Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ ရေထွက်ကုန်တင်ပို့မှုဟာ ယခင်အပတ် တင်ပို့မှုထက် ပိုမိုခဲ့တာတွေ့ရပါတယ်။ ကော့သောင်းမှ ၉၃၇ တန်ကျော်နဲ့ မြိတ်မှ ၇၄ တန်ကျော် အပို့ပိုခဲ့တာဖြစ်ပါတယ်။ ကော့သောင်းနယ်စပ်မှာ ယခင်အပတ်က ငါးမျိုးစုံနဲ့ ကင်းမွန်သာအပို့ရှိခဲ့သော်လည်း ယခုအပတ်မှာ ငါးဆားနယ်၊ ကဏန်းနဲ့ ကင်းမွန်များပါ အပို့ရှိခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ယခင် အပတ်လောက် အမယ် မစုံသော်လည်း ငါးမှုန့် (Value Added) တင်ပို့မှုပမာဏ ၈ ဆကျော် ခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ရှိ စခန်းအလိုက်ရေထွက်ကုန် တင်ပို့မှုတွေကို ကြည့်မယ်ဆိုလျှင် မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၇ တန်ကျော်၊ ပုစွန် ၂ တန်ကျော်၊ ကဏန်း ၃ တန်ခွဲနဲ့ ငါးရှဉ့် ၁ တန်ကျော် အပို့ ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၅၃ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၉၂၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၂၁ တန်ကျော်၊ ငါးစည်ဖောင်း ၂ တန်ကျော်၊ ငါးဆားနယ် ၅၆ တန်ခန့်၊ ကဏန်းသုညဒသမ ၆၄၀ တန်နဲ့ ကင်းမွန် ၇ ဒသမ ၇၅ တန် အပို့ရှိခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၉၆၃ တန်ခန့်၊ ရေငန်ပုစွန် ၂၄ တန်၊ ကဏန်းအသေး (အသေ) ၅ တန်ကျော်နဲ့ ငါးမှုန့် တန် ၃၈၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနယ်စပ်တစ်ခုလုံးရဲ့ ရေထွက်ကုန် တင်ပို့မှုဟာ တန်ချိန်အားဖြင့် ၃၆၇၃ တန်ကျော်ရှိရာ ယခင်အပတ်ထက် ၉၅၉ တန်ကျော် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
နိုင်ငံတော်မှ များစွာဖြေလျော့ပေးနေခြင်းအပေါ် ကုန်သည်လုပ်ငန်းရှင် များအားလုံးသိရှိကြပြီးဖြစ်သလို လက်တွေ့မှာလည်းအကျိုးခံစားနေကြရကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့ပေးချိန်မှာ မိမိတို့ဘက်ကလည်း နိုင်ငံကြီး သားပီသစွာ နိုင်ငံတော်ကိုပေးဆောင်ရမဲ့အခွန်အခများကိုပေးဆောင်သွားမှာဖြစ်ကြောင်း မြဝတီနယ်စပ် ကုန်သည် အသင်းဥက္ကဌဒေါ်သင်းသင်းမြတ်က မြဝတီကုန် သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ အောက်တိုဘာလ ၂ ရက်နေ့ကပြုလုပ်တဲ့ ကုန်သွယ်မှု လျာထားချက်ပြည့်မီကျော်လွန်ရေးအစည်းအဝေးမှာ ပြောကြား ခဲ့တာဖြစ်ပါတယ်။ မိမိတို့ တရားဝင်လမ်းကြောင်းမှသွားပြီး အကျိုးအမြတ် ခံစား ရနေချိန်မှာ တရားမဝင် လမ်းကြောင်းက သွားလာနေသူများကို နားလည် သဘောပေါက်အောင် ရှင်းပြပြီး တရားဝင်လမ်းကြောင်းပေါ်သို့ရောက်ရှိ လာစေရေးစည်းရုံးတိုက်တွန်း လျက်ရှိကြောင်းနဲ့ နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲမှု များအပေါ် အမျိုးသားရေး စိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင် ရွက်သွားမယ်လို့ လည်း ဒေါ်သင်းသင်းမြတ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ ရေထွက်ကုန်တင်ပို့မှု ယခင်အပတ်ထက် ပိုမို လျက်ရှိပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ရေ ထွက်ကုန်အပို့ရှိပြီး ချင်းရွှေဟော်မှဆောင်ရွက်မှုမရှိခဲ့ပါဘူး။ ယခုအပတ်မှာ တရုတ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၈၆၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၁၀၂၀ ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်က ထက် ၅၉၄ တန်ခန့် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရေထွက်ကုန်တင်ပို့နိုင်မှု တွေကတော့ မူဆယ်နယ်စပ်မှ ငါးရှဉ့် ၂၄၈ တန်ကျော်၊ ရေခဲငါး တန် ၁၃၀ ကျော်၊ ကဏန်း ၇၈ တန်ခန့်၊ ရေငန်ပုစွန် ၄၁ တန်၊ ငါးအသားလွှာ ၅၇ တန်ခန့်၊ ပုစွန်ခြောက် ၅ တန် ဝန်းကျင်နဲ့ ငါးစည်ဖေါင်း သုည ဒသမ ၂ တန်ခန့်ဖြစ်ပါ တယ်။ ယခင်အပတ်ကထက် ငါးရှဉ့် တန် ၁၁၀ ဝန်းကျင်ပိုမို ခဲ့ပြီး ကဏန်း (အရှင်) ၂၁ တန်ခန့်အပို့လျော့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ငါးရှဉ့် တန် ၃၀၀ ကျော်နဲ့ ကဏန်း ၁၅၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ငါးရှဉ့် ၄၁၁ တန်ကျော်နဲ့ ကဏန်း ၅၉ တန်ကျော်အပို့ပိုခဲ့ တာဖြစ်ပါတယ်။ ယခုအပတ်မိမိဖက်လေလံဈေးများဟာ ယခင်အပတ် ထက် ကဏန်းဈေး ၃၈ ရာခိုင်နှုန်းနဲ့ ငါးရှဉ့်ဈေး ၁၅ မှ ၁၈ ရာခိုင်နှုန်းထိ လျော့ကျခဲ့ပါတယ်။ ယခုအပတ် ငါးရှဉ့်နဲ့ ကဏန်းဈေးများကိုဖော်ပြပေးလိုက်ရပါတယ် - ကျပ်/ တန် ယခင်အပတ်ဈေးထက် လျော့နည်းမှု ရာခိုင်နှုန်း(%) ငါးရှဉ့် ၉ စမ အထက် ၂၉၈၂၀၀၀ ၃၈ ၃ စမ အထက် ၁၅၁၂၀၀၀ ၃၈ကဏန်း ၂၅၀ ဂရမ်အထက် ၂၂၂၆၀၀၀ ၁၅ ၂၀၀-၂၅၀ ဂရမ် ၂၀၅၈၀၀၀ ၁၆ ၁၅၀-၂၀၀ ဂရမ် ၁၈၉၀၀၀၀ ၁၇ ၁၀၀-၁၅၀ ဂရမ် ၁၇၆၄၀၀၀ ၁၈MIRT(DOBT)
အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်၊ စည်သွပ်ဘူး၊ ခေါက်ဆွဲ ခြောက် စတဲ့ စားသောက်ကုန်ပစ္စည်းများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကစပြီး FDAရဲ့ထောက်ခံချက်ပါရှိက နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ထောက်ခံချက်ကို နေပြည်တော်နဲ့ရန်ကုန် တို့မှသာ လျှောက်ထား ရတာ ဖြစ်ပါတယ်။ ကုန်သည်လုပ်ငန်း ရှင်များ FDA ထောက်ခံချက်ရယူရာမှာ အဆင်ပြေလွယ်ကူ ချောမွေ့စေရေး အတွက် မူဆယ်နဲ့ မြဝတီနယ်စပ်ကုန်သွယ် ရေး စခန်း (၂) ခုမှာ စက်တင်ဘာလအတွင်းက FDA ရုံးခွဲ များ ဖွင့်လှစ်ပေးထားပြီးဖြစ်ပါတယ်။ FDA လျှောက်ထား မှုများအပေါ် (၁၀) ရက်အတွင်း ပြီးပြတ်အောင်ဆောင် ရွက် ပေးရန် ရက်သတ်မှတ်ပေးထားပါတယ်။ လွယ်ဂျယ်၊ ကန် ပိုက်တီးနဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများရဲ့ FDA လျှောက်ထားမှုကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ FDA ရုံးခွဲမှာ သွားရောက်လျှောက်ထားနိုင်ပြီ လို့ သိရပါ တယ်။
မြန်မာတို့ရဲ့ စားဖိုဆောင်သီးနှံအမျိုးမျိုးမှ သီးနှံတစ်မျိုး ဖြစ်တဲ့ ရွှေဖရုံသီးကို မိမိဒေသအတွင်း စိုက်ပျိုးကြကာ စားသုံး မှု ပိုလျှံတဲ့အတွက် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချ လျက် ရှိပါ တယ်။ ယခုနှစ်မှာလည်း ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် နမ့်ဟူး၊ ကောင်းကျဲ၊ ဟိုလီကျေးရွာများနဲ့ ဟိုပန်မြို့နယ်၊ ချင်းရွှေ ဟော်မြို့နယ်များမှာ စိုက်ပျိုးလျက်ရှိကြပါတယ်။ ရွှေ ဖရုံသီး ၁ တန်လျှင် ကျပ် ၂ သိန်းကျော် ရရှိကြောင်း ဖရုံစိုက်ပျိုး သူ တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။ မိမိဘက်မှာ ဖရုံသီး စိုက်ပျိုးထွက်ရှိတဲ့ရာသီ မှာ ဆောင်းရာသီဖြစ်ပါတယ်။ တရုတ် နိုင်ငံအတွင်း အအေးဓာတ်လွန်ကဲတဲ့အချိန် ဖြစ်နေတာ ကြောင့် သီးနှံစိုက်ပျိုးရန်ခက်ခဲတဲ့ ရှန်ဟိုင်းကဲ့သို့မြို့ကြီးများကို ဈေးကွက်ရှာ တင်ပို့ခဲ့တာလို့ သိရပါတယ်။ ယခုနှစ်မှာလည်း ရွှေဖရုံသီး တန်ချိန် ၃ သောင်းကျော် တင်ပို့နိုင်ရေး ကြိုးစား လျက်ရှိတယ်လို့ သိရပါတယ်။ ရွှေဖရုံသီးတင်ပို့ခြင်းကို တရုတ် ပြည်မကြီးအပြင် ဥရောပဈေးကွက်သို့ ထိုးဖောက် တင်ပို့ သွားမှာ ဖြစ်ပါတယ်။ ယခုအောက်တိုဘာလတွင် စတင် စိုက်ပျိုးတဲ့ရွှေဖရုံသီးမှာ လာမဲ့ဇန်နဝါရီလ မှာ ထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ ဈေးကွက်ကြိုတင်ရှာဖွေလျက် ရှိပြီး တောင်သူ များစိုက်ပျိုးထွက်ရှိသမျှဝယ် ယူပြီး ဈေးကွက်ကိုတင်ပို့မှာ ဖြစ်ကြောင်း၊ ကွမ်းလုံအခြေစိုက် ရွှေကွမ်းလုံကုမ္ပဏီမန်နေဂျာ က ရှင်းပြပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း မှ ရွှေဖရုံသီးများကို မကြာမီ တင်ပို့တော့မှာဖြစ်ရာ "ရွှေဖြစ်တော့ မည့် ချင်းရွှေဟော်'' လို့သာ တင်စားလိုက်ရ ပါတော့တယ်။အိုပါး (ချင်းရွှေဟော်)
ကမ္ဘာမှာ ပြောင်းဒုတိယအများဆုံးထုတ်လုပ်တဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း မှာ သြဂုတ်လအတွင်း ဖြစ်ပေါ်တဲ့ တိုင်ဖုန်းကြောင့် ပြောင်းခင်းများပျက်စီးပြီးနောက် ပြောင်းအထွက်ခန့်မှန်းတဲ့ ပမာဏ ထက် အနည်းငယ် တိုးထွက်မယ်လို့ ခန့်မှန်းခဲ့ တယ်လို့ ဘလွန်းဘတ်စစ်တမ်းအရ သိရပါတယ်။ ပြောင်းထွက် ရှိမှုဟာ ၂၀၁၁ ခုနှစ် ထက် ယခုနှစ်မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမယ်လို့ သုတေသနပညာရှင် ၄ ဦးနဲ့ ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှ ခန့်မှန်း ထားပါတယ်။ အဲဒီပမာဏဟာ USDA မှ ခန့်မှန်းထားတဲ့ပမာဏထက် ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ယခုအချိန်ဟာ ရှမ်းမြောက်ပြောင်းရာသီချိန်စပြီဖြစ်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၄၇၂ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ထက် ၁၄၇၈ တန်အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်အပြင် ယခုအပတ်အတွင်းမှာ လွယ်ဂျယ်မှ တန် ၅၀ နဲ့ မြဝတီမှ ၈ တန်ခန့်လည်းအပို့ရှိခဲ့ပါတယ်။ ယခုအပတ် နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၀၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၅၂၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလမှာ နယ်စပ်မှပြောင်းဖူးစေ့ တန် ၂၄၂၀၀ ခန့်နဲ့ ဧပြီလမှစက်တင်ဘာလအထိပြောင်းဖူးစေ့ ၁၈၇၉၀၀ တန်တင်ပို့ ထားပြီးပြီလို့သိရပါတယ်။ အဝယ်တက်နေပေမဲ့ ပြောင်းအဝင်လှိုင်မှုကြောင့် မိမိဘက် ရောတစ်ဘက်နိုင်ငံမြေပြင် ဈေးများ ကျနေတာ တွေ့ရ ပါတယ် -
စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၇ သန်းတန်ဖိုးရှိ ရေချိုငါး ၈၄ တန်နဲ့ မောင်တော နယ်စပ်မှ ကန်ဒေါ်လာသုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၁၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရေထွက်ကုန် ၅၈၆ တန်ကျော်နဲ့ ဧပြီလမှစက်တင်ဘာလကုန်ထိ ၂၄၈၈ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ် မူဆယ်မှတစ်ဘက်နိုင်ငံရှိ စားသောက်ဆိုင်နဲ့မိသားစုဟင်းလျာ ချက်ပြုတ် စားသုံးရန် မျှစ်စိုနဲ့မျှစ်ခြောက်များကို စက်တင်ဘာလကစပြီး တင်ပို့လျက် ရှိနေပါတယ်။ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၈ သန်းတန်ဖိုးရှိ မျှစ်စို ၄၉ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ မျှစ်ခြောက် ၈ တန်ကျော်ကို အပို့ရှိခဲ့ပါ တယ်။ စက်တင်ဘာလအတွင်းမှာနယ်စပ်မှမျှစ်စိုနဲ့မျှစ် ခြောက်တင်ပို့နိုင်မှုတွေကတော့ မျှစ်စိုတန် ၁၀၀ ကျော်နဲ့ မျှစ် ခြောက် ၂၆ တန် ဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ စက်တင်ဘာ လ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၅၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၂၇ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်မှာ ငါးရှဉ့် ၁၃၈ တန် ကျော်၊ ရေခဲရိုက်ငါး ၁၅၂ တန်ကျော်၊ ကဏန်း ၉၉ တန်ကျော်၊ ငါးခြောက် ၁၃ တန်ခွဲ၊ ငါးအသားလွှာ တန် ၂၀ ကျော်၊ ပင်လယ်မျှော့ခြောက် ၁ တန်နဲ့ ငါးစည်ဖောင်း ၂ တန်ကျော်အပို့ရှိခဲ့ပါတယ်။စက်တင် ဘာလအတွင်းမှာ တရုတ်နယ်စပ်မှရေထွက်ကုန် ၅၇၉၂ တန်နဲ့ ဧပြီလမှ စက်တင်ဘာလထိရေထွက်ကုန် ၁၄၉၇၄ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာငါးရှဉ့် ရော ကဏန်းလေလံဈေးများ မိမိဘက်မှာယခင်အပတ်ထက် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ကဏန်းဈေးကတော့ တစ်ဘက် နိုင်ငံမှာယခင်ဈေးအတိုင်းပြောင်းလဲမှုမရှိတာတွေ့ရပါတယ်-