Main menu

Background

Monday, 2 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၇၂၈ သန်းတန်ဖိုးရှိ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း ၇၁၃ တန်ကျော် ဇွန် ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်က တန် ၃၇၀ ဝန်းကျင်အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်တင်ပို့မှုဟာ နှစ်ဆ နီးပါး ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှအေးခဲ အမဲသားတန် ၃၆၀ ကျော်၊ နွားနံကပ်သား ၁၂၂ တန်ကျော်၊ နွားဘေးထွက် ၇၄ တန်ခန့်၊ ကျွဲနွားသားရေ ၁၂၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ အေးခဲအမဲသား ၃၅ တန်နီးပါးအပို့ရှိခဲ့ပါတယ်။MIRT(DOBT)

Monday, 2 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၉၁၁ သန်းတန်ဖိုးရှိ ဆန် ၉၄၅၇ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၁၇၂ သန်း တန်ဖိုးရှိ ကောက်ညှင်းစပါး ၅၃၂ တန်၊ ကောက်ညှင်းငချိတ် ၆၃ တန်နဲ့ ကန်ဒေါ်လာသုညဒသမ ၂၇၂ သန်းတန်ဖိုးရှိ ဆန်ကွဲ ၇၉၃ တန်ကျော်ကို မူဆယ် နယ်စပ်မှ ဇွန် ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။  နယ်စပ်အလိုက် ဆန်တင်ပို့မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၂၅ မှတ် ၄၅၀၉ တန်၊ ငစိန် ၄၁၈၆ တန်၊ ချင်းရွှေဟော်မှ ငစိန် ၂၅ မှတ် တန် ၂၀၀၊ တာချီလိတ်မှ ဧည့်မထ ၂၅ မှတ် တန် ၅၀၀ နဲ့ လွယ်ဂျယ်မှ ဧည့်မထ ၆၂ တန်ကျော် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။    MIRT(DOBT)

Monday, 2 Jul 2012

    ၂၀၁၂ ခုနှစ် ဇွန်အစောပိုင်းမှစပြီး ကုန်သည်လုပ်ငန်းရှင် များ လွယ်ကူလျင်မြန်ချောမွေ့စွာ ကုန်သွယ်နိုင်ရေးအတွက် နယ်စပ်စခန်းများအနေနဲ့ Automatic Licensing  ထုတ်ပေး ခွင့်ပြုထားတဲ့ထဲမှာပါတဲ့ ဂျုံစေ့ကို မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးတွင် ပထမဦးဆုံးအကြိမ် တင်သွင်း ခွင့် ပြုခဲ့တယ်လို့ သတင်းရရှိပါတယ်။ တမူးနယ်စပ်မှ ဇွန် ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာကန်ဒေါ်လာသုညဒသမ ၀၁၇ သန်း တန်ဖိုးရှိ ဂျုံစေ့ ၆၁ တန်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT(DOBT)

Monday, 2 Jul 2012

    နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာသုညဒသမ ၁၂၆ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၁၅ တန်ဝန်းကျင်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၁၈ တန်ကျော် အပို့ ပိုခဲ့ပါတယ်။ ကွမ်းသီးခြောက်သာမက ကွမ်းသီးခွံများလည်း တင်ပု့ိလျက်ရှိရာ ယခုအပတ်မှာ ကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ ကွမ်းသီးခွံ ၄၄ တန်ခန့်ကို မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။

Monday, 2 Jul 2012

    ရာသီချိန်ကုန်လာပြီဖြစ်လို့ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၅၁၃ သန်းတန်ဖိုးရှိ သရက်သီး ၂၁၈၀ တန် ဝန်းကျင်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ တောင်ကြီးဒေသထွက် စိန်တလုံး သရက်သီးများနဲ့ ဒီပဲယင်း၊ မုံရွာဒေသထွက် ရွှေဟင်္သာများကို တင်ပို့နေတာဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၉၅၈ တန်ခန့် တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။

Sunday, 24 Jun 2012

        မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၇၀ သန်းတန်ဖိုး ရှိ သရက်သီး ၅၉၁၄ တန်ကို ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တဲ့အပြင် ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၁၉ တန်လည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၇၃၄ တန် အပို့လျော့ခဲ့ပါတယ်။ တစ်နေ့ကို ၁၅ ကီလိုဂရမ်ပါ သရက်သီးဂျပ်ဖာ ၂၀၀၀၀ ခန့် တက်နေတယ်လို့ သိရပါတယ်။                           MIRT(DOBT)

Sunday, 24 Jun 2012

        မူဆယ်နယ်စပ်စခန်းမှ တစ်ဖက်တရုတ်နိုင်ငံသို့ ဘီယာဘူးခွံ၊  အချိုရည်ဘူးအခွံ ၂၀ တန်ကို အမယ်သစ်ပို့ကုန်အဖြစ် ၂၀၁၂ ဇွန်လ ၈ ရက်မှာ စတင်တင်ပို့ ခဲ့ပါ တယ်။ ၎င်းဘီယာဘူးခွံ၏ လိုင်စင်ဈေးမှာ တစ်တန်လျှင် ၂၃၃၂၀၀၀ ကျပ်ဖြစ်ပြီး တစ်ဖက် နိုင်ငံရွှေလီပေါက်ဈေး တစ်တန်လျှင် ၈၆၀၀ ယွမ်ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဘီယာ ဘူးခွံများကို တစ်ဖက်တရုတ်နိုင်ငံတွင် အရည်ကျို၍Recycle   ပြုလုပ် ကြောင်း သိရပါတယ်။                   Source:နကသ၊တင်စိုးစိုးလှိုင်    

Sunday, 24 Jun 2012

        ဇွန်လမှစ၍ သြဂုတ်လကုန်ထိကာလမှာ ငါးသားပေါက်ချိန်ကာလ ဖြစ်၍ ငါးဖမ်းခွင့်များရပ်နားထားချိန် ဖြစ်ပါတယ် ။ရေထွက်ကုန် ၉၆၆ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ ၇၆၀ သန်းဖိုးသာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် တန် ၁၃၇၀ ကျော် အပို့လျော့ခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မြဝတီမှ ငါးမျိုးစုံ ၇ တန်ခန့်၊ ပုစွန် ၃ တန်ခွဲကျော်နဲ့ ကဏန်း ၅ တန် နီးပါး၊ ကော့သောင်းမှ ငါးမျိုးစုံ ၁၆၂ တန်ကျော်နဲ့ မြိတ်မှ ငါးမျိုးစုံ ၁၇၅ တန်ခန့်၊ ရေငန်ပုစွန် ၃ တန်ကျော်၊ ငါးမှုန့် ၆၁၁ တန်ခန့်၊ အေးခဲကဏန်းပျော့ ၁၄ တန်နဲ့ ကဏန်းအသေးအနည်းငယ် အပို့ရှိခဲ့တာဖြစ်ပါ တယ်။          MIRT(DOBT)

Sunday, 24 Jun 2012

        မူဆယ်နယ်စပ်စခန်းမှတစ်ဆင့်  တစ်ဖက်  တရုတ်နိုင်ငံသို့ ပို့ကုန်ပစ္စည်း-ကုလားပန်းပွင့်ခြောက် ၂၂ ဒသမ ၃၀ တန်ကို တစ်တန်လျှင် ၂၅၀၀၀၀ ကျပ်နှုန်းဖြင့် အမယ်သစ်ပို့ကုန်အဖြစ် တင်ပို့ခဲ့ပါတယ်။ ၎င်းပို့ကုန်ပစ္စည်း ကုလားပန်းပွင့်ခြောက် မှာ ပြင်ဦးလွင်၊ မန္တလေးနှင့် ရမည်းသင်းတို့မှ စိုက်ပျိုးထွက်ရှိတာဖြစ်ပြီး တစ်ဖက် တရုတ် နိုင်ငံမှာ အခါးရည်တွင် ထည့်သောက်ကြောင်းနှင့် တစ်ဖက်နိုင်ငံရွှေလီ ပေါက်ဈေးမှာ တစ်တန်လျှင် ၂၅၀၀ ယွမ် ဖြစ်တယ်လို့ သိရပါတယ်။Source: နကသ၊ တင်စိုးစိုးလှိုင်

Sunday, 24 Jun 2012

        ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၇၈ သန်းတန်ဖိုး ရှိ ပရဆေး ကုန်ကြမ်း ၇၀၅ တန်ခန့် အပို့ရှိခဲ့ပြီး တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆ ဒသမ ၉၅ သန်းအသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်းတင်ပို့မှု ၆၁ တန်ကျော် အပို့ပိုခဲ့ပြီး တမူးနယ်စပ်မှ ၁ ဒသမ ၆ တန်အသွင်းပိုခဲ့ပါတယ်။

Pages