Background
တရားမဝင်ကုန်သွယ်မှုများ အားတားဆီးထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာကုန်သွယ်ရေး စခန်းနယ်မြေ အလိုက် ဆောင်ရွက်လျက်ရှိရာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း အနီးတစ်ဝိုက်တွင်လည်း ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ စခန်း ထုတ်နှုတ်အင်အားဖြင့် မော်တော်ယာဉ်များကို စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ တယ်။
နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ ၁၉၄၄၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၂ တန်တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်က ဖိလစ်ပိုင်နိုင်ငံသို့ ၆၂၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်ပြောင်းတင်ပို့မှုမှာ တန် ၅၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၄ ဒသမ ၉၇၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၇၂၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင်ဒေါ်လာ ၂၇၀ ဖြစ်ပါတယ်။ MIRT (DOBT)
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိ ကာလအတွင်းမှာ Brand New ဆိုင်ကယ် ၅၄၅၉ စီး တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၉၃၄ သန်းဖိုးကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် အစီး ၆၀၀ ကျော် ပိုမိုတင်သွင်းနိုင်ပြီး ကန်ဒေါ်လာသုညဒသမ ၂၃၁ သန်းဖိုးရှိတဲ့ သုံးဘီး ဆိုင်ကယ် ၁၈၂ စီးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်းဖိုးရှိတဲ့ စက်ဘီးအစီး ၁၄၁၇ စီးကိုလည်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ခင်မိုးသူ၊ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်းဖိုးရှိ ပန်းသီး ၁၃၂၃ တန်ကျော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းမှုထက် တန် ၂၀၀ ကျော် ပိုမိုတင်သွင်းနိုင်တာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ တန်ဆောင်တိုင်ပွဲတော် ကာလဖြစ်တာကြောင့် တရုတ်နယ်စပ်မှ ပန်းသီး များ တင်သွင်းမှုများလာတာဖြစ်တယ်လို့ သိရပါတယ်။ခင်မိုးသူ၊MIRT (DOBT)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ အုံတုံခေါက် ၅ တန်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်းမှာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၆၅၂ တန်ကျော်ကို တင်ပို့ခဲ့ပြီး ယခုအပတ်မှာ ချင်းရွှေဟော်နယ်စပ်မှ တင်ပို့ခြင်းမရှိခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၁၄၅ တန်ကျော် အပို့လျော့ခဲ့ပါ တယ်။ မူဆယ်နယ်စပ်မှ ယခင်အပတ်ကတင်ပို့မှုမရှိတဲ့ ပရဆေးကုန်ကြမ်းများဖြစ်တဲ့ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ ဆေးမြင်းခွာ၊ ရွေးရွက်နဲ့ ချင်းခြောက်တို့ တင်ပို့ခဲ့တာကို တွေ့ရပါတယ်။အေးအေးမြ၊ MIRT(DOBT)
မြဝတီနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာသုညဒသမ ၃၇၆ သန်းတန်ဖိုးရှိတဲ့ သီဟိုဠ်စေ့ ၄၈ တန်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်မှထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က တန် ၅၀ ကျော်တင်ပို့ခဲ့တာမို့ သီဟိုဠ်စေ့ ပုံမှန် တင်ပို့လျက်ရှိနေပါတယ်။ နိုဝင်ဘာ တစ်လလုံး တင်ပို့ခဲ့တဲ့ သီဟိုဠ်စေ့ တန်ချိန် ကတော့ တန် ၁၅၀ နီးပါးဖြစ်ပါတယ်။မော်မော်အောင်၊ MIRT (DOBT)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းဟာ နိုဝင်ဘာလအတွင်း တစ်ပတ်ထက်တစ်ပတ်ရေထွက်ကုန်ပိုမိုတင်ပို့လာ နိုင်ပြီဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၀၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့ ရေထွက်ကုန် ကို ယခုအပတ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်းမှာ တန် ၃၀၀ ကျော်တင် ပို့ နိုင်ခဲ့တဲ့အတွက် တန် ၂၀၀ နီးပါးပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ အမယ်တွေကတော့ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၅၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၂၃၄ တန်ခန့်၊ ငါးနီတူခြောက် ၅ တန်၊ ငါးကုန်းညိုခြောက် တန် ၂၀ နဲ့ ငါးစုံလေးခြောက် ၄၃ တန်ခန့်ပဲ ဖြစ်ပါတယ်။
တမူးနယ်စပ် ကုန်သွယ်ရေးနဲ့ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်းဖိုးရှိ ကွမ်းသီးခြောက် ၃၇၉ တန် နဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၈ သန်းဖိုးရှိတဲ့ ကွမ်းသီးခြောက် ၃၇ တန်ကျော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလ အတွင်းမှာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်အပတ်က ထက် ၂၈၅ တန်ကျော်ပိုမိုတင်ပို့ခဲ့တဲ့ အတွက် သုံးဆကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကွမ်းသီးခြောက်နဲ့အတူ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းဖိုးရှိ ကွမ်းသီးစို ၆၁ တန်ကိုလည်း တင်ပို့နိုင်ခဲ့တယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေး မှ သိရပါတယ်။ ခင်မိုးသူ၊ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိ ကာလအတွင်း မှာ တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၆၅၅ သန်းတန်ဖိုးရှိ ဖရဲသီး ၁၀၈၄၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဖရဲပေါ်ရာသီဖြစ် သဖြင့် ဖရဲကားများသစ်သီးကုန်စည်ဒိုင်သို့ အဝင်များနေခြင်း ဖြစ်လို့ ယခင်အပတ်ကထက် တန် ၃၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာလည်း ရာသီဥတုကောင်းတဲ့ အတွက် ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိချိန်နဲ့ ကိုက်ညီပေမယ့် မိမိဘက်က တင်ပို့မှုအားကောင်းနေဆဲဖြစ်တယ်လို့ သိရပါ တယ်။ သခွားမွှေးတင်ပို့မှုကိုကြည့်လျှင် ယခင်အပတ်ကထက် ၁၆၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကန်ဒေါ်လာသုညဒသမ ၁၀၁ သန်းတန်ဖိုးရှိ သခွားမွှေး ၄၇၈ တန်ကို ယခုအပတ်မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ကတင်ပု့ိမှု မရှိတဲ့ မြဝတီစခန်း မှလည်းသခွားမွှေး ၅တန် တင်ပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။မြင့်မြင့်မာ၊MIRT(DOBT)