Main menu

Background

Monday, 27 Aug 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကော့သောင်းနဲ့မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဟာ ရေထွက်ကုန်အဓိကတင်ပို့တဲ့စခန်းများဖြစ်ကြပါတယ်။ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း သုံးခုမှ ကန်ဒေါ်လာ ၂ ဒသမ ၂၂၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၀၄ တန် ကျော်တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၉၅၃ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Monday, 27 Aug 2012

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၁ သန်းတန်ဖိုးရှိ ဂျုံစေ့ ၆၁၅ တန်ကျော်ကို ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက်အတွင်းမှာ တင်သွင်းမှုရှိခဲ့ပါတယ်။ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင်တော့ ၄၉ တန်ကျော် အသွင်း လျော့ခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံးမှာတော့ တမူးနယ်စပ်မှ ဂျုံစေ့ ၁၉၉၈ တန်ကျော် တင်သွင်းထားပြီးဖြစ်တယ်လု့ိ သိရပါ တယ်။
MIRT(DOBT)

Monday, 27 Aug 2012

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းသည် ဇူလိုင်မှာ ပို့ကုန်ကန်ဒေါ်လာသုညဒသမ ၇၉၇ သန်း၊ သွင်းကုန် ကန်ဒေါ်လာသုညဒသမ၈၃၇ သန်းဆောင် ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၆၃၄ သန်းရရှိခဲ့ပါတယ်။

Wednesday, 25 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၀၀ ဒသမ ၆၂၅ တန်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၃ တန်ခန့် အပို့ပိုခဲ့ပါတယ်။

Wednesday, 25 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၄၃ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၅၇၈၃ တန်ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၁၁ တန် ကျော်အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်အပြင်ချင်းရွှေဟော်နယ်စပ်ကပါ အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာချင်းရွှေဟော်မှအပို့မရှိခဲ့ဟုသိရပါတယ်။ ယခု ရက်ပိုင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြောင်းကားပျမ်းမျှအစီး ၄၀ ခန့်သာအဝင်ရှိပြီး ပြောင်းဟောင်း ၁ အိတ်ကို ၁၃၂ ဒသမ ၅ ယွမ်နဲ့ ပြောင်းသစ် ၁၃၅ ယွမ်ဝန်းကျင်ဈေးပေါက်လျက်ရှိပါတယ်။ ယခင်အပတ်ဈေးနဲ့ ယခုအပတ် မြေပြင်ဈေး များ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -

Wednesday, 25 Jul 2012

    မြန်မာ-တရုတ်နယ်စပ်စခန်းများအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ် စပ်စခန်းမှ ဆန်အပြင် ကောက်ညှင်းစပါးကိုပါ ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၁၇၂ သန်းတန် ဖိုးရှိ ဧည့်မထဆန် ၂၅ မှတ် ၄၁၃ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းတန်ဖိုးရှိ ကောက်ညှင်းစပါး ၇၄၆ တန်အပို့ရှိခဲ့တာဖြစ်ပါတယ်။

Wednesday, 25 Jul 2012

    နွေစပါးပေါ်ချိန် စပါးဈေးကျဆင်းချိန်မှာ မြဝတီနယ်စပ်မှ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းနှင့် ဇီယာဆန် ၂၅ ရာခိုင်နှုန်းတင်ပို့ရန် စတင်ဆောင်ရွက်နေပြီ လို့ သိရပါတယ်။ မြဝတီနယ်စပ်မှ တင်ပို့ရန်ဆန်လိုင်စင်တန်ချိန် ၂၄၀၀ ခွင့်ပြုထားပြီး ယခုရက်ပိုင်းအတွင်း စတင် တင်ပို့တော့မယ်လို့သိရပါတယ်။ ပြည်တွင်းဈေးနှုန်း မှာ ၅၀ ကီလိုဝင် တစ်အိတ်လျှင် ၁၄၀၀၀ ကျပ်ခန့်ရှိတဲ့ ဧည်မထ၊ ဇီယာစတဲ့ ဆန်အမျိုးအစားများ တင်ပို့မယ်လို့ သိရပါတယ်။ တစ်ဖက်နိုင်ငံမဲဆောက်မှဝယ်ယူ မည့်ဈေးမှာ ၅၀ ကီလိုဝင်တစ်အိတ်လျှင် ၆၅၀ ဘတ်ခန့်နဲ့ တစ်ကီလို ၁၃ မှ ၁၄ ဘတ်ခန့်အထိရရှိနိုင်၍ အမြတ်အစွန်းအနည်းငယ်နဲ့ အရောင်းအဝယ်သွက်လက်ပြီး ဈေးကွက်ထဲသို့ စတင်ဝင်ရောက် နေရာယူတော့မည်ဖြစ်ကြောင်း သတင်းရရှိပါ တယ်။                                                             နကသ

Wednesday, 25 Jul 2012

    နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှာ ၁၂-၆-၂၀၁၂ ရက်နေ့မှစပြီး Automatic Licensing   စနစ်ဖြင့် သွင်းကုန် ပစ္စည်းအမျိုးအစား ၁၆၆ မျိုးကို စခန်းမှ တိုက်ရိုက်လိုင်စင်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။

Wednesday, 25 Jul 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းတန်ဖိုးရှိသီဟိုဠ်စေ့ ၁၅၈ တန်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၅ တန် အပို့ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှလည်း ၇၁ ဒသမ ၃၈၀ တန် အပို့ရှိခဲ့ရာ ယခုအပတ်မှာသီဟိုဠ်စေ့ ၂၂၉ တန်ကျော် အပို့ရှိခဲ့ပါ တယ်။ ယခင်အပတ်က မြဝတီနယ်စပ်မှ ၉ တန်ကျော်သာအပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၃၀ နီးပါး အပို့ပိုခဲ့ပါတယ်။MIRT(DOBT)

Wednesday, 25 Jul 2012

        မြဝတီကုန်သွယ်ရေးဇုန်ရဲ့ အဓိကပို့ကုန်ပစ္စည်းဖြစ်တဲ့ ရေထွက်ပစ္စည်းတင်ပို့နိုင်မှုမှာ ဧပြီလတွင် ၂၈၀ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုညဒသမ ၇၆၉ သန်း၊ မေလတွင် ၄၃၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၀၉၀ သန်း၊ ဇွန်လတွင် ၂၂၁ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၅၂၇ သန်း၊ ဇူလိုင်လ ဒုတိယပတ်အထိ ၁၅၂ တန်၊တန်ဖိုးကန်ဒေါ်လာ သုညဒသမ ၃၄၀ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်မှာ ယခင်လထက် ပိုမို တင်ပို့ နိုင်မယ်လို့သိရပါတယ်။မိမိဘက်မှငါးများကို တစ်ဖက် နိုင်ငံက ကြိုက်နှစ်သက်ပြီး ဈေးကွက်ဝယ်လိုအား ရှိပေမယ့် ယခုရာသီချိန်တွင် ရခိုင်ကမ်းရိုးတန်းမှ ရေထွက်ပစ္စည်းများ ရန်ကုန်ဗဟိုစံပြငါးဈေးသို့ ဝင်ရောက်မှုနည်းပါးခြင်း၊ ပင်လယ် ပြင် ငါးဖမ်းရာသီ မဟုတ်သဖြင့် ငါးဖမ်းဆီးရရှိမှု နည်းပါးခြင်း တို့ကြောင့် တင်ပို့နိုင်မှုလျော့နည်းသော်လည်း တစ်ဖက်နိုင်ငံမှ ဈေးေ ကာင်း ပေးဝယ်ယူလျက်ရှိပါတယ်။ မိမိဘက်မှတင်ပို့ငါး များကို တစ်ဖက်နိုင်ငံတွင် တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) ပြုလုပ်ပြီး ပြည်ပသို့ ပြန်လည် တင်ပို့တယ်လို့ သိရှိရပါတယ်။                 နကသ

Pages