Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဒီဇင် ဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၁၁ ရက်ထိကာလအတွင်း တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၉၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၇၃၁ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၉၁၇ တန်ကျော်တင်ပို့ နိုင်ခဲ့တဲ့အတွက် တန် ၁၈၀ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ် နယ်စပ်မှ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၁၆၉ သန်းဖိုးရှိ ကဏန်း ၄၃ တန်ကျော်၊ ငါးရှဉ့် ၂၆ တန်ခန့်၊ ရေခဲငါး ၁၅၃ တန်ကျော်၊ ငါးစည်ဖောင်း သုည ဒသမ ၇၉၄ တန်၊ ကင်းမွန် ခြောက် ၁၆၃ တန်ခန့်၊ ငါးဆားနယ် ၉၆ တန်နီးပါး၊ ငါးလေးခြောက် ၇၃ တန်၊ ငါးခြောက် ၅ တန်ခန့်၊ ပုစွန်ခြောက် ၄ တန်ကျော်နဲ့ အေးခဲပုစွန် ၃ တန်နီးပါး တင်ပို့ နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၂၈ သန်းတန်ဖိုးရှိ ငါးရှဉ့်အရှင် ၁၁၆ တန် ကျော်နဲ့ ကဏန်း ၄၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် ကဏန်း လေလံဈေးများကိုကြည့်လျှင် ယခင်အပတ်ထက် သိသိသာ သာ ဈေးပိုရတာကို တွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင် အပတ် လေလံဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါ တယ်-
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၃၄၀ တန်ခန့်ကိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၁၀ တန်ကျော်ပိုမိုတင်ပို့လာ နိုင်တာတွေ့ရပါတယ်။ ယခုအပတ် တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှ တန်ချိန်ပေါင်း ၁၉၀ ခန့်၊ ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ၁၂၅ တန်ခန့်နဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၄ တန်တို့ အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ကွမ်း သီးခြောက်များကို မြန်မာ-အိန္ဒိယနယ်စပ်မှ အများဆုံး တင်ပို့ လျက်ရှိပြီး အိန္ဒိယမှကွမ်းသီးခြောက်များကို ကွမ်းပေါင်းပြု လုပ်ရာမှာ အဓိက အသုံးပြုတယ်လို့သိရပါတယ်။ MIRT (DOBT)
တရုတ်နိုင်ငံသည် ယခင်နှစ်သိုလှောင်ထားသော အရန် ဆန်များကို ဒီဇင်ဘာလဆန်းပိုင်းကထုတ်ရောင်း ခဲ့ကြောင်း သိရှိရပါတယ်။ တရုတ်နိုင်ငံအတွက် အရန်ဆန်ကို ယခင်က ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့အမေရိကန်နိုင်ငံတို့မှ ဝယ် ယူလျက်ရှိပါတယ်။ ယခုနှစ် အတွက်အရန်ဆန်ကို မြန်မာနိုင်ငံ ဘက်မှလည်း ဝယ်ယူမယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံမှ ဆန်များသည် အရည်အသွေးကောင်းပြီး ဈေးသက်သာသော ကြောင့် ဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဆေးဝါးများတရားဝင်တင်သွင်းနေတဲ့ ကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် (Myanmar Registration No)မပါရှိသော တရားမဝင်ဆေးဝါးများရောင်းချ ခြင်းရှိ/မရှိစစ်ဆေးပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည် နယ်ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြားထားတယ်လို့ သိရှိရ ပါတယ်။ ဆေးဝါးတုများ တင်သွင်းဝင်ရောက်မှုမရှိစေ ရေး အတွက် OSS အဖွဲ့ဝင်များမှ ညှိနှိုင်းကြပ်မတ် ဆောင် ရွက်သွားရန် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံများက နိုဝင်ဘာလ ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ ထည့် သွင်း ပြောကြားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပ ုံတင်ရရှိထားတဲ့ အိန္ဒိယနိုင်ငံထုတ် Randbaxy Labortories L.td မှ တင်သွင်းတဲ့Cauerta 50 Tablet နဲ့ Cauerta 100 Tablet ဆေးဝါးများကို ဈေးကွက်သို့ဖြန့်ဖြူး ရာမှာ အရည်အသွေး၊ အာနိသင်အာမခံချက်မရှိတဲ့ တရား မဝင် တင်သွင်းနေတဲ့ ဆေးဝါးများနဲ့ ရောနှောရောင်းချနေတာ ကို တွေ့ရှိရတဲ့အတွက် အခုလိုအကြောင်းကြားရတာ ဖြစ် တယ်လို့ သိရှိရပါတယ်။Source: နကသ (တခလ+ရိဒ်)၊အင်ကြင်း
ထိုင်းအမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Thailand's National Anti-Corruption Commission (NACC) မှ ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ရေးအတွက် စီမံချက်ချ လုပ်ဆောင်ရာတွင် အောင်မြင်မှုရသည့်မူဝါဒအဖြစ် သတ်မှတ် ထားသလို ထိုင်းအစိုးရအဖွဲ့က ထိုင်း လယ်သမားများထံမှ ဆန်ဝယ်ယူမှု နှင့်ပတ်သက်ပြီး မည်သည့် အမှားအယွင်းမျှ မရှိဟု ပြောဆိုထားသော်လည်း ဆန်အရောင်းအဝယ်ကိစ္စသည် လက်ရှိ အာဏာရ Pheu Thai Party ဖုဝါ ထိုင်းပါတီနှင့် ဆက်နွှယ်မှုရှိ/မရှိ စုံစမ်းစစ်ဆေးသွား မည်ဖြစ်ပါတယ်။ ယင်းသို့ စုံစမ်းစစ်ဆေးမှုလုပ်ရခြင်းဟာ အာဏာရဖုဝါ ထိုင်းပါတီမှ တာဝန်ရှိသူများက လယ်သမားများထံမှ ဆန်ဝယ်ယူရာမှာ လိုသည်ထက်ပိုမို ဝင် ရောက်စွက်ဖက်ခြင်းကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားမှု ဥပဒေ အရ လျင်မြန်စွာ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ရာမှာ ဆန် တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ရေးအတွက် စီမံချက်ရေး ဆွဲရာတွင်ပါဝင်ခဲ့သောPheu Thai Party ဖုဝါထိုင်းပါတီမှ လွှတ်တော် အမတ်များစုံစမ်း စစ်ဆေးမှု ခံရနိုင်ဖွယ် ရှိပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အဂတိလိုက်စားမှုစာရင်း ၈၈ နေရာတွင်ရှိပြီး ထိုင်းနိုင်ငံသူ/သားများ ပူးပေါင်းပါဝင်မှသာလျှင် ပိုကောင်းသော အဆင့်သို့ရောက် ရှိမည်ဖြစ်ကြောင်း၊ NACC အနေဖြင့် နိုင်ငံရေးကိစ္စ များနဲ့သက်ဆိုင်သော အဝန်း အဝိုင်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများအား အထူးဦးစားပေး စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း NACC အကြီးအကဲ Panthep Klanaronongran မှ ပြောဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: MCOT Online News,မြင့်ရှိန် (မဝတ)
ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၆၀ သန်းတန်ဖိုး ရှိလိမ္မော်သီးတန်ချိန်ပေါင်း ၁၅၀၀ ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၉၉ သန်းတန်ဖိုးရှိ ပန်းသီး ၈၃၀ တန်ခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ် လိမ္မော်သီးတင်ပို့မှုထက် တန် ၂၀၀ ကျော် ပိုမိုတင်သွင်းတာ တွေ့ရပါတယ်။ လိမ္မော်သီးကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်တစ်ခုတည်းမှ တင်သွင်း လျက်ရှိပြီး ပန်းသီးကိုတော့ ချင်းရွှေဟော်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ၁၀ တန်ခန့်နဲ့မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတန် ၈၀၀ ကျော်ကို တင်သွင်းလာနိုင်တာ တွေ့ရပါတယ်။ MIRT(DOBT)
ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ် ဒေသဆိုင်ရာ ရုံး (UNIAP) တို့မှ ပူးပေါင်းကျင်းပသည့် လူကုန်ကူး မှုတိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ် ငန်းရှင်များအသင်းချုပ်ရုံးတွင်ဒီဇင်ဘာလ ၁၄ရက်နေ့ကကျင်းပခဲ့ကြောင်းသိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ လူကုန်ကူး မှုတိုက်ဖျက်ရေး အစီအစဉ် ဒေသဆိုင်ရာ ရုံး (UNIAP) တို့မှ ပူးပေါင်းကျင်းပသည့် လူကုန်ကူး မှုတိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ် ငန်းရှင်များ အသင်းချုပ်ရ ုံးတွင်ဒီဇင်ဘာလ ၁၄ရက်နေ့ကကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဦးဆောင် ကျင်းပသူအဖြစ် Save The Children မှ ဒေါ်ဆွေဇင်ထိုက်က ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် UNAIP မှ ဒေသ ဆိုင်ရာစီမံကိန်းမန်နေဂျာ မစ္စတာ မက်သရူးဖရက်ဒ်မန်းက "Myanmar Business and Efforts to Combat Slavery"ခေါင်း စဉ်ဖြင့်လည်းကောင်း၊Fortescue Metals Group မှ ဥက္ကဋ္ဌ မစ္စတာအင်ဒရူးဖောရက်စ်က "Why fighting slavery is good business" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက် ရေးအစီအစဉ်ဒေသဆိုင်ရာရုံး၏ထုတ် ပြန်ချက်အရ ကမ္ဘာနှင့်အဝှမ်းတွင် ၂၆ သန်းမကသောလူသားများသည် ခေတ်သစ်ကျေးကျွန်ဘဝသို့ ရောက်ရှိ နေကြကြောင်း၊ နှစ်စဉ် လူ ၂ ဒသမ ၅သန်း၊ နေ့စဉ် လူ ၆၈၀၀ ဦးတို့သည် လူကုန်ကူးခံရလျက်ရှိကြောင်း၊ အာရှ တိုက်အတွင်းမှာပင် ၉သန်းမျှသော ပြည်သူများသည် လူကုန်ကူးခံရသည့် ဘဝတွင် ရှိနေကြောင်း သိရသည်။လူကုန်ကူးမှုပုံစံအမျိုးမျိုးဖြစ်ပွား လျက်ရှိရာ မိမိတို့ဒေသအတွင်း ပြည့် တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်း ဖြင့် ကာမဆိုင်ရာ ကိစ္စပြုခြင်း၊ အဓမ္မ အလုပ်စေခိုင်းခြင်း၊ အဓမ္မဝန်ဆောင်မှု ပေးခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်း စေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ သူ တစ်ပါးခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း အား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစား ခြင်း၊ စသည်ဖြင့်တွေ့ရှိရပြီး အချို့ဒေသ များတွင် တီဗွီဂိမ်းကစားရာတွင်ပင် လိင်မှုဆိုင်ရာကိစ္စရပ်များတွင် ကလေး သူငယ်များအား မွေးစားရန်ရောင်းဝယ် ခြင်း၊ ကုလားအုတ်ပြိုင်ပွဲ/ဘောလုံးပြိုင် ပွဲများတွင်ပင် ကလေးငယ်များအား အလွဲအသုံးချခြင်း စသည်ဖြင့် ဆန်းပြား သောပုံစံအမျိုးမျိုးဖြင့် လူကုန်ကူးလျက် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသည်လူကုန်ကူးမှုတိုက် ဖျက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် ပထမငါးနှစ်စီမံကိန်းကို ချမှတ်ဆောင် ရွက်ခဲ့ရာ ၂၀၀၈ခုနှစ်တွင် ကျပ်သန်း ပေါင်း ၄၃၇၈ ဒသမ ၅သန်း၊ ၂၀၀၉ ခုနှစ်တွင် ကျပ်သန်းပေါင်း ၅၁၇၂ သန်း၊ ၂၀၁၀ခုနှစ်တွင် ကျပ်သန်းပေါင်း ၄၂၄၃ ဒသမ ၂၈သန်းကို အစိုးရဌာနများ၊ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များ၊ ကု လသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အ စည်းများက သုံးစွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ယခုအခါတွင် နိုင်ငံတော်အစိုးရ မှ လူကုန်ကူးမှုတားဆီးကာကွယ်တိုက် ဖျက်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံ ဖြတ်ကျော်ဖြစ် ပွားသည့်လူကုန်ကူးမှု ပြဿနာ လျော့နည်းပပျောက်ရေး အတွက် ထိရောက်စွာ တားဆီးကာ ကွယ်ရမည်ဟူသည့် ရည်မှန်းချက်ထား ရှိကာ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ ငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၂ခုနှစ်မှ ၂၀၁၆အထိ သတ် မှတ်ကာ စီမံချက်များ ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။မယ်သီတာ
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ် ရေးစခန်းသည် ၂၀၁၂ နိုဝင်ဘာလတွင် ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၉၆၉ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၆၁၈ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၇ ဒသမ ၅၈၇ သန်း ဆောင်ရွက်နိုင်သောကြောင့် လျာထားချက်ထက်ကျော် လွန်ခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ် ဒေသဆိုင်ရာ ရုံး (UNIAP) တို့မှ ပူးပေါင်းကျင်းပသည့် လူကုန်ကူး မှုတိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ် ငန်းရှင်များအသင်းချုပ်ရုံးတွင်ဒီဇင်ဘာလ ၁၄ရက်နေ့ကကျင်းပခဲ့ကြောင်းသိရသည်။