Main menu

Background

Wednesday, 25 Jul 2012

    ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၀ကျော်၊ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၆ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၉၃၄ တန်ခန့် အပို့ရှိခဲ့ရာ ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၀၉၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၇၂၆ တန် အပို့ပိုခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုချင်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မြဝတီနယ်စပ်မှ ငါးမျိုးစုံ ၂၇ တန်ကျော်၊ ပုစွန် ၃ တန်ခန့်၊ ကဏန်း ၁၇ တန်ခန့်၊ ငါးရှဉ့် ၂ တန်၊ ဘီလား ၁ တန်နဲ့ ငပိ တန်ဝက်၊ ကော့သောင်းနယ်စပ်မှ ငါးမျိုးစုံ ၉၇ တန်ခန့်၊ ကဏန်းသုည ဒသမ ၈၈ တန်၊ ငါးဆားနယ် ၅ ဒသမ ၇၂၀ တန်၊ ငါးစီဖောင်း ၂ ဒသမ ၆၉၈ တန်၊ ကျောက်ပုစွန် သုည ဒသမ ၂၀၀ တန်၊ ကင်းမွန် သုညဒသမ ၂၄၀ တန်၊ မြိတ်နယ်စပ်မှ ငါးမျိုးစုံ ၁၁၉၈ တန်ခန့်၊ ရေငန်ပုစွန် ၁၆ တန်ခန့်၊ အေးခဲကင်းမွန် ၂၅ တန်ခန့်၊ ကင်းမွန်အသားလွှာ ၁၂ တန်၊ ကင်းမွန်ကောင်လုံးသန့် ၇ တန်ခန့်၊ ကင်းမွန်ခေါင်း ၆ ဒသမ ၅၆ တန်၊ ငါးမှုန့် တန် ၅၈၀၊ အေးခဲပုစွန် ၅၅ တန်၊ အေးခဲကဏန်းပျော့ တန် ၃၀ ကျော်၊ အေးခဲကဏန်းနီ သုည ဒသမ ၇၉၂ တန်နဲ့ ကဏန်းအသေး (အသေ) ၄ တန်ကျော် ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

Wednesday, 25 Jul 2012

    မြဝတီကုန်သွယ်ရေးဇုန်သို့ မြန်မာပြည်အရပ်ရပ်မှ ဆန်ကွဲများဝင်ရောက်ပြီး ထိုင်းနိုင်ငံသို့စံချိန်တင် တင်ပို့လျက် ရှိပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလတွင် ၃၃၆ တန်၊ ကန်ဒေါ်လာသုည ဒသမ ၁၀၄သန်း၊ မေတွင် ၄၉၆၀ တန်၊ ကန်ဒေါ်လာ ၁ ဒသမ ၄၉၄ သန်း၊ ဇွန်လတွင် ၁၀၃၈၁ တန်၊ ကန်ဒေါ်လာ ၃ ဒသမ ၁၁၄ သန်းဖိုး အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအနေဖြင့် ဒုတိယအပတ်အထိ ၁၄၈၃ တန်၊ ကန်ဒေါ်လာသုည ဒသမ ၄၄၅ သန်းတင်ပို့ပြီး ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်မှု စရိတ် အနည်းငယ်ကျဆင်းလာပြီး တစ်ဖက်ဝယ်လိုအားရှိနေဆဲဖြစ်၍ မိမိဘက်မှ အပြိုင်တင်ပို့လျက်ရှိပါတယ်။ အများဆုံး တင်ပို့လျက်ရှိသည့် B 2,3,4 အမျိုးအစား ဆန်ကွဲလိုင်စင်ခွင့်ပြုဈေးနှုန်းမှာ တစ်တန်လျှင်ကန်ဒေါ်လာ ၃၀၀ ဖြစ်ပြီး B 1,2 အမျိုးအစား ဆန်ကွဲ လိုင်စင်ခွင့်ပြုဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၃၄၀ ဖြစ်ကြောင်းနဲ့ တစ်ဖက် နိုင်ငံမဲဆောက်မှာ တစ်ကီလို ၁၁ ဘတ်မှ ၁၂ ဘတ်အထိ အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါတယ်။နကသ

Wednesday, 25 Jul 2012

    ဟင်္သာတမြို့နယ်ရှိ ဧရာရွှေဟင်္သာတဆန်စပါးအထူးပြုကုမ္ပဏီမှ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နဲ့ တောင်သူတစ်ဦးချင်း ဝင်ငွေများတိုးတက်လာစေဖို့ အဆင့်မြင့် ပုလဲသွယ် မျိုးစပါးများ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ တစ်ဧကကို ၂ တင်းနှုန်းဖြင့် ဧက ၈၀၀ အတွက် တင်းပေါင်း ၁၆၀၀ ကို ဖြန့်ဖြူးပေးပြီးကြောင်းနဲ့ စိုက်ပျိုးချိန်မှာ လိုအပ်တဲ့ စိုက်ပျိုးစရိတ်၊ မျိုးစပါး၊ သွင်းအားစု၊ ဓာတ်မြေသြဇာ များကိုလည်း တစ်ဧကကို ကျပ်တစ်သိန်းနှုန်းနဲ့ ဧက ၈၀၀ အတွက် ကျပ်သိန်းပေါင်း ၈၀၀ အား ဇူလိုင် ၁၅ ရက်အထိ ထုတ်ချေးပြီးကြောင်း သိရပါတယ်။အေးအေးခိုင်

Wednesday, 18 Jul 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့မြိတ်နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၁ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၃၆၄ တန်ခန့်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၂၀၀ ကျော်အပို့ပိုခဲ့ ပါတယ်။

Wednesday, 18 Jul 2012

    ကုန်သည်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် ဖြေလျော့ပေးနေပါတယ်။ Automatic Licensing စနစ်ကို ဇွန် ၁၂ ရက်ကစပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကျင့်သုံးခွင့်ရရှိနေပြီ ဖြစ်ပါတယ်။ Automatic Licensing  စနစ်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ အာဆီယံသဘောတူညီချက်များအရ ကျင့်သုံးခြင်းဖြစ် သော်လည်း သဘောသဘာဝကို ဂဃနဏမသိဘဲ အချို့ကုန်သည်လုပ်ငန်းရှင် များက Automatic Licensing  ဟာ လိုင်စင်လျှောက်စရာမလိုတော့ဘူးဆိုပြီး လွဲမှား ပြောကြားနေကြပါ တယ်။

Wednesday, 18 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၁၃၃၀ ကျော်ကို ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်ကအ ပို့မရှိခဲ့တဲ့ ကြောင်လျှာစေ့၊ မန်ကျည်းမှည့် (အစေ့ပါ)၊ ဖန်ခါးသီးခြောက်၊ နနွင်းခေါင်း၊ တောဖျင်း၊ စမုံနက်၊ ချင်းခြောက်၊ ကွမ်းသီးခွံ၊ အုံတုံခေါက်၊ ဂမုန်း၊ ရှားစေးနဲ့ မုတ်ခါးတို့ အပို့ရှိခဲ့ပါတယ်။

Wednesday, 18 Jul 2012

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ထဲသို့ ယခုအပတ်မှာ အဝင်များတဲ့ လယ်ယာထွက်ကုန်တွေက ဆန်နဲ့ ပြောင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကျနေတဲ့အတွက် ကုန်တက်နဲတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၅၉ သန်းတန်ဖိုးရှိ ဆန် ၉၀၂၆ တန်နဲ့ကန်ဒေါ်လာ သုည ဒသမ ၂၃၀ သန်းတန်ဖိုးရှိဆန်ကွဲ   ၇၄၄ တန်ခန့်အပို့ ရှိခဲ့ ပါတယ်။

Wednesday, 18 Jul 2012

    LC/ TT နဲ့ ဘဏ်ငွေစာရင်းမဖွင့်နိုင်သော ဒေသခံကုန်သည်ငယ်များအနေနဲ့ တင်ပို့တင်သွင်းနိုင်ရန် ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်မှုနည်းလမ်းနဲ့ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်ရာ မှာ နိုင်ငံတော်မှရသင့်ရထိုက်တဲ့ အခွန်အခများမရရှိတဲ့အပြင် ကုန်သွယ်မှု ပမာဏထိခိုက်ကျဆင်းမှု များရှိလာတာကို တွေ့ရှိရတဲ့ အတွက် ပို့ကုန်သွင်းကုန်ပစ္စည်းများကို နှစ်နိုင်ငံငွေကြေးနဲ့ ဆောင်ရွက်နိုင်ရေး ငွေကြေးဆိုင်ရာမူဝါဒ လုပ်ထုံးလုပ်နည်း ညှိနှိုင်း အစည်းအဝေးမှာ တင်ပြညှိနှိုင်းဆွေးနွေးနိုင်ခဲ့တဲ့ အတွက် ယခုအခါသွင်းကုန်ပစ္စည်းအမယ် ၁၆၀ ကျော် ပို့ကုန်ပစ္စည်း ၁၃၅ မျိုးခန့်ကို နှစ်နိုင်ငံငွေကြေးသို့မဟုတ် LC (Letter of Credit)/ TT (Telegraphic Transfer)  ကြိုက်နှစ်သက်ရာစနစ်နဲ့ လိုင်စင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Sunday, 8 Jul 2012

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၈ သန်း တန်ဖိုးရှိ အုန်းသီး ၃၇ တန်ကျော်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလ အတွင်းမှာ တင်ပို့မှုရှိတာကို တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ်အတွက် ကနဦးတင်ပို့မှု ရှိတာလို့ သိရပါတယ်။MIRT(DOBT)

Sunday, 8 Jul 2012

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၇ တန် နီးပါးအသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် နှစ်ဆနီးပါး အသွင်းပိုခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်တင်သွင်းတဲ့ ပရဆေးကုန်ကြမ်းတွေကတော့ တောင်လုံး ကျော် ၄ ဒသမ ၆ တန်၊ ရှိန်းခို ၁ ဒသမ ၄၅ တန်နဲ့ ဇာတိပ္ဖိုလ်သီး သုည ဒသမ ၉ တန် ဖြစ်ပါတယ်။

Pages