Main menu

Background

Monday, 19 Nov 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်နေ့ထိ ကာလအတွင်း ကန်ဒေါ်လာသုညဒသမ ၁၂၁ သန်း တန်ဖိုးရှိ ရေထွက်ကုန်ငါးမျိုးစုံ ၁၃ တန်ကျော်၊ ပုစွန် ၅ တန်ကျော်၊ ကဏန်း ၁၄ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်းရေထွက်ကုန် ၃၃ တန်ကျော် တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်ကထက် ၄၁ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက်တင်ပို့မှုလျော့နည်းရခြင်းမှာ ငါးမျိုးစုံတင်ပို့မှုလျော့ နည်းခြင်း ကြောင့်ဖြစ်ပါတယ်။

Monday, 19 Nov 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၇ တန်ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က မူဆယ်ရော မြဝတီမှပါ ၄၃ တန်ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ သီဟိုဠ်စေ့တင်ပို့မှု လျော့နည်းခဲ့တာတွေ့ရပါတယ်။              မော်မော်အောင်

Monday, 19 Nov 2012

ပြည်တွင်းကို တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ ဂျုံစေ့များအား မြန်မာ-အိန္ဒိယနယ်စပ်မြို့တစ်ခုဖြစ်တဲ့ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပုံမှန်တင်သွင်းလျက်ရှိနေပါတယ်။ ဂျုံစေ့များကိုတင်သွင်းခွင့်ပြုထား ပေမယ့်လည်း စီးပွားရေးတွက်ခြေမကိုက်လို့ဆိုပြီး ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်လောက်ကစပြီး အိန္ဒိယဘက်က တင်သွင်းမှု ရပ်ဆိုင်းခဲ့ပါတယ်။ ယခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလမှာတော့ ဂျုံစေ့ ၁၈ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၀၄၈ သန်းခန့်ကို ပြန်လည်တင်သွင်းလာနိုင်တာတွေ့ရပါတယ်။  ယခုတင်သွင်းလာနိုင်တဲ့ ဂျုံစေ့များဟာ နယ်စပ်ရှိ ဂိုဒေါင်မှာချပြီးသားပစ္စည်းများဖြစ်တဲ့အတွက် လိုင်စင်လျှောက်ထားတင်သွင်းလာတာလို့ တမူးနယ်စပ် ကုန်သည်အသင်းမှ သိရပါတယ်။                                                                      ခင်မိုးသူ

Monday, 19 Nov 2012

စားသုံးသူကာကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု များ လျော့နည်းကျဆင်းစေရေးအတွက် လှုပ်ရှား တားဆီး ရေးအဖွဲ့ Mobile Team နဲ့ မူဆယ်-မန္တလေးကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ထိန်းကျောင်းဆောင်ရွက်ပညာပေးနေပြီဖြစ်ပါတယ်။ နိုဝင် ဘာလ ၈ ရက်နေ့မှာတော့ခွန်လုံရွာအနီးအခြေပြုပြီး အတက် အဆင်းယာဉ်များကိုစစ်ဆေးရာမှာတော့ မူဆယ်မှမန္တလေးသို့ သွားတဲ့ ဠညေ ကားအမှတ် ကက/_____________ ပေါ်မှာ အလေးချိန်ကီလိုဂရမ် ၅၀၀ ကျော်ရှိ တရုတ်နိုင်ငံထုတ်အေးခဲ ထားသော (ဏနမငျ့ဘေူန) အသားတုအစို၊ ကြက်သား၊ ကြက် အဆီဘူး ၆ ထုပ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သက်ဆိုင်ရာ မွေးရေဝန်ကြီးဌာနရဲ့ ထောက်ခံချက်မပါရှိတဲ့အပြင် သိမ်း ဆည်းရမိထောက်ခံချက် ထုတ်ပေးနိုင်ရေးသဘောထား မှတ် ချက် တောင်းခံရာမှာလည်း ထောက်ခံချက်ထုတ်ပေးနိုင်ခြင်း မရှိတဲ့အတွက်  အထက်ဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီအဖွဲ့နဲ့ ဖျက်ဆီးမှုများကို နိုဝင်ဘာလ ၁၀ ရက်နေ့ ၁၀ နာရီ မှ ၁၁း၃၀ ချိန်ထိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှာ လုပ် ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Monday, 19 Nov 2012

နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော် နယ်စပ်များမှ  ယခင်အပတ်ထက်ရေထွက်ကုန် ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် အမယ်စုံ ၅၄၆ တန်ခန့်နဲ့ ချင်းရွှေဟော်မှ သုညဒသမ ၇၁၅ သန်းတန်ဖိုးရှိ ငါးရှဉ့်နဲ့ ကဏန်း ၁၇၆ တန်ကျော်တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က ရေထွက်ကုန်တန်ချိန် ၅၂၁ တန် ကျော် တင်ပို့ခဲ့ပြီး ယခုအပတ်မှာ ၇၂၂ တန်ခန့် တင်ပို့နိုင် ခဲ့တဲ့အတွက် တန် ၂၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင် ပို့တဲ့ အမယ်တွေကတော့ မူဆယ်မှကဏန်း ၂၉ တန်ကျော်၊ ရေခဲငါး ၃၀၄ တန်ကျော်၊ ငါးစည်ဖောင်းသုညဒသမ ၆၅၈ တန်၊ ငါးခြောက် ၆ တန်ခန့်၊ ငါးလေးခြောက် ၁၁၄ တန်ခန့်နဲ့ ငါးဆားနယ် ၉၂ တန်ကျော်ဖြစ်ပါတယ်။ ချင်းရွှေဟော်မှ ငါးရှဉ့် အရှင် ၁၁၇ တန်ကျော်နဲ့ ကဏန်းအရှင် ၅၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။

Monday, 29 Oct 2012

ကန်ဒေါ်လာ သုည ဒသမ ၀၇၄ သန်းတန်ဖိုးရှိ ဖရဲသီး ၄၇၈ တန်ခန့်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့မှုထက် ၆၈ တန်ခန့်အပို့တိုးလာပါတယ်။ ယခင်အပတ်က ပျမ်းမျှတစ်နေ့ ဖရဲကား ၁၀ စီးဝန်းကျင် အဝင်ရှိရာမှ ယခုအပတ်မှာ အစီး ၂၀ ကျော်အထိ တိုး တိုးဝင်လာတယ်လို့ မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ကသိရပါ တယ်။ ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ သခွားမွှေး ၉ တန်လည်းအပို့ရှိခဲ့ပါတယ်။                                                 MIRT(DOBT)

Monday, 29 Oct 2012

ယခင်က ပုံမှန်တင်ပို့နိုင်ခဲ့တဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကပို့ကုန် အမယ်များမှာ အပါအဝင်ဖြစ်တဲ့ ရေငန်ပုစွန်နဲ့ ငါးခြောက်မျိုးစုံကို ယခုလတတိယ ပတ်မှ စတင်ကာ ဆက်လက်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလ ၁၈ ရက်နေ့အထိ ရေငန် ပုစွန် ၈၄၁၄၇ ဒသမ ၄၀ ဒေါ်လာ၊ ငါးနီတူခြောက် ၁၉၅၀၀ ဒေါ်လာ၊ ငါးကုန်း ညိုခြောက် ၁၀၅၀၀ ဒေါ်လာနဲ့ ငါးစုံလေးခြောက် ၉၉၁၉ ဒသမ ၉၀ ဒေါ်လာ စုစုပေါင်း ၁၂၄၀၆၇ ဒသမ ၃၀ ဒေါ်လာဖိုး တင်ပို့နိုင်ခဲ့ပါတယ်။

Monday, 29 Oct 2012

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၀၇ သန်း တန်ဖိုးရှိ ကွမ်းသီးခြောက် ၁၉၅ တန်ကျော်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှု ထက် ၁၄၇ တန်အပို့ပိုခဲ့ပါ တယ်။ ယခုအပတ်မှာ မူဆယ်မှကွမ်းသီးခွံ ၄၆ တန်ကျော်လည်းအပို့ရှိခဲ့ရာ ယခင် အပတ်တင်ပို့မှုထက် တန် ၃၀ ခန့်အပို့ပိုခဲ့ပါတယ်။      MIRT(DOBT)

Monday, 29 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၀၃ တန်ခန့်၊ ကဏန်း ၆၄ တန်ကျော်၊ ရေခဲငါး ၂၆၈ တန်ကျော်၊ ငါးမြစ်ချင်းစီဖောင်း ၈ တန်ကျော်၊ ပင်လယ်မျှော့ခြောက် ၈ တန်ကျော်၊ ငါးအသားလွှာ ၃၁ တန်ကျော်၊ ငါးခြောက် ၂၇ တန်ခန့်၊ ငါးစည်ဖောင်း သုည ဒသမ ၀၇၈ တန်နဲ့ ရေငန်ပုစွန် ၈၄ တန်ကျော်၊ စုစုပေါင်း ၆၉၄ တန်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၂၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။

Monday, 29 Oct 2012

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ် များမှကန်ဒေါ်လာ သုည ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၁၂၄ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် တန် ၄၀ ကျော် အပို့ပိုခဲ့ပါတယ်။ ယခုအပတ် အောက်တို ဘာ လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ စစ်တွေမှ ကန်ဒေါ်လာသုညဒသမ ၁၁၄ သန်းတန်ဖိုးရှိ ရေချိုငါး ၇၂ တန်နဲ့ ရေငန်ပုစွန် ၇ တန်ကျော်၊ မောင်တောမှ ကန်ဒေါ်လာ သုညဒသမ ၁၁၀ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၁၅ တန်ခန့်၊ ငါးနီတူခြောက် ၁၅ တန်နဲ့ ငါးကုန်းညိုခြောက် ၁၅ တန်စီ အသီးသီးအပို့ရှိခဲ့ပါတယ်။                     MIRT(DOBT)

Pages