Main menu

Background

Sunday, 8 Jul 2012

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၆၈ တန်ခန့်ကို ဇွန်၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ကွမ်းသီးခြောက် ၅၁ တန် အပို့ပိုခဲ့ပါတယ်။ ဒါ့အပြင် ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ကွမ်းသီးအစို ၉ တန်လည်း တမူးနယ်စပ်မှ တင်ပု့ိနိုင်ခဲ့ပါတယ်။ ဧပြီလမှ ဇွန်ထိ သုံးလတာကာလမှာ ကွမ်းသီးအစိုအခြောက် ၂၁၇၄ တန် နယ်စပ် စခန်းများမှ တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)

Sunday, 8 Jul 2012

    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၁၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၉၂ တန်ကျော်၊ ကဏန်း ၁၃၈ တန်ခန့်နဲ့ ရေခဲငါး ၅၃ တန်နဲ့ ချင်း ရွှေဟော်မှ ကန်ဒေါ်လာသုညဒသမ ၁၂၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၅ တန်ခန့် ကို ဇွန် ၂၇ ရက်မှ ဇူလိုင်၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ရေထွက်ကုန် ၁၇၂ တန် အပို့လျော့ခဲ့ပါတယ်။ ဇွန်လအတွင်းမှာ တရုတ် နယ်စပ်မှ ရေခဲငါး ၄၅၆ တန်ကျော်၊ ငါးရှဉ့် ၉၅၉ တန်ခန့်နဲ့ ကဏန်းအရှင် ၇၂၃ တန် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။     ဧပြီလမှ ဇွန်ထိ ၃ လတာကာလမှာ နယ်စပ်မှ ငါးရှဉ့် ၁၅၃၁ ကျော်၊ ကဏန်း တန် ၁၄၀၀ ကျော်၊ ရေခဲငါး တန် ၁၀၅၀ ခန့် တင်ပို့ထားနိုင်ပြီးဖြစ်ပါတယ်။    MIRT(DOBT)

Sunday, 8 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၅၅၄ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၄၅ တန်ကျော် အပို့ရှိခဲ့ရာ ယခင် အပတ်တင်ပို့မှုထက် တန် ၂၅၀ ခန့် လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှရော ချင်းရွှေဟော်ကပါ အပို့လျော့နည်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ် အေးခဲ အမဲသား တင်ပို့နိုင်မှုကတော့ မူဆယ်မှ ၁၁၉ တန်ခန့်နဲ့ ချင်းရွှေဟော်မှ ၂၇ တန်ဖြစ်ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုညဒသမ ၁၅၉ သန်းတန်ဖိုးရှိ ကျွဲနွားသားရေ ၂၄၅ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၂၇ သန်းတန်ဖိုးရှိ ဘေးထွက်ပစ္စည်း ၃၉ တန်ခန့် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ဧပြီမှ ဇွန်အတွင်းမှာ အေးခဲအမဲသား ၄၈၈၄ တန် တင်ပု့ိ ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

Sunday, 8 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်ကန်ဒေါ်လာ ၁ဒသမ ၈၉၇၈ သန်းတန်ဖိုးရှိမြေပဲဆန် ၁၃၁၀ တန်ခန့်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလ အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၉၆ တန် အပို့ပိုခဲ့ပါတယ်။ ဇွန် တစ်လလုံးမှာ တန်ချိန် ၁၂၁၀၀ ကျော် အပို့ရှိခဲ့ရာ ဧပြီမှ ဇွန်ထိ ၃ လတာကာလအတွင်း မှာ တင်ပို့မှုအများဆုံးလို့ သိရပါတယ်။ လအလိုက်တင်ပို့နိုင်မှု ကတော့ ဧပြီမှာ တန် ၃၀၀၀ ကျော်၊ မေလမှာ တန် ၁၀၂၈၅ တန်ခန့်နဲ့ ဇွန်မှာ တန် ၁၂၁၀၀ ကျော် အသီးသီးဖြစ်ပါတယ်။MIRT(DOBT)

Sunday, 8 Jul 2012

    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဇွန်လ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၄ ဒသမ ၃၆၅ သန်းတန်ဖိုးရှိ ဆန် တန် ၁၀၁၀၀ ခန့်နဲ့ ဆန်ကွဲ ၅၇၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။

Sunday, 8 Jul 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇွန် ၂၇ ရက်မှဇူလိုင် ၃ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာ ၁ ဒ  သမ ၄၁၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၅၀ တန်ခန့် တင်ပု့ိနိုင်ခဲ့ရာ ယခင်အပတ်က တင်ပို့မှုထက် တန်ချိန်အားဖြင့် ၅၅၂ တန်၊ အဆအားဖြင့်နှစ်ဆကျော် အပို့ပိုခဲ့ပါတယ်။

Sunday, 8 Jul 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ဇွန်မှာ ပို့ကုန်ကန်ဒေါ်လာ ၁ ဒသမ ၁၁၃ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၇၄၆ သန်းကုန်သွယ်မှုပမာဏ ၂ ဒသမ ၈၅၉ သန်းခန့် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ကုန် သွယ်မှု လျာထားချက်အပေါ် ၅၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နောင်လာမယ့်လများမှာ ကုန်သွယ်မှု တိုးတက်စေရေး အတွက် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများ၊ ကုန်သည်အသင်းနှင့် ကုန်သည် လုပ်ငန်း ရှင်များအား စည်းရုံးညှိနှိုင်းကြိုးပမ်းဆောင်ရွက်နေ တယ်လို့ စခန်းတာဝန်ခံက ဆိုပါတယ်။ မိုင်းယုဒေသနဲ့ မိုင်းလားဒေသထွက် ကောက်ညှင်းစပါးနဲ့ ဆန်များဆက်လက်တင်ပို့နိုင်ရေးဆောင် ရွက်ခြင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှစ၍ တင်ပို့မှုရပ်နား ထားခဲ့တဲ့ သစ်တင်ပို့မှုများကို မိုးမှန်လာပြီး မဲခေါင်မြစ်ရေတိုး လာပါက တင်ပို့နိုင်ရန်ပြင်ဆင်ထားခြင်း၊ မဂ္ဂနီးစ်ဒိုင် အောက်ဆိုဒ်များ မကြာမီတင်ပို့နိုင်ရေးဆောင်ရွက်နေသဖြင့် ပို့ကုန်များတိုးမြင့်လာမယ် လို့ မျှော်မှန်းလျက်ရှိကြပါတယ်။

Monday, 2 Jul 2012

    ထိုင်းနယ်စပ်ရှိ မြဝတီနဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇွန် ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာယခင်အပတ်က ထက် ရေထွက်ကုန်အပို့ပိုခဲ့ပြီး မြိတ် နယ်စပ်မှ အပို့လျော့ခဲ့သော်လည်း ယခုအပတ်မှာ ရေထွက်ကုန် တန် ၇၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။

Monday, 2 Jul 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၂၃၂ သန်းတန်ဖိုးရှိ ဟင်း ရွက်ဆီ တန် ၂၀၀ အသွင်းရှိခဲ့ပါတယ်။  ၁၈ လီတာဆန့် ပလတ်စတစ်ဂျယ်ရီကင်န်ပုံး များနဲ့ထည့်ပြီး တင်သွင်းတာလို့ သိရပါတယ်။  Cloud Point  ၈ ဒီဂရီစင်တီဂရိတ် ရှိပြီး "Captin"   အမှတ်တံဆိပ်လို့ သိရပါတယ်။Source: နကသ၊MIRT(DOBT)

Monday, 2 Jul 2012

    မြန်မာတရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းတန်ဖိုးရှိ ကြိမ် ၃၅ တန်ကို ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန် ပိုမို တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။    MIRT(DOBT)

Pages