Main menu

Background

Thursday, 7 Jun 2012

    မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းတန်ဖိုးရှိ အေးခဲ အမဲသား ၃၇၁ တန်ကျော်နဲ့ချင်းရွှေဟော်မှကန်ဒေါ်လာ သုည ဒသမ ၄၇၅ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၂၅ တန်ကို မေလ ၂၃ ရက်မှ ၂၅ ရက်ထိကာလ အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၃၆၉ တန်ခန့်နဲ့ ချင်း ရွှေဟော်မှ ၁၂၆ တန် တင်ပို့ခဲ့တာမို့ အပို့ပုံမှန်ရှိနေတယ်လို့ ပြောရမှာဖြစ်ပါ တယ်။

Thursday, 7 Jun 2012

    မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ် တဲ့ မြဝတီမှ ရေထွက်ကုန် ၁၃၅ တန်ကျော်နဲ့ မြိတ် နယ်စပ် ၂၃၂၃ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် မြဝတီမှ တန် ၉၀ ကျော်၊ မြိတ်နယ်စပ်မှ ၃၅၆ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ် ကတော့ ၅၉၄ တန်ခန့်သာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၃၄၈ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။

Thursday, 7 Jun 2012

    ၂၀၁၂ ခုနှစ် မေ ၃၀ ၀၆း၀၀အချိန်မှ ၁၂း၀၀ အချိန်အတွင်း မြဝတီ ကုန်သွယ်ရေးဇုန်၊ သွင်းကုန်ယာဉ်ငယ် စစ်ဆေးရေးစခန်းသို့ဝင်ရောက် အစစ် ဆေးခံသော Hilux ယာဉ်အမှတ် ၄ခ/ထထထထ၊ ယာဉ်မောင်းxxxx  ယာဉ်ပေါ်မှ xxxx ဘားအံမြို့နေမှ သယ်ဆောင်လာသော ကြက်အသေ အလေးချိန် ၁၈၀ ကီလိုခန့်အားလည်းကောင်း၊

Thursday, 7 Jun 2012

    မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ တမူး နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၈ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တောင်လုံးကျော် ၃ တန်ခွဲ၊ ဆောင်းမေးခါး ၁ တန်နဲ့ ဟင်ရိုင်းဖြူ သုည ဒသမ ၁၅ တန် ကိုတင်သွင်းနိုင်ခဲ့ ပါတယ်။ယခင်အပတ်ကတောင်လုံးကျော်တစ်မျိုးသာ အသွင်း ရှိခဲ့တာမို့ ယခုအပတ်မှာ တမူးမှ ပရဆေးတင်သွင်းမှုပိုမိုခဲ့ပါ တယ်။

Thursday, 7 Jun 2012

    မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၃၇ သန်းတန်ဖိုးရှိ ဆန်၁၄၇၇ တန် ကျော်ကို လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ တာချီလိတ်နယ်စပ်များမှသာ အပို့ရှိခဲ့ပြီး မူဆယ်မှယခုအပတ် ဆန်တင်ပို့မှုမရှိဘဲ ဆန်ကွဲ ၁၆၂ တန်ခန့်သာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၀၄၃၅ တန်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၉၅၈ တန် ဝန်းကျင်အပို့လျော့ခဲ့ပါတယ်။

Thursday, 7 Jun 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ရိဒ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၁ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၂၀၇ တန်ခန့်ကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ မြဝတီမှ တန် ၈၀၊ တမူးမှ ၈၃ တန်နဲ့ ရိဒ်မှ ၄၄ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် တမူးနဲ့ရိဒ်နယ်စပ်မှ အပို့ပိုခဲ့သော်လည်း မြဝတီ နယ်စပ်မှအပို့လျော့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် ကထက် ၁၀၉ တန်အပို့ပိုခဲ့ပါတယ်။                                                                                                       MIRT(DOBT)

Thursday, 7 Jun 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၀၁ သန်းတန်ဖိုးရှိ သကြား ၁၃၃၅ ဒသမ ၁၆  တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၂၁၆၇ တန်တင်ပို့မှုလျော့နည်းခဲ့ တယ်လို့သိရပါတယ်။ မေ ၁ လ ထဲမှာ နယ်စပ်မှ သကြားတန် ၇၄၀၀ နီးပါးတင်ပို့ ထားပြီးဖြစ်ပါတယ်။  MIRT(DOBT)

Thursday, 7 Jun 2012

    တာချီလိတ်၊ စစ်တွေနဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၁ သန်းတန်ဖိုးရှိ သစ်ခေါက် ၂၁၇ ဒသမ ၄၈ တန်ကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေနယ်စပ်တစ်ခုတည်းမှ ၅ တန်သာ အပို့ရှိခဲ့ရာမှ ယခုအပတ်မှာ ၂၁၇ တန်ကျော်ထိ တင်ပို့မှု အားကောင်း လာတာတွေ့ရပါတယ်။ သစ်ခေါက်ကို တစ်ဖက်နိုင်ငံမှာ အမွှေးတိုင်၊ ခြင်ဆေးတိုင်တို့ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတစ်မျိုးအဖြစ် အသုံးပြုတယ်လို့ သိရပါတယ်။MIRT (DOBT)

Thursday, 7 Jun 2012

      နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်၌  ကုန်သွယ် မှုမြှင့်တင်ရေးအစည်းအဝေးအား မေ ၃၀ ရက် ၁၃း၀၀ အချိန်တွင် ကျင်းပခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြဝတီနယ်စပ်ကုန် သွယ်ရေးဇုန် ညွှန်ကြားရေးမှူး၊ OSS   ဌာနဆိုင်ရာ အရာထမ်းများ၊ မိတ်ဖက် ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်း ရှင်များ စုစုပေါင်း ၅၆ ဦး တက်ရောက် ခဲ့ပါတယ်။

Thursday, 7 Jun 2012

           လတ်တလော  မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြေပဲဆံ Ground Nut (Huskless)  များ အများအပြား တင်ပို့လျက်ရှိပါ တယ်။ တရုတ်နိုင်ငံဟာ ၎င်းတို့နိုင်ငံတွင်းမှထွက်ရှိတဲ့ စားသုံးဆီများမှာ အရော အနှောများပြားပြီး ကျန်းမာရေးထိခိုက်မှုရှိအောင် ထုတ်လုပ်တဲ့ စက်ရုံ များအား စနစ်တကျစစ်ဆေးအရေးယူမှုများကြောင့် မြေပဲဆီစစ်စစ် ထုတ် လုပ်နိုင်ရေးအ တွက် မြန်မာမှတင်ပို့ေ သာမြေပဲဆံများအား အများအပြား ဝယ်ယူနေခြင်းဖြစ်ပါတယ်။

Pages