Main menu

Background

Wednesday, 21 Jun 2023

ရှားစောင်းလက်ပတ်သည်  အစွမ်းထက် ပြီး ကျန်းမာရေးအတွက် များစွာအသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပပ် တွင် အစွမ်းထက်သောဓာတ်တိုးဆန့်ကျင့်ဂုဏ် သတ္တိရှိသည်အရာများစွာ ပါဝင်သည်။

Wednesday, 10 May 2023

စာရေးသူတို့နိုင်ငံတွင် ဒူးရင်းသီးကို ရာသီစာတစ်မျိုးအနေဖြင့်  စားသုံးကြသည်။ ဒူးရင်းသီးကို ကြိုက်သူရှိသလို မကြိုက်သူများလည်းရှိသည်။ ဒူးရင်းသီးသည် အနံ့ပြင်းသော အသီးမျိုးဖြစ်သည်။ သို့သော် ဒူးရင်းသီးသည် အလွန် စားကောင်းသော  အသီးဖြစ်သည်။ ဒူးရင်းမှာ နှစ်ရှည်ပင်ဖြစ်သဖြင့် တစ်ခါ စိုက်ပျိုးထားရုံဖြင့် တစ်သက်လုံး ခူးဆွတ်နိုင်သည်။
ဒူးရင်းပင်၏ မူရင်းဒေသ

Wednesday, 10 May 2023

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပလတ်စတစ်သုံးစွဲမှု သိသိသာသာ လျော့ကျလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှု မြင့်တက်နေဆဲဖြစ်သည်။ ပလတ်စတစ် အမှိုက်များကြောင့် ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်းကြောင့် ပလတ်စတစ်သုံးစွဲမှု လျော့ကျစေရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ဆော်သြလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းတွင် ပလတ်စတစ်သုံးစွဲမှု အခြေအနေ၊ ကုန်ကြမ်းရရှိမှုနှင့် လတ်တလောဈေးနှုန်း အခြေအနေအား မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းဝင်းနှင့် တွေ့ဆုံခိုက် မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

Tuesday, 28 Mar 2023

ယခုရက်များအတွင်း ကမ္ဘာ့သတင်းများ၌ အမေရိကန်နိုင်ငံရှိ ဘဏ်များနှင့်ပတ်သက်၍ ထိတ်လန့်ဖွယ် သတင်းများကြားနေရသည်။ အမေရိကန်နိုင်ငံမှာ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်သည့် ဆီလီ ကွန်ဘယ်လီဘဏ် ( Silicon Valley Bank-SVB ) သည် လုပ်ငန်းလည်ပတ်မှုတွင် မရှူနိုင်မကယ်နိုင်ဖြစ်ခဲ့ပြီ။ မတ်လ ၁၀ ရက်နေ့က ဒေသန္တရဘဏ်လုပ်ငန်းကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က ဆီလီကွန် ဗယ်လီဘဏ်၏လုပ်ငန်းများကို ရပ်ဆိုင်းစေလျက် ဖက်ဒရယ်အပ်ငွေ အာမခံကော်ပိုရေးရှင်း (  Federal Deposit Insurance   Corporation - FDIC) အဖွဲ့က လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ရန်  စီမံကွပ်ကဲနေသည်။  မတ်လ ၁၂ ရက်နေ့တွင်လည်း  ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယ

Friday, 17 Mar 2023

(၁)
'ရေစစ်ပွဲ' (Water War) ဟူသော ဝေါဟာရသည် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးပြုခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရေနှင့်ပတ်သက်၍ရပိုင်ခွင့်များနှင့် ပတ်သက်၍လည်းကောင်း ပဋိပက္ခဖြစ်ပွားခြင်းကို ယေဘုယျ ရည်ညွှန်းခြင်းဖြစ်သည်။ အချို့ကလည်း ရေအငြင်းပွားမှု၊ ရေပဋိပက္ခဟုလည်း အမည်တပ်ကြသည်။    
(၂)

Thursday, 16 Mar 2023

BofA Securities ၏ သုတေသနပြုချက်တစ်ခုအရ အာရှဒေသတွင် အမျိုးသမီးမန်နေဂျာ အချိုးအစား ပိုများသည့်ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခြင်းမှ ပိုမိုကောင်းမွန်သည့်ရလဒ်များရရှိကာ အကျိုးအမြတ်များ စံနှုန်းပြည့် ရရှိစေသည်ဟု သိရှိရသည်။ MSCI Asia-Pacific  အညွှန်းကိန်းတွင် ပါဝင်ဖွဲ့စည်းထားသည့် ကုမ္ပဏီများ၏ စီမံအုပ်ချုပ်ရေးအဖွဲ့တွင် အမျိုးသမီးပါဝင်မှုနှုန်းထားများသည့် ကုမ္ပဏီများ၏ ငါးနှစ်ပျမ်းမျှဝင်ငွေသည် ကုမ္ပဏီအားလုံး၏ ပျမ်းမျှစံနှုန်းထက် ၄ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း သိရှိရသည်။  

Saturday, 4 Feb 2023

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင် ပေါကြွယ်ဝစေကာမူ လူသား အရင်းအမြစ် ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါ။ နိုင်ငံတိုင်း မိမိနိုင်ငံရှိ လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။

Monday, 10 Jun 2019

         မိုးလေဝသပညာရှင်ဆရာကြီး ဒေါက်တာ ဦးထွန်းလွင် က သူ့ရဲ့ Facebook Page မှာ "အယ်လ်နီညိုက ဟန်ရေး ပြနေတယ်၊ သူ့ရဲ့စွမ်းအားက ဇွန်လကုန်လောက်ထိရောက်မယ်၊ ရာသီဥတုပြင်းမယ်၊ ခြောက်သွေ့မယ်၊ မုတ်သုံမိုးကလည်း အဝင်နောက်ကျပြီး၊ စောထွက်မယ်၊ မိုးရွာသွန်းမှုလည်း နည်းမယ်လို့" ခန့်မှန်းထားတာကို သတိပြုမိပါတယ်။ စာရေးသူက စိုက်ပျိုးရေးသမားဖြစ်လို့ ဆရာကြီးရဲ့ မိုးလေဝသခန့်မှန်းချက်ကို ဖတ်လိုက်ရပြီး စဉ်းစားမိလိုက် တာက တောင်သူလယ်သမားကြီးများ ရာသီဥတုနဲ့ကိုက်ညီ အောင် သီးနှံတွေ ဘယ်လိုစိုက်ပျိုးကြရမလဲ၊ ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲဆိုတဲ့ အချက်ပါပဲ။ အယ်လ်နီညိုရဲ့သတ္တိကြောင့် ပူပြင်းတဲ့ကာလဖြ စ်ပေါ်မှု ဟာ ဇွန်၊ ဇူလိုင်ထိဆို

Wednesday, 18 Dec 2013

ပြည်တွင်းကို ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့တာ ကာလအတွင်း ကန် ဒေါ်လာ ရှစ်သိန်းလေးသောင်းကျော် တန်ဖိုးရှိ နို့ဆီ ၇၆၈ ဒသမ ၄၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မာရီဂိုးနို့ဆီ ၁၅၁ ဒသမ ၅၂၄ တန်နဲ့ ဒွန်းနို့ဆီ ၆၁၆ ဒသမ ၈၉၆ တန်ကို တင်သွင်းလာခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်နို့ဆီအဝင်မှာ တန်ချိန် တစ်ရာကျော်သာရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ရာကျော် အဝင်ပိုခဲ့ပါတယ်။

Monday, 21 Oct 2013

မလေးရှားကို တင်ပို့ရန် မြန်မာ့ ဆန်ကြာဇံများ ကူးသန်းရောင်းဝယ် ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာနမှာ လိုင်စင် လာရောက်လျှောက်ထားပါ တယ်။ KINA အမှတ်တံဆိပ် ၃၀၀ ဂရမ်ပါ ဆန်ကြာဇံများကို ပလတ်စတစ် အိတ်များနဲ့ ထုပ်ပိုးပြီး တင်ပို့တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ရဲ့ (၂)နှစ် သက်တမ်းရှိတဲ့အစားအသောက် ထုတ် လုပ်ခြင်း ထောက်ခံချက် လက်မှတ် လည်း ရရှိထားပြီးမှ ပို့တာလို့ သိရပါ တယ်။

Pages