Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၉၆၆ တန်ကျော်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ရာယခင်အပတ်ကထက် တန် ၂၀၀ ကျော် အပို့ပိုခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပို့ကုန်တွေကတော့ ငါးမျိုးစုံ ၁၈၂၆ တန်ကျော်၊ ရေငန်ပုစွန် ၂၂ တန်ခန့်၊ ငါးမှုန့် ၁၁၁ တန်ကျော်နဲ့ ကဏန်း အသေး (အသေ) ၇ တန်ခန့် ဖြစ်ပါတယ်။
မေ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်း ရွှေဟော်စတဲ့ မြန်မာ-တရုတ် နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ ၄ ဒသမ ၃၃၀ သန်းတန်ဖိုးရှိ ဆန် ၁၀၄၃၅ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါ တယ်။ နယ်စပ်အလိုက် ဆန်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ဆန် ၈၀၆၆ တန် ခန့်နဲ့ ဆန်ကွဲ ၅၄၇ တန်ကျော်၊ လွယ်ဂျယ်မှ ၄၂၆ တန်နဲ့ ချင်းရွှေဟော်မှ ၁၃၉၆ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ စခန်း ၃ ခုလုံးမှ ဆန်တင်ပို့မှု လျော့နည်းခဲ့တာဖြစ်ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၈၂၆ တန် လျော့နည်းခဲ့တယ် လို့ သိရပါတယ်။MIRT (DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ လယ်ယာ ထွက်ကုန် ၃၃၆ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၉ တန်ကျော် အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မြဝတီနယ်စပ်မှ တင်ပို့တဲ့လယ်ယာထွက်ကုန်တွေကတော့ ကန်ဒေါ်လာ သုည ဒသမ ၄၄၈ သန်းတန်ဖိုးရှိ ဘိုကိတ်ပဲ ၃၆ တန်၊ ပဲလွန်းဖြူ ၁၅တန်၊အာလူး ၅၇ တန်ကျော်၊ ဂျင်းခြောက် ၆ တန် ကျော်၊မန်ကျည်းမှည့် (အစေ့ပါ)၂၄ တန်၊ကွမ်းသီး ၃၉ တန်ခန့်၊ နနွင်း တက် ၉၇ တန်၊ ဆေးရွက်ကြီး ၁၉ တန် ခွဲ၊ သီဟိုဠ်စေ့ ၁၃ တန်ခန့်၊ သခွားမွှေး ၁၀ တန်နဲ့ သရက်သီး ၁၀ တန် အသီးသီး ဖြစ်ပါတယ်။
မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၅၉ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၂ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၈၃၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၈၀ ကျော် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြိမ် ၉၁ တန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကြိမ် ၅ တန်နဲ့ သစ်ခေါက် ၅ တန် စုစုပေါင်းတန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုညဒသမ ၀၇ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဝါးကြီးနဲ့ ဓနိများ အပို့ရှိခဲ့တာဖြစ်ပြီး ယခုအပတ်မှာ ကြိမ်နဲ့ သစ်ခေါက် သာ အပို့ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)
မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၂၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၉၃၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၄၃၀ ခန့် အပို့ပို ခဲ့ပါတယ်။ တမူး နယ်စပ်မှလည်း တောင်လုံးကျော် ၄ တန်အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက်သုည ဒသမ ၅၅ တန် အသွင်းပိုခဲ့တဲ့ အတွက် ယခုအပတ်နယ်စပ်မှ ပရဆေးကုန်သွယ်မှု ပိုမိုလာခဲ့ပါတယ်။
မြန်မာထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဧပြီလနောက်ဆုံးပတ်မှာတစ်ဘက်ထိုင်းနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းတန်ဖိုး ရှိ ကောက်ညှင်းစပါးတန် ၅၀၀ စတင် တင်ပို့ခဲ့ပြီး ယခု မေလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကောက်ညှင်း စပါး တန် ၁၀၀၀ ထပ်မံတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ တာချီလိတ်နယ်စပ်မှတင်ပို့တဲ့ ကောက်ညှင်းစပါးများဟာ မိုင်းယောင်းမြို့နယ် ထွက်ရှိမှုမှ ပိုလျှံတဲ့ ကောက်ညှင်း စပါးများဖြစ်တယ်လို့သိရပါတယ်။
မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၄၆၉ ဒသမ ၉၂၅ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ တိရစ္ဆာန်ထွက်ပစ္စည်း ၃ တန်ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား ၂၄ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။MIRT (DOBT)
မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၀ သန်းတန်ဖိုးရှိ ဖရဲသီး ၁၃၇၁ တန် မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၁၆၃၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ရာသီချိန်ကုန်ပြီ ဖြစ်တဲ့ သခွားမွှေးကိုတော့ ၁၇ တန်ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၂၀ သန်းတန်ဖိုးရှိ သရက်သီး ၃၇၉၁ ဒသမ ၅ တန်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ အပို့ရှိခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ ၂၄၆၅ တန်ကျော်အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်တင်ပို့မှု မှာ ဧပြီလတစ်လလုံးတင်ပို့မှုထက်ကျော်လွန်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။