Background
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြားပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်း ဝယ်ဖောက်ကားလျက်ရှိသည်။
နှမ်း
ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသောပဲများနှင့် ပြည်တွင်းစားသုံးမှုများပြီး ဒေသတွင်းဝယ်လိုအားများသောပဲများသာ လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်ရှိခဲ့ကြသည်။ ၂၀၂၆ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည် -
စဉ် ပဲအမျိုးအစား ရေတွက်ပုံ ဧပြီ မေ ဇွန် ဇူလိုင်
၁။ မြေပဲဆီဆန် ပိဿာ ၁၁၀ဝ၀ ၁၀၂၀ဝ ၉၅၀ဝ ၁၂၀ဝ၀
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပဲမျိုးစုံဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇွန်လတွင် ပဲပုပ်၊ မြေပဲနှင့် မတ်ပဲဈေးနှုန်းမြင့်တက်နေကြောင်း ကုန်စည်ဒိုင်၊ ပဲရောင်းဝယ်ရေး ဒိုင်နှင့် ပဲစိုက်တောင်သူများထံမှ သိရှိရသည်။ ထိုသို့ ပဲဈေးနှုန်းမြင့်တက်ရခြင်းမှာစားသုံးသူများအနေဖြင့် ပဲမျိုးစုံကို စားသုံးမှုနှုန်းများပြားလာခြင်း၊ ပဲလက်ကျန်များ လျော့နည်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ယခင်နှစ် ၂၀၂၅ ခုနှစ်နှင့် ယခုနှစ် ၂၀၂၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဲဈေးနှုန်းများ ကာလတူ နှိုင်းယှဉ် ချက်တို့ကို ဖော်ပြလိုက်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် မေ ၂၇ ရက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံပြည်တွင်းတစ်တန်ဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၉၉၇၀ဝ၀ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၀၄၆၀ဝ၀ သို့လည်းကောင်း၊ ပဲစင်းငုံတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၈၆၀ဝ၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၁၂၂၀ဝ၀ သို့လည်းကောင်း အသီးသီးဈေးမြင့်တက်သွားပြီး ပဲတီစိမ်းတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၃၉၉၂၈၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၂၂၇၃၀ဝ သို့လည်းကောင်း ပဲလွမ်းဖြူ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၇၀၆၈၀ဝ ရှိရာမှ ၂၀၂၆ ခုန
ပြည်ခရိုင် ပြည်မြို့ရှိ ပဲဈေးကွက်များတွင် ရောင်းချနေသော ပဲသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲနှင့် စားတော်ပဲတို့၏ မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်များအား ဖော်ပြလိုက်ပါသည်။
ပဲနီပြား
ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲသစ်များ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ပဲနီပြားသီးနှံသစ်များလည်း ဝင်ရောက်လာပြီဖြစ်သည်။ ပဲစတင်ပေါ်စအချိန်ဖြစ်သည့်အတွက် တစ်ရက်လျှင် အိတ် ၂၀-၃၀ ကျော် ဝင်ရောက်မှုရှိပြီး လက်လီသမားများသာ ဝယ်ယူမှုရှိကြသည်။ ပဲ အထွက်လှိုင်ချိန်နှင့် ပဲဝင်ရောက်မှုများချိန်တွင် လက်လီ၊ လက်ကား အဝယ်ရှိကြပြီး လှောင်သမားများလည်း ဝယ်ယူသည်ဟုသိရသည်။
ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ရောင်းချ လျက်ရှိသော မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား၊ ထောပတ်ပဲနှင့် ပဲပုပ်တို့၏ ဈေးနှုန်းဈေးကွက် အခြေအနေအား လေ့လာခဲ့ သည်။
မြေပဲ
ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ အရောင်းအဝယ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၈၀ဝ၊ ဆီကြိတ်မြေပဲဆန်(အနီ)တစ် ပိဿာလျှင် ကျပ် ၈၅၀ဝဖြင့် ယခင်လကအတိုင်း ဈေးငြိမ် လျက်ရှိသည်။
ပဲလွမ်းဖြူ
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသော ပဲများ မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲတို့ ဖြစ်ကြောင်း သိရသည်။
ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့် နှမ်းကို အဓိကစိုက်ပျိုးကြသည်။ ယခုအခါတွင် သုံးလ မြေပဲများ ဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆန်ဈေးမှာလည်း အနည်းငယ် ကျကြောင်း သိရှိရသည်။ ပခုက္ကူခရိုင် အတွင်းသို့ မြိုင်မြို့နယ်ရှိ ရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူမြို့ အနောက်ဘက်ရှိ ရွာများမှ သုံးလမြေပဲ များလာရောက် အရောင်းအဝယ်ဖြစ်နေ သည်။ သုံးလမြေပဲ၏ အခွံပါအတောင့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၂၆၀ဝ-၃၁၀ဝ-၃၂၀ဝ ၊ မြေပဲအဆန် တစ်ပိဿာ လက်ကားဈေးမှာ မြေပဲ ဆန် (ပဲလေး) အလုံးအသေးအကြီးပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ- ၅၈၀ဝ မှစ၍ ကျပ် ၆၀ဝ၀ -၆၁၀ဝ၊ မြေပဲဆန်(ပဲကြီး) တစ
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် မတ်ပဲဈေးများ တက်နေသော် လည်း ဒုတိယပတ်တွင် ဈေးကျနေပြီး ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီးဈေးများ တက်လျက်ရှိသည်။
ဇူလိုင်လဆန်းပိုင်းတွင် မတ်ပဲတစ်တင်းကို ကျပ် ၅၆၀ဝ၀ -၅၆၅၀ဝ ဖြင့် အဝယ်ပုံမှန်ရှိခဲ့သည်။ ဇူလိုင် ဒုတိယပတ်မှာ မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ကျပ် ၅၂၀ဝ၀ -၅၂၅၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၅၀-၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။


