Main menu

Background

Wednesday, 13 Sep 2017

        တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူလည်း အဝင်နည်းလာပါပြီ။ ပြန်စိုက် ပျိုးတော့မယ့် အချိန်ရောက် လာတာ ဖြစ်လို့တောင်သူတွေက မျိုးတွေသန့်တာရယ်၊ ပြန်စိုက်ဖို့ မြေပြုပြင်တာရယ်ကြောင့် လာရောက်ရောင်း ချတာ နည်း သွားလို့ တစ် ပတ်ကိုပိဿာချိန်တစ်သောင်းနှစ်သောင်းခန့်သာ အဝင်ရှိတော့တယ်လို့ သိရပါ တယ်။ ကြက်သွန်ဖြူကို သီတင်းကျွတ်မှာစစိုက်ပြီး တန်ဆောင်မုန်းမှာအပြီးစိုက်ပျိုး ကြပါတယ်။ အချို့တောင်သူတွေက တော့ စက်တင်ဘာလ လယ်ခန့်မှာစပြီး စိုက်ပျိုး ကြမှာလို့လည်းသိရပါတယ်။ တောင်ကြီးခရိုင်က စိုက်တဲ့ကြက်သွန်ဖြူတွေက မြန်မာ ပြည်အနှံ့စီးဆင်းပေမယ့် လွိုင်လင်ခရိုင်၊ လဲချား၊  မိုင်းပန်မြို့နယ်ကထွက်တဲ့ ခရမ်းစွဲ ကြက်သွန်ဖြူ ကတေ

Wednesday, 13 Sep 2017

     စက်တင်ဘာလအတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေတဲ့ ပဲသီးနှံကတော့ ပဲကြီးသီးနှံဖြစ်ပါတယ်။ ပန်းတောင်း၊ ကံမဘက်မှအဝင်ရှိပြီး အိတ် ၁၀၀-၁၅၀ကျော် ဝင်ရောက်ခဲ့သလို ပြည်-အောင်လံကြား မြို့နယ် များ မှလည်း နေ့စဉ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ဝယ်လက်သမားများမှာ ပဲကြော်ဖိုလုပ်ငန်းသမားများက အဓိက ထားဝယ်ယူသလို မျိုးသမားအချို့လည်း ဝယ်ယူနေတာကို တွေ့ရပါတယ်။ဒါကြောင့် ပဲကြီးသီးနှံဈေးဟာ တရိပ် ရိပ်တက်လာနေပြီး  မျိုးပဲ ဈေးတစ်တင်း ကျပ် ၆၀၀၀၀ ထိအရောင်းအဝယ်ဖြစ်ကာ ပဲကြော်ဖိုသမားများနဲ့ လက်လီ လက်ကား အရောင်းအဝယ် ဖြစ်တဲ့ ဈေးက ရွှေကျွန်း တစ်တင်းကျပ် ၅၃၀၀၀၊ ကမ်းနား တစ်တင်းကျပ်၄၈၀၀၀ဖြင့် အိတ်၁၅၀ကျော်၂၀၀အထိ နေ့စဉ် အ

Wednesday, 6 Sep 2017

     သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅၀၅၃၀ တန်ဖိုးရှိ ချင်းစို ၁၈၄ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာစစ်တွေမှ တန် ၂၀၊ မောင်တော မှ ၁၆၄ တန်ကျော် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေ မှ ၅၇ တန်၊ မောင်တောမှ ၁၈၂ တန် စုစုပေါင်း တန်ချိန် ၂၃၉ တန် ပိုမိုတင်ပို့ခဲ့လို့ ယခုတစ်ပတ် ချင်း ၅၅ တန် လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းတစ်တန်ရဲ့ မိမိ ဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ယခုတစ်ပတ်မှာ ၁၀၃၅၂၇၂ ကျပ်ရှိပြီး ယခင်နှစ် ကာလတူက ကျပ် ၉၀၂၁၂၀ ဈေးရှိတယ် လို့သိရပါတယ်

Tuesday, 5 Sep 2017

     မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ရေ ထွက်ကုန် ၁၁၅၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၇၁၄ တန်နဲ့ နှိုင်းယှဉ်ပါက ၄၄၂ တန် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၈၇၄ သန်းပိုမိုခဲ့ပါတယ်။ယခုတစ်ပတ်တွင် ကဏန်း၊  ငါးရှဉ့်၊ ငါးမှုန့်၊ ငါးစီဖောင်း၊ ငါးမျိုးစုံနဲ့ အခြားရေထွက်ပစ္စည်းမျိုးစုံ ပိုမိုတင်ပို့လာနိုင်ခြင်းကြောင့် တန်ချိန်ရော တန်ဖိုး ပါပိုမိုရခြင်းဖြစ်ပါတယ်။                       

မော်မော်အောင်

 

Tuesday, 5 Sep 2017

         မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၃၉၆ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၂၀ ခွဲကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက်တင်ပို့မှုမရှိဘဲ သြဂုတ် လဆန်းပိုင်းက တစ်တန်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၅၆၈၅ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၄၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တစ်တန်နဲ့ နှိုင်းယှဉ်ပါ က ၃၉ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။လက်ဖက်ကို ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများမှာ စိုက်ပျို

Tuesday, 5 Sep 2017

          သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၀ မျိုး၊ တန်ချိန် အားဖြင့် ၃၆၈ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၂၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၂၄၇ တန်ပိုမိုတင်ပို့ခဲ့ ပါတယ်။

Tuesday, 5 Sep 2017

         မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၅၂၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၀၄ တန်ကို  တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၈၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်၂၂၀ ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးနယ်စပ်ရော ရိဒ် နယ်စပ်ပါ ကွမ်းသီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။

Monday, 28 Aug 2017

        ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ပဲလောကမှာ ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါ။ အဓိကကတော့ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ တန်ချိန် နှစ်သိန်းပဲလက်ခံတော့မယ်။ ကျန်တာကို ဆက်လက်တင်သွင်းခွင့် မပြုေ တာ့ဘူး။ နောက်ပြီး သြဂုတ်လ ၂၁ ရက်မှာ မတ်ပဲနဲ့ပဲတီစိမ်း ကို တန်ချိန် သုံးသိန်းပဲ ဝယ်တော့မယ်။ ကျန်တာကိုတော့ မတ်လ ၃၁ ရက် ဘတ်ဂျက်ကုန်တဲ့အထိ မဝယ်တော့ဘူးလို့ကန့်သတ်လိုက်ပါတယ်။ အဲဒီလို ကန့်သတ်လိုက် တဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံက တကယ်စိုက်ပျိုးပြီး တကယ်ထွက်ရှိတဲ့ ပဲတွေကလည်း မတ်ပဲရယ်၊ ပဲစင်းငုံရယ်၊ ပဲတီစိမ်း ရယ် ဒီသုံးမျိုးက အများဆုံးတင်ပို့တဲ့ပဲတွေဖြစ်နေတယ်။ အများဆုံးတင်ပို့တဲ့ပဲတွေအနက်ကမှ မတ် ပဲနဲ့ ပဲစင်

Monday, 14 Aug 2017

        စီးပွားရေးပေါင်းစည်းမှု  (Economic Integration) အောင်မြင်လိုပါက အာဆီယံ နိုင်ငံများသည် မိမိတို့၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို ပြည်သူလူထုသို့ ပိုမိုချပြအသိပေးရန် လိုအပ်သည်။ ထို့ပြင် အာဆီယံနိုင်ငံများ ကြားတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဆိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ကို အကောင်အထည်ေ ဖာ်ခဲ့သည်မှာ (၂)နှစ်ပြည့် မြောက်တော့မည်ဖြစ်သော်လည်း   အရှေ့ တောင်အာရှဒေသသည် ဒေသဆိုင်ရာ စီးပွား ရေးပူးပေါင်းမှုတွင် ဒေသတွင်းအခက်အခဲများ နှင့် စိန်ခေါ်မှုများ (Internal challenges) ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်

Tuesday, 8 Aug 2017

        တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပျားရည် ကုန်ပစ္စည်း တင်ပို့သည့် ကုန်သွယ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး အကူးအပြောင်းကာလ ၁၈ လကို စီစဉ်ပေး ထားပါကြောင်း၊ အကူးအပြောင်းကာလ ၁၈ လမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ ၂၀၁၇  ခုနှစ် ဇူလိုင် ၂၈ ရက် အထိဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်သို့တင်ပို့ရောင်း ချမည့် ပျားရည်၏အစားအစာ ဘေးကင်းလုံခြုံရေး စီမံ ခန့်ခွဲမှုစနစ်၏  စစ်ဆေးအကဲဖြတ်ခြင်း၊ တင်ပို့သည့် ပျား ရည်ကုန်စည်များ အန္တရာယ် ရှိ/မရှိစိစစ်ခြင်း  လုပ်ငန်းတို့ ကို အဆိုပါ အကူးအပြောင်းကာလ ၁၈ လအတွင်း ပြီးစီး အောင် ဆောင်ရွက်ရမည့်အပြင် ပျားရည်ကုန်စည်  ကျန်း မာရေးသက်သေခံလက်မှတ်ကို  တရုတ်နိုင်ငံမှ  သက်

Pages