Main menu

Background

Monday, 3 Dec 2012

မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၄၈ သန်းတန်ဖိုးရှိ ရေ ထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၃ တန်ကျော်၊ ပုစွန် ၂ တန် ကျော်၊ ကဏန်း ၁၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ထက် ကဏန်း ၁၁ တန် ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။

Friday, 30 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ (Brand News) မော်တော်ဆိုင်ကယ် ၄၈၀၈ စီး တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၆၅၄ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်ကအစီး ၂၀၀၀ ကျော်သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ  ယခင် အပတ်က ထက်နှစ်ဆခန့် ပိုမိုတင်သွင်းလာနိုင်တာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ဆိုင်ကယ်အဝင်များသလို သုံးဘီးဆိုင်ကယ်အစီး ၂၀၀ ကျော်နဲ့ စက်ဘီး၁၁၅၀စီး ကိုကန်ဒေါ်လာသုညဒသမ ၂၉၇ သန်းဖိုးလည်း ယခုအပတ်မှာတင်သွင်းနိုင်ခဲ့တယ် လို့ သိရပါတယ်။             ခင်မိုးသူ၊ MIRT (DOBT)

Friday, 30 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ပန်းသီး ၁၀၈၅ တန်ကျော် တန်ဖိုး ကန်ဒေါ် လာ သုည ဒသမ ၂၄၉ သန်းဖိုးကိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်က ၁၀၆၉ တန်သာတင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၆ တန်ကျော်ပိုမိုတင်သွင်းလာနိုင် တာ တွေ့ရပါတယ်။ တရုတ်နယ်စပ်မှ ပန်းသီးနှင့်အတူ လိမ္မော်သီး ၁၀၃၂ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းဖိုးတင်သွင်းလာနိုင်တဲ့အတွက် ယခု အပတ်မှာ သစ်သီးတင်သွင်းမှုပိုမိုလာတာတွေ့ရပါတယ်။  ခင်မိုးသူ၊ MIRT (DOBT)

Friday, 30 Nov 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း မှ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့ထိ ကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၂၆၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ငါးမျိုးစုံ တန် ၉၀ ကျော်၊ ပုစွန် ၆ တန်နီးပါး၊ ကဏန်း ၈ တန်ကျော်တင်ပို့ခဲ့ပါတယ်။ စုစုပေါင်းရေထွက်ကုန် ၁၀၄ တန် ကျော်တင်ပို့ခဲ့ရာ ယခင်အပတ်ထက်ငါးမျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာရေထွက်ကုန် ၇၁ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Friday, 30 Nov 2012

တရုတ်ပြည်မှ တရားမဝင်လမ်းကြောင်းဖြင့် တင်သွင်း လာသော အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းများအနက် ကြက်အူချောင်း ၁ x  ၃ ဒသမ ၅ ကီလိုပါ ၁၅၂ ဖာ၊ စုစု ပေါင်းအလေးချိန် ၅၃၂ ကီလိုအား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က လှုပ်ရှားတားဆီးရေးအဖွဲ့ Mobile Team မှ တားဆီးတွေ့ရှိခဲ့ကြောင်း၊FDA ၏ စစ်ဆေးချက်များ မရှိ သည့် အများပြည်သူစားသုံးရန်မသင့်သော စားသောက်ကုန် ဖြစ်ခြင်းကြောင့် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁း၃၀ အချိန် တွင် လှုပ်ရှားတားဆီးရေးအဖွဲ့ Mobile Team မှ မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရပါတယ်။         ခမ်လျန်စွမ်း(မူဆယ်)

Friday, 30 Nov 2012

မင်္ဂလာဒုံစက်မှုဇုန်မှာ အထည်ချုပ် စက်ရုံကိုပြည်ပမှ စက်များဝယ်ယူတပ်ဆင်ပြီး ပင်လယ်ရေကြောင်းမှ စောင် ကြမ်းများကို တရုတ်နိုင်ငံမှ အလိပ်လိုက်တင်သွင်းပြီး စက်ရုံ များတွင် စောင်များကိုဖြတ်ခြင်း၊ ချုပ်လုပ်ခြင်း၊ Packing  ပြုလုပ်ခြင်းများဆောင်ရွက်ပြီး ပြည် တွင်း ဈေးကွက်နဲ့အိန္ဒိယ ဈေးကွက်သို့ဖြန့်ဝေတော့မှာဖြစ်ကြောင်း လွယ်ဂျယ်နယ်စပ် ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ စောင် ချုပ်စက်ရုံများကြောင့် ပြည်ပတင်သွင်းမှုအစားထိုးနိုင်မှာ ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာနိုင် မှာ ဖြစ်ပါတယ်။ ယခင်ကတရုတ်နယ်စပ်မှစောင်ကြမ်းများ အများအပြားတင်သွင်းခဲ့ရာမှ ယခုအခါသွင်းကုန်အစားထိုး ကုန်ပစ္စည်းအဖြစ် မီယာစောင်များ ကိုပြည်တွင်းတွင်ထုတ်လုပ် နေ ပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းအဖြစ် မီယာစောင်များ ယခင်ထက်ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်း နဲ့ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက် ရရှိလာ တော့မှာဖြစ်ကြောင်း ဝမ်းသာစရာ သတင်းကောင်းပါးလိုက် ရပါတယ်။     MMZ

Friday, 30 Nov 2012

တရုတ်ပြည်သို့ တရားမဝင်လမ်းကြောင်းမှ တင်ပို့ရန် သယ်ဆောင်လာသောကျောက်စိမ်းများကို မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အဝင် ရှောင်ကွင်းလမ်းခွဲ၌ ၂၂-၁၁-၂၀၁၂ရက်နေ့ ည ၂၀း၀၀ ချိန်တွင် ဖမ်းဆီးရမိကြောင်း သိရ ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုရှောင်ကွင်းရန် ထော်လာဂျီ ၁ စီးပေါ် တင်ဆောင်ရန် ပြင်ဆင်နေဆဲ အချိန်တွင် ဖမ်းမိခြင်းဖြစ်ပြီး လှုပ်ရှားတားဆီးရေးအဖွဲ့ (Mobile Team) ရောက်ရှိချိန်၌ ယာဉ်များနှင့် ပိုင်ရှင်များ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ မြေကြီးပေါ်တွင် စုပုံထားသော ပစ္စည်းများ စစ်ဆေးကြည့်ရာတွင် ကျောက်စိမ်း တုံး ၇၈ တုံး (၃၆၉ ကီလို)နှင့် လောက်စာလုံးအရွယ်ရှိ သတ္တုရိုင်းများဟု ယူဆရသော ၅၀ ကီလိုဝင် တစ်အိတ်နှင့် ၄၅ ကီလိုဝင်အမှုန့် နှစ်အိတ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော ကျောက် စိမ်းများနှင့် သတ္တုရိုင်းများဟုယူဆရသောပစ္စည်းများအားအကောက် ခွန်ဦးစီးဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင် ရွက်နိုင်ရန် လှုပ်ရှားတားဆီးရေးအဖွဲ့မှ အပ်နှံဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။            ခမ်လျန်စွမ်း (မူဆယ်)

Monday, 19 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလ အတွင်းမှာ တစ်ဖက်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာသုည ဒသမ ၃၈၉ သန်းတန်ဖိုးရှိ ဖရဲသီး ၂၅၄၀ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ် ကထက် တန် ၂၂၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖရဲရာသီချိန်ဖြစ်တဲ့အတွက် ဖရဲကားများ သစ်သီးဝလံကုန်စည်ဒိုင်သို့ အဝင်များနေခြင်းဖြစ်ပါတယ်။ ဖရဲသီးနဲ့ သခွားမွှေး လှိုင်လှိုင် ထွက်နေတဲ့ ရာသီဖြစ်လို့ သခွားမွှေးတင်ပို့မှုမှာလည်း ယခင်အပတ်ထက် ၅၁ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။                       မြင့်မြင့်မာ

Monday, 19 Nov 2012

နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၈၇၂ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက်များ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ယခင်အပတ်က တန် ၄၀၀ ကျော်တင်ပို့ခဲ့တာမို့ ငရုတ်သီးခြောက်တင်ပို့မှုဟာ ပုံမှန်ဖြစ်နေတယ်လု့ိ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။                            ခင်မိုးသူ

Monday, 19 Nov 2012

မြန်မာ-အိန္ဒိယနယ်စပ်မြို့တစ်ခုဖြစ်တဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံ ဇိုခေါရ်ဒါသို့ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်အတွင်း တန်ဖိုး ကန် ဒေါ်လာသုညဒသမ ၀၁၆ သန်းရှိ ဝက်အရှင် ၉၆၆၇ ကီလိုဂရမ် ကို တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်အပတ်က ၂၇၃၅ ကီလိုဂရမ်သာ တင်ပို့နိုင်တဲ့အတွက် ယခုအပတ်မှာ ၆၉၃၂ ကီလိုဂရမ်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာရှိတဲ့ မြန်မာအလုပ် သမားများ အများဆုံးစားသုံးကြတဲ့ အတွက် ဝက်အရှင်ကို ရိဒ်နယ်စပ်ကုန်သွယ်ရေး မှ အဓိကပို့ကုန်အဖြစ်တင်ပို့လျက်ရှိတယ်လို့ ရိဒ်နယ်စပ်ကုန်သည် အသင်းမှ သိရ ပါတယ်။                                                       ခင်မိုးသူ

Pages