Background
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၉ သန်း တန်ဖိုးရှိ ဖာလာ သုည ဒသမ ၆ တန်၊ ဇာတိပ္ဖိုလ်သီး ၁ ဒသမ ၃၅၅ တန်၊ ဟင်းရိုင်းဖြူ သုည ဒသမ ၀၂၅ တန်၊ ရှိန်းခို ၁ ဒသမ ၈၀ တန်နဲ့ တောင်လုံးကျော် ၁ ဒသမ ၁၂၅ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၄ တန်ကျော် အသွင်းပိုခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၈၄၃ သန်းကျော် တန်ဖိုးရှိ ရေထွက်ကုန် ၁၁၄၉ တန်နီးပါး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၃၄ တန်ခန့် အပို့ ရှိခဲ့တာမို့ ၂၂၆ တန် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရေထွက်ကုန် ၇၈၈ တန်ကျော်၊ ချင်း ရွှေဟော်မှ ၁၉ တန်ကျော်၊ မြဝတီမှ ၁၁၃ တန်ကျော်၊ စစ် တွေမှ တန် ၅၀ ကျော်နဲ့ မောင်တောမှ ၁၇၉ တန်ခန့် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ဘင်္ဂလားဒေရှ် နိုင်ငံကို ငါးမြစ်ချင်း၊ ငါးခေါင်းပွစတဲ့ ရေချိုငါးများ ယခင်နှစ်များထက် ပိုမို တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ရခိုင်ကမ်းရိုးတန်း သားငါးဖွံ့ဖြိုးရေးလုပ်ငန်း အစု အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ငွေကြေးပံ့ပိုးမှုများကိုလည်း အစုအဖွဲ့လုပ်ငန်းများကို ထောက်ပံ့ပေးမှာ ဖြစ်တဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်တတ်သူ ပညာတတ်လူငယ်များ စုဖွဲ့ပြီး ဆောင် ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၅၉၃၀၁၄ ၅၅၀၀ ၆၄၁၇၇၁ ၅၄၀၀ပြောင်းဖူးစေ့ တန် ၂၅၅၂၉၀ ၁၈၈၀ ၂၃၁၁၀၅ ၁၉၃၀နှမ်းဖြူ တန် ၉၂၇၇၉၁ ၈၀၀၀ ၉၉၅၂၁၁ ၈၀၀၀အေးအေးမြ
မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်စခန်းမှ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အထိ ကာလအတွင်း ကျပ် ၁၇ သန်းကျော် တန်ဖိုးရှိ ဝက်အရှင် ၁၂၉၄၇ ကီလိုဂရမ် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၁၈၀ နီးပါး အပို့ပိုခဲ့ပါတယ်။ ဘဏ္ဍာနှစ် ၉ လတာကာလမှာ ရိဒ်နယ်စပ်မှ ဝက်အရှင်တင်ပို့မှု စုစုပေါင်းမှာ ၂၀၇၃၀၅ ကီလိုဂရမ်ရှိပြီး ဖြစ်ပါတယ်။ မြန်မာဝက်များဟာ အခေါက်ပါးပြီး အဆီများတဲ့ အချက်က ဝယ်လက်ကို အကြိုက်တွေ့ စေလျက်ရှိတယ်လို့ သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၇၇၄ သန်းတန်ဖိုးရှိ ဇီးဆံ ၄၅ တန်ခန့်၊ ဝဥခြောက် ၁၀၇ တန်ကျော်၊ ချဉ်ပေါင်ဖာလာ (အခွံပါ) ၂၂ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၂၇ တန်ခန့်၊ ကွမ်းစားဂမုန်း ၃၂ တန်ကျော်၊ နနွင်းတက်(ရှမ်းစ) တန် ၂၀ နီးပါး၊ ကြောင်လျှာစေ့ ၃၁ တန်၊ ပီလောပီနံဥအစို ၂၅၇ တန်၊ ဒရင်ကောက်မြစ် တန် ၄၀ နီးပါး၊ တောဂျူးမြစ် ၉ တန်ခန့်၊ ကြောင်ပန်းစေ့ ၅ တန် ခန့်၊ တောချင်း ၃ တန်နဲ့ မာလာဥ သုည ဒသမ ၀၀၁ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၀၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၄၃ တန်ကျော်၊ ရေငန်ငါးမျိုးစုံ ၁၉၇ တန်နဲ့ ကဏန်း ၈၂ တန်ခန့် အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၉၇ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၄ တန်ခန့် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၁၅ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။
ပန်းသီး။ ကန်ဒေါ်လာ သုည ဒသမ ၄၅၉ သန်းတန်ဖိုးရှိ ပန်းသီးတန် ၁၀၀၀ ကျော် ယခုအပတ် နယ်စပ်ကုန် သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီးနဲ့ မြဝတီနယ်စပ်များမှ အသွင်းရှိခဲ့ပါတယ်။ မူဆယ်မှ ၉၆၉ တန် ကျော်၊ ကန်ပိုက်တီးမှ ၃၅ တန်နဲ့ မြဝတီမှ ၉ တန် အသီးသီး တင်သွင်းခဲ့ထားဖြစ်ပါ တယ်။ မြန်မာ - အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၀၀၅ သန်းတန်ဖိုးရှိ ပန်းသီးဂျပ်ဖါ၁၄၀ အပို့ ရှိခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့စတုတ္ထအကြီးဆုံး သဘာဝရော်ဘာတင်ပို့သူဖြစ်တဲ့ ဗီယက်နမ်က လွန်ခဲ့တဲ့ ၂၀၁၁ မှာ ရော်ဘာတင်သွင်းမှု မြင့်တက်ခဲ့ တယ်လို့ အကောက်ခွန်စာရင်းများအရ သိရပါတယ်။ ၂၀၁၀ တုန်းကလည်း အရှေ့တောင်အာရှနိုင်ငံတွေကနေ တင်သွင်းမှု ၁၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ နောက်ဆုံးပတ်မှာ မြဝတီနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၉၆ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၀ ဒသမ ၆ တန်နဲ့ ရိဒ်နယ်စပ်မှ ၉ ဒသမ ၂၇ ကျပ်သန်း (ကန်ဒေါ်လာသုညဒသမ ၀၁၂ သန်း) တန်ဖိုးရှိ ကွမ်းသီး ၁၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရိဒ်နယ်စပ်မှ ကွမ်းသီး ၉ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ် နယ်စပ်မှ ကွမ်းသီးတင်ပို့မှု တန် ၆၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT(DOBT)