Background
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ကန်ဒေါ် လာ သုည ဒသမ ၂၀၈ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၉၃ တန်ခန့် တင်ပို့ခဲ့ရာမှာ ရိဒ်မှ တန် ၁၈၀၊ မြဝတီမှ ၇ တန်နှင့် တမူးမှ ၆ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၈၄ တန်ကျော် အပို့ရှိခဲ့တာမို့ သိသိသာသာပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ အေးခဲအမဲသား ၄၁၂ တန်ကျော်၊ ကျွဲနွားသားရေ ၂၄၈ တန်ကျော်၊ နွားဘေးထွက် ၈၂ တန်ကျော်၊ အေးခဲကျွဲနှလုံးလေပြွန် (Frozen Beef heart pipe တန် ၈၀ ကျော်ကို တစ်ဘက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဇွန်လ ၆ ရက်မှ ၁၂ ရက် ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၆၉၄၅ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၈၆၀၀၊ ကန်ဒေါ်လာ သုညဒသမ ၁၀၀ သန်း တန်ဖိုးရှိ ဆန်ကွဲ ၃၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၁ သန်းတန်ဖိုးရှိ ဆန် ၂၄၂ တန် အပို့ရှိခဲ့တယ် လို့ သိရပါတယ်။ တာချီလိတ်နယ်စပ်မှ မိုင်းယောင်းဒေသ ထွက် ကန်ဒေါ်လာ သုညဒသမ ၁၃၂သန်းတန်ဖိုးရှိ ကောက် ညှင်း စပါး တန် ၅၀၀ လည်း ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။MIRT(DOBT)
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၄ သန်း တန်ဖိုးရှိတဲ့ မော်တော်ဆိုင်ကယ်အသစ် အစီး ၃၅၅၅ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၇၁၀ သန်းတန်ဖိုးရှိသုံးဘီးဆိုင်ကယ်အသစ် ၅၄၁ စီးကို တင်သွင်းလာတာ တွေ့ရပါတယ်။
စင်ကာပူနိုင်ငံနဲ့ မန္တလေးတိုင်းဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ဆီဒိုးနားဟိုတယ် အမရပူရခန်းမမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြု လုပ်ခဲ့ပါတယ်။
မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တစ်နေ့ ပျမ်းမျှသရက်သီးဖာ ၂၀၀၀၀ ဝန်းကျင်အဝင်ရှိနေတယ် လို့သိရပါတယ်။ အိတ်စွပ်သရက်တွေဈေးကောင်းရနေ တယ်လို့သိရပါတယ်။ အိတ်စွပ် စိန်တလုံး ၁၅ ကီလိုဂရမ်ပါ ၁ ဖာကို ယွမ် ၁၁၀ နဲ့ ရွှေဟင်္သာကို ၁၁၁ ယွမ်ဝန်းကျင် ဈေးပေးပါတယ်။ အိတ်မစွပ်ရင်တော့ စိန်တလုံး တစ်ဖာ ယွမ် ၉၀ မှ ၁၀၀ ရပြီးရွှေဟင်္သာ တစ်ဖာကိုယွမ် ၃၀ မှ ၄၀ သာရတယ်လို့သိရပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းတန်ဖိုးရှိ သရက်သီးတန်ချိန် ၆၆၅၀ နီးပါးအပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ သရက်သီးတန် ၅၈၀၀ ကျော်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၈၅၀ ခန့်တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိပေမဲ့ ယခုအပတ်မှာ သရက်ပြားခြောက် ၁၂ တန်ခန့် ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းဖိုးအပို့ရှိခဲ့ တယ် လို့လည်း သိရပါတယ်။ MIRT(DOBT)
တရားဝင်တင်သွင်းခွင့်ပြုပါက တရားမဝင်တင်သွင်းနေမှုများပပျောက်ပြီး ပုံမှန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိကာကုန်သွယ်မှုပမာဏတိုးလာစေရန်၊ နိုင်ငံတော်အနေနဲ့လည်း အခွန်အခများ ပိုမိုရရှိလာနိုင်ေ စပြီး ပြည်တွင်းဈေးကွက် ဝယ်လိုအား ဖြည့်တင်းပေးနိုင်ရန်အတွက် အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူး (အသားနဲ့ အသီးစုံ)၊ ခေါက်ဆွဲခြောက်အမျိုးမျိုးကို နယ်စပ်မှ တင်သွင်းခွင့်အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကစပြီး ခွင့်ပြုခဲ့ပေးပြီးဖြစ်ပါတယ်။ ထိုသို့ ခွင့်ပြုပေးလိုက်ပြီးနောက် နယ်စပ်မှအများဆုံး တင်သွင်းတာ ကတော့ အချို မှုန့် ဖြစ်ပြီး တရုတ်မျက်နှာစာရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်း တို့က ဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မေလအတွင်းမှာ သတ္တုတွင်းထွက်ပစ္စည်း ကန်ဒေါ်လာ ၁၂၇ သန်း ကျော်ဖိုးတင်ပို့နိုင်ခဲ့ပြီး၊ အနီးစပ်ဆုံးကာလထက် ကန်ဒေါ် လာ ၄၄ သန်းကျော်ဖိုးနဲ့ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၄၈ သန်းကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပိုမိုရခြင်းမှာ လေလံ အောင်ကျောက်စိမ်းအရိုင်း များ တင်ပို့နိုင်ခြင်း၊ ကျောက်စိမ်း၊ ကျောက်မျက်အချော ထည်များ၊ သလင်းကျောက်အကျိုးအကြေများ တင်ပို့မှုပိုမိုခဲ့၍ ဖြစ်ပါတယ်။ မေမှာ တင်ပို့ခဲ့တဲ့ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များကတော့ -
မေ ၃၀ ရက်မှ ဇွန် ၅ ရက်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၉၁ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၅၅ တန်ကျော် အပို့ ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၀ အပို့ ပိုခဲ့တာဖြစ်ပါ တယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၂၅ တန်ကျော် တင်ပိ့ုနိုင်ခဲ့ပါသေး တယ်။ မူဆယ်နယ်စပ်မှ အေးခဲအမဲသားအပြင် ကန်ဒေါ်လာ သုည ဒသမ ၁၅၉ သန်းတန်ဖိုးရှိ အမဲသားခြောက် ၃၅ တန် ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ ကျွဲနွား သားရေ ၉၁ တန် အပို့ရှိခဲ့သလို ချင်းရွှေဟော်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ နွားဘေးထွက် ၆ ဒသမ ၃၆ တန်လည်း တင်ပို့နိုင်ခဲ့ပါသေးတယ်လို့ သတင်း ရရှိပါတယ်။ MIRT(DOBT)
မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၃၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ ယခင်အပတ်ထက် သိသိသာသာ လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈ တန်ကျော်၊ ပုစွန် ၅ တန်ခန့်၊ ကဏန်း ၂၅ တန်ခန့်၊ ငါးရှဉ့် ၂ တန်ကျော်နဲ့ ဘီလား ၁ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးမျိုးစုံနဲ့ ပုစွန်အပို့လျော့ခဲ့ပြီး ကဏန်းအပု့ိပိုကာ ယခင်အပတ်ကအပို့မရှိခဲ့တဲ့ ငါးရှဉ့်နဲ့ ဘီလားအပို့ရှိခဲ့ပေမယ့် ယခင် အပတ်ရေထွက်ကုန်ထက် ၉၄ တန် အပို့လျော့နည်းခဲ့ပါတယ်။