Main menu

Background

Tuesday, 23 Mar 2010

    စင်ကာပူနိုင်ငံရှိ AEC Business School မှ သင်ကြားပေးမည့် ACCA ဘာသာရပ်က ဧပြီလ ကျောင်းဖွင့်ချိန်အတွင်း ကျောင်းသားဗီဇာစတင် လျှောက်ထားနိုင်ကြောင်း သိရသည်။

Tuesday, 23 Mar 2010

    နိုင်ငံခြားသို့သွားရောက် ပညာသင်ကြားလိုသူများအနေဖြင့် ရှေ့ဆောင်လမ်းပြကောင်းများဖြစ်စေရန် သင်ယူသည့် ဘာသာရပ် အလိုက် ထူးချွန်ထက်မြက်သူများဖြစ်စေရန် တစ်စိုက်မတ်မတ် လေ့လာသင်ယူသင့်ကြောင်း အင်္ဂလန်ပညာရေး လေ့လာသူ တစ်ဦးက ပြောကြားသည်။

Tuesday, 23 Mar 2010

    James Cook University သြစတြေးလျ၏ စင်ကာပူ ကျောင်းခွဲတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနေဖြင့် Computing and Networking နှင့် Internative Technologies and Game Design ဘာသာရပ် များကို ဧပြီလမှစတင်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

Tuesday, 23 Mar 2010

    စင်ကာပူနိုင်ငံအစိုးရ တက္ကသိုလ်ဖြစ်သည့် National University of Singapore (NUS) မှ သြဂုတ်လတွင် ဖွင့်လှစ်မည့် Master of Computing NUS Graduate Scholarships for ASEAN National အစီအစဉ်အရ ကျောင်းလခ၏ ၉ဝ ရာခိုင်နှုန်းကင်းလွတ်ခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

Tuesday, 23 Mar 2010

     ( ၄ ) ကြိမ်မြောက် ကိုကိုးကျွန်း အပန်းဖြေခရီးစဉ်အတွက် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းမှ သံလွင်သင်္ဘောကြီးဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။

Monday, 22 Mar 2010

    မလေးရှားနိုင်ငံသို့ သွားရောက်ပညာသင်ကြားလိုသော ကျောင်းသားများအနေဖြင့် မလေးရှားနိုင်ငံရှိ နိုင်ငံခြား တက္ကသိုလ်များ ရွေးချယ်ရာတွင် မလေးရှား Sarawak အစိုးရ အထောက်အပံ့နှင့် ဖွင့်လှစ်ထားသောနိုင်ငံခြား တက္ကသိုလ်အဖြစ် သြစတြေးလျသုံး ကျောင်းနှင့် ယူကေတစ်ကျောင်း စုစုပေါင်းလေးကျောင်းသာရှိကြောင်း မလေးရှားနိုင်ငံ Curtin University မှ ဆရာဖြစ်သူ ဒေါက်တာဇေယျာဦးက ပြောကြားသည်။    မလေးရှား Sarawak အစိုးရ အထောက်အပံ့နဲ့ သြစတြေးလျအစိုးရ  ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းနဲ့ ယူကေ က ဖွင့်လှစ်ထားတဲ့ ကျောင်း ၁ ကျောင်းစုစုပေါင်း ကျောင်းလေးကျောင်းပဲရှိတယ်။  တကယ်လို့ မြန်မာကျောင်းသားတွေအနေနဲ့ မလေးရှားနိုင်ငံက နိုင်ငံခြားတက္ကသိုလ်ကို ရွေးချယ်တက်မယ်ဆိုရင်  သိရှိထားဖို့လိုတယ်။ အခု မလေးရှားမှာ Engineeringအတက်များတယ်။Business နဲ့  Management လည်း အတက်များတယ်။ မြန်မာကျောင်းသားတွေက Engineering ကို အတက်များကြတယ်။     ၂ဝဝ၉ခုနှစ်မှာလဲ  မြန်မာတွေ အများဆုံးဝင်လာတယ်။ Curtin တက္ကသိုလ်မှာဆိုရင် ၂ဝ၁ဝ ခုနှစ်မှာ မြန်မာ ကျောင်းသား ၁ဝ ယောက်အထက် ရှိမယ်လို့ ခန့်မှန်းထားတယ်။ ဒီထက်လည်း ပိုနိုင်တယ်။  အခု ဘွဲ့လွန် ကျောင်းသားတွေကိုလည်း ဖိတ်ခေါ် ထားတယ်။ သုတေသနလုပ်ဖို့အတွက် ဖိတ်ခေါ်ထားတယ်''ဟု   ဒေါက်တာ ဇေယျာဦးက ပြောသည်။    အဆိုပါမလေးရှားနိုင်ငံရှိ နိုင်ငံ ခြားတက္ကသိုလ် လေးခုမှာ Curtin International University, Swim- burne University of Technology, Monash University နှင့် Nortin University တို့ဖြစ်ကြောင်း သိရသည်။

Thursday, 11 Mar 2010

    ဆံပင်ပြုပြင်ခြင်းနှင့် အချက်အပြုတ်အသက်မွေးဝမ်းကျောင်း ဘာသာရပ်များဖြင့် သြစတြေးလျနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (ပီအာ)လျှောက်ထားသူ နိုင်ငံခြားကျောင်းသားနှစ်သောင်းခန့်အား သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးပြုပြင်မှုတစ်ရပ် အဖြစ် ရုတ်တရက်ပယ်ချလိုက်ကြောင်း သိရသည်။

Thursday, 11 Mar 2010

    အင်္ဂလန်နိုင်ငံသို့  သွားရောက်ပညာသင်ကြားလိုသော မြန်မာကျောင်း သားများအနေဖြင့် အင်္ဂလိပ်စာကိုတတ်ကျွမ်းသည် အထိ  သင်ယူထားပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှိလာနိုင်ပြီး၊ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကိုင်သူများ အတွက်လည်း လစာများ ပိုမိုရရှိစေကြောင်း အင်္ဂလန်ပညာရေးလေ့လာသူတစ်ဦးက ပြောကြားသည်။

Thursday, 11 Mar 2010

    မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းကြီးမှကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှု လက်မှတ်ရသင်တန်းများကို    ဖွင့်လှစ်ပေး မည်ဖြစ်ပြီး  သင်တန်းအောင်မြင်သူများကိုလည်း ယင်းအသင်းကြီးမှ  အောင်လက်မှတ်များ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း MAHA  Maritime and Hospitality Academy မှ သိရသည်။

Tuesday, 9 Mar 2010

    မြန်မာနိုင်ငံ၏ လူငယ်အများစုအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းခွင် အတွေ့အကြုံရယူနိုင်ရေးရည်ရွယ်၍  Myanmar Credent Technology  ကုမ္ပဏီတွင် အလုပ်သင်ဝန်ထမ်းအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ အလုပ်ရှာဖွေနေသော လူငယ် အများစုပါဝင်ကာ အလုပ်သင်အဖြစ် အလုပ်ဝင်နိုင်ကြောင်း ၎င်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Pages