Main menu

Background

Wednesday, 10 May 2023

ဧပြီ ၁ ရက် မှ ၃၀ ရက်ထိကာလအတွင်း  ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀ဝ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၄ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅၄ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၁၂ ဒသမ ၁၆ ရာခိုင်နှုန်း  ဆောင်ရွက်နိုင်ခဲ့သည်။   ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်  အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂၈၂  သန်း၊ သွင်းကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်း လျော့နည်းခဲ့ပြီး ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၄၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ အနီး စပ်ဆုံးကာလဖြစ်သော မတ်လ လုပ်ငန်းဆော

Tuesday, 25 Apr 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးခရိုင် ကွမ်းလုံ မြို့နယ် သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပေါ်ရှိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ွမညေအ ဗှီု အကူအညီဖြင့် တည်ဆောက် လျက်ရှိသော သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ်စီမံကိန်း၏ တံတားဆက်ခြင်း အခမ်းအနားကို ဧပြီ  ၁၂ ရက် မွန်းလွဲ၂ နာရီတွင် စီမံကိန်းဧရိယာ ကွမ်းလုံဘက်ခြမ်း ချဉ်းကပ်လမ်း ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

Monday, 24 Apr 2023

ဆန်
မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တန်ချိန် ၈၁၀ဝ၀ ကျော်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၄၅ သန်း ရရှိခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၃၄၆၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၇၆၅၀ ကျော်တင်ပို့ခဲ့သည်။

Thursday, 30 Mar 2023

မတ် ၁၁ ရက် မှ ၁၇ ရက်ထိ ကာလအတွင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၁ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၅ သန်းဆောင်ရွက်ခဲ့သည်။ ယခင်တစ်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၄ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 

Thursday, 30 Mar 2023

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေပဲဆန်၊ ပဲယင်း၊ စွန်တာနီပဲ၊ ရော်ဘာ၊ ရော်ဘာကြမ်း၊ ငရုတ်သီး (အစို)၊ လက်ဖက်ခြောက်၊ ဝဥခြောက်၊ ပြောင်းနှင့် နှံစားပြောင်းတို့ကို အဓိကထားတင်ပို့လျက်ရှိသည်။ 

Thursday, 30 Mar 2023

မတ် ၁၁  ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၂သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၈၀ ကျော် စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၅၈၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

မတ် ၁၁  ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ သန်းတန်ဖိုးရှိ နို့မှုန့်တန်ချိန် ၇၀ ကျော် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၅၅၀ ကျော်  လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

Thursday, 30 Mar 2023

ဓာတ်ပြေသြဇာ

မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၁၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၅၆၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၃၂၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၁၀ဝ ကျော်၊ မက်ဆီကိုနိုင်ငံမှ တန်ချိန် ၂၀ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၈၀ဝ၀ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

Friday, 17 Mar 2023

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၂၀၆၀ဝ ကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၀၃ သန်းရရှိသည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၂၅၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၄၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာ တန်ချိန်၄၈၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန်၂၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ခန့်နှင့် အိန္ဒိယနိုင်ငံ သို့ ရော်ဘာ ၁၃၈ တန်ခန့်တင်ပို့သည်။

Thursday, 16 Mar 2023

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမေရိကန်ဒေါ်လာ  ၆ ဒသမ ၂၆၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၀၅ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ ဒသမ၅၇၃ သန်းဖြစ်၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၈၃ ဒသမ ၈၂ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သည်။ ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း လျော့နည်းခဲ့ပြီး  သွင်းကုန်ပိုင်းတွင်   တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၆၅၃ သန်းပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၂၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 

Thursday, 16 Mar 2023

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၈၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၉၆ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၁၈၁ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် ၂၁၅၈ စီး၊ သွင်းကုန် ၅၈၂ စီး ဆောင်ရွက်နိုင် ခဲ့သည်။ ယခင်တစ်ပတ်က ပို့ကုန်ဆောင်ရွက်မှု အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၉၁ သန်းနှင့် သွင်းကုန်ဆောင်ရွက်မှု အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၉၉၃ သန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၈၄ သန်း ဆောင်ရွက်နိုင် ခဲ့သည်။

Pages