Main menu

Background

Monday, 1 Mar 2010

    Game and Entertainment Tech, Early childhood care and Education နှင့် အင်ဂျင်နီယာဘာသာရပ်များကို စိတ်ဝင်စားသူများအတွက် စင်ကာပူနိုင်ငံ၌ သင်ကြားနိုင်ရန် ဆက်သွယ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း STUDY ABROAD Information Centre မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Monday, 1 Mar 2010

    စင်ကာပူနိုင်ငံသို့ ကျောင်းသွားတက်ရောက်ရန် ရည်ရွယ်ထားသော အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကျောင်းသား/သူများ အတွက် Singapore Standard Text Exam ကို အခမဲ့ စစ်ဆေးပေးမည်ဖြစ်ကြောင်း Hawaii Education မှ လက်ထောက် မန်နေဂျာ မခိုင်ခိုင်ထက်က ပြောကြားသည်။

Monday, 1 Mar 2010

    ယခုအခါတွင် စင်ကာပူအစိုးရမှ နိုင်ငံခြားသားများ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ဆွဲဆောင်နိုင်ရန် Flyer, formula, Singapore Zoo, Night Safari and Jurong Bird Park ကဲ့သို့ ဆွဲဆောင်မှုရှိသော နေရာများကို ငွေကြေးအကုန်အကျများစွာဖြင့် တည်ဆောက်လျှက်ရှိပြီး၊ ယခု(၂၀၁၀)တွင် အကြီးစားအပန်းဖြေစခန်း(၂)ခုကို Sentosa ကျွန်းနှင့် Marina Bay တွင် တည်ဆောက်နေပြီး၊ ယင်းလုပ်ငန်းကြီးနှစ်ခုအတွက် ကျွမ်းကျင်သောအလုပ်သမား (၃၀၀၀၀)ကျော်ကို  ရရှိနိုင်ရန် မျှော်လင့်လျှက်ရှိရာ၊ ယခုအခါတွင် စင်ကာပူ၌ ကမ္ဘာလှည့် ခရီးသွားခြင်းနှင့် Hotel ဆိုင်ရာ စီမံခန့်ခွဲမှု ပညာများသည် ပို၍အရေးပါလာကြောင်း သိရသည်။

Monday, 1 Mar 2010

     စင်္ကာပူနိုင်ငံ Parkway Collage က ဖွင့်လှစ်မဲ့ Diploma in Nursing သင်တန်းအတွက် Full-Sponsorship လျှောက်ထားနိုင် ကြောင်း သိရပါတယ်။

Monday, 1 Mar 2010

    ယခုခေတ်စီးပွားရေးနှင့် အုပ်ချုပ်မှုနယ်ပယ်တွင် MBA ဘွဲ့မှာ ထင်ရှားစွာရပ်တည်လျက်ရှိပြီး၊ ယခင်က MBA Program ကို လူလတ်ပိုင်းများနှင့် အထက်ပိုင်းများသာ စိတ်ဝင်စားခဲ့သော်လည်း ယခုအခါတွင် ကျောင်းသားလူငယ်များပါ စိတ်ဝင်စားမှုများ လာကြောင်း Myanmar Search International (MSI) မှမန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောကြားသည်။

Wednesday, 24 Feb 2010

ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ ဆေးဘက်ပညာကျွမ်း ကျင်ပညာရှင်များ၊ ဆေးဝါးကျွမ်းကျင် ပညာရှင်များ၊  ဆေးပညာနယ်ပယ် တွင် အသက်မွေးဝမ်းကျောင်း ပြုလို သူများသည် အင်္ဂလန်နိုင်ငံ  University of Bradford မှ ပေးအပ်သောB.Sc( Hons in Biomedical Sciences နှင့် Management Development Institute of Singapore (MDIS)   ကျောင်းတွင် သင်ယူနိုင်ပြီး မြန်မာနိုင်ငံမ ှM.B.B.S, B.D.S, B.Pharm. B.M.T.M, B.Med,Tech  ဘွဲ့ရများအတွက် ဘာသာရပ် ဆိုင်ရာ ကင်းလွတ်ခွင့်များ လျှောက် ထားနိုင်ကြောင်း ဗွှ ရ ှ ဃသယူအိ မှ  တာဝန်ရှိသူတစ်ဦးက  ပြောကြား သည်။ မြန်မာနိုင်ငံမှM.B.B.S ဘွဲ့ ရသူများ တက်ရောက်လိုပါကHuman Genetics  နှင့် Molecular Genetics  နှစ်ဘာသာကို တက် ရောက်၍ နောက်ဆုံးနှစ်သို့ တက် ရောက်နိုင်မည်ဖြစ်သည်။ M.B.B.S ဘွဲ့ရများသည်Biomedical Science ဘွဲ့ကို တစ်နှစ်နှင့် ခြောက်လသာ တက်ရောက်ရမည်ဖြစ်ပြီး နောက်ဆုံး နှစ်တွင် Cellular and Molecular Pathology (or) Medical Biochemistryဘာသာရပ်များကို ရွေး ချယ်၍အထူးပြုသင်ကြားနိုင်ကြောင်း သိရသည်။ B.Pharm  က  ဘွဲ့ရပြီးသူများ အနေဖြင့်Pharmaceutical Management  ဘာသာရပ်ကို ဒုတိယနှစ်မှ စတင်၍  တက်ရောက်ရမည်ဖြစ်ပြီး ဆေးဝါးနည်း ပညာရပ်ဆိုင်ရာ စီမံ ခန့်ခွဲမှုပညာရပ်များကို သင်ယူရမည် ဖြစ်သည်။ ဘွဲ့ရရှိပြီးပါက နိုင်ငံတကာ ဆေးသုတေသန  ကုမ္ပဏီများတွင် ပညာရှင်အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်သည့်အပြင် အင်္ဂလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံ များရှိ တက္ကသိုလ်ကြီးများတွင် ဆေး ဝါးဆိုင်ရာ မဟာသိပ္ပံဘွဲ့များကို ဆက် လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။မင်းသန့်

Wednesday, 24 Feb 2010

ယခုတစ်ပတ် ရန်ကုန်ကားဈေးကွက်အတွင်း တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် အရောင်းအဝယ် မရှိခဲ့ဘဲ ဈေးဆိုင်မှု များသာရှိခဲ့ကြောင်း ဟံသာဝတီကားဈေးကွက်အတွင်းမှစုံစမ်းသိရသည်။'' တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့်ကားဈေးကွက်ကအရောင်းအဝယ်မရှိသလောက် ဖြစ်ခဲ့တယ်။ အောက်ကား တခိုျ့ကို စုံစမ်းတဲ့လူရှိခဲ့ပေမယ့် တကယ်တမ်း စကားပြောတဲ့အခါ အလုပ်မဖြစ်ဘဲ ပျက်သွားတာများတယ်။ ''ထ''အက္ခရာ၊ ဟိုင်းလတ် ၅ ချိတ်ဆိုရင် သိန်း ၉ဝနဲ့ကမ်းလှမ်းတာ ရှိပေမယ့် နှစ်ဦးနှစ်ဖက် မဆိုင်ရသေးဘူး။ ၃က/လီမိတက်ဆိုရင် ကျပ်သိန်း ၃၅ဝ ခေါ်တယ်။ အပေါ်ကားက အရောင်းအဝယ်ကို လုံးဝမရှိဘူး။ ကျွန်တော်တို့ဘက်က ပွဲခမရရင်နေ ရောင်းသူဝယ်သူ အဆင်ပြေအောင် ချိတ်ပေးပေမယ့် ဝယ်မယ့်ဈေးနဲ့ ရောင်းမယ့် ဈေးကွာဟချက်ကြီးမားလွန်းတော့ အလုပ်မဖြစ်ဘူး''ဟု ဟံသာ ဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝါရင့်အကိုျးဆောင်တစ်ဦးက ပြောပြသည်။ရန်ကုန် ကားဈေးကွက်အတွင်း ဝယ်လိုသူများအမြင့် ကားဝယ်စီးလိုသူများကြောင့်  အပေါ်ကားတခိုျ့ အလဲအထပ် ဖြစ်ခဲ့ကြောင်း၊ အောက်ကားနဲ့ အလယ်ကားတခိုျ့ စုံစမ်းမှုများရှိခဲ့ သော်လည်း တကယ့်လက်တွေ့တွင် အလုပ်မဖြစ်ခဲ့ကြောင်း နှင့် လက်ရှိကားဈေးကွက်မှာ ရောင်းသူပေါ၍ ဝယ်သူကိုမျှော်ရသော ဈေးကွက်အခြေအနေသို့ ရောက်ရှိလျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း နိုင်ငံတော်လေလံပွဲများ ဆက်တိုက်ပြုလုပ်ခြင်း၊ တရုတ်နှစ်သစ်ကူးကာလသို့ ရောက်ရှိခြင်းကြောင့်ရန်ကုန်ကားဈေးကွက်အေးစက်လျက်ရှိကြောင်း သိရသည်။                                                     မင်းသန့်

Wednesday, 24 Feb 2010

ဒုတိယအကြိမ်အင်းလေးမြန်မာ့ သစ်ခွပန်းပြပွဲကို ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ   ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ ကျင်းပသွားမည်ဟု သိရသည်။အဆိုပါ ပြပွဲတွင် ပြည်တွင်း သစ်ခွ ပန်းမိုျးအုပ်စု ၁၉အုပ်စုမှ ပန်း ပင်မိုျး ၂ဝဝ ကျော်ကို ပြသသွား မည့်အပြင် ဒေသခံများက နေအိမ် ရှေ့တွင် သစ်ခွပန်းများကို ချိတ်ဆွဲ ကာ ကြိုဆိုကြမည်ဟု တောင်ကြီးဇုန် ဟိုတယ်လုပ်ငန်းရှင်အသင်းမှ  သိရ သည်။ယင်းပြပွဲနှင့်အတူ ှလေန ွှ့န ဃ့ငိူမနည မှ  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အသိပညာ ပေးပြခန်းများ၊ ဘွန်ဇိုင်း ဝါသနာ ရှင်များ၏ လက်ရာများ၊ ဟိုတယ် ပြခန်းများစသည်ဖြင့် ပါဝင်မည် ဖြစ် ကြောင်း သိရသည်။ပထမအကြိမ် အင်းလေးမြန်မာ့ သစ်ခွပြပွဲကို ၂ဝဝ၉ ခုနှစ် မတ်လ အတွင်းက ကျင်းပခဲ့ပြီး ယခုကဲ့သို့ ပွဲတော်များကျင်းပရခြင်းမှာ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင် ရေးအတွက်ဖြစ်ကြောင်း ဟိုတယ် လုပ်ငန်းရှင်များက ပြောသည်။ လွင်လွင်မိုး

Wednesday, 24 Feb 2010

မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ)မှ (၃၈)အထူးယာဉ်လိုင်းသစ်တစ်ခု ပြေးဆွဲ ပေးရန် စီစဉ်နေကြောင်း သိရသည်။အဆိုပါ ယာဉ်လိုင်းပြေးဆွဲရန် ပြည်ပမှ မကြာမီက ရောက်ရှိလာသော ယာဉ်ကြီးများအနက် အစီး၂ဝကို ပြင်ဆင် မှုများပြုလုပ်နေပြီး မကြာမီလိုင်းဆွဲနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။(၃၈)  အထူးယာဉ်လိုင်းသည် ယခင် (၃၈) ဒိုင်နာအဝါ နှင့် အစိမ်းယာဉ်များ လမ်းကြောင်းအတိုင်း ဝင်ရောက် ပြေး ဆွဲပေးမှာဖြစ်ကြောင်း၊ အမြန်ဆုံး ပြေးဆွဲပေးနိုင်ရန်  စီစဉ်နေ ကြောင်း မထသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယခုပြေးဆွဲမည့် ယာဉ်စီးရေ ၂ဝ အပြင် ထပ်မံတိုးခဲျ့ ပြေးဆွဲနိုင်ရန် ပြည်ပမှယာဉ်များ ထပ်မံမှာယူထားကြောင်း၊ အခြားယာဉ်လိုင်းများတွင်လည်း ယာဉ်များ ထပ်မံတိုးခဲျ့ပြေး ဆွဲပေးရန် ရှိကြောင်း သိရသည်။        လွင်လွင်မိုး

Wednesday, 24 Feb 2010

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင်  လျှပ်စစ်ပစ္စည်း အရောင်းမြှင့်တင်ရေးပြပွဲကို  နီးဘန်း ကုမ္ပဏီမှ အဓိကပံ့ပိုးလျက် ဖေဖော် ဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ နီးဘန်း၊ တီဟုမ်း၊ ဆိုနီ၊ အယ်ဂျီ အမှတ်တံဆိပ်ဖြင့် ထုတ် လုပ်သော တီဗွီ၊ ဒီဗွီဒီ၊ ရေခဲသေတ္တာ၊ အစရှိသော လျှပ်စစ်ပစ္စည်းဆိုင်များ၊ ကွန်ပူျတာ ဆက်စပ်ပစ္စည်း၊ ဒီဂျစ် တယ်ကတ္တားဆိုင်နှင့် အခြားလူသုံးကုန် လျှပ်စစ်ပစ္စည်းများကို ဈေးနှုန်းခိုျသာ စွာဖြင့် ရောင်းချခဲ့ပြီး စင်တင်တေးဂီတ၊ မော်ဒယ်ရှိုးများဖြင့်လည်း စည်ကားစွာ ကျင်းပခဲ့ပါတယ်။ နီးဘန်း၊ တီဟုမ်း၊ အယ်ဂျီတံဆိပ် ၁၄ လက်မကာလာ ဖလက် တီဗွီကို ၅၈ဝဝဝ ကျပ်မှ ၂၁ လက်မ ကာလာ ဖလက် တီဗွီတစ်လုံး ကို အနိမ့်ဆုံး ၉၂ဝဝဝ ကျပ်၊ ၂၁ လက်မ CCD တီဗွီတစ်လုံးကို  ၁ သိန်း ၉ သောင်းခန့်ဖြင့် ရောင်းချခဲ့တယ်လို့ သိရ ပါတယ်။                ဝင်းမြတ်

Pages