Main menu

Background

Wednesday, 9 Nov 2011

                      ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာတည်ရှိ တဲ့ မြန်မာနိုင်ငံမှ အုန်းပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိတဲ့အပြင် လူတို့ကလည်း စိုက်ပျိုးလျက်ရှိကြရာ အုန်းပင်များကို နေရာအနှံ့ တွေ့ရှိရပါတယ်။ အုန်းပင်များက မိုးများရာဒေသ တွေဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အဓိက ပေါက်ရောက်လျက်ရှိပါတယ်။                           အုန်းပင်မှထွက်ရှိတဲ့ ပစ္စည်းများမှာ လူတို့ အတွက် အသုံးဝင်တဲ့ပစ္စည်းတွေသာ ဖြစ်ပါတယ်။ အုန်းသီး ကို အုန်းထန်းလျက်၊ အုန်းသီးပေါင်မုန့် ပြုလုပ်ရာမှာလည်းကောင်း၊ မုန့်များနဲ့ တွဲဖက်စား သုံးရာမှာလည်းကောင်း၊ အုန်းသီးအသားကို ကြိတ်ပြီး အုန်းဆီပြုလုပ်ရာမှာလည်းကောင်း၊ အုန်းရည် ကို မုန့်များပြုလုပ်ရာမှာ လည်းကောင်း အသုံးပြုလျက်ရှိပါတယ်။ ဒါ့အပြင် အုန်းပင်မှထွက်ရှိတဲ့ ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ အုန်းလက်၊ အုန်းခွံ၊ အုန်းခွံအမာတို့မှာလည်း အသုံးဝင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အုန်းလက်ကို တံမြက်စည်းပြုလုပ်ရာ မှာလည်းကောင်း၊ အုန်းခွံကို အုန်းဆံကြိုး၊ ခြေသုတ်ခုံများ ပြုလုပ်ရာမှာ လည်းကောင်း၊ အုန်းခွံ အမာကို ကျေးလက် ဒေသတွေမှာ သောက်ရေခွက် အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိပါတယ်။ ယခုအခါ ၎င်းင်းအုန်းခွံအမာကိုလည်း အုန်းခွံ မီးသွေးပြုလုပ်ကာ ထင်းအစားထိုးလောင်စာအဖြစ် သုံးစွဲနိုင်တဲ့အတွက် သစ်တောသစ်ပင်တွေ ပြုန်းတီးမှု မှကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။                      မြန်မာနိုင်ငံက ပြည်ပပို့ကုန်ဝင်ငွေရရှိရေး အတွက် နိုင်ငံထုတ်ကုန်အမယ်တွေကို ပြည်ပနိုင်ငံ တွေကို တင်ပို့လျက်ရှိရာ အုန်းခွံမီးသွေးတွေကို ၂၀၀၂-၂၀၀၃ ခုနှစ်တွေမှာ ပြည်ပနိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။ ၂၀၀၇ ခုနှစ်မှာ အုန်းခွံမီးသွေးကို ပို့ကုန်လိုင်စင်လျှောက်ထားမှုရှိ ခဲ့သော်လည်း အမှန်တင်ပို့နိုင်ခြင်းမရှိခဲ့ရာ ကွယ် ပျောက်နေတဲ့ အမယ်ဖြစ်နေရာမှ ယခုအခါ အုန်းခွံ မီးသွေးကို ကိုရီးယားနိုင်ငံမှ ဝယ်ယူဖို့ ကမ်းလှမ်း လာပြီး မြန်မာနိုင်ငံရှိကုမ္ပဏီတစ်ခုက အုန်းခွံမီး သွေး တန် ၅၀ ကို ကိုရီးယားနိုင်ငံကို ပေးပို့ဖို့ အတွက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ပို့ကုန်လိုင်စင် လာရောက်လျှောက်ထားပြီး ဖြစ်ပါတယ်။ ၎င်းင်းအုန်းခွံမီးသွေးကို ကိုရီးယားနိုင်ငံရှိ အကင်ဆိုင်တွေမှာ လောင်စာအဖြစ်အသုံးပြုမှာ ဖြစ်ကြောင်းသိရှိရပါတယ်။ အုန်းခွံမီးသွေးနဲ့ အကင် တွေပြုလုပ်ရာမှာ မီးသွေးမှ မီးခိုးထွက်ရှိမှု နည်းပါး ခြင်း၊ မီးခိုးအနံ့ကောင်းမွန်ခြင်းတို့ကြောင့် အခြား မီးသွေးတွေနဲ့ ကင်တဲ့အကင်တွေထက် ပိုမိုပြီး အရသာကောင်းမွန်ကြောင်း လေ့လာသိရှိရပါတယ်။                     အုန်းခွံမီးသွေးကို ရိုးရာဓလေ့အတိုင်း ပီပါခွံ အတွင်း ထည့်သွင်းမီးဖုတ်ပြုလျက်ရှိရာမှ မကြာမီ မီးသွေးပြုလုပ်တဲ့ စက်တွေနဲ့ အသုံးပြုထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ဒါကြောင့် ပြည်ပဈေးကွက်ကို ပြန်လည်ထိုး ဖောက်ဝင်ရောက်တော့မယ့် တန်ဖိုးမြင့်ထုတ်ကုန် တစ်မျိုးဖြစ်တဲ့ မြန်မာ့အုန်းခွံမီးသွေးကို ဈေးကွက် သစ်တွေတိုးချဲ့ပြီး ပိုမိုတိုးတက်တင်ပို့နိုင်ရေး သတင်းကောင်းတင်ပြလိုက်ပါတယ်။ စန္ဒာထွန်း

Tuesday, 30 Aug 2011

ဇွဲကပင်မြေမှ မွေးမြူရေးဇုန်များ                သံလွင်တံတားကြီးကို ဖြတ်သန်းချိန်မှစ၍ ဇွဲကပင်တောင်၏အလှကို ရှုမဝအောင်ခံစားနေမိသည်။ ဒီမြေ ဒီရေ ဒီအလှသည် ကျွန်တော်တို့အမိမြန်မာ နိုင်ငံ၏ သဘာဝ အလှတရားများပင် ဖြစ်သည်။ နိုင်ငံရပ်ခြား တိုင်းပြည်များ သို့ နိုင်ငံ့တာဝန်ဖြင့် ကျွန်တော်ရောက် ဖူးပါသည်။ ရှုမဆုံးသည့် မြက်ခင်းပြင် များ၊ ကျောက်တောင်များဖြင့် တည်ငြိမ် အေးချမ်းသည့် နယူးဇီလန်နိုင်ငံ၊ တောင် အာဖရိက ကိပ်ပ်တောင်းမြို့၏ သဘာဝ၊ အီဖဲလ်မျှော်စင်၏ ခံ့ညား ထည်ဝါမှုဖြင့် ဂုဏ်ယူဝင့်ြွကားနေသည့် ပဲရစ်မြို့၏အလှ၊ ရှေးခေတ် အဆောက် အအုံကြီးများ၏ပျက်စီးမှုကို သဘာဝ အတိုင်း ထိန်းသိမ်းထားရှိသည့် ရောမ မြို့၏ အလှ၊ သူတို့နိုင်ငံ၏ အလှများကို အံ့သြနှစ်သိမ့်ကြည်နူးမှုများ ကျွန်တော် ခံစားခဲ့ဖူးပါပြီ။ ယခုလည်းကျွန်တော်တို့ နိုင်ငံ ဖားစည်မြေမှ ဇွဲကပင်တောင်၏ အလှက ကျွန်တော့်ကို ဖမ်းစားနေပါ သည်။                      ''ဆရာ၊ ကျွန်တော်တို့ရုံးကိုပဲ တန်း ပြီးသွားရမလား''                    ကျွန်တော့်တပည့် မောင်မိုး၏ အမေးကြောင့်၊ ကျွန်တော်သတိပြန်ဝင် လာသည်။ ကျွန်တော်တို့စီးလာသည့် ကားမှာ ဘားအံမြို့ဘက်သို့ ဦးတည် လျက်ရှိသည်။                       ''အေး..ရုံးကိုပဲ သွားကြတာပေါ့ ကွာ။ဒို့ဝန်ထမ်းတွေစောင့်နေလိမ့်မယ်''။                      ကျွန်တော်တို့ ကရင်ပြည်နယ် မွေး  မြူရေးနှင့် ကုသရေးဦးစီးဌာနရုံးကို ရောက်တော့ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး အပါအဝင် မြို့နယ်ဦးစီးမှူးများပါ ရောက်နေကြ သည်။ ကရင်ပြည်နယ် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလည်း ရှိနေကြသည်။ ''အားလုံး မင်္ဂလာပါ။ အခုလို ကရင်ပြည်နယ် မြန်မာနိင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကျွန်တော် တို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်တို့မှ ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတွေအားလုံး စုံစုံညီညီ တွေ့ရလို့ ဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော်တို့ အဖွဲ့ လာရောက်ရတဲ့ အဓိကရည်ရွယ် ချက်ကတော့ ဒီလဆန်းမှာ မိုးသည်း ထန်စွာ ရွာတဲ့အတွက် ကွဲျနွားတိရစ္ဆာန်တွေ ကူးစက်ရောဂါမဖြစ်ပွားရအောင် ကာကွယ်ဆေးထိုးဖို့၊ မကျန်းမာတဲ့ တိရစ္ဆာန်ရှိရင် ကုသဖို့ဖြစ်ပါတယ်။ တစ် ဆက်တည်း ပြောချင်တာကတော့ ကျွန် တော်တို့နိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင် နှုန်းဟာ ကျေးလက်တောရွာမှာနေ တာဖြစ်တဲ့အတွက် ကျေးလက်နေ ပြည် သူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးဖို့လို တယ်။ ချမ်းသာဖို့လိုတယ်။ ဝင်ငွေတိုးဖို့ လိုတယ်''                      ''လယ်ယာစိုက်ပျိုးတာက အားလုံး သိတဲ့အတိုင်း စပါးတစ်သီးဆိုရင် အနည်းဆုံး၃-၄လကြာမယ်။ ဒီအတော အတွင်း ဝင်ငွေရဖို့က မွေးမြူးရေးလုပ် ထားမှဖြစ်မှာ။ အဲဒီအတွက်ကြောင့် လယ်ယာစိုက်ပျိုးတဲ့ လယ်သမားတွေ အိမ်မှာ တစ်နိုင်ကြက်၊ ဝက်၊ ဘဲ မွေးမြူ ရေးလုပ်ထားဖို့လိုတယ်။ တစ်နိုင် ဟင်း စားပေါ့။ တစ်နိုင်ဟင်းစား မွေးထားတဲ့ လူတွေက ဟင်းစားထက် တစ်နိုင် စီးပွားဖြစ်မွေးမြူဖို့လိုတယ်။ ဒါမှဝင်ငွေ တိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုလျော့ကျ မှာ။ အဲဒီတစ်နိုင်စီးပွားဖြစ်မွေးရာကနေ ကြက်၊ ဝက်၊ ဘဲ၊ နွား၊ ငါးအစုံ မွေးလာ တယ်။ မွေးမြူရေး က ဘေးထွက်ပစ္စည်း ဖြစ်တဲ့ ကြက်ချေး၊ ဝက်ချေး၊ နွားချေး တွေက စိုက်ပျိုးရေးအတွက် အဖိုးတန် မြေသြဇာဖြစ်သလို စိုက်ပျိုးရေးရဲ့ ဘေး ထွက်ပစ္စည်းဖြစ်တဲ့ ကောက်ရိုး၊ ဆန်ကွဲ၊ ဖွဲနုတွေက မွေးမြူရေးအတွက် အရေး ကြီးတဲ့အစာဖြစ်ပြီး မွေးမြူရေးတိုးတက် မှ တောင်သူလယ်သမားတွေ ဝင်ငွေတိုး မှာ''                         ''အဲဒီလို မွေးမြူရေးတွေ လုပ်တဲ့ အခါမှာ အစုအဖွဲ့နဲ့ မွေးဖို့လိုတယ်။ စိတ် တူကိုယ်တူအဖွဲ့တွေစုဖွဲ့ပြီး ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်မျိူး ထုတ်လုပ် ကြဖို့လိုတယ်။ စုဖွဲ့ပြီး မွေးခြင်းအားဖြင့် ဈေးကွက်ဖြစ်လာမယ်။ ဈေးကောင်းရမယ်။ ဌာနကပူးပေါင်းဆောင်ရွက်မယ်၊ အကူအညီပေးမယ်ဆိုလဲ ပိုပြီးလွယ် မယ်၊ ကျွန်တော်တို့အားလုံး သိနေတာ ပဲ။ ဝါးချောင်းတစ်ချောင်းတည်းဆိုရင် ချိုးရတာ လွယ်တယ်။ ဝါးစည်းဆိုရင် ချိုးလို့ မရတော့ဘူး။ အင်အားရှိလာပြီ။ အဲဒီလိုပဲ တစ်ယောက်ထဲ တစ်ဦးထဲဆို ရင် နည်းနည်းပဲ ရင်းနှီးနိုင်မယ်။ ထုတ် လုပ်နိုင်မယ်။ စုပေါင်းပြီးလုပ်ကြရင် များများရင်းနှီးနိုင်မယ်။ လူတစ်ယောက် ထဲဆိုရင် ကြက်တစ်နိုင်မွေးထားတယ်။ ၄-၅ လနေမှ ကြက် ၅ ပိဿာလောက် ရောင်းနိုင်မယ်။ လူ ၁ဝ ယောက်ဆိုရင် ပိဿာ ၅ဝ ရောင်းနိုင်မယ်။ ဈေးကွက် ဖြစ်သွားပြီ။ လာဝယ်တဲ့လူ ဈေးနှိမ်လို့ မရတော့ဘူး။ အဲဒါကြောင့် အစုအဖွဲ့ စုဖွဲ့ပြီး လုပ်ကြဖို့ပြောတာ''                          ကျွန်တော့စကားကို သူတို့ စိတ် ဝင်စားကြသည်။ သူတို့အကျိုးစီးပွား အတွက် ပြောနေခြင်းဖြစ်၍လည်း မွေး မြူရေးသမားများတက်ြွကနေကြသည်။ တစ်ဦးက မေးချင်သည့်ပုံစံဖြင့် မတ်တပ် ရပ်လာ၍ ကျွန်တော် စကားဖြတ်လိုက် သည်။ ''ဆရာ ကျွန်တော်တို့ ငွေရော ချေး လို့ရမလား ဆရာ။ ကျွန်တော်တို့မှာ ပေါင်စရာ အာမခံစရာ၊ အိမ်တော့ ရှိ တာပေါ့။ ရွာမှာဆိုတော့ မြေဂရန်တို့ ဘာတို့ မရှိဘူး။ နောက်ပြီး အစုအဖွဲ့ အတွက်ရော ဘာတွေလိုသလဲ''                    အစုအဖွဲ့အတွက်ကတော့ ခင်ဗျား တို့ အစုငွေထည့်ဖို့လိုတယ်။ တစ်စုကို ကျပ် ၅ဝဝဝ ကနေ တစ်သိန်းအထိ၊ ကိုယ့်အဖွဲ့လိုက် ငွေစုထားမယ်။ စာရင်း ဇယားထားမယ်။ အဲဒီငွေထဲကနေ ကိုယ်စုထားတဲ့ငွေရဲ့ သုံးဆ၊ ပြန်ချေး လို့ရတယ်။ အတိုးနှစ်ရာခိုင်နှုန်း၊ သုံး ရာခိုင်နှုန်း၊ ကိုယ့်အစုအဖွဲ့အလိုက် သတ်မှတ်ထားမယ်။ ဒီတော့ ခင်ဗျားတို့ အရင်း အနှီးနည်းလို့ မလုပ်နိုင်တော့တဲ့ လူတွေ ကိုယ်လုပ်ငန်းတိုးခဲျ့ပြီး လုပ်နိုင် လာမယ်။ တစ်ဖက်က အစုငွေထည့် ထားတဲ့လူတွေလဲ၊ စောစောက ကိုယ် ထည့်ထားတဲ့အစုငွေအလိုက် အတိုးပွား တစ်နှစ်နေ တစ်ခါ စားရမယ်''                     ''နောက်တစ်ခါ ခင်ဗျားတို့အဖွဲ့ ငွေချေးရင် ကျွန်တော်တို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဘဏ်တို့၊ သမဝါယမဦးစီး ဌာနတို့က ငွေချေးပေးမယ်။ စောစော က ခင်ဗျားမေးသလို မြေဂရန်မလိုဘူး။ တောင်သူအချင်းချင်း ဝိုင်းကြီးချုပ် စနစ်နဲ့ အာမခံပေးဖို့လိုတယ်။ အဲဒါ ကြောင့် အစုအဖွဲ့ ဖွဲ့ရင် ခင်ဗျားတို့ အတွက် အကျိုးရှိတယ်။ လုပ်ငန်းတိုးခဲျ့ လို့ရတယ်။ အဲဒါပေမဲ့ နှစ်ယောက်ထဲ ၃သုံးယောက်ထဲတော့ စုဖွဲ့လို့မရဘူး။ အနည်းဆုံး ၁ဝ ယောက်အထက် စုဖွဲ့ဖို့ လိုလိမ့်မယ်။ ဒါမှ ခင်ဗျားတို့ အစုအဖွဲ့ အင်အားရှိမှာ။ ပြီးတော့ ကိုယ့်အစု အဖွဲ့က စိတ်တူသဘောတူဖြစ်ဖို့ လို မယ်။ လောင်းကစား၊ အသောက်အစား ကင်းပြီး၊ ရိုးရိုးသားသား မှန်မှန်ကန်ကန် အလုပ်လုပ်စားချင်သူတွေနဲ့ စုဖွဲ့ရင်၊ ခင်ဗျားတို့အဖွဲ့ အောင်မြင်မှာပဲ'' သူတို့သိချင်တာတွေ ရှင်းပြလိုက်ရ ၍ ကျွန်တော့်ရင်ထဲ ရှင်းသွားသည်။ သူတို့လည်း ကျေနပ်နှိစ်သိမ့်မှုရှိသည် ကို သူတို့မျက်နှာတွေက ဖော်ပြနေကြ သည်။ ဒီပီတိ ဒီကြည်းနူးမှုများဖြင့် ဇွဲ ကပင်တောင်ခြေတွင် တစ်ညမှေးစက် ဖြစ်ပါသည်။            ''ကျွန်တော်တို့ ဘားအံမွေးမြူရေး ဇုန်ကို ၂ဝဝ၄ ကတည်းကစပြီး ဖော် ထုတ်ခဲ့တာ။ အဓိက ကတော့ အသား ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ပေါ့။ကုန်ဈေးနှုန်း ကျဆင်းဖို့နဲ့ ဒေသခံပြည်သူတွေ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ဖို့ပေါ့။ နောက်ပြီး သွင်းကုန်အစားထိုးဖို့ပေါ့။ ဆရာသိတဲ့ အတိုင်းအရင်တုန်းက ကျွန်တော်တို့ ဘားအံမှာ ကြက်သားက ရှားတယ်။                   ရန်ကုန်ကလာရင် မော်လမြိုင်ဘက်က လာရင်လာမှ၊ အဲ..ပြီးတော့ ထိုင်း ဘက်က ဝင်တာလဲရှိသေးတယ်။ အခု တော့ ကျွန်တော်တို့ မွေးမြူရေးဇုန်က ဘားအံမြို့လူထုရဲ့ ကြက်သားလိုအပ် ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့် ဆည်းပေးနိုင်ပါပြီ''                    ကျွန်တော်တို့ဇုန်က ၇၆ ဧက လောက်ကျယ်တယ်။ မွေးမြူရးသမား ၈ဝ ဦးကို နေရာချထားပေးထားတယ်။ လက်ရှိဥစားကြက် ၃၃ဝ၅ဝ၊ အသား စားကြက် ၄၅ဝဝ၊ ဝက် ၇၂ ကောင်၊ နို့စားနွား ၂၈ ကောင်နဲ့ ဆိတ် အကောင် ၁၅ဝ မွေးထားတယ်။ ကျွန်တော်တို့ ဇုန်ကနေ တစ်နေ့ကို ကြက်ဥ အလုံး ၂၇ဝဝဝ နဲ့ ကြက်သား ပိဿာ ၁ဝဝ မြို့လူထုကို ဖြန့်ပေးနိုင်တယ်''                      ကရင်ပြည်နယ် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးမြင့်နိုင်က ဘားအံ ဇုန်၏ မွေးမြူကုန်ထုတ်လုပ်မှု အခြေ အနေကို ရှင်းပြသည်။                   ''အေးဗျာ၊ ခင်ဗျားတို့ ဘားအံမွေး မြူရေးဇုန်ကို မနှစ်ကကျွန်တော်ရောက် တာထက် ဒီနှစ်အများကြီးတိုးတက်လာ တယ်''                 ''အထူးသဖြင့် ကြက်လှောင်အိမ် တွေ၊ ဝါးလှောင်အိမ် အစား၊ သတ္တု လှောင်အိမ်နဲ့ အစားထိုးလိုက်တာ၊ ငွေ ကုန်တာမှန်ပေမဲ့ ရေရှည်မှာ ခင်ဗျားတို့ အများကြီးအကျိုးရှိတယ်။ ပိုးသတ်ဆေး ဖြန်းရတာ၊ သန့်ရှင်းရေးလုပ်ရတာ ပိုပြီး မြန်သလို ပိုပြီးလဲ စနစ်တကျရှိတယ်။ ဇီဝလုံခြုံမှုပိုပြီးကောင်းလာတာပေါ့။ အဲ နောက်ပြီး အမယ်သစ် ဘဲ၊ ဆိတ်မွေး မြူရေး၊ ဆိတ်မွေးထားတာလဲ အတော် လေးကောင်းတယ်။ ခင်ဗျားတို့ ဘားအံ မှာ ဆိတ်သားတစ်ပိဿာ ကျပ် ၈ဝဝဝ- ၁ဝဝဝဝ ရှိတယ်ဆိုတော့ ဆိတ်မွေးတာ အများကြီးအကျိုးရှိတာပေါ့။ ခင်ဗျားတို့ ဇုန်က ဆိတ် မိုျးကောင်းမိုျးသန့်တွေ တစ်နိုင်မွေးတဲ့လူတွေကို ဖြန့်ပေးနိုင်မယ် ဆိုရင် ဒေသခံတစ်နိုင် မွေးမြူရေးသမား တွေအတွက် အများကြီးအကျိုးရှိမှာ။ ဒါ့အပြင် အစုအဖွဲ့နဲ့ ဆိတ်မွေးမြူရေးကို တိုးခဲျ့ပြီးမွေးရင် ရေရှည်မှာ ပြည်ပပို့ ကုန်အနေနဲ့ ပို့နိုင်မယ်။ ကရင်ပြည်နယ် ကနေ နိုင်ငံခြားဝင်ငွေရရှိမယ့် လုပ်ငန်း တစ်ခုလို့တောင် ကျွန်တော်ဆော့ မြင် တယ်''                    ''အဲ နောက်ပြီးတော့ ခင်ဗျားတို့ ကရင်ပြည်နယ်ရဲ့ လူဦးရေနဲ့ သားငါး ထုတ်လုပ်မှုကို ပြန်ပြီးသုံးသပ်ရင် ခင်ဗျားတို့ ကရင်ပြည်နယ်က လူဦးရေ ၁ ဒသမ ၃၈ သန်းရှိပြီး လက်ရှိ သား ငါးထုတ်လုပ်နိုင်မှုက ခင်ဗျားတို့ ဘားအံ မွေးမြူရေးဇုန်က တစ်ရက်ကို ကြက်ဥ ၂၇ဝဝဝ နဲ့ ကြက်သား ပိဿာချိန် ၁ဝဝ၊ နွားနို့ ပိဿာချိန် ၁ဝဝ လောက် ပဲ ထုတ်လုပ်နိုင်တယ်။ အဲ ကရင်ပြည် နယ်မှာ လှိုင်းဘွဲ့မွေးမြူရေးဇုန်၊ ကမ္မ မောင်းမွေးမြူရေးဇုန်နဲ့ ကော့ကရိတ် မွေးမြူရေးဇုန်ရှိပေမဲ့ ထုတ်လုပ်မှုနဲ့ စား သုံးမှု တကယ်တမ်း မလောက်ငသေး ဘူး။ စာရင်းအရဆိုရင် တိုင်းရင်း ကြက် ၄ သန်း၊ အတိအကျပြောရင် ၃၉၆၉၅၄၈ ကောင် မွေးထားတယ်။ ဒီတော့ ခင်ဗျားတို့ မွေးမြူရေးဇုန်မှာ အများကြီးတိုးပြီး မွေးဖို့လိုတယ်'' ''များများမွေး၊ များများထုတ်လုပ်ပြီး မြဝတီတို့ ကော့ကရိတ်တို့ ပို့ပေးရင် ကိုယ့်ပြည်သူတွေ သန့်သန့်ရှင်းရှင်း၊ လတ်လတ်ဆတ်ဆတ်နဲ့ စားရမယ်။ ကျွန်တော်တို့ အဖွဲ့တွေ မြဝတီမှာ ဟို ဘက်ကမ်းက ကြက်ဖရိန်တွေ ဝယ်စား ကြတယ် ကြားတယ်။ အဲဒီကြက်ဖရိန် ထက်ကောင်းတဲ့ ကျွန်တော်တို့ တိုင်း ရင်းကြက်သားများများ ဝယ်စားကြမှာ ပေါ့ဗျာ၊ မဟုတ်ဘူးလား''                   ''ကျွန်တာ်တို့ စီစဉ်နေပါတယ် ဆရာ၊ ဆရာ မနေ့ကရှင်းပြတဲ့ အစုအ ဖွဲ့တွေလည်းစုဖွဲ့၊ အသားထုတ်လုပ်မှု တိုးတက်အောင်လုပ်ပြီး ကျေးလက်ဒေ သတွေ ဖွံ့ဖြိူးအောင်လုပ်မှာပါ''။                      ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဉာဏ်လင်းက ဆောင်ရွက်မည့် အစီအစဉ်ကို ရှင်းပြ သည်။                    ''ကျွန်တော်တို့မွေးမြူရေးဇုန်ကိုတော့ တိုးပြီးမွေးဖို့ ပြည်နယ်အစိုးရကလည်းညွှန်ကြားထားတယ်။ ကျွန်တော်တို့က လည်း ကိုယ်အကိုျးအမြတ်ရှိမဲ့ အလုပ် ဘဲ ဆရာရယ်။ တိုးခဲျ့ပြီးမလုပ်ဘဲ ဘယ် ရှိပါ့မလဲ။ နိုင်ငံတော်သမ္မတကြီး လမ်း ညွှန်သလို မြေရှိရင်၊ ရေရှိရင် အလုပ် တွေတိုးခဲျ့ပြီး လုပ်မှာပါ''။ ကရင်ပြည်နယ် မွေးမြူရေးလုပ်ငန်း အဖွဲ့ခုျပ်ဥက္ကဋ္ဌ ဦးမိုျးမြင့်နိုင်ကလည်း လုပ်ငန်းတိုးခဲျ့မည့် ကတိစကား ဆို လာသည်။                     မဝေးတော့သည့်အချိန်တွင် ဇွဲက ပင်မြေမှ မွေးမြူရေးဇုန်များသည် ပြည် သူများအတွက် အသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးတော့မည်ဟူသော ယုံကြည်ချက်များဖြင့်

Tuesday, 30 Aug 2011

စားသုံးသူ အဆင်ပြေစေတဲ့ တန်ဖိုးနည်း ငွေစက္ကူ                  ဈေးသည်တွေရော၊ ဈေးဝယ်သူတွေပါ တန်ဖိုးနည်းငွေ စက္ကူရှားတော့ ၂ဝ ကျပ်တန်- ၅ဝ ကျပ်တန်၊ ၁ဝဝ ကျပ်တန်-၂ဝဝ ကျပ်တန် ဘယ်လောက်စုတ် နေပါစေ နားလည်မှုနဲ့ ယူခဲ့ကြပါတယ်။ နံပါတ်ပါရင်ပြီးရောဆိုတဲ့ အမှတ်အသား နဲ့ တိပ်အဖာတစ်ရာ၊ ကိုင်မဖြစ်လို့ ပလတ်စတစ်အိတ်နဲ့ ပက်ကင်ထုပ်ထားတာ ရောပေါ့။ တန်ဖိုးနည်းငွေစက္ကူကြောင့် ဈေးသည်တွေပြန်အမ်းတဲ့ ကော်ဖီမစ်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ တစ်ရှူးထုပ်၊ ချိုချဉ်ကိုလည်း အောင့်သက်သက်နဲ့ ဝယ်သူခဗျာ ရွေးချယ်ခွင့်မရှိ၊ ဈေးသည်ပေးတဲ့ပစ္စည်း လက်ခံရယူခဲ့ရပါတယ်။ ခုနှစ်တစ်ခုလောက်ရှိပါပြီ။ ဒါကြောင့် ဒီအခြေအနေတွေကို နိုင်ငံတော်က သိမြင် လို့ ဘဏ်တွေမှတစ်ဆင့် တန်ဖိုးနည်းငွေစက္ကူအသစ်များကို ဇွန်လမှစ၍ ဝန်ထမ်း တွေ လစာထုတ်ရင်ထည့်ပေးတယ်။ မြို့တော်စည်ပင်သာယာရေး ကော်မတီ များမှတစ်ဆင့် ဈေးများနဲ့ ယာဉ်ရပ်နားစခန်းအသီးသီးကို အပတ်စဉ်လဲလှယ် ပေးလျက်ရှိပါတယ်။ အခုဆိုရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တန်ဖိုးနည်း ငွေစက္ကူအသစ် များ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလမှ စတင်လဲ လှယ်ပေးခဲ့ရာ တစ်ပတ်လျင် တစ်ကြိမ် ငွေကျပ် ၃၁ ဒသမ ၇ဝ သိန်းနှုန်းဖြင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အထိ လဲလှယ်ပေးခဲ့သည့် ငွေစုစုပေါင်း ကျပ် ၄၅၉၆ ဒသမ ၅ သိန်းရှိပြီဖြစ်ကြောင်း သိရပါတယ်။ ၎င်းငွေစက္ကူအသစ် များကို မန္တလေး ၅ မြို့နယ်အတွင်း ဈေး ၄၄ ဈေးနှင့် ယာဉ် ရပ်နားစခန်း ၁၃ နေရာတို့မှာ လဲလှယ်ပေးတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် တန်ဖိုးနည်းငွေ စက္ကူများ ပြည်သူ လူထုအတွင်း လုံလုံလောက်လောက် ပံျ့နံှနေပြီလို့ ခန့်မှန်းရ ပါတယ်။                  ဒါပေမယ့် တချို့လက်ဖက်ရည်ဆိုင်ကြီးတွေ၊ ကုန်မျိုးစုံဆိုင်ကြီးတွေနဲ့ စတိုးဆိုင်ကြီးတွေ ဈေးထဲမှာ အတည်တကျ ရောင်းချနေတဲ့ ဈေးဆိုင်တချို့က ကျသင့်ငွေစက္ကူပြန်အမ်းတဲ့ အလေ့အထပီပီပြင်ပြင်မ ရှိသေး တာ တွေ့ရပါတယ်။ ငွေအြွေက ပြန်အမ်းနည်းကို ယခင်နည်းလမ်းတွေအတိုင်း ကျင့်သုံးဆဲဖြစ်တာ ကိုယ်တိုင်ရော၊ တစ် ဆင့်ကြားတွေအရပါ သိနေရပါတယ်။ အတည်ဈေးသည်တွေနဲ့စာရင် လမ်းဘေးဈေး သည်၊ မိုဘိုင်းဈေးသည်တွေ က ငွေစက္ကူအြွေကကို သတ်သတ်မှတ်မှတ် ပြန်အမ်းတာတွေ့ရလို့ သူတို့ကို လေးစားမိ ပါတယ်။ ဈေးဝယ်သူ အနေနဲ့မလိုချင်ဘဲ ပြန်အမ်းပစ္စည်းအစား အသုံး လိုတဲ့ပစ္စည်း ပြန်ဝယ်လို့ရတဲ့ ငွေစက္ကူအသေး ၅ဝ ကျပ်တန် -၁ဝဝ ကျပ်တန် အအမ်းပြန်လိုချင်တာ သဘာဝကျပါတယ်။ ငွေစက္ကူအသေးကို အမြတ်အစွန်း ယူပြီး ပြန်ရောင်းတာ ရှိနေတဲ့ အတွက် ပြန်မအမ်းတာတွေကို ဘယ်လိုဆောင် ရွက်သင့်သလဲဆိုတာ စဉ်းစားပြီးအဖြေရှာဖို့ လိုအပ်မယ်ထင်ပါတယ်။ ဒါမှသာ ပြန်သူလူထုနေ့စဉ်ကြုံတွေ့နေရတဲ့ ရောင်းမှုဝယ်မှုနဲ့ ခရီးသွားလာရေးကိစ္စများ အဆင်ပြေချောမွေ့ပြီး ရောင်းသူလည်း လွယ်ကူ၊ ဝယ်သူလည်း မလိုချင်တဲ့ ပစ္စည်း ယူရတဲ့ဒုက္ခမှ ကင်းဝေးပြီး စိတ်ချမ်းသာမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တန်ဖိုးနည်းငွေစက္ကူတွေ ပြည်သူသို့ လဲလှယ်ပေးခြင်း ဟာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အထောက်အကူ တစ်ရပ် လည်း ဖြစ်စေပါတယ်။ အခုဆိုရင် မန္တလေးမြို့တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ ၂/၂ဝ၁၁ အစည်းအဝေး ဆုံးဖြတ် ချက်အရ ဈေးအသီးသီးနှင့် ယာဉ်ရပ်နားစခန်း များအတွက် ငွေစက္ကူအြွေကများ ယခင်ထက် ပိုမိုဖြန့်ဝေပေးနိုင်ရေးနှင့် ထပ်မံ ရရှိရေး ဗဟိုဘဏ်နှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ သြဂုတ်လမှစပြီး တစ်ပတ်လျင် ငွေစက္ကူအြွေက ကျပ် ၇ဝ ဒသမ ၇ဝ သိန်းသို့ တိုးမြှင့်လဲလှယ်ပေးမယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်သူများစွာထဲက ရောင်းသူ၊ ဝယ်သူ၊ ဘတ်စ်ကား စီးသူများထံသို့ ငွေအြွေကလေးတွေ မှန်ကန်မြန်ဆန်စွာ စီးဆင်းလာနိုင်ပါစေလို့ မျှော်လင့်မိပါကြောင်း . . . ခင်မြင့်မြင့်သန်း 

Monday, 18 Jul 2011

ဇမ္ဗူရွှေအထူးပြု ကုမ္ပဏီနှင့် အခြားကုမ္ပဏီများမှ အင်္ဂပူမြို့နယ် လယ်ယာကုန်ထုတ် အသင်းများသို့ မိုးစပါးစိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်ပြီ                        ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်ရှိ လယ်ယာကုန်ထုတ် အသင်းစု (၅) စုရှိ တောင်သူ (၆၂၂) ဦး၊ စိုက်ဧက (၃၁ဝဝ) အတွက် ဇမ္ဗူရွှေအထူးပြုကုမ္ပဏီမှ သွင်းအားစု မြေသြဇာ အိတ် (၄၆၅ဝ) အိတ်နှင့် N.T.T နှင့် Win and Win ကုမ္ပဏီ တို့မှ စိုက်ပျိုးစရိတ်ငွေအား တစ်ဧကလျှင် ၃ဝဝဝဝ ကျပ်ဖြင့် ပေးအပ်ပွဲကို ယနေ့ ၁၄.၇.၂ဝ၁၁ နေ့ တွင် အင်္ဂပူမြို့တော် ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။                        အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းအဆင့်ဆိုင်ရာ အကြီးအကဲများ ခရိုင်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများN.T.T နှင့် Win and Win  ကုမ္ပဏီတို့မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးထွန်းရွှေ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဇမ္ဗူရွှေ အထူးပြုကုမ္ပဏီမှ ဒေသခံ ဒါရိုက် တာ ဦးမြတ်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တောင်သူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။ ကြည်ဟန် 

Monday, 18 Jul 2011

ဈေးချိုတော်ဈေး သမဝါယမအသင်းလီမိတက်မှ အသင်းတည်ထောင်ခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်း ဈေးသည်များအား ကျပ် ၂၄၇ သိန်းထုတ်ချေးပေးခဲ့                      ဈေးချိုတော်ဈေး သမဝါယမအသင်းလီမိတက်ကို ၂ဝဝ၃ ခုနှစ် မှစ၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့တဲ့ ၈ နှစ်ပြည့်ကာလအတွင်း ဈေးသည်များအား ငွေထုတ်ချေးပေးလျက်ရှိရာ ကျပ် ၂၄၇ သိန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရပါတယ်။                      ဈေးချိုတော်အတွင်း ဈေးရောင်းချလျက်ရှိသော အထည်ဆိုင် ခန်းရှင်များအား အေအုပ်စုတစ်ဦးလျင် ကျပ် ၁ဝ သိန်း၊ ဘီအုပ်စု တစ်ဦးလျင် ကျပ် ၅ သိန်းဖြင့် ငွေထုတ်ချေးပေးခဲ့ရာမှ မေ ၁၃ရက်မှ စ၍ လက်လုပ်လက်စား ခေါင်းရွက်ဗျတ်ထိုး ပံျကျဈေးသည် များအား အေအုပ်စုတစ်ဦးလျင် ကျပ် ၁ သိန်း၊ ဘီအုပ်စု တစ်ဦးလျင် ကျပ် ၅ သောင်းဖြင့် ငွေထုတ်ချေးပေးလျက်ရှိပါတယ်။                        ဈေးချိုတော်သမဝါယမအသင်း လီမိတက် အတွင်းရေးမှူး ဦးတင်အေးက ''အသင်းကြီးကနေ ခေါင်းရွက်ဗျတ်ထိုးပံျကျဈေးသည် ၃၂၄ ဦးကို ငွေထုတ်ချေးပေးနိုင်ခဲ့တယ်။ ငွေကြေးစီမံမှုစရိတ်အဖြစ် ၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ပါတယ်။ လုပ်ငန်းလည်ပတ်ငွေ ပမာဏ ကျပ် ၂၅၈၉၂၅ဝဝ ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ လက် လုပ်လက်စားဈေးသည်တွေကို ငွေထုတ်ချေးပေးတဲ့အတွက် ပြင်ပငွေ တိုးချေးစားမှု ပျောက်သွားသလောက်ရှိလာတယ်။ အပြင်ကငွေချေးရင် နေ့ပြန်တိုးဆို ၁ဝ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ အတိုးနှုန်း ကြီးကြီးပေးရတယ်။ အဆိုးဆုံးက မီတာတိုးလို့ခေါ်တဲ့ ငွေချေးခြင်းပဲ။                       မီတာတိုးက မီတာယူနစ်တက်လာသလိုဘဲ ကျပ်တစ်သိန်း ငွေချေးရင် တစ်ရက်ကို ကျပ် ၂ဝဝဝ နှုန်းနဲ့ ကျပ်တစ်သိန်း ပြန်မဆပ်မချင်းပေး နေရတာ။ ဒီဈေးသည်တွေက ဘယ်လိုလုပ်ပြီး တစ်သိန်းကျပ်ကို တစ်လုံးတစ်ခဲတည်း ပြန်ဆပ်နိုင်မှာလဲ။ မေလကစပြီး သူတို့ကို ငွေထုတ်ချေး ပေးလိုက်တော့ သူတို့အတွက် အဆင်ပြေသွားတယ်။ မီတာတိုးနဲ့ ယူထားတဲ့ငွေကိုလည်း ပြန်ဆပ်နိုင်လို့ ပျော်နေကြတယ်။ မီတာတိုးနဲ့ငွေချေးမှုက ပျောက်သလောက်ရှိလာပြီလို့ ပြောတယ်'' လို့ဆိုပါတယ်။                     ဈေးချိုတော်ဈေး သမဝါယမအသင်းလီမိတက်မှ ဈေးသည် များအား ငွေထုတ်ချေးရာတွင် တစ်ခါချေးလျင် ကျပ် ၁ဝဝဝဝ အစု ဝင်စေပြီး အမြတ်ငွေများလည်း ထုတ်ပေးလျက်ရှိကြောင်း၊ ယခုနှစ် အမြတ်ငွေမှာ ၃ဝ၁၁၅၂ဝ ကျပ် ၅၉ ပြားရှိကြောင်း သိရပါတယ်။                    အသင်းကြီးမှ Export ၊ Importလုပ်ငန်းများလည်း ဆောင်ရွက်သွားရန် Export လုပ်ငန်းများတွင် ကောက်ပဲသီးနံှများ၊Import  လုပ်ငန်းများတွင် လူသုံးကုန်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ် ရန် စီစဉ်လျက်ရှိကြောင်း၊ ရရှိလာတဲ့အမြတ်ငွေပေါ်မူတည်၍ အစုရှင် များအား အမြတ်ငွေများ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း သိရပါ တယ်။ ဇူးဇူး

Monday, 18 Jul 2011

တရုတ်နိုင်ငံ၏ ၂ဝ၁၁ ခုနှစ် မေ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိ                  ၂ဝ၁၁ ခုနှစ် မေလ၌ တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းပြ အဓိက အညွှန်းကိန်းဖြစ်သော စားသောက်ကုန်ဈေးနှုန်း အညွှန်းကိန်းသည် လွန်ခဲ့သော ၃၄ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း အမျိုးသားစာရင်းဇယားဌာနမှထုတ်ပြန်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ပထမငါးလ ၌ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် ၅ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း၊ ပြီးခဲ့သော ဧပြီလ၌ အခြေခံ စားသောက်ကုန်စည်များသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ မေလတွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ကြောင်း၊ စားသောက်ကုန် မဟုတ်သော လူသုံးကုန်ပစ္စည်းများသည် ဧပြီလ၌ ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ မေလတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ယင်းကဲ့သို့သော အခြေအနေများကြောင့် လာမည့်ဇွန်လ၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း၊ နိုင်ငံတကာကုန်ဈေးနှုန်း အပြောင်းအလဲများကြောင့် ပြည်တွင်းစားသုံးကုန်ဈေးနှုန်းများကိုပါ အကျိုးသက် ရောက်စေခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရ အနေဖြင့် ယခုနှစ်တွင် စားသုံးကုန်ဈေးနှုန်းများအား ယခုထက် ပို၍မမြင့်တက်စေရန် စောင့်ကြည့်လေ့လာ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဇာစ်မြစ်။ ။ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့၊

Monday, 18 Jul 2011

မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်                    ယခုရက်သတ္တပတ်အတွင်း ဥရောပရှိ နိုင်ငံတော်ေြွကးမြီအကျပ်အတည်း များ နက်ရှိုင်းနေပြီး ကမ္ဘာ့စီးပွားရေးနာ လန်ထူမှုကလည်း ကြံ့ခိုင်မှုအားနည်း နေဆဲဖြစ်နေတဲ့အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးနေမှာကို စိုးရိမ်နေ ရပါတယ်။ ဒါကြောင့် အိန္ဒိယရူပီးနဲ့ မလေးရှားရင်းဂစ်တို့ဦးဆောင်ပြီး ယခု ရက်သတ္တပတ်အတွင်း အာရှငွေကြေး တွေတန်ဖိုးကျဆင်းခဲ့ပါတယ်။ တရုတ်ယွမ်             တရုတ်နိုင်ငံခြားငွေဖလှယ်ရောင်း ဝယ်ရေးအဖွဲ့ရဲ့ ဇူလိုင်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်ယွမ်ငွေတန် ဖိုးဟာ သုည ဒသမ ၂၅ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၄၆၆၅ ယွမ်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယရူပီး              ဘလွမ်းဘတ်က ကောက်ယူထား တဲ့စစ်တမ်းအရ ရူပီးငွေတန်ဖိုးဟာ အာရှဈေးကွက်မှာ ဇူလိုင် ၁၄ ရက် မနက် ၉ နာရီ ၃၆ မိနစ်က သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၄၄ ဒသမ ၄၇၇၅ ရူပီးနှုန်းထိရောက် ရှိခဲ့ပါတယ်။ ရူပီးငွေတန်ဖိုးဟာ ရက် သတ္တနှစ်ပတ်အတွင်း မြင့်တက်နေရာမှ ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ဇူလိုင် ၁၅ ရက် ဈေးကွက်အဖွင့်မှာ ရှယ်ယာတွေ ဈေးတက်ခဲ့တဲ့အတွက် ရူပီးတန်ဖိုးဟာ သုည ဒသမ ဝ၁ ရူပီးမြင့်တက်ပြီး တစ် ဒေါ်လာကို ၄၄ ဒသမ ၄၈ ရူပီးနှုန်းဖြစ် ခဲ့ပါတယ်။ ဂျပန်ယန်း             အမေရိကန်ပြည်ထောင်စုမှာ ေြွကးမြီအမြင့်ဆုံးအဆင့်သတ်မှတ်ရေး အငြင်းပွားနေသလို ဥရောပမှာ ေြွကးမြီ အကျပ်အတည်းဆိုက်နေချိန်မှာ ယန်း ငွေတန်ဖိုးကသောင်းကနင်း ပြောင်းလဲ နေရင် ယန်းငွေတန်ဖိုး ချပေးဖို့ အစိုးရ ကဝင် ရောက်ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေး ထိပ်တန်းအရာရှိဟောင်း တာကာ တိုရှီ ကာတိုက ပြောပါတယ်။ ယန်းငွေ တန်ဖိုးဟာ ဇူလိုင်လ ၁၃ ရက် က တစ်ဒေါ်လာ ၇၈ ဒသမ ၅ဝ ယန်း နှုန်းထိရောက်ရှိပြီး စစ်ပြီးခေတ် နောက်ပိုင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်ကမူ ၇၉ ဒသမ ၁၂ ယန်းနှုန်းရှိခဲ့ပါတယ်။  မလေးရှားရင်းဂစ်       မလေးရှားရင်းဂစ်တန်ဖိုးဟာ ရက် သတ္တနှစ်ပတ်မြင့်တက်နေတာအဆုံးသတ် ပြီး ဇူလိုင် ၁၄ ရက်နေ့က တစ်ဒေါ်လာ ကို ၃ ဒသမ ဝဝ၄၅ ရင်းဂစ်နှုန်းသို့ ရောက်ရှိကာ သုည ဒသမ ၄ ရာခိုင်နှုန်း တန်ဖိုးကျခဲ့ပါတယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နံှသူတွေက အာရှ ဒေသမှာ ရင်းနှီးမြှုပ်နံှဖို့ လက်ရှောင်လာ ကြတဲ့အတွက် အာရှဒေသရှိ ငွေကြေး တွေရဲ့တန်ဖိုးကျတာနဲ့အညီ ဇူလိုင် ၁၅ ရက်နေ့မှာလည်း ရင်းဂစ် ငွေကြေး တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။ ဥရောပ ဘဏ်က ၁၅ ခုကို ကြံ့ခိုင်မှုစစ်ဆေးခဲ့ ရာ ငါးခု ကျရှုံးမယ်လို့ ကျွမ်းကျင်သူ တွေက ခန့်မှန်းပါတယ်။ ဒါကြောင့် ရင်းဂစ်တန်ဖိုးဟာ ဆက်လက်ကျဆင်း ပြီး တစ်ဒေါ်လာကို ၃ ဒသမ ဝဝ၅ဝ ရင်းဂစ်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်          ပြည်တွင်းမှာ ဝယ်လိုအားတိုးတက်မှုနှေးကွေးမယ်လို့ ယူဆရတဲ့အတွက် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှု နှုန်း နှေးကွေးမယ်လို့ တောင်ကိုရီးယား ဗဟိုဘဏ်က ဇူလိုင် ၁၅ ရက်နေ့က ခန့်မှန်းပါတယ်။ ဝမ်ငွေတန်ဖိုးကလည်း ယခု ရက်သတ္တပတ်တစ်ခုလုံးအတွက် သုည ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၁ဝ၅၇ ဒသမ ၃၅ ဝမ် နှုန်းသာ ရှိခဲ့ပါတယ်။ ထိုင်းဘတ်            ယခုရက်သတ္တပတ်အတွင်း ပထမ လေးရက်မှာ တရုတ်(တိုင်ပေ)၊ တောင် ကိုရီးယားနဲ့ ထိုင်းရှယ်ယာများရဲ့ အ ရောင်းက အဝယ်ထက် ဒေါ်လာ ၁ ဒသမ ၆ သန်းပိုမိုခဲ့ပါတယ်။ ထိုင်းဘတ် ငွေတန်ဖိုးဟာ ဘန်ကောက်မှာ ဇူလိုင် ၁၄ ရက်မနက် ၈ နာရီ ၄၃ မိနစ်က တစ်ဒေါ်လာကို ၃ဝ ဒသမ ဝ၈ ဘတ် နှုန်းရှိခဲ့ရာမှ ၁၅ ရက်မှာ ၃ဝ ဒသမ ၁၁၉ ဘတ်နှုန်းထိတန်ဖိုးကျခဲ့ပါတယ်။ Sources:bloomberg.com, xinhua

Tuesday, 21 Jun 2011

ကိုရီးယားနိုင်ငံ၏ WOOSONG UNIVERSITY, SOLBRIDGE (International School of Business)တွင်  BBA Course  နှင့် MBA & MIB Course သင်တန်းများ ကျောင်းဝင်ခွင့ ် လက်ခံပေး                ကိုရီးယားနိုင်ငံ၏Woosong University နှင့် Solbridge (International School of Business)တွင် BBA Courseနှင့် MBA & MIB Course သင်တန်းများကို ၂ဝ၁၁ စက်တင်ဘာလနှင့် ၂ဝ၁၂ မတ်လအတွက် ကျောင်းဝင်ခွင့် များကို AAT -Business Center ၃၂ နှင့် ၃၃ လမ်းကြား၊ ၇၇ နှင့် ၇၈ လမ်းကြားတွင် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။               Solbridge  တွင် Bachelor's degree (BBA) နှင့် Master's degree (MBA and MIB )ဘာသာရပ်များကို အင်္ဂလိပ်သာသာဖြင့် သင်ယူနိုင်ပါတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပါမောက္ခများသင်ကြားပေးလျက်ရှိ၍ ကိုရီးယားနှင့် အမေရိကန် (Georgia)  တက္ကသိုလ်နှင့်ချိတ်ဆက်ထားပြီး သတ်မှတ်စာသင်နှစ်အတွင်း ဘွဲ့နှစ်ခုရရှိနိုင်မှာ ဖြစ်ပါတယ်။ International Exchange Program  များအရ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တိုက်ရိုက်ပညာ ဆက်လက်သင်ယူနိုင်ပါတယ်။ ပညာသင်ယူနေစဉ်ကာလမှာ ပညာထူးချွန်ပါက အချိန်ပိုင်းအလုပ်ရှာပေးမှာဖြစ်ပါတယ်။ BBA Course  မှာ ဘာသာရပ် ၅ ခု၊ MBA Course  မှာ ဘာသာရပ် ၄ ခုကို လေ့လာသင်ကြားနိုင်ပါတယ်'' လို့ SOLBRIDGE မှ Regional Manager Toracki Nakamura , Ph.D က ပြောပါတယ်။ Woosong University နှင့်  Solbridge (Internaional School of Business) တွင် ဘာသာရပ် ၂၃ မျိုးကို သင်ယူနိုင်ပြီး Scholarship Program များ လျှောက်ထားနိုင်ကြောင်းနှင့် ၂ဝ၁၁ ဇွန်လနှင့် ဇူလိုင်လများအတွင်း ကျောင်းအပ်နံှသူများအား Discount  အစီအစဉ်များဖြင့် တက်ရောက်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူူးဇူူး

Tuesday, 21 Jun 2011

စားအုန်းဆီတင်သွင်းခွင့်ရသောကုမ္ပဏီနှင့် ဆန်စပါးအထူးပြုကုမ္ပဏီတို့ပူးပေါင်း၍ ကျေးလက်နေတောင်သူများသို့ စားအုန်းဆီ တိုက်ရိုက်ရောင်းချ             မြန်မာနိုင်ငံ၏ စားသုံးဆီ ဖူလုံရေး အတွက် နိုင်ငံခြားမှ စားအုန်းဆီတင် သွင်းခွင့်ရတဲ့ ဂလိုဘယ်မြန်မာ ထရေး ဒင်းကုမ္ပဏီအနေဖြင့် ပဲခူးတိုင်းဒေသ ကြီး အနောက်ပိုင်း ပြည်ခရိုင်အတွင်း ဆန်စပါးအထူး ပြုလုပ်ငန်းများ ဆောင် ရွက်နေသော ခေတ္တရာဟင်္သာကုမ္ပဏီ နှင့်ပူးပေါင်းပြီး မလေးရှားနိုင်ငံမှ တင် သွင်းလာသောစားအုန်းဆီများကို ကျေး လက်နေတောင်သူများထံသို့ ကျေးရွာ အရောက် စားအုန်းဆီ အရောင်းဆိုင် များဖွင့်လှစ်၍ ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးလျက် ရှိနေပါတယ်။             ၂ဝ၁၁ ခုနှစ် မေ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ပြည်ခရိုင်အတွင်း ပေါက်ခေါင်းမြို့နယ်၊ ကင်းပွန်ခြုံ ကျေး ရွာတွင်လည်းကောင်း၊ ပြည်မြို့နယ် ဇီးအုပ်ကျေးရွာတွင် လည်းကောင်း၊ ရွှေတောင်မြို့နယ် ကြာနီကန်ကျေးရွာ တို့တွင်လည်းကောင်း စားအုန်းဆီ ရောင်းချမည့် အစီအစဉ်များ ရှင်းလင်း တင်ပြခြင်းများပြုလုပ်ပြီး ကုမ္ပဏီ၏ အကျိုးဆောင်တောင်သူများအား စား အုန်းဆီဆိုင် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ ပါတယ်။ ၂ဝ၁၁ ခုနှစ် ဇွန်လပထမပတ် အတွင်း ကုမ္ပဏီနှင့်ဆန်စပါးထုတ်လုပ်မှု အကျိုးတူ ဆောင်ရွက်လျက်ရှိသော တောင်သူများအား တစ်ပိဿာလျှင် ကျပ် ၂၂၅ဝ ဈေးဖြင့် ဒေသပေါက်ဈေး ထက်သက်သာသော ဈေးနှုန်းဖြင့် တိုက် ရိုက်ရောင်းချပေးလျက် ရှိပါတယ်။ မကြာမီက နိုင်ငံတော်အနေဖြင့် ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိ သော ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို အထူးပြု ကုမ္ပဏီများအနေဖြင့် မိမိနှင့်ဆက်စပ် ဆောင်ရွက်နေသော ကျေးလက်များသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် တစ်တပ် တစ်အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ရာရောက်သည့်အပြင် တောင်သူများ အနေဖြင့်လည်း စားအုန်းဆီများကို ဈေး နှုန်းချိုသာစွာဖြင့် ကျေးရွာအတွင်းမှာ ပင် တိုက်ရိုက်ဝယ်ယူ စားသုံးနိုင်ကြတော့မှာ ဖြစ်ပါတယ်။    GLM

Tuesday, 21 Jun 2011

မန္တလေးဈေးချိုဈေးရုံးများတွင် ကာယလုပ်သား မှတ်ပုံတင်လျှောက်လွှာများ ရယူနိုင်          မန္တလေးအဆင့်မြင့် ဈေးချိုတော်တွင် ပြင်ပလုပ်သားများနှင့်ရောနှော၍ မရှိစေရန်၊ ခိုးမှု၊ ပစ္စည်း အလစ်သုတ်မှုများမရှိ စေဘဲ စနစ်တကျဖြင့် ရောင်းဝယ်မှုပြလုပ်နိုင်စေရန်အတွက် ကာယလုပ်သားများအား မှတ်ပုံတင်ပြုလုပ်ပေးပြီး တူညီဝတ်စုံဖြင့် သာ အလုပ်လုပ်စေမယ်လို့ သိရပါတယ်။               ကာယလုပ်သားမှတ်ပုံတင်လျှောက်လွှာများကို ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာဈေးရုံးများမှာ လျှောက်လွှာများ ရယူ နိုင်ပါတယ်။ လျှောက်လွှာများကို သက်ဆိုင်ရာရဲစခန်းထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်နှင့်အတူ အကျိုးတော်ဆောင်ရုံးတွင် လျှောက်ထားရမှာဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ''ဈေးမှာ စနစ်တကျ ရောင်းဝယ်နိုင် အောင် ကာယလုပ်သား မှတ်ပုံတင်လုပ်ပြီး သူတို့ရဲ့ ကိုယ်ရေးရာဇဝင်ယူထားမယ်။ တူညီဝတ်စုံ ဝတ်ခိုင်းမယ်။ စည်းမျဉ်းစည်း ကမ်းထားပြီး ထိန်းသိမ်းခိုင်းမယ်။ တူညီဝတ်စုံမရှိတဲ့အတွက် ပြင်ပက လူဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်နဲ့ ကိုယ့်အလုပ် သမားလား သူ့အလုပ်သမားလား မသိရဘူး။ ရောနေတဲ့အတွက် အဆင်ပြေအောင် စည်းကမ်းတကျနဲ့ ဆောင်ရွက်သွားမယ်။ ဈေးအကျိုးတော်ဆောင် ကိုယ်စားလှယ်တောက်ခံချက်နှင့်အတူ လျှောက်လွှာများကို ဌာနခွဲမှတစ်ဆင့် ဌာနမှူးရုံးထံ တင်ပြပြီး အတည်ပြု မှတ်ပုံတင်သွားမယ်''လို့ ပြောပါတယ်။        မန္တလေးဈေးချိုတော်ဈေးရုံးတွင် ပံျကျလုပ်ကိုင်သည့် ကာယလုပ်သား ၄ဝဝ ဦးနှင့် မန်းမြန်မာပလာဇာဈေး အကျိုး တော်ဆောင်ရုံးတွင် ပံျကျလုပ်ကိုင်သည့်ကာယလုပ်သား ၁ဝဝ ဦးတို့ လာရောက်လျှောက်ထားမှုရှိကြောင်း သိရပါတယ်။ ကာယလုပ်သားမှတ်ပုံတင် နှစ်စဉ်ကြေးမှာ ၁ဝဝဝ ကျပ်၊ ဝတ်စုံကြေး ၂ဝဝဝ ကျပ်ကောက်ခံမယ်လို့ သိရပါတယ်။ ဇူးဇူး

Pages