Main menu

Background

Wednesday, 29 Aug 2012

စက်သုံးဆီတင်သွင်းမယ်ဆိုလျှင် ဇူလိုင် ၂၆ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ရမယ့် လုပ် ထုံးလုပ်နည်းများကို မြိတ် နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးကျော်ဒွန်းက စက်သုံးဆီ တင်သွင်းလိုတဲ့ ကုန် သည်လုပ်ငန်းရှင်များအနေနဲ့ နယ်စပ်ဖြတ်ကျော် ပုံမှန် ကုန် သွယ်မှုစနစ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးရုံးတွင် ပင်လျှောက် ထားနိုင်တယ်၊ စခန်းမှရုံးချုပ်သို့ တင်ပြခွင့်ပြု ချက် တောင်းခံပြီး မြိတ်စခန်းမှ လိုင်စင်ထုတ်ပေးမယ်၊ လိုင်စင်အတွက်ကျသင့် တဲ့အခွန်အခများကို သက်ဆိုင်ရာမြိတ် စခန်းရှိ အကောက် ခွန်ဌာနမှာပဲ ပေးသွင်းရမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါ တယ်။ စက်သုံးဆီဈေးနှုန်းကို တစ်ဖက်နိုင်ငံ ပေါက်ဈေး အတိုင်း ဖြစ်ဖို့လိုအပ်တယ်လို့သိရပါတယ်။ စက်သုံးဆီ အရည် အသွေးစစ်ဆေးခြင်းနဲ့ ပတ်သက်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အရည်အသွေးအတိုင်း တင်သွင်းရန်နဲ့ အရည်အသွေး ကိုက်ညီမှုရှိ/မရှိကို စွမ်းအင် ဝန်ကြီးဌာနက စစ်ဆေးသွားမှာဖြစ်တယ်။ တနင်္သာရီ တိုင်းဒေသကြီး စက်သုံး ဆီ တင်သွင်းသူများအနေနဲ့ မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူး ရောင်းချမှု အသင်းဝင်ဖြစ်ရန်မလိုအပ်သော်လည်း တိုင်းဒေသ ကြီးစက်သုံးဆီတင်သွင်း ဖြန့်ဖြူးမှု ကော်မတီကြီးကြပ်မှုနဲ့ တင် သွင်းရမှာဖြစ်သလို LPG Gas တင်သွင်းလိုတဲ့ ကုမ္ပဏီများ အနေနဲ့ တင်သွင်းခွင့်ရရှိရေး စွမ်းအင်ဝန်ကြီးဌာနမှာ ထောက် ခံချက်လျှောက်ထားရန်လိုအပ်တယ်လို့ သတင်းရရှိပါတယ်။Source: နကသ၊ချမ်းမြေ့မောင်

Monday, 27 Aug 2012

မြန်မာ့ပဲမျိုးစုံ ပြည်ပဈေးကွက်မှာ နေရာပိုမိုရရှိရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် Value Added ထုတ်လုပ်နိုင်ရေး အတွက် Buhler ကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်များက လာရောက်ရှင်းလင်း ဆွေးနွေးပွဲကို အမှတ် (၁၄၁-၁၄၅)၊ တတိယအလွှာ၊ ရိုးမဘဏ်အပေါ်ထပ် United Tower ရှိ Unique Quality Products Trading Co.,Ltd ရုံးခန်း မှာ ဇူလိုင်လ ၂၇ ရက် နေ့လည် (၂း၀၀) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုညဒသမ ၃၁၉ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၂၄၈ စီးကို ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလ အတွင်းမှာ အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် အစီး ၃၀ ပိုမိုတင်သွင်းခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်အသစ်တင်သွင်းမှုကတော့ ၂၃၃၃ စီးဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၇၇၁ သန်းဖိုး ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၃၆ စီးအသွင်းလျော့ခဲ့ပါတယ်။ ဇူလိုင်အတွင်းမှာ သုံးဘီးဆိုင်ကယ် ၄၆၆ စီးနဲ့ မော်တော် ဆိုင်ကယ် ၅၁၄၅ စီး တင်သွင်းထားပြီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ  ကန်ဒေါ်လာ ၂ ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ငါးရှဉ့်၊ ရေငန် ငါးမျိုးစုံ၊ ကဏန်း၊ ငါးစီဖောင်းနဲ့ ရေခဲငါး ၇၈၄ တန်ခန့် တင်ပို့မှုရှိရာ ယခင်အပတ်ကထက် ၄၇ တန်ခန့် အပို့ပိုခဲ့ပါတယ်။ ရေထွက် ကုန်တင်ပို့နိုင်မှုတွေကတော့ ငါးရှဉ့် ၂၉၄ တန်ခန့်၊ ရေငန်ငါးမျိုးစုံ ၁၆၈ တန်၊ ကဏန်း ၁၅၃ တန်၊ ငါးစီဖောင်းသုညဒသမ ၇၆၉ တန်နဲ့ ရေခဲငါး ၁၆၇ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံနဲ့ ရေခဲငါးတို့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၀၀ ဒသမ ၁၆ တန်နဲ့ ကဏန်း ၅၅ ဒသမ ၁၂၈ တန်ကို တင်ပို့မှုရှိခဲ့ပါတယ်။MIRT(DOBT)

Monday, 27 Aug 2012

ကွမ်းသီးခြောက် ၈၂ တန်ကျော်နဲ့ ကွမ်းသီးခွံ ၈၃ တန်ကျော်ကို နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ရာ တင်ပို့မှုဆတူဖြစ်နေတာတွေ့ရပါတယ်။ နယ်စပ် အလိုက် ကွမ်းသီးခြောက် တင်ပို့နိုင်မှုတွေကတော့ တမူးမှ ၄၂ ဒသမ ၅၄ တန်၊ မြဝတီမှ ၂၂ ဒသမ ၃၀၀ တန်နဲ့ ရိဒ်နယ်စပ်မှ ၁၇ တန်ခွဲအသီးသီးတင်ပို့ထားတာဖြစ်ပါတယ်။MIRT(DOBT)

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့လွယ်ဂျယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၇၄၀ သန်းတန်ဖိုးရှိ ဆန် ၁၃၆၄၅ တန်ကျော်ကို ဇူလိုင် ၂၅ ရက် ၃၁ ရက်ထိ ကာလအတွင်းမှ အပို့ရှိခဲ့ပါတယ်။ တာချီလိတ်မှ ကောက်ညှင်းစပါး ၃၃၃ တန်ခန့်လည်းအပို့ရှိ ခဲ့တယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

မြိတ်နယ်စပ်ကုန်သွယ်ရေးဟာ ပို့ကုန်တင်ပို့မှုအပိုင်းမှာ ကမ်းနီးလှေငယ်လေး တွေနဲ့ ဖမ်းလို့ရသမျှရယ်၊ ပိတ်ထားတဲ့ ကမ်းဝေးငါးဖမ်းကွက်နဲ့ လွတ်ကင်းတဲ့ ရေ ပြင်မှာ ဖမ်းလို့ရတာတွေကို တရားဝင် ကုန်သွယ်မှုလမ်းကြောင်းက တင်ပို့ခဲ့တာ ကြောင့် အခု ၂၀၁၂ ခုနှစ် ဇူလိုင်လ ပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၆ သန်းကျော်ထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Monday, 27 Aug 2012

P.T.T  ကုမ္ပဏီနှင့် ဘန်ကျတ်ပီထရိုလီယမ် ကုမ္ပဏီမှ သတင်းများအရ ဘင်ဇင်ဆီနှင့် ဂက် (စ်) ဆိုဟောဆီ တစ်လီတာ အားဘတ် ၅၀ပြားဈေးတိုးမြှင့်ရောင်းချမယ်လို့သိရပါတယ်။ ဇူလိုင် ၁၇ ရက်မှစပြီး ဘန်ကောက်မြို့တော်နဲ့ အနီးတစ်ဝိုက်ရှိ ခရိုင်များ၌ ဆီရောင်းဈေးမှာ ဘင်ဇင် ၉၁ ဆီတစ်လီတာလျှင် ၄၂ ဒသမ ၀၅ ဘတ် (၁ ဒသမ ၃၂ ဒေါ်လာ)၊ အက်စ်ဆိုဟော ၉၅ ဆီတစ်လီတာလျှင် ၃၇ ဒသမ ၇၃ ဘတ် (၁ ဒသမ ၁၉ ဒေါ်လာ)၊ ဂက်(စ်) ဆိုဟော ၉၁ ဆီတစ်လီတာလျှင် ၃၅ ဒသမ ၉၈ ဘတ် (၁ ဒသမ ၁၃ ဒေါ်လာ)၊E  ၂၀ ဆီ  တစ်လီတာလျှင် ၃၄  ဒသမ  ၀၈  ဘတ် (၁ ဒသမ ၀၇ ဒေါ်လာ)၊       E  ၈၅ ဆီတစ်လီတာလျှင် ၂၁ ဒသမ ၉၈ ဘတ် (သုည ဒသမ ၆၉ ဒေါ်လာ)နှင့် ဒီဇယ်ဆီတစ်လီတာလျှင် ၂၉ ဒသမ ၈၃ ဘတ် (သုည ဒသမ ၉၃ ဒေါ်လာ) ဈေးပေါက် နေကြောင်း မတ်တိချွန်းသတင်းစာမှာ ဖော်ပြထားပါတယ်။ Source: မတ်တိချွန်းသတင်းစာ၊မြင့်ဦး

Monday, 27 Aug 2012

ကန်ဒေါ်လာ သုည ဒသမ ၄၅၇ သန်းတန်ဖိုးရှိ  သီဟိုဠ်စေ့ တန် ၆၀ ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ မှာ မူဆယ်နယ်စပ်မှ တင်ပိုမှု ရှိခဲ့ရာ ယခင်အပတ်ကထက် ၃၃ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီ နယ်စပ်မှာ ကန် ဒေါ်လာ သုည ဒသမ ၀၅၁သန်းတန်ဖိုးရှိသီဟိုဠ်စေ့ ၇ တန် ခန့်လည်း အပို့ရှိခဲ့ရာ ယခုအပတ်မှာ  သီဟိုဠ်စေ့ ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုညဒသမ ၅၀၈ သန်းဖိုး တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင် တစ်လလုံးမှာ နယ်စပ်မှ သီဟိုဠ်စေ့ တန် ၃၅၆ တန်ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 27 Aug 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်မှ ကန်ဒေါ် လာသုညဒသမ ၂၃၂ သန်းတန်ဖိုးရှိ ကျွန်းသစ်လုံး ၃၅၇ တန်ခန့်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၃၁၈ တန် တင်ပို့ထားတဲ့ အတွက် ဇူလိုင်လတစ်လလုံးမှာ ကျွန်းသစ်လုံး ၆၇၅ တန်ခန့် တာချီလိတ်မှတင်ပို့ထားပြီး ဖြစ်ပါတယ်။   MIRT(DOBT)

Pages