Main menu

Background

Tuesday, 7 Jun 2011

ကုန်သွယ်ရေးနှင့် သမဝါယမဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး မုံရွာကုန်စည်ဒိုင်အသင်းဝင်များနဲ့ တွေ့ဆုံ              ကုန်သွယ်ရေးနှင့်သမဝါယမဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီး ဦးစိန်မောင်းသည် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးမြင့်စိုးနှင့် အတူ ဇွန်လ ၂ ရက် နံနက် ၁၁း၃ဝ က မုံရွာ ကုန်စည်ဒိုင်သို့ ရောက်ရှိလာပြီး ကုန်စည်ဒိုင် အတွင်း အသင်းဝင်ကုန်သည်ပွဲစားနဲ့ စက်ပိုင်တို့ရဲ့ ပဲနမူနာနှင့် တကွ ခင်းကျင်းရောင်းဝယ်နေကြသည် ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး လုပ်ငန်းရှင်များနဲ့ ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။      ဆက်လက်၍ဝန်ကြီးနှင့် တိုင်းဒေသကြီး မန်နေဂျာ တို့ဟာ မုံရွာကုန်စည်ဒိုင် အစည်းအဝေး ခန်းမ၌ ကုန်စည်ဒိုင် အလုပ်အမှုဆောင်ကော်မတီဝင်များနဲ့ တွေ့ဆုံပြီး ပဲမျိုးစုံနဲ့ ကုန်စည်စီးဆင်းမှု အခြေအနေများ၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ကိစ္စရပ် များနဲ့ စပ်လျဉ်း၍ လုပ်ငန်းရှင်များရဲ့ အတွေ့ အကြုံနဲ့ အခက်အခဲများကို မေးမြန်း၍ ကော်မတီ ဝင်များရဲ့ တင်ပြချက်များအပေါ် ဝန်ကြီးနဲ့ တိုင်း ဒေသကြီး မန်နေဂျာတို့မှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Wednesday, 20 Oct 2010

 ဒုတိယ သုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား      ၂ဝ၁ဝ ခုနှစ် ဒုတိယသုံးလပတ်ကာလတွင် တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ယခင် နှစ်ထက် ၁ဝ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃၃၇ ထရီလီယံ ရှိလာ ကြောင်း၊ ဂျပန်နိုင်ငံရဲ့ စီးပွားရေးက ၂ ရာခိုင်နှုန်း သာတိုးတက်ခဲ့ကြောင်း၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈၈ ထရီလီယံရှိခဲ့တာကြောင့် တရုတ်နိုင်ငံက ကမ္တာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်လာကြောင်း ဖော်ပြခဲ့ပါတယ်။       လတ်တလောတွင် အမေရိကန်နိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၄ ထရီလီယံရှိပြီး ကမ္ဘာ့စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ် တည်နေမှာဖြစ်သော်လည်း တရုတ်နိုင်ငံက လက်ရှိ စီးပွားရေးတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်း ထားနိုင်မယ်ဆိုပါက လာမယ့် ၂ဝ၂၇ ခုနှစ်တွင် အမေရိကန်နိုင်ငံကို ကျော်တက်သွားနိုင်မှာ ဖြစ်ပါတယ်။         တကယ်လို့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ဆက်လက်ကျဆင်းနေမယ်ဆိုရင် ၂ဝ၂ဝ ခုနှစ်မှာ ပင် တရုတ်နိုင်ငံမှ ကျော်တက်သွားနိုင်မဲ့ အနေ အထားရှိပါတယ်။ တရုတ်နိုင်ငံက ကွန်မြူစနစ်မှ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တဲ့ ၁၉၇၈ ခုနှစ်မှ ယနေ့အထိ စီးပွားရေးတိုးတက်မှုက အဆ ၉ဝ ကျော်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။ Source: ပြည်ထောင်စုမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး ဟောင်ကောင်မြို့ 

Wednesday, 20 Oct 2010

 သြစတြေးလျ-ဂျပန် FTA ဆွေးနွေးမှုများ ပြန်လည်စတင်ဖွယ်ရှိ     ဂျပန်နိုင်ငံက ရပ်နားထားတဲ့ သြစတြေးလျ-ဂျပန် ကုန်သွယ်မှုသဘောတူညီချက် ဆွေးနွေးပွဲများကို ပြန်လည်ပြုလုပ်သွားဖို့ရှိကြောင်း၊ သြစတြေးလျ-ဂျပန် စီးပွားရေးစြင်္ကံ နှီးနှောဖလှယ်ပွဲကာလအတွင်း ၎င်းမျှော်လင့်ချက် ရောင်ခြည်သန်းလာခြင်းဖြစ်ကြောင်း ထုတ် ဖော်ပြောခဲ့ပါတယ်။        ဂျပန်အစိုးရက နိုဝင်ဘာလ ၁၃ ရက်တွင် ယိုကိုဟားမားမှာပြုလုပ်မယ့် အေပက်ခေါင်း ဆောင်များရဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ ကြေညာချက်ထုတ်ပြန်သွာဖို့ရှိကြောင်း သိရပါ တယ်။       သြစတြေးလျ-ဂျပန် FTA  အတွက် ဖြစ်နိုင်ချေရှိတဲ့ လေ့လာမှုများကို လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက စတင်ခဲ့ကြပြီး အပြည့်အဝဆွေးနွေးပွဲများကို ၂ဝဝ၇ ခုနှစ် ဧပြီလတွင် စတင်ခဲ့ ကြသော်လည်း စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဈေးကွက်ဖွင့်ပေးဖို့ ဂျပန်နိုင်ငံမှ တွေဝေနေ မှုများ ရှိခဲ့ပါတယ်။         ဂျပန်နိုင်ငံတွင် ဒီမိုကရက်တစ်ပါတီ အာဏာရရှိလာပြီးနောက် စိုက်ပျိုးရေးထွက်ကုန် များ တင်သွင်းမှုအပေါ် အကောက်ခွန်နဲ့တားမြစ်ခြင်းအစား လယ်သမားများကို ထောက်ပံ့ ပေးခြင်းက ပိုမိုသင့်တော်ကာ သြစတြေးလျနိုင်ငံ ဖက်တွင်လည်း မော်တော်ယာဉ်တင်သွင်း ခြင်းနဲ့စပ်လျဉ်းပြီး ကာကွယ်မှုရှိလျက်ပင်ဖြစ်ပါတယ်။     ယခုအခါ နှစ်ဖက်နိုင်ငံများက လွတ်လပ်တဲ့ကုန်သွယ်မှုသဘောတူညီချက် အကောင် အထည်ဖော်နိုင်ရေးအတွက် စိတ်အားထက်သန်စွာရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။                              Source:The Australian, ရွှေစင်ကို

Wednesday, 20 Oct 2010

 ဗြိတိသျှကောင်စီမှ နာရီ ၆ဝဝ ကျော်ပါ အင်္ဂလိပ်စာသင်ခန်းစာများ Online  မှ အခမဲ့ဖြန့်ဝေပေး    အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် နာရီပေါင်း ၆ဝဝ ကျော်ရှိ အပြန်အလှန်တုန့်ပြန်သင်ကြားမှုပါ အင်္ဂလိပ်စာ သင်ခန်းစာများကို ဗြိတိသျှကောင်စီ၏ အင်တာနက်ပေါ် တွင် အောက်တိုဘာလ ပထမပတ်မှ စတင်ဖြန့်ဝေလိုက် ကြောင်း သိရသည်။     အင်္ဂလိပ်စာ သင်ခန်းစာများတွင်  Intermediate  မှ Upper- Intermediate  အဆင့်အထိ လေ့လာသင်ယူနိုင် သော သင်ခန်းစာခြောက်ခုပါဝင်ပြီး နိုင်ငံတကာအသိအမှတ် ပြု အင်္ဂလိပ်စာ စာမေးပွဲများဖြစ်သည့် ESL, ESOL, IELTS  နှင့်TOEFL ဖြေဆိုရန်လိုအပ်သူများ ဝင်ရောက်လေ့ကျင့် အသုံးပြုနိုင်ကြောင်း သိရသည်။  ယင်းသင်ခန်းစာတိုင်းတွင် Native Speaker များနှင့်အပြန်အလှန် အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဆက်ဆံလျှင် လက်တွေ့ကြုံရမည့် အခြေအနေများနှင့်အတူ သင်ယူသူ၏ နားလည်တတ်မြောက်မှုကို စစ်ဆေးပေးသော လေ့ကျင့်ခန်း လည်းပါဝင်ပြီး ၎င်းဝက်ဘ်ဆိုက်ရှိ စကားဝိုင်းများတွင် ပါဝင် ဆွေးနွေးနိုင်ကြောင်း သိရသည်။        အဆိုပါ သင်ခန်းစာများကိုBritish Council Online English Suite  ဟု အမည်ပေးထားပြီး ဝင်ရောက်အသုံးပြု လိုပါက http://alison.com/publishers.pnp၊ puplisher =british %20council တွင် ဝင်ရောက်လေ့လာနိုင် ကြောင်း သိရသည်။                                                                                                                                       မင်းသန့််

Wednesday, 20 Oct 2010

Kaplan Higher Education ရဲ့ Foundation Studies များကို အချိန်ပြည့်အနေဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်မည်        သြစတြေးလျနိုင်ငံရှိ University of Adelaide, Bradford College or Foundation Studies  များကို စင်ကာပူနိုင်ငံရှိ Kaplan Higher Education  တွင် အချိန် ပြည့်အနေဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့် လှစ်သင်ကြားတော့မည်ဖြစ်ကြောင်းMyanmar Search International (MSI)  မှ သိရသည်။          ''Bachelor  ဘွဲ့ကို တက်ရောက်ရယူလိုတဲ့ ကျောင်း သား၊ ကျောင်းသူတွေက သက်ဆိုင်ရာကျောင်းတွေရဲ့ ပို့ချတဲ့ ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်ပါတယ်။ မာစတာဘွဲ့ အနေနဲ့ University College Dublin (UCD) က Master of Science ဘာသာရပ်ကို Finance  ပိုင်းနဲ့ Management  ဆိုပြီး နစ်မျိုးခွဲခြားသင်ယူနိုင်ပါတယ်။ ကျောင်းဖွင့်ချိန် ကာလကတော့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကွာခြားမှာ ဖြစ်ပါတယ်။ Kaplan မှာ ယခုသင်ကြားပို့ချတဲ့ ဒီပလိုမာ မျိုးကို ရှေ့လနိုဝင်ဘာတွင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ UCD ကနေMaster  ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက EPEC  ကို လျှောက်ထားနိုင်ပါတယ်''ဟုMSI မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောသည်။           အဆိုပါ Higher Education တွင် သင်ယူနိုင်သော ဒီပလိုမာဘာသာရပ်များမှာ Proficiency Business English Prpgram (PBEP), Hospitality & Tourism Management, Financial Management, Business Administration, Logistics & Supply Chain Management, Marketing Management, Information Technology, Banking, Securities နှင့် Investment Managemen တို့ဖြစ်ပြီး ယင်း  Kaplan  နှင့်ပတ်သက်၍ အသေးစိတ်သိရှိ လိုပါကလည်း MSI ဖုန်း-၃၈၉၉၁၅၊ ၂၅ဝ၉၂၉၊ ဝ၉- ၅၁ဝ၃၉၁၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။                                                                                                                              မင်းသန့််

Wednesday, 20 Oct 2010

 Singapore Maritime Institute (MI) တွင် နိုင်ငံတကာ ကျောင်းသူများ လက်ခံသွားရန်ရှိ      စင်ကာပူနိုင်ငံ၏ ကြီးထွားလာနေ သော ပင်လယ်ရေကြောင်းဆိုင်ရာ နယ် ပယ်ကဏ္ဍအသီးသီးကို အထောက် အကူပြုစေရန် အသစ်ဖွဲ့စည်းမည့် Singapore Maritime Institute (MI) ကို မကြာခင် တွေ့မြင်ရဖွယ်ရှိ ပြီး ယင်းInstitute မှ နိုင်ငံတကာ ကျောင်းသားများကို လက်ခံသွားရန် အစီအစဉ်များလည်းရှိကြောင်း Crown Education မှ သိရသည်။        ''လောလောဆယ်မှာတော့ ပင် လယ်ရေကြောင်းနဲ့ပတ်သက်တဲ့ဘာသာ ရပ်တွေကို Singapore Polytechnic နဲ့ Nonyaung Technology University  မှာ သင်ကြားပို့ချပေးနေပါ တယ်။ နိုင်ငံတကာ ကျောင်းသားတွေ လျှောက်ထားတဲ့အခါမှာလည်း သူတို့ ပြည်တွင်းကကျောင်းသားတွေနဲ့ တော် တော် လေးယှဉ်ပြိုင် လျှောက်ထားရပါ တယ်။G to G  အစီအစဉ်နဲ့ ဝင်ခွင့်ရ သွားတဲ့ ကလေးတွေတော့ရှိပါတယ်။ ဒီအတိုင်း အပြင်ကလျှောက်ထားတဲ့ ကလေးတွေအတွက် နည်းနည်းဝင်ခွင့် ခက်ပါတယ်။      အခုအစီအစဉ် ပေါ်လာရင်တော့ ကျွန်တော်တို့ဆီက ဒီလိုပညာရပ်မျိုး သင်ယူနေတဲ့ကလေးတွေအတွက် လမ်း ကြောင်းတစ်ခုပွင့်လာဖို့ မျှော်လင့်ပါ တယ်''လို့ Crown Education မှ အတိုင်ပင်ခံအယ်ဒီတာ ဦးကျော်ဆန်း က ပြောကြားသည်။      ပညာရေးဆိုင်ရာ မူဝါဒများ၊ သုတေသနလုပ်ငန်းများအပြင် အဓိက အနေဖြင့် ဆိပ်ကမ်းများ၊ သင်္ဘောပို့ ဆောင်ရေးကဏ္ဍများ၊ ပင်လယ်ရေ ကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များနှင့် ပင်လယ်ကမ်းလွန်နှင့် ပင်လယ် ရေကြောင်းကဏ္ဍများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။                                                      မင်းသန့်

Wednesday, 20 Oct 2010

 နယူးဇီလန်နိုင်ငံတွင် ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများအကြောင်း ပညာရေးဆွေးနွေးပွဲကျင်းပမည်      နယူးဇီလန်နိုင်ငံရှိ University of Auckland  တွင် ပညာသင်ကြားနိုင် မည့် အခွင့်အလမ်းများအကြောင်း ပညာရေးဆွေးနွေးပွဲကို ကုန်သည်ကြီးများ ဟိုတယ်၌ အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း University of Auckland  မှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဖြိုးက ပြောကြားသည်။   ''နယူးဇီလန်နိုင်ငံမှာ ပညာသင်ကြားမယ်ဆိုရင် UK, USA, Australia နိုင်ငံတွေထက် ကုန်ကျစရိတ် သက်သာပြီးနယူးဇီလန်ပညာရေးကလည်း ဗြိတိသျှ စနစ်ကို အခြေခံထားတဲ့အတွက် ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာ အရည် အသွေး ပိုမိုတိုးတက်နိုင်ပါတယ်။ ဒါ့အပြင် နယူးဇီလန် တက္ကသိုလ်အတွက် Ranking  ပိုင်းမှာလည်း Time Higher Education Top 500, Shanghai Jiao Tong Top 500  တို့ ပါဝင်ပါတယ်''ဟု ဦးနေလင်းဖြိုးက ပြောသည်။      အဆိုပါပညာရေးဆွေးနွေးပွဲသို့ ကျောင်းသားတစ်ဦး တည်း(သို့)မိဘတစ်ဦး တည်း လာရောက်ခြင်းမျိုးမဖြစ်စေဘဲ ကျောင်းသားနှင့်မိဘနှစ်ဦးစလုံး လာ ရောက်ပေးပါရန် ဖိတ်ကြားထားကြောင်း၊ ယင်းဆွေးနွေးပွဲနှင့်ပတ်သက်၍လည်း Education Sepcialist နှင့် လာရောက်တွေ့ဆုံဆွေးနွေးနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါကလည်း ဖုန်း-၃၇၄၇၄၇၊ ၃၇၄၇၄၈၊ ဝ၉-၅၄၂၈၈၄၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။                                                                                                                                     မင်းသန့််

Thursday, 23 Sep 2010

 ကမ္ဘာ့စီးပွားရေးကျဆင်းမှု မပြီးသေး     ကမ္ဘာ့စီးပွားရေးကျဆင်းမှု မပြီးဆုံးသေးတဲ့အတွက် အိန္ဒိယနိုင်ငံဟာနိုးနိုးကြားကြားရှိနေရမယ်လို့ အိန္ဒိယဘဏ္ဍာ ရေးဝန်ကြီး ပရာနပ်မူကာဂျီက စက်တင်ဘာလ ၁၂ ရက်နေ့က ပြောပါတယ်။ ကမ္ဘာ့စီးပွားရေးအခြေအနေတွေကနေ အိန္ဒိယ နိုင်ငံ ကကင်းလွတ်ပြီး မနေနိုင်သေးတဲ့အတွက် အိန္ဒိယနိုင်ငံဟာ နိုးနိုးကြားကြားရှိနေရမယ်လို့ အနောက် ဘင်္ဂေါနယ်ဟူးဂလီ မှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ မစ္စတာမူကာဂျီ က ပြောပါတယ်။      အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ကပြုလုပ်တဲ့ အကဲဖြတ်ချက် အရအခြေအနေ အကောင်း ချည်း ဖြစ်နေတယ်လို့ မပြောနိုင်သေးဘူးလို့ အိုင်အမ်အက်ဖ်ရဲ့မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အခြေ အနေခန့်မှန်းချက်ကိုကိုးကားပြီး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။     အိုင်အမ်အက်ဖ်သုံးသပ်ချက်အရ ဥရောပစီးပွားရေးနာလန်ထူးမှုက နှေးကွေးနေသလို ကနေဒါနဲ့မြောက် အမေရိကန်က တို့ကလည်း အလားတူဖြစ်ပျက်နေသးတယ်လို့ပြောပါတယ်။                                                                                    အိန္ဒိယနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှုနှုန်းဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ ၈ ဒသမ၅ ရာခိုင်နှုန်းကနေ ၈ ဒသမ ၇၅ ရာခိုင်နှုန်းထိရှိခဲ့လို့ အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ဒုတိယအကြီးမားဆုံးဖြစ် တယ်လို့ မစ္စတာမူကာဂျီက စောစောပိုင်းက ပြောခဲ့ပါတယ်။ှSource. thehindu.com                                                                                               ဉာဏ်တင်စုစည်းတင်ပြသည်

Wednesday, 15 Sep 2010

 Multimedia & Video Editing Special Effect သင်တန်း ဖွင့်လှစ်မည်          Multimedia & Video Editing Special Effect   ဗီဒီယို ရုပ်သံ တည်းဖြတ်ထုတ်လုပ်ဖန်တီးမှုသင်တန်း ကို Promotion Computer Training Center တွင်  ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။        ယင်းသင်တန်းတွင်Gold wave, Acid Pro 6.0, Sound Forge Pro 10.0 (Professional Digital Audio Editor), Switsh, Flash, Neo Version 7 or 10, VCD Cutter, Video Converter, Conopus, Procoder, Adobe Premier 4.0  စသည့် ှSoftware များစွာဖြင့် လေ့ကျင့်သင်ကြားရ မည်ဖြစ်သည်။      ဗီဒီယိုဇာတ်လမ်းတည်းဖြတ်ခြင်း၊ သီချင်း၊ တီဗီကြော်ငြာဖန်တီးခြင်း၊ မှတ် တမ်းပုံဗီဒီယိုတည်းဖြတ်ပုံအဆင့်ဆင့်ကို အခြေခံမှစ၍ စာတမ်းအလှဖန်တီးခြင်းDVD Menu, Subtitle ဖန်တီးခြင်း၊ VCD, DVD ထွက်သည်အထိ ခြယ်မှုန်း ထုတ်လုပ်ဖန်တီးခြင်းနှင့်  လှုပ်ရှားဝင် ထွက် ရုပ်ရှင်မြင်ကွင်းတင်ပြခြင်းစသည့် အထူးပြုလုပ်ချက်များကို ဖန်တီးလိုသူ များ Video Editing ပညာကို စိတ်ဝင် စားသော မိုျးဆက်သစ်လူငယ်များ မှတ် တမ်းတင်ဗီဒီယိုတည်းဖြတ်ထုတ်လုပ်မှု ကို လေ့လာလိုသူများ Video File များ ကို မိမိစိတ်ကြိုက် Editing လုပ်ချင်သူ များ၊ အပျော်တမ်းစိတ်ကြိုက်ပြုပြင် တည်းဖြတ်ခြင်းကို ပြုလုပ်လိုသူများ၊ Video ရုပ်သံတည်းဖြတ်ခြင်းပညာနှင့် ပြည်ပတွင် ကျောင်းဆက်တက်လိုသူ များ Special Effect စုံလင်စွာပါဝင် သော Video Animation ကို ဖန်တီး လိုသော Animator  များ၊Video Effector  များ၊Designer များ၊ Video Editing ဆိုင်ရာ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်သူများ၊Video ရုပ်သံလောက တွင် အသက်မွေးဝမ်းကျောင်းပြုလိုသူ များ၊Video Effecting ကိုစိတ်ဝင်စား သော မည်သူမဆိုတက်ရောက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း နှင့်  အသေးစိတ်သိလိုပါက  ဖုန်း- ၃၈၉ဝ၃၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။                                                                                                                                     မင်းသန့်

Wednesday, 15 Sep 2010

 ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်းများပိုမိုတိုးတက်လာ        ခရီးသွားလုပ်ငန်းများအနက် ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်းမှာ လူကြိုက်အများဆုံးဖြစ်ပြီး  တိုးတက်မှုနှုန်းမှာ  အခြားခရီးသွားလုပ်ငန်းများထက် ပိုမိုလျင်မြန်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။    ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဟိုတယ်နှင့် အခြားအဆောက်အအုံများသည် သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရန်  စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောသည်။      ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေများစွာ ရရှိစေသဖြင့် တချို့နိုင်ငံများတွင် ဘာသာရပ် တစ်ခု အနေဖြင့် ဘွဲ့ဒီဂရီအပ်နှင်းဆောင်ရွက်ကာ သင်ကြားပေးနေကြောင်း၊ တချို့နိုင်ငံများ တွင် မူလတန်းပညာရေးစနစ်၌ ထည့်သွင်းရန်စီမံနေကြောင်း ခရီးသွားလုပ်ငန်း လေ့လာသူတစ်ဦးက ပြောသည်။      မြန်မာနိုင်ငံတွင်လည်း ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်းကို မြင့်တင်သင့် ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းများသည် ပျက်စီးယိုယွင်းမှုမရှိသေးဘဲ သဘာဝ အခြေခံများရှိနေကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ လွင်လွင်မိုး

Pages