Background
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၂ သန်းတန်ဖိုးရှိ သကြား တန် ၇၀ ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့တယ်လို့ ချင်းရွှေဟော်နယ်စပ်ရုံးမှ သတင်း ရရှိပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၃၀၆ သန်းတန်ဖိုးရှိ သကြားညို ၅၂၅ တန် ကျော် နဲ့ ကန်ဒေါ်လာ ၂၂၉ သန်းတန်ဖိုးရှိ သကြားဖြူ ၃၈၁ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ်နယ်စပ်မှာ ကန်ဒေါ် လာ သုည ဒသမ ၅၃၅ သန်းတန်ဖိုးရှိ သကြား ၉၇၆ တန် ကျော်အပို့ရှိခဲ့ရာယခင်အပတ် တင်ပို့မှုထက် တန် ၅၆၀ ကျော် အပို့ရှိခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်စခန်းမှ ကန်ဒေါ် လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ဝက်အရှင် ၁၁၆၈၈ ကီလိုဂရမ်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၆၁၂၂ ကီလိုဂရမ်သာအပို့ရှိခဲ့ရာ ယခုအပတ်တင်ပို့မှုဟာ ယခင်အပတ် တင်ပို့မှု ထက် ၂ ဆနီးပါး အပို့ပိုခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၃၁၅ သန်းတန်ဖိုးရှိရေထွက်ကုန် ၃၁၇၄ တန်ခန့်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှု ထက် နှစ်ဆနီးပါး အပို့ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နယ်စပ်မှ အမယ်စုံ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ငါးမျိုးစုံ ၁၉၅၅ တန်ခန့်၊ ရေငန် ပုစွန် ၂၄ တန်၊ ကဏန်းအသေး ၅ တန်ကျော်၊ ငါးမှုန့် ၈၆ တန်ကျော်၊ အေးခဲကဏန်းပျော့ တန် ၅၀ ခန့်၊ ကဏန်းနီ ၃၄ တန်၊ အေးခဲပုစွန် ၁၁၄ တန်၊ ရေငန်ပုစွန်တန် ၂၀ ဝန်း ကျင်၊ အေးခဲကင်းမွန် ၃၇ တန်နဲ့ ငါးနီအသားလွှာတန် ၅၀ ခန့်အပို့ရှိခဲ့ပြီး ပုစွန်ခြောက် သုည ဒသမ ၄၂၅ တန်နဲ့ ငါး ခြောက် ၇ တန်ကျော်အပို့ရှိခဲ့တယ်လို့သိရပါတယ်။
လွယ်ဂျယ်မြို့ကလေးရဲ့တစ်ဖက်နိုင်ငံ တရုတ်ပြည်၊ လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့ကလေးမှာ လိုင်းရင်းရွာ ဆိုတာ လူဦးရေ ၅၀၀၀ လောက်ရှိတဲ့ ရွာငယ်ကလေးတစ်ခုဖြစ်ပါ တယ်။ အခုဆိုရင် လိုင်းရင်းရွာငယ်ကလေးမှာ ရွှေလီမှာ တည် ဆောက်ထားတဲ့ ကုန်သွယ်ရေးဇုန်ကြီးလို ကုန်သွယ်ရေးဇုန် တစ်ခုတည်ဆောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြား ချစ်ကြည်ရေးစာချုပ်အရ တရုတ်နိုင်ငံမှ ပင်လယ်ဖျံ နှစ်စုံအား ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ပေးပို့ခဲ့ပြီး မြန်မာဘက်မှ ဆင်မဲ တစ်စုံ ပြန်လည် ပို့ဆောင် ပေးခဲ့ပါတယ်။ မြန်မာက ပြန်လည်ပေးအပ်တဲ့ ဆင်မဲ တစ်စုံမှာ အထီးက(၈)နှစ် သား၊ အမ က (၇) နှစ်သမီးလေးဖြစ်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဆင်မဲ တစ်စုံကို ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းမအတိုင်း သယ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့ ၁ရး၀၀ နာရီမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို သစ်တော ဦးစီးဌာန၊ လားရှိုးက ဒုတိယညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုး ဦးဆောင်တဲ့ အဖွဲ့ ရောက် ရှိလာခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ရှန်ဟဲသဘာဝတောရိုင်း တိရစ္ဆာန် ဥယျာဉ်ကို ဆက်လက်သယ်ဆောင်သွားမှာဖြစ်ပြီး ဥယျာဉ် ညွှန်ကြား ရေးမှူး Mr. Fei Zhenxuan က အောက်တိုဘာ ၁၃ ရက်နေ့ ညနေ (၆) နာရီအချိန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကုန်စည်ပြပွဲကျင်းပတဲ့ဝင်းမှာ လာရောက်လက်ခံ သယ်ဆောင်သွားကြောင်းနဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်း ၃ ဦး၊ ဆင်များထိန်းသိမ်း စောင့် ရှောက်ရန် တရုတ်နိုင်ငံသို့ လိုက်ပါသွားတယ်လို့ သိရှိရပါတယ်။ သောင်းနိုင် (မူဆယ်)
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ကုန်သွယ်မှုတိုးတက်လာစေ ရန် အလားအလာကောင်းများရှိတဲ့ စခန်းတစ်ခုဖြစ်ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်လျာထားချက်အပေါ် ၁၄၄ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ ၉ လကာလမှာ ၅၁ ရာခိုင်နှုန်းကျော် ဆောင် ရွက်ထားပြီး ဖြစ်တဲ့အတွက် ကျန် ၆ လ တာ ကာလဆောင်ရွက်မှုများအရ လျာ ထားချက် ပြည့်မီကျော်လွန်မယ်လို့ ခန့်မှန်းတယ်လို့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်က အောက်တို ဘာလ ၁၂ ရက်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ၁၀/၂၀၁၂ ကြိမ်မြောက်ကုန်သွယ်မှုမြှင့်တင်ရေး၊ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်မှောင်ခို လျော့နည်း ပပျောက်ရေးဆွေးနွေးပွဲ မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဖရဲရာသီချိန်စပြီဖြစ်တဲ့အတွက် ဖရဲကားများမူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်ကို တစ်နေ့ပျမ်းမျှ ၁၀ စီးဝန်းကျင် အဝင် ရှိနေပြီ ဖြစ်ပါတယ်။ မြင်းခြံ၊ မုံရွာ၊ ကျောက်ဆည်နဲ့ မိတ္ထီလာဖက်က ဖရဲတွေဝင်နေတာဖြစ်ပါတယ်။ ပေါ်ဦးပေါ် ဖျား ဘူးဖရဲတွေနဲ့ အစင်းကျားဖရဲသီးကြီးတွေဝင်လာတာ ဖြစ် ပါတယ်။ ပေါ်ဦးပေါ်ဖျားပေမဲ့လည်း ဖရဲတစ်တန်ကို ယွမ် ၂၀၀၀ အောက်လောက်ပဲ ဈေးရတယ်လို့သိရပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၆၃ သန်းတန်ဖိုးရှိတဲ့ ဖရဲသီး တန် ၄၁၀ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က ၃၁ တန်သာအပို့ရှိခဲ့တာမို့ ယခင်အပတ် ကထက် ၃၇၉ တန် အပို့ပိုမိုခဲ့ပါတယ်။MIRT(DOBT)
ရိဒ်မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ မရှိသေးတဲ့အတွက် တီးတိန်ဘဏ်ခွဲကတစ်ဆင့် ငွေပေးငွေယူငွေလွှဲများ လုပ် ဆောင်နေကြရပါတယ်။ ရိဒ် ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးလာလ် ချန်လျန်နာက ရိဒ်မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ မရှိသေး ကြောင်း၊ ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမိုမြန်မြန်ဆန် ဆန် ဆောင်ရွက်နိုင်ရန် ရိဒ်မြို့နယ်မှာ မြန်မာ့စီးပွားရေး ဘဏ်ခွဲ ဖွင့်လှစ်ပေးနိုင်ပါက ပိုမို အဆင်ပြေမယ်လို့ ယူဆ တယ်လို့ စက်တင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်တဲ့ ကုန်သွယ် မှု မြှင့်တင်ရေးအစည်းအဝေးမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသ (ရိဒ်) CMK
ဒီဒေသမှာ ယခုလိုဘိန်းအစားထိုးသီးနှံ ပြောင်း၊ ကြံ၊ ရော်ဘာ၊ ဖရုံ၊ သခွားစတာတွေ ဖြိုင်ဖြိုင်မပေါ်ခင် ၁၂ ဘီးကား၊ ၁၀ ဘီးကား၊ ၆ ဘီးကားများ ဥဒဟိုမသွားလာ သေးမီကာလက မရွှေမိတစ်ယောက် တစ်လုံးထိုး ထော် လာဂျီ မောင်းသူရဲ့နံဘေးမှာ ကပ်လျက် ထိုင်ကာ ကုန်ကူးသန်း ရောင်းဝယ်ခဲ့ရတာဖြစ်ပါတယ်။ လွယ်အိတ်တစ်လုံး ကို ဘေး တစ်စောင်းလွယ်ပြီး နေပူကျဲကျဲ၊ ထော်လာဂျီသံ ဆူဆူ ညံညံကြားမှာ ရုန်းကန်ခဲ့ရပါတယ်။ လမ်းမှာ တွေ့ကြုံရတဲ့ အခက်အခဲမှန်သမျှကို ပြုံး၍တစ်မျိုး မသိချင် ဟန်ဆောင်၍ တစ်ဖုံ ပြောဆို ဆက်ဆံ ဖြေရှင်းခဲ့ရပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်ပစ္စည်းရောင်းဝယ် ဖောက် ကားတဲ့ နန့်ဖာလုံဈေးမှာ အဓိကရောင်းဝယ်နေကြတဲ့ ပစ္စည်း တွေထဲက ဖယောင်းတိုင်ဟာ ဈေးကွက်ဝင် တွက်ခြေကိုက်တဲ့ ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ တမူးမြို့မှာ ဖယောင်း တိုင်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦးရှိပြီး နန့်ဖာလုံဈေးမှာ ဈေး ဆိုင်များဖွင့်လှစ်ပြီး လက်လီလက်ကား ရောင်းချလျက် ရှိကြပါ တယ်။ အရောင်းသွက်တဲ့ ဖယောင်းတိုင်ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်နဲ့ မိုးရေးမြို့များမှ ကျေးရွာ များက လာရောက်ဝယ်ယူလျက် ရှိတယ်လို့ သိရပါတယ်။