Background
ရာသီဥတုပူပြင်းတဲ့နွေရာသီမှာ ခန္ဓာကိုယ်ထဲကဆားတွေ ချွေးနဲ့အတူပါပြီး လျော့နည်းသွားတတ်တာ သဘာဝပါပဲ။ ဒီလျော့နည်းသွားတဲ့ ဆားဓာတ်တွေပြန် လည် ဖြည့်တင်းနိုင်ဖို့အတွက် ဓာတ်ဆားထုပ်များကို အများသူငှါ မှီဝဲသောက်သုံးနေ ကြပါတယ်။
မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၆၅ တန်ခန့်ကို နယ်စပ်စခန်းများမှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂ တန်ခန့်သာ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်နယ်စပ်အလိုက် တင်ပို့ နိုင်မှုတွေကတော့ မြဝတီမှ ၁၁၃ တန်ခန့်၊ စစ်တွေမှ ၄ တန်နဲ့ တမူးမှ ၄၈ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)
မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းတန်ဖိုးရှိ ဆန် ၁၃၂၆၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ဆန် တန် ၂၇၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ တရုတ်နယ်စပ်မှ ရေထွက်ကုန်များဖြစ်တဲ့ ငါးရှဉ့် ၁၀၃ တန်၊ ကဏန်း ၁၃၁ တန်ကျော်နဲ့ ရေခဲငါးမျိုးစုံ ၉၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၉၇၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၃၆ တန်၊ ကဏန်း ၃၄ တန်နဲ့ ရေခဲငါး ၁၀ တန် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေ ကတော့ မူဆယ်မှ ငါးရှဉ့် ၃၇ တန်ခန့်၊ ကဏန်း ၁၂၇ တန်နဲ့ ရေခဲငါး ၉၄ တန်၊ ချင်းရွှေဟော်မှ ငါးရှဉ့် ၆၆ တန်နဲ့ ဂဏန်း အရှင် ၄ တန်တို့ဖြစ်ပါတယ်။MIRT(DOBT)
မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ် လာ ၂ ဒသမ ၅၁၃ သန်းဖိုးတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၅၁၀ တန်ခန့် မူဆယ်မှအပို့ရှိခဲ့ပြီး ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၃ ဒသမ ၄၅ တန်ကို တမူးနယ်စပ်မှ အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ် က တောင်လုံးကျော် တန်ဝက်သာ အသွင်းရှိခဲ့တာမို့ ယခု အပတ်မှာ ၂ ဒသမ ၉၅ တန် ပိုမို တင်သွင်းခဲ့ပါတယ်။
မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ် ကုန်သွယ်ရေးမှ သစ်တော ထွက်ကုန်များဖြစ်တဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဝါးကြီး တန် ၁၃၀ ကျော်နဲ့ ကန်ဒေါ်လာ ၈၀ တန်ဖိုးရှိ ဓနိ ၁ ဒသမ ၉ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၁ သန်းတန်ဖိုးရှိ ကြိမ် ၁၁၂ တန်ကိုလည်း အပို့ရှိခဲ့ရာ ယခုအပတ်မှာ သစ်တောထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ သုညဒသမ ၀၉၁ သန်းဖိုး နိုင်ငံခြားငွေရှာဖွေနိုင်ခဲ့ပါတယ်။ MIRT(DOBT)
မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ ထိုင်း နယ်စပ်မှကန်ဒေါ်လာ ၂ ဒသမ ၂၅၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၃၃၅၇ ဒသမ ၇၃၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈၆ တန်ကျော်၊ ပုစွန် ၇ တန်ကျော်နဲ့ ဂဏန်း ၂၂ တန်ခန့်၊ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၉၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၄၆၅ တန်၊ ဂဏန်း ၄ တန်ခန့်၊ ကင်းမွန် သုည ဒသမ ၄ တန်၊ ငါးစည်ဖောင်း ၅ တန် ကျော်၊ ငါးဆားနယ် ၄ ဒသမ ၄ တန်နဲ့ ပဂဲ သုညဒသမ ၈၀ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၅၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၇၁၉ တန်၊ ရေငန်ပုစွန် ၂၃ တန်ခန့်နဲ့ ငါးမှုန့် တန် ၂၀ ကျော် တင်ပု့ိခဲ့တာဖြစ်ပါတယ်။ယခင်အပတ်ကထက် မြိတ်မှ ၃၄၃ တန်အပို့လျော့ခဲ့သော်လည်း ကော့သောင်းမှ ၁၂၇၇ တန် အပု့ိပိုခဲ့တဲ့အတွက် စုစုပေါင်း တန် ၉၀၀ ကျော် အပို့ပိုတာဖြစ်ပါတယ်။ MIRT(DOBT)
မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၅၁၅ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် ၂၇၅ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၁၈ တန်ဝန်းကျင် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မန်ကျည်းမှည့် (အစေ့ပါ)သာ အပို့ရှိခဲ့ တာဖြစ်ပေမယ့် ယခုအပတ်မှာ အာလူး ၁၂ တန်၊ ချင်းခြောက် ၂ တန်ကျော်၊ မန်ကျည်းမှည့် ၁၅ တန်ကျော်၊ ကွမ်းသီး ၁၁၂ တန်၊ နနွင်းတက် ၉၂ တန်ခန့်၊ ဆေးရွက်ကြီး ၂၆ တန်ခန့်နဲ့ သီဟိုဠ်စေ့ ၁၅ တန် အပို့ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၅၇ သန်း တန်ဖိုးရှိ ကွမ်းသီးခြောက် ၁၄၃ တန်ကျော် ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)
မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၆၀၉ သန်းတန်ဖိုးရှိ ဆန် ၁၀၅၄၁ ဒသမ ၀၄၇ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် မှ ဧည့်မထ ၅၇၂၉ တန်နဲ့ ငစိန် ၃၈၉၉ တန်၊ လွယ်ဂျယ် မှ ၉၁၃ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၁၁၃ တန်ခန့် အပို့ပိုခဲ့တာဖြစ်ပါတယ်။MIRT(DOBT)