Background
၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးဆွေးနွေး မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်၏ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး ကို ကုန်သွယ်ရေးဇုန်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ၂၄-၁၁-၂ဝ၁ဝ နေ့ ၁၃းဝဝ ချိန်တွင်ကျင်းပရာ OSS အဖွဲ့ခေါင်းဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့်မှကုန်သွယ်မှုပမာဏတိုးတက်မှု၊ လာမည့်ကာလ၌ပိုမို ဆောင်ရွက်နိုင်မည့် အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများအပေါ် ကုန်သည်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်သည် များကိုဆွေးနွေးခဲ့ပြီးOSSအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်အပါအဝင် စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ စမ်းစမ်းအေး
ဓာတုဆေးဝါးရောစပ်ပါဝင်တဲ့ ခေါက်ဆွဲထုပ်အား ဈေးကွက်များမှ ပြန်လည်သိမ်းယူ အင်ဒိုနီးရှားနိုင်ငံထုတ် ရင်တော်တံဆိပ်အသင့်စား ခေါက်ဆွဲထုပ်များအား တရုတ်နိုင်ငံ ကျန်းမာရေး ဌာနစားသောက်ကုန် ပစ္စည်းလုံခြုံမှု စစ်ဆေးရေးအဖွဲ့ရဲ့ ဓာတ်ခွဲစိစစ်ရာ ဓာတုဆေးဝါးများသတ်မှတ်ချက်ထက် ပိုမိုပါရှိနေတာကို စိစစ်တွေ့ရှိခဲ့ပါတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)၊ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့မှာ ဖြန့်ဖြူးရောင်းချနေမှုများကို နိုဝင်ဘာလဆန်း ကစပြီး ရပ်ဆိုင်း ကာပြန်လည်သိမ်းယူမှုများလုပ်ဆောင်လျက် ရှိပါတယ်။ ၈၅ ဂရမ်ရှိ အထုပ်သေး တစ်ထုပ်ကို တရုတ်နိုင်ငံမှာ ၂ ဒသမ ၅ ယွမ်နှုန်းနဲ့ ရောင်းချဖြန့်ဖြူးနေ တာဖြစ်ပါ တယ်။ ယခုအခါ ကူမင်းရှိ စူပါမားကတ်များမှာလည်းရောင်းချခွင့် မပြုတော့ဘဲ သိမ်းယူလျက်ရှိနေတယ်လို့ တရုတ်နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။ Sources: ယူနန်ချွမ်းချိမ်ဝမ်ပေါင်၊၊ သောင်းနိုင်
အေးခဲကြက်သားနဲ့ ကြက်ခြေထောက်များအား မီးရှို့ဖျက်ဆီး ယူနန်ပြည်နယ်ကျန်းမာရေးနဲ့စားသုံးကုန်ပစ္စည်းလုံခြံမှုရှိစေရေး စစ်ဆေး ရေး ဌာနနဲ့ အကောက်ခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအရ မန်စည်ခရိုင်မှာ အေးခဲကြက်သား၊ ကြက်ခြေထောက်များလတ်ဆတ်သန့်ရှင်းမှု မရှိဘဲအများ ပြည်သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် မီးရှို့ဖျက်ဆီးမှုများကို နိုဝင်ဘာလ ၁၉ ရက်နေ့ကဆောင်ရွက်ခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ အေးခဲ ကြက်သား၊ ကြက်ခြေထောက်ပမာဏဟာ တန်ချိန်အားဖြင့် ၁၂ တန်ကျော် ( ၂၄၇ ဖာ) ဖြစ်ပြီး မန်စည်ခရိုင် အထွေထွေလယ်ယာထွက်ကုန်ပစ္စည်းနဲ့ စားသုံးကုန်ဖြန့်ဖြူးမှု ဈေးကွက်ရှိ ဆိုင် ၅ ဆိုင်အား စိစစ်ခဲ့ရာမှာ တွေ့ရှိခဲ့ ရတယ်လို့ သိရပါတယ်။ Sources: ယူနန်ချွမ်းချိမ်ဝမ်ပေါင်၊၊ သောင်းနိုင်
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပြောင်းဖူးစေ့ တန် ၂၆၁၁၂၆ ၁၉၂ဝပဲတီစိမ်း တန် ၁ဝ၉ဝ၁ဝ၂ ၈၂၈ဝနှမ်းဖြူ တန် ၁၁၅၇၅၃၄ ၈၆၈ဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ မဝတ် တီရှပ်၊ မကင်းဘတ်၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)မဝတ်တီရှပ် ဒါဇင် ၈ဝဝဝ ၉၃ဝမကင်းဘတ် ဒါဇင် ၈၂ဝဝ ၄ဝဝဝက်အရှင် ကီလိုဂရမ် ၂ဝဝဝ ၉၈ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်းအစို၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက် ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်းအစို တန် ၆၇ဝ၁၄ဝ ၇၃၅ဝဝမန်ကျည်းသီး(အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၅ဝဝဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၄ဝဝဝဝ မြတ်မြတ်ထွန်း
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း တန် ၁ဝ၆၁၇၇၃ ၈ဝ၈ဝပြောင်းဖူးစေ့ တန် ၂၃၉၇ဝ၆ ၁၇၈ဝနှမ်းဖြူ တန် ၁၂၉၁၃၂ဝ ၈၆၈ဝ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ စောင်၊ ပလတ်စတစ်၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက် ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)စောင် ထည် ၄၅ဝဝ ၂၂၅ပလတ်စတစ်အိတ် အိတ် ၁၅ဝဝဝ ၇၃ဝဝက်အရှင် ကီလို ၂ဝဝဝ ၉၈ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း တန် ၆၇ဝ၁၄ဝ ၇ဝဝဝဝမန်ကျည်းသီး(အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၃၅ဝဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၃၂၅ဝဝ မြတ်မြတ်ထွန်း
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲလွန်းဖြူ တန် ၁ဝ၄၃၁၁၁ ၇၇၁ဝပဲပုပ်စေ့ တန် ၅၉၉၂၃ဝ ၄၃၁ဝနှမ်းနက် (နိမ့်) တန် ၁၅၃၃၆ဝ၇ ၁ဝ၆၈ဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ဝက် အရှင်၊ စောင်၊ ဆေးကြေမှုန့်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက် ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဝက်အရှင် ကီလို ၂ဝဝဝ ၉၈စောင် ထည် ၄၅ဝဝ ၂၂၅ဆေးကြေမှုန့် တန် ၁၅၇ဝဝဝ ၈၅ဝဝ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်းအစို၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက် ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်းအစို တန် ၆၇ဝ၁၄ဝ ၇ဝဝဝဝမန်ကျည်းသီး (အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၃၅ဝဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၃၂၅ဝဝ မြတ်မြတ်ထွန်း
ဗီယက်နမ်မှ လာအိုရော်ဘာစိုက်ပျိုးရေးအတွက် ကူညီမည် အိမ်နီးချင်းလာအိုနိုင်ငံရဲ့ စက်မှုကုန်ကြမ်းသီးနံှတွေစိုက်ပျိုးရေးမြှင့်တင်မှုအတွက် အထောက်အပံ့ပေးမှာ ဖြစ်ကြောင်း ဗီယက်နမ်ကပြောကြားခဲ့ပါတယ်။ ရော်ဘာနဲ့ အခြားသီးနံှတွေ စိုက်ပိုျးရေးစီမံကိန်းအတွက် ဒေါ်လာ (၃၈) သန်းအကုန်အကျခံပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းသိရပါတယ်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုးပြီးစီမံကိန်း ဆောင်ရွက် မယ့် ဒေသမှာ နှစ်နိုင်ငံလုံးက လေ့လာရေး ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မြေဧရိယာ ၉၉ဝဝ ဟက်တာကို အသုံးပြုမှာဖြစ်ပြီး ပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲမှု၊ အလုပ်သမားသုံးစွဲမှုနဲ့ ရော်ဘာစေးကြိတ်ခွဲ ထုတ်လုပ်မှုတွေကို ဆောင်ရွက် ကြမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source:Commodity online, KZW
နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၈ဝဝ ကျော်တင်ပို့ နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်ထိ ကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ ၊၈၂၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရင်အပတ်ကထက် တန်ချိန် ၁၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မိမိဘက်ရော်ဘာပေါက်ဈေးဟာ ကျပ် ၉၁ဝဝ မှ ၉၅ဝဝ ထိ မြင့်တက်လျက် ရှိပြီး တစ်ဘက်နိုင်ငံ ယွမ်ဈေးကတော့ မပြောင်းလဲဘဲတည်ငြိမ်လျက်ရှိပါတယ်။ ငွေဈေးအတက်အကျ အပြောင်း အလဲကြောင့်သာ ဒေါ်လာဈေးအရ ၆ ဒေါ်လာခန့် ယခင်အပတ်ကထက် လျော့ကျတာတွေ့ရပါတယ်။ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးများက ထွက်ရှိတဲ့ ရော်ဘာများကို မြန်မာ-တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေတာဖြစ်ပါတယ်။ ချင်းရွှေဟော်ဘက်မှာ မိမိဘက်ပေါက်ဈေးက ၂၇ဝဝဝဝဝ ကျပ်ရှိပြီးတစ်ဖက်နိုင်ငံပေါက်ဈေးကတော့ ယွမ် ၂၁ဝဝဝ ရှိပြီး မြိတ်ဘက်မှာတော့ မိမိဘက်ဈေးက ၂၈၇၈၇၅ဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးက ဒေါ်လာ ၃ဝဝ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ မူဆယ်မှRSS (1) ၅ တန်၊RSS (3) ၄ဝ၂ တန်ခန့်၊ RSS (5) တန် ၃ဝ၊ MSR (20) ၁၃၈ တန် နဲ့ MSR (50 ) ၁၂၁ တန်၊ စုစုပေါင်း ၆၉၅ တန်ကျော်၊ ချင်းရွှေဟော်မှ RSS (3) တန် ၃ဝ၊ မြိတ်မှ RSS (3) တန် ၁ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မူဆယ်RSS(3) ၃၂၃၆၈ဝဝ ၃၂၂၇၂၈ဝ ၉၅၂ဝ ဝ .၃ ၃၅၆၄ ၃၅၇ဝ ၆ ဝ .၂RSS(5) ၃၁ဝဝ၈ဝဝ ၃ဝ၉၁၆၈ဝ ၉၁၂ဝ ဝ .၃ ၃၄၁၄ ၃၄၂ဝ ၆ ဝ .၂MIRT (DOBT)
မျိုးအာလူးများ မောင်တောနယ်စပ်မှ တင်သွင်းလျက်ရ နိုဝင်ဘာလ ပထမပတ်အတွင်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ Arbul Trading Co. Ltd မှ မျိုးအာလူးများ မောင်တော နယ်စပ်မှ တစ်ဆင့်တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ တင်သွင်းမှုတန်ချိန်က ၂၈ တန်ဖြစ်ပြီး မိမိဘက်တစ်တန်ပေါက်ဈေးက ၃ဝ၆ဝဝ ကျပ်နဲ့ တစ်ဖက် နိုင်ငံပေါက်ဈေးကတော့ ၁၆၈၆၆ တာကာဖြစ်ပါတယ်။ မောင်တောမှာ ရုံးစိုက်ထားတဲ့ FAO မှ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း ကျေးလက် ဒေသအသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး အထောက်အကူပြုစီမံကိန်းအရ မောင်တောခရိုင်အတွင်းရှိ တောင်သူများကို အခမဲ့မျိုးဖြန့်ဝေပေးရန် သက်ဆိုင်ရာဌာနများရဲ့ ထောက်ခံချက်များနဲ့အညီ သွင်းကုန်လိုင်စင် လျှောက်ထားတင်သွင်းခဲ့တာဖြစ်တယ်လို့ ကျော်ကျော်စိုး ကုမ္ပဏီမှ တာဝန်ရှိသူထံက သိရှိရပါတယ်။ Sourceး နကသ (မောင်တော)MIRT (DOBT)
ရော်ဘာအပို့လျော့ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၃၇၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၈၅ တန်တင်ပို့ခဲ့တာကြောင့် ယခုရက်သတ္တပတ်မှာ ၁ဝ၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3 ၁၁၈ တန်နဲ့၊ မလေးရှားကို RSS-3 ၂၅၉ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။