် ဈေးကျနေပြီး ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီးဈေးများ တက်လျက်ရှိသည်။
ဇူလိုင်လဆန်းပိုင်းတွင်  မတ်ပဲတစ်တင်းကို ကျပ် ၅၆၀ဝ၀ -၅၆၅၀ဝ ဖြင့် အဝယ်ပုံမှန်ရှိခဲ့သည်။  ဇူလိုင် ဒုတိယပတ်မှာ မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ကျပ် ၅၂၀ဝ၀ -၅၂၅၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၅၀-၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 

Monday, 19 Jun 2023

ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့ ပါဝင်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ခရိုင်တစ်ခုလုံးအနေဖြင့် မြေပဲစိုက်ဧက ၁၃၁၈၅ ဧက စိုက်ပျိုးခဲ့ပြီး မိုးညှင်းမြို့နယ်တွင် ၅၁၈၇ ဧကကျော် အထိ စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဦးစီးဌာန၏ စာရင်းအရ သိရှိရသည်။

Monday, 19 Jun 2023

ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဗိုလ် ကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့လည်း တင်ပို့မှုရှိပြီး ပဲကြီး၊ ကုလားပဲနှင့်  ဗိုလ်ကိတ်ပဲများမှာ မြို့တွင်းရောင်းဝယ်မှုများပြီး တစ်ခါတစ်ရံမှသာ ရန်ကုန်နှင့် နယ်စုံသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သည်။
မတ်ပဲ

Tuesday, 9 May 2023

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊   ကုလားပဲ၊  ပဲကြီး၊  စားတော်ပဲ၊  ဗိုလ်ကိတ်ပဲတို့သည် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေး တို့မှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။
မတ်ပဲ

Monday, 24 Apr 2023

ပြည်ကုန်စည်တွင် ဖေဖော်ဝါရီလနှင့်မတ်လ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဖြစ်ပေါ်နေသော ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုကို လေ့လာသိရှိရသည်။

မတ်ပဲ

Friday, 31 Mar 2023

မတ် ၄ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲတီစိမ်း၊  ပဲစင်းငုံနှင့် မတ်ပဲ စုစုပေါင်းတန်ချိန် ၁၀၆၉၂၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပဲတီစိမ်းတင်ပို့မှုတန်ချိန် ၅၆၆၂၀ ကျော်မှ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇၆၅ သန်း၊ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုတန်ချိန် ၁၁၅၇၀ ကျော်မှ တန်ဖိုးအမေရိကန်ဒေါ်လာ ၈ ဒသမ ၁၉၇ သန်းဖိုးရရှိခဲ့သည်။ ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နှင့် စင်ကာပူနိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့သည်။

Pages