Main menu

Background

Wednesday, 4 Jan 2012

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မြို့နယ် ၆ မြို့နယ်တွင်တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ ဆန်စပါးစိုက် ပျိုးထုတ်လုပ်မှုများကို ၂၀၀၉ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သော ခေတ္တရာဟင်္သာ ဆန်စပါးအထူးပြုကုမ္ပဏီသည် စိုက်ပျိုး ထုတ် လုပ်သူ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေးနှင့် လူမှုစီးပွားရေး ဘဝမြင့် မားရေးအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ တစ်ဧကအထွက် နှုန်းတိုး တက်ရေးအတွက် ခေတ်မီနည်းပညာများ ပံ့ပိုးခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေး ခြင်း စသည်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

Wednesday, 4 Jan 2012

    ကျောက်ဆည်ခရိုင်တွင် ငါးရှဉ့်ထောင်ရေလုပ်သားများ တစ်ဦးချင်းဝင်ငွေကို ရရှိစေရန် အစုအဖွဲ့ ၄ ဖွဲ့ ဖွဲ့စည်းပေးခဲ့ကြောင်း သိရပါတယ်။

Wednesday, 4 Jan 2012

    တောင်သူလယ်သမားများရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနဲ့ နေထိုင်မှု ဘဝပုံစံကို သက်ဆိုင်ရာမြို့နယ် စီမံကိန်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆန်စပါးလုပ်ငန်းမှ တာဝန်ရှိသူများ အကူအညီနဲ့ စစ်တမ်း ကောက်ယူမှာဖြစ်ကြောင်း သိရပါတယ်။

Monday, 19 Dec 2011

          ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် Trade Fair  ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်း တွင်ဖွင့်လှစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အစိုးရ အဖွဲ့ဝင်များ၊ တိုင်းအဆင့်အရာရှိများနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Monday, 19 Dec 2011

               မန္တလေးတိုင်းဒေသကြီး၊ ပုဂံ၊ ညောင်ဦးနယ်ဟာ ရှေးဟောင်းနယ် မြေတစ်ခုဖြစ်တဲ့အလျှောက် ဘုရားပုထိုးများ၊ အနုပညာလက်ရာများနဲ့ ယွန်းထည်ပစ္စည်းတို့ကို  မြန်မာသာမက ကမ္ဘာလှည့်ခရီးသွားများက လည်း စိတ်ဝင်စားတဲ့အတွက် နိုင်ငံခြားသားများ ဝင်ရောက်မှုများတာ ကို သိရှိရပါတယ်။

Monday, 19 Dec 2011

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကော်မတီရဲ့ ကြီးကြပ်မှုဖြင့် မုံရွာမြို့ နယ် ကျေးလက်ဒေသ အသေးစားကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီမှ  ဇေယျာပဒေသာ ဖောင်ဒေးရှင်းရဲ့   ပံ့ပိုးချေးငွေများကို ၂၀၁၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်း မှစပြီး စတင်ချေးပေးခဲ့ရာ ယခုအခါ သတ်မှတ်ချေးငွေကာလ ၃ လပြည့်တဲ့ ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းရှင်များထံကို    ကွင်းဆင်း ကောက်ခံခဲ့ရာ ၉၀ ရာခိုင်နှုန်းခန့် ပြန် လည်  ကောက်ခံရရှိပြီးဖြစ်ကြောင်း သိရပါတယ်။

Monday, 19 Dec 2011

                တစ်ကမ္ဘာလုံးမှာ လယ်ယာထွက်ကုန်သီးနှံများ ရောင်းဝယ်မှုစနစ်မှာ မြန်မာ နိုင်ငံအပါအဝင် သုံးနိုင်ငံသာ ကီလိုဂရမ် (Kg) စနစ် သုံးစွဲခြင်းမရှိသေးဘဲ ကျန်နိုင်ငံ များအားလုံး ကီလိုဂရမ် (Kg) စနစ်ဖြင့် ရောင်းဝယ်နေကြပြီဖြစ်ပါတယ်။ ထို့အတူ ၂၀၁၅ ခုနှစ်မှာကျင့်သုံးတော့မယ့် အာဆီယံလွတ်လပ်တဲ့ကုန်သွယ်မှုဧရိယာ AFTA  သည်လည်း ရောက်ရှိရန် လေးနှစ်ခန့်သာလိုတော့တာကြောင့် ကျွန်တော်တို့နိုင်ငံ မှာလည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် သတ္တမအကြိမ်မြောက် လက်ကားကုန်စည်ဒိုင် များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် ၁၃ ချက်ချမှတ်ခဲ့ပြီး၊

Monday, 19 Dec 2011

            မန္တလေးမြို့ Hotel Mandalay  ရှိ စံပယ်ဖြူခန်းမမှာ ဂျပန်နိုင်ငံအခြေစိုက် Kett Electric Laboratory နဲ့ Pioneer Post Harvest Development Group  နည်းပညာဖွံ့ဖြိုးမှုအဖွဲ့တို့ပူးပေါင်းကာ သီးနှံစုံအစိုဓာတ်တိုင်း ကိရိယာများကို မိတ်ဆက်တဲ့ Promotion Seminar ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက်က ကျင်းပခဲ့ပါတယ်။

Monday, 19 Dec 2011

               ဒီတစ်ပတ် Commerce ပရိသတ်ကြီး အတွက် သတင်းကောင်း ပေးချင်တာကတော့ ပို့ကုန်အမယ်သစ်ဖြစ်တဲ့ မြန်မာပြည်က ထုတ် လုပ်တဲ့ စပရိမ်မွေ့ယာအကြောင်းပါ၊ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်တွေကိုကြည့်ရင် လယ်ယာထွက်ကုန် ပစ္စည်းဖြစ်တဲ့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ သစ်တောထွက်ပစ္စည်းဖြစ်တဲ့  သစ်လုံးအမျိုးမျိုး၊ ခွဲသား၊ အထပ်သား၊ သစ်ပါးလွှာ၊ ပရိဘောဂ၊ ရေ ထွက်ပစ္စည်းတွေဖြစ်တဲ့ ရေချို/ရေငန် ငါးပုစွန်မျိုးစုံ  စသည်ဖြင့် ကုန်ကြမ်းပစ္စည်း  (Raw Material)  တွေ အများဆုံးတင်ပို့တာဖြစ်ပြီး ကုန်ချောပစ္စည်း ထုတ်လုပ်တင်ပို့မှုအနေနဲ့ နည်းးပါးသေးတာကို တွေ့ရပါတယ်။

Monday, 19 Dec 2011

             ၂၀၁၁ ခုနှစ် အောက်တိုဘာလမှစတင်၍ ပို့ကုန်ပစ္စည်းများဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ပစ္စည်းများ၊  CMP  လက်ခစားပစ္စည်းများနှင့် အစိုးရဌာနဆိုင်ရာ သစ်လိုင်စင် လျှောက်ထား မှုများကို နေပြည်တော်ရုံးချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံးခွဲတွင် လက်ခံဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လိုင်စင်များကို လျင်မြန် ချောမွေ့စွာ လျှောက်ထားရယူလျက်ရှိကြောင်း ကြားသိရပါသည်။

Pages