Main menu

Background

Monday, 19 Dec 2011

              မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်မှ ကုန်သည်များအသင်းက ကုန်သွယ်မှု တိုးတက် ရေးအတွက် တစ်ဖက်နိုင်ငံ ကုန်သည်အသင်းများ နဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါ တယ်။

Tuesday, 13 Dec 2011

            ပုသိမ်ခရိုင်အတွင်း  ပဲစိုက်ပျိုးလျက်ရှိတဲ့ ဘဲဂရက်ကျေးရွာ၊ မိချောင်းတစ်ရာ၊ ကွင်းရားအရှေ့၊ ထန်းပင်၊ ကြူတန်း၊ ကံကုန်း၊ ဆပ် ကွင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသမျိုးထက် အထွက်နှုန်းကောင်းသော ပျဉ်းမနားရေဆင်း-၂ ပဲမျိုးကို ပြောင်းလဲစိုက် ပျိုးလျက်ရှိကြောင်း သိရပါတယ်။

Tuesday, 13 Dec 2011

     ပုသိမ်မြို့၊ ကမ်းနားလမ်းနဲ့ ရွှေ စေတီလမ်းထောင့်မှာရှိတဲ့   3 STAR  MOBILE  အထွေထွေအကျိုးဆောင် လုပ်ငန်းမှ  ငါးသိန်းတန် GSM, CDMA 450 MHz, CDMA 800 MHz   ဖုန်းများကို ကျပ်ငွေနှစ်သိန်းရှိရင် ကျန်ငွေကို လစဉ် အရစ်ကျပေးသွင်း စနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။

Tuesday, 13 Dec 2011

    အိန္ဒိယနိုင်ငံ India Expo Mart, Greater Noida wGif Ministry of Textiles  ဝန်ကြီးဌာန ၏စီစဉ်မှုဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်မည့် Tex-Trends India  သို့ မြန်မာနိုင်ငံမှပါဝင်ပြသရန် Export Promotion Council for Handicrafts  မှ ဖိတ်ကြားထားပါသည်။

Monday, 21 Nov 2011

                       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်၊ လက်ဆောင် ယူအုပ်စု၊ လက်ဆောင်ယူ ကျေးရွာတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၉ ရက်က သင်ဖြူး ဖျာ ရက်လုပ်ငန်းလုပ်ကိုင်သူ ၅၀ ဦးတို့အား တစ်ဦး ကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် နှစ်ဆယ့်ငါးသိန်းကို ၂ ဒသမ ၅ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ထုတ်ချေးကြောင်း သိရပါတယ်။ ငွေထုတ်ချေးပွဲ အခမ်းအနား ကို ဦးဇော်မင်း (မြို့နယ်အုပ်ချုပ်ရေးမှူး၊ တံတားဦးမြို့)၊ ဦးကျော်မြင့် (ခရိုင်မန်နေ ဂျာ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ကျောက်ဆည်မြို့)၊ ဦးတင်ထွန်းနိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြ ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်ဖြူးဖျာ ရက်လုပ်ငန်း လုပ်ကိုင်သူများအား ယခု ထုတ်ချေးပေးသော ငွေများမှာ လုပ်ငန်း အတွက် မတည်ရင်းနှီးငွေ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ လောင်းကစားနဲ့ အခြားနေ ရာများမှာ အလဟဿ မသုံးဖြုန်းကြရန်၊ လုပ်ငန်းကို နဂိုထုတ်လုပ်မှုထက် နှစ်ဆ တိုးတက်အောင်ပြုလုပ်ကြရန်၊ ကျေးလက် ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အဓိကထား ထုတ်ပေးခြင်းဖြစ် ကြောင်း၊ အလုပ်ကို ကြိုးစား၍လုပ်ကိုင်ကြ ရန်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ဝင်းမာ-မန္တလေး

Monday, 21 Nov 2011

                    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်  လှည်းဆိပ်ကျေးရွာမှာ ကိုရီးယားနိုင်ငံ Nadeul Logis Co  မှ ဒုတိယဥက္ကဋ္ဌMr. Goung Woo Jooung  နဲ့အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၎င်းတို့ စိုက်ပျိုးလျက်ရှိတဲ့ ကိုရီးယားနဲ့ အမေရိကန်နိုင်ငံ များသို့ တင်ပို့ရောင်းချနေတဲ့ ငှက်ပျောမျိုးများကို Tissue Culture  ဖြင့် ဖိလစ်ပိုင်မှ မျိုးယူပြီး ၁၂ ဧက အပင် ၁၂၀၀၀ ခန့် စမ်းသပ်စိုက်ပျိုးလျက်ရှိ ရာ အောင်မြင်လျက်ရှိကြောင်း သိရပါတယ်။                     ကိုရီးယားလူမျိုး Mr. Jooung နဲ့အဖွဲ့ဟာ တစ်သျှူးငှက်ပျောများ မစိုက်ပျိုးမီ လှည်းဆိပ်ကျေး ရွာသို့ ၁၀ ကြိမ်လောက်လာရောက်ခဲ့ပြီး ငှက်ပျော စိုက်မြေကို စမ်းသပ်ခြင်း၊ ၁၀ နှစ်စာ မိုးရေချိန် လက်မများကို မှတ်သားခြင်း၊ ရေမျက်နှာပြင် အနိမ့် အမြင့်များကို ကြည့်ရှုစစ်ဆေးခြင်းများကို စမ်းသပ် စစ်ဆေးခဲ့ရာ ဖိလစ်ပိုင်တစ်သျှူးငှက်ပျော ကြိုက် နှစ်သက်တဲ့အနေအထားရှိကြောင်း သိရပါတယ်။ ဒါကြောင့် ယင်းတစ်သျှူးငှက်ပျော ပျိုးပင်များကို ၂၀၁၁ ခုနှစ် မေလမှာ ဖိလစ်ပိုင်မှ လေယာဉ်ဖြင့် သယ်ဆောင်လာပြီး လှည်းဆိပ်ကျေးရွာတွင် ၎င်းတို့နည်းပညာဖြင့် ပြုလုပ်ထားတဲ့ green house  များမှာ နှစ်လခန့် မွေးမြူထားရှိကာ ဇူလိုင်လထဲ တွင် မြေပြင်သို့ ပြောင်းလဲစိုက်ပျိုးခဲ့ပါတယ်။ ယခု လက်ရှိပင်ရပ် ၄ ပေ ခန့်ရှိနေပြီလို့ သိရပါတယ်။ ဒီဇင်ဘာလ၊ ဇန်နဝါရီလများမှာ ငှက်ပျောဖူးများ ထွက်ရှိပြီး မတ်လ၊ ဧပြီလများမှာ ငှက်ပျောခိုင်များ စတင်ခုတ်နိုင်ပြီလို့ ခန့်မှန်းထားပါတယ်။ အပင်ဖြစ် ထွန်းအောင်မြင်မှု အလွန်ကောင်းကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းမီကြောင်း ၎င်းကိုရီးယားအဖွဲ့က ဆိုပါတယ်။                    ငှက်ပျောပင်အနေအထားမှာ ရွှေငှက်ပျောပင် အရောင်နဲ့တူပြီး ငှက်ပျောသီးပုံစံမှာ ခွံဝါကဲ့ သို့ဖြစ်ပါတယ်။ အနံ့အရသာမှာလည်း မြန်မာခွံဝါ ငှက်ပျောလောက် မပြင်းကြောင်း သိရပါတယ်။ ယခုစမ်းသပ်စိုက်ပျိုးရာ အောင်မြင်မှုရှိတဲ့အတွက် တိုးချဲ့စိုက်ပျိုးပြီး၊ ပြည်ပသို့တင်ပို့ရန် အစီအစဉ်ရှိကြောင်းသိရပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်က Mr, Jooung နဲ့ ဒေသငှက်ပျော စိုက်အဖွဲ့ဟာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ သွားရောက်တွေ့ဆုံပြီး၊ စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချရေးကိစ္စများကို ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။                       ငှက်ပျောပင်တစ်ပင်အနေနဲ့ တစ်ခိုင် ၁၀ ဖီး ခန့်ထွက်ရှိမှာဖြစ်ပြီး ကီလို ၄၀ ခန့်ရှိမယ်လို့ခန့်မှန်း ပါတယ်။ ၎င်းင်းတို့ဝယ်ယူမှုပုံစံမှာ One Box  (၁၃ ကီလို) ကို စက်ရုံအရောက် ၁ ဒသမ ၅ ဒေါ်လာ ဖြင့် ငှက်ပျောတစ်ပင် ၄ ဒေါ်လာခန့် ရရှိမယ်လို့ ခန့်မှန်းပါတယ်။ တစ်ဧက အပင် ၁၀၀၀ ကို ဒေါ်လာ ၄၀၀၀ ခန့်ရမှာဖြစ်လို့ တစ်ဧက ကျပ် သိန်း ၃၀ရမည်ဖြစ်ရာ ငှက်ပျောတောင်သူ တစ်ဧက ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် ကျပ် ၁၀ သိန်း ကိုနုတ်ပါက အကျိုးအမြတ် ၁၅ သိန်း-၂၀ သိန်း ခန့်ရရှိမယ်လို့ စမ်းသပ်စိုက်ပျိုးတဲ့တောင်သူများက ပြောပါတယ်။                        ယင်းငှက်ပျောမှ ၂ နှစ်ကို ၃ သီးစိုက်ပျိုးရ ရှိနိုင်ကြောင်းသိရပါတယ်။ ငှက်ပျော ပြည်ပတင် ပို့ခြင်းလုပ်ငန်းအား ကိုရီးယားကုမ္ပဏီ လေးခုမှ ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပြီး စိုက်ဧက ၇၅၀ အတွက် စိုက်ခင်းအနီးမှာ ငှက်ပျောခိုင်များ ချိန်တွယ်ခြင်း၊ ရေဆေးခြင်း၊ ၁၃ ကီလို (One Box) ပါကင်ထုတ်ခြင်းလုပ်ငန်းများအတွက် စက်ရုံတစ်ရုံ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၅ သိန်းဖြင့် တည်ဆောက်ပေးမယ်လို့သိရပါတယ်။                            ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ပုံမှန်ငှက်ပျောစိုက်ဧက တစ်သောင်းခွဲရှိပြီး၊ ဧရာ ဝတီတိုင်းဒေသကြီးတစ်ခုလုံး ပုံမှန်ငှက်ပျောစိုက်ဧက ခြောက်သောင်းကျော်ရှိရာ ပြည်တွင်းစား သုံးမှု၊ သုံးစွဲမှုများအတွက် အခြားမြို့နယ်များမှ ချန်လှပ်ပြီး တစ်သျှူးငှက်ပျောနဲ့ ရေမြေသင့်တင့် သော ကျုံပျော်မြို့နယ်တွင် ငှက်ပျောဧက နှစ် သောင်းခန့် စိုက်ပျိုးနိုင်လို့ ပြည်ပတင်ပို့မယ်ဆိုပါက တစ်နှစ်နိုင်ငံခြားငွေ ကန်ဒေါ်လာ သန်း ၉၀ ခန့် ရရှိမှာဖြစ်လို့ ဒေသခံများ အလုပ်အကိုင်အခွင့် အလမ်းပိုမိုရရှိကာ ဆင်းရဲမှုလျှော့ချရေးကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်လို့ ယင်းတစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကို ဝိုင်းဝန်းကူညီခြင်းဖြင့် ဧရာဝတီ တိုင်းဒေသကြီးလည်း ဖွံ့ဖြိုးလာမှာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။ စိုးဦး-ကျုံပျော်

Tuesday, 15 Nov 2011

                            စကင်နာထည့်ထားတဲ့ မောက်စ် LSM 100 ကိုစတင်ဖြန့်ချိပြီး စကင်နာခေတ်သစ်တစ်ခုကို LG  အီလက်ထရွန်းနစ်ကစတင်ဖို့ကြိုးပမ်းလိုက်ပါ တယ်။ တီထွင်ဆန်းသစ်ထားတဲ့ မောက်စ်ကိရိယာ သစ်အတွက် သီးခြားဆောင်ရွက် ထားတဲ့ နည်းပညာနဲ့ဆောင်ရွက်ထားပြီး အံ့သြစရာကောင်း လောက်တဲ့ တီထွင်ဆန်းသစ်မှုနဲ့ အသုံးပြုသူ အဆင်ပြေချောမွေ့စေနိုင်တဲ့ ဖန်ရှင်တွေတသီကြီး ပေးနိုင်ပါတယ်။ LG. LSM -100 မောက်စ်စကင် နာက ကမ္ဘာမှာ ပထမဆုံး ပေါ်ပေါက်တဲ့ စကင်နာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအတွက် အဆင်ပြေမှု ရှိပါတယ်။ ရွေ့လျားနိုင်မှု ရှိပါတယ်။ သုံးစွဲရ လွယ် ကူ ရှင်းလင်းပါတယ်။ တီထွင်ဆန်းသစ်မှုရှိတဲ့ ဒီစကင်နာက စက်ကိရိယာ ရှုပ်ထွေးခက်ခဲပြီး သယ်ရပြုရ မလွယ်ကူတဲ့ သမားရိုးကျစကင်မှာရှိတဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ နည်းပညာ ဈေးကွက်မှာ အလားအလာ ကောင်းမဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။                           LSM -100  စကင်နာကို သုံးစွဲရတာက သမားရိုးကျ စကင်နာတွေထက်အများကြီး အဆင် ပြေ ညီညွတ်မှုရှိပါတယ်။ မောက်စ်ရဲ့ ဘယ်ဘက် ဘေးမှာရှိတဲ့ Smart Scan  ခလုတ်ကိုဖိထားပြီး စကင်ဖတ်မဲ့နေရာတွေမှာ မောက်စ်ကို ရွှေ့ပေးရုံပါပဲ။ စကင်ဖတ်လိုက်တဲ့ ပုံရိပ်တွေကို PNG, JPEG, TIFF, BMP, PDF, XLS နဲ့ DOC စသည့်ဖြင့် Save  လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် drag  လုပ်ပြီးလိုချင်တဲ့ အပီလီကေးရှင်းမှာ ထည့် နိုင်ပါတယ်။ စကင်ဖတ်ပြီးသား ဖိုင်တွေကို OCR ( Optical Character Recognition ) Editing ပြုလုပ်နိုင်ပါတယ်။ သူတို့ကို အီးမေးလ်ပို့၊SNSs  နဲ့ မိုဘိုင်းဖုန်တွေနဲ့ လွှဲပြောင်းပေးနိုင်ပါတယ်။ ကော်ပိုရိတ်တွေကနေ တစ်ဦးချင်းအလိုက် အသုံး ပြုနိုင်တဲ့အတွက်  LG Mouse Scanner  က စကင်ဖတ်တဲ့လုပ်ငန်းကို တစ်မျိုးတစ်ဖုံပြောင်းလဲ နိုင်တော့မှာ ဖြစ်ပါတယ်။ Souce.economictimes.indiatimes.com

Wednesday, 9 Nov 2011

                       ကမ္ဘာ့လူဦးရေဟာ လာမယ့် ၂၀၅၀ ပြည့်နှစ် ရောက်ရင် ၉ ဘီလီယံ အထိ ရှိလာနိုင်တဲ့အတွက် အထူးသဖြင့် မြို့ပြတွေမှာလူတွေနေထိုင်ဖို့ အိမ်ရာတွေ ပိုမိုပြီးလိုအပ်လာဖို့ ရှိပါတယ်။လက်ရှိကမ္ဘာ့ မြို့ကြီးပေါင်း ၁၀၀မှာ ၉၀ လောက်ဟာ ပင်လယ် ကမ်းစပ်နဲ့မြစ်ကြီးတွေနားမှာ တည်ဆောက်ထား ကြတာ တွေ့နိုင်ပါတယ်။ လာမယ့်ရာစုနှစ်အတွင်း ကမ္ဘာ့ပင်လယ်သမုဒ္ဒရာတွေရဲ့ ရေမျက်နှာပြင်ဟာ စင်တီမီတာ ၆၀ အထိ မြင့်တက်လာနိုင်တဲ့အတွက် မြို့ပြသားတွေဟာ ရေတွေနဲ့ဘယ်လိုနေထိုင်သွား ရမလဲဆိုတာ ယခုကတည်းက လေ့လာထားကြဖို့ လိုအပ်လာပါတယ်။ ကမ္ဘာမှာ ပျမ်းမျှခြင်းအားဖြင့် တစ်နေ့ကိုတော လက်ကျေးရွာတွေက လူဦးရေနှစ် သိန်းခန့်ဟာ မြို့တွေပေါ်တက်ပြီး နေထိုင်လာနေ ကြတဲ့အတွက် လာမယ့်အနှစ် ၃၀-၄၀အတွင်း မြို့ပြ တွေမှာလူဦးရေထူထပ်ကာ ရေလွှမ်းမိုးမှုအန္တရာယ် ဟာ ယခုထက်ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။                        Waterstudio  ဗိသုကာကုမ္ပဏီကို တည်ထောင် သူ ဒတ်ချ်လူမျိုး Koenolthuis  က " ရာသီဥတု ပြောင်းလဲမှုခေတ်ကာလ ဗိသုကာလုပ်ငန်းရဲ့ အဓိကတာဝန်တစ်ခုဟာ ရေတွေရဲ့ အန္တရာယ်ကို ဆန့်ကျင်ကာကွယ်ဖို့ထက် ရေတွေနဲ့ ဘယ်လို အလုပ်ဖြစ်အောင် လုပ်ကြမလဲဆိုတာ လေ့လာဖို့ပဲ ဖြစ်တယ် " လို့ဆိုပါတယ်။                       ဒတ်ချ်လူမျိုးရေဖက်ဆိုင်ရာ ဗိသုကာနဲ့ အင်ဂျင်နီယာပညာရှင်တွေက ရေပေါ်မှာ ဆောက်လုပ် ထားတဲ့ အဆောက်အအုံ (Floating buildings) တွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ မြို့ပြလူဦးရေထူထပ်လာမှုနဲ့ လူဦးရေတိုးပွားလာမှု စတဲ့ပြဿနာတွေကိုဖြေရှင်းရာမှာများစွာအထောက် အကူဖြစ်စေနိုင်တယ်လို့ ထောက်ပြ ကြပါတယ်။                      ဒတ်ချ်လူမျိုးတွေရဲ့ နိုင်ငံထက်ဝက်လောက်ဟာ ပင်လယ်ရေမျက်နှာပြင်ထက်နိမ့်ခဲ့လို့လည်း လွန်ခဲ့ တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက ရေနဲ့အတူ နေထိုင်တတ်ဖို့နဲ့ ရေဘေးအန္တရာယ်ကာကွယ် တတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ပိုလီစတေလီနီနဲ့ ကွန်ကရစ် ပေါင်းစပ်လုပ်ကိုင်ထားတဲ့ ပလက် ဖောင်းတွေပေါ်မှာ ရေပေါ် အဆောက်အအုံ တွေကို တည်ဆောက်ခဲ့ကြပါတယ်။အိပ်ခန်း လေး ခန်းပါတဲ့ လူနေအိမ်တွေကအစ၊ အသေးစားရုံး အဆောက်အအုံတွေ၊ရေပေါ်အကျဉ်းထောင်တွေအထိ ဆောက်လုပ်ခဲ့ကြပါတယ်။ တချို့လုပ်ငန်း တွေဆိုရင် ကြီးမားလာခဲ့ပါတယ်။                        Waterstudio ကုမ္ပဏီဟာဟော်လန်နိုင်ငံတောင်ပိုင်းမှာ Citadel လို့ခေါ်တဲ့ ရေပေါ်လူနေအိမ်ရာ စီမံကိန်းကြီးကို လာမယ့်နှစ်မှာ အပြီးတည်ဆောက်နေတယ်လို့ သိရပါတယ်။                        ဒတ်ချ်ရေပေါ် အဆောက်အအုံ တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dutch Docklands  ကလည်း မော်ဒိုက်နိုင်ငံနဲ့ဖက်စပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျမယ့် ရေပေါ် ဂေါ့ဖ်ကစားကွင်း တစ်ကွင်းကို တည် ဆောက်နေတာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမယ်လို့သိရပါတယ်။ အဲဒီဂေါ့ဖ်ကွင်းကြီးပြီးရင် လူနေအိမ်ပေါင်း ၂၀၀၀၀ ပါရှိတဲ့ ရေပေါ်မြို့တစ်မြို့ကိုလည်း တည်ထောင်သွားဦးမယ်လို့ ဆိုပါတယ်။ Delft  ဗိသုကာတက္ကသိုလ်မှ ဥက္ကဋ္ဌဖြစ်သူ ဟန်းမီယာက " လောလောဆယ်တော့ ပင်လယ် လှိုင်းတွေရဲ့ အကျိုးသက်ရောက်မှုကို မလေ့လာ ဘဲ အလွန်ကြီးပြီး မြင့်မားတဲ့ ရေပေါ်အဆောက် အအုံတွေ တည်ဆောက်နိုင်သေးမှာ မဟုတ်ဘူး။                       ရာသီဥတုက ငြိမ်နေရင် ရေပေါ်အိမ်တစ်လုံးမှာ နေထိုင်ရတာပျော်စရာကောင်းပေမယ့် ရာသီဥတု အလွန်ဆိုးလာရင် ဘယ်လိုနေထိုင်ရမှာလဲ ဆိုတာ တွေးကြည့်ပါ" လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ Dutch Docklands ကုမ္ပဏီကို တည်ထောင် ခဲ့သူ Olthuis ကတော့ အဲဒီပြဿနာရဲ့ အဖြေကို တင်ပြခဲ့ပါတယ်။ သူက " ကြီးမားတဲ့ ရေပေါ် အဆောက်အအုံတွေဟာ သာမန်ပင်လယ်လှိုင်း တွေကို ငယ်တဲ့ရေပေါ် အဆောက်အအုံတွေထက် ပိုပြီးခံနိုင်ရည်ရှိတယ် "လို့ ဆိုပါတယ်။ သူက " မော်ဒိုက်နိုင်ငံမှာ ဆောက်လုပ်မယ့် ရေပေါ်ဂေါ့ဖ် ကွင်းဆိုရင် ခိုင်မာတဲ့ ရေပေါ်ပလက်ဖောင်းပေါ်မှာ တည်ဆောက်သွားဖို့ရှိပြီး ဂေါ့ဖ်ကွင်းပတ်ပတ်လည် မှာလည်း ပင်လယ်ရေလှိုင်းတွေလာရင် အဲဒီ ဒီရေ စွမ်းအားတွေကို စုပ်ယူနိုင်တဲ့အတွက် မြေပြင်ပေါ် မှာ ကစားနေရတဲ့အတိုင်း ဂေါ့ဖ်ဖာတွေကစားနိုင် ကြမယ်" လို့ အာမခံထားပါတယ်။ ဒါ့အပြင် သူက " ပင်လယ်ရေကို ထိန်းချုပ်နိုင်သူတွေဟာ အဲဒီပင်လယ်ရေပေါ်တွေမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ရှိပါတယ်။ ဒါကြောင့် ရေပေါ်အဆောက်အအုံ တည် ဆောက်ရေး နည်းပညာဟာ ရေမျက်နှာပြင်မြင့်တက်လာနေတဲ့ပင်လယ်သမုဒ္ဒရာတွေကို လူတွေရဲ့ အဓိကအိမ်ခြံမြေတွေအဖြစ် ပြောင်းလဲပေးလာနိုင် စရာရှိတယ်" လို့ ဆိုကြောင်းပါခင်ဗျား။  ။                                  “ ရာသီဥတု ပြောင်းလဲမှုခေတ်ကာလ ဗိသုကာလုပ် ငန်းရဲ့ အဓိက တာဝန်တစ်ခုဟာ ရေတွေရဲ့ အန္တရာယ်ကို အောင် လုပ်ကြမလဲဆိုတာ လေ့လာဖို့ပဲဖြစ်တယ် . . . ဆန့်ကျင်ကာကွယ်ဖို့ထက် ရေတွေနဲ့ ဘယ်လိုအလုပ်ဖြစ် ”

Wednesday, 9 Nov 2011

                      "ဒီမှာဆရာရဲ့ ကျွန်တော်နွားစပြီး မွေးတုန်းက ဘာရှိမှာလဲ၊သုံးတွဲလောက် နဲ့ စခဲ့တာ။ ဒေသနွားပဲ။အဲဒီတုန်းက ဖရီရှန်နွားတွေကျွန်တော်တို့ရွာဖက်မှာ ဘယ်သူမှမမွေးသေးဘူး။မှတ်မိသေး တယ်။၁၉၉၁ လောက်မှာကျွန်တော် (၉)မိုင်နို့စားနွားမွေးမြူရေးစခန်းက ဖရီရှန်အထီးကလေးတစ်ကောင်ဝယ်ခဲ့တယ်။ သူ့နားရွက်နံပါတ်က ၁၇၉။အဲဒီတုန်းက ၂၅၀၀ ကျပ်ပေးရတယ်။ စုထားတဲ့ ၅ ကျပ်တန်လေးနဲ့ နွားဖိုးချေခဲ့ရတာ။"                            " ရွာရောက်တော့ ကျွန်တော့်နွား ဘို့ကမပါ၊အဖြူနဲ့အနက်ကြား၊ရွာကအဖွဲ့ တွေကမျိုးမစစ် တဲ့နွားတဲ့။ကျွန်တော့်နွား ကိုသူတို့နွားခြံ လေတင်လေအောက် ဘယ်ကမှ အဖြတ်မခံဘူး။ရပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ယုံကြည်ချက်နဲ့ကျွန်တော်လေ။ဒီနွားတွေ နို့ထွက် ကောင်းကြောင်း ဆရာလေးပြောလို့ ကျွန်တော်သိထားတယ်။ကျွန်တော် အဖေလက်ထက်၊အဖိုးလက်ထက်၊ကျွန်တော် တို့နွားတွေ မွေးခဲ့တာဘဲ။ဒီလိုဘဲ ရရစား စားသိပ်ပြီး ပိုလျှံတယ်မရှိဘူး။ဒါကြောင့် ကျွန်တော်က နွားမျိုးကောင်းရှာခဲ့ တယ်။ရှိစုမဲ့စုနဲ့ ဒီနွားနံပါတ် ၁၇၉ကိုမရ ရအောင် ဝယ်ခဲ့တာ။"                      ကျွန်တော်အိမ်က နွားမတွေနဲ့ စပြီးစပ်တယ်။ဒီကောင်ကြီးကလည်း ကျွန်တော်သေချာ ကျွေးမွေးထား လို့လား မသိဘူး။မျိုးကအောင်မှအောင်။ဒီ ကောင်နဲ့ စပ်လို့ကတော့ တစ်ပင်ပဲ။ သေချာစေချင်လို့ နောက်တစ်ခါ ထပ်ပြရင်တောင်နွားမတွေက တယ်ပြီးလက် မခံချင်ဘူး။ ကျွန်တော် သေချာကျွေး ထားတော့ ဒီကောင်ကြီးက အဆက်အပေါက်ကောင်းတယ်။ အလုပ်လုပ်နိုင် တယ်။ တော်ရုံနွားမ ဒီ ကောင်ကြီးဒဏ် ကိုမခံနိုင်ဘူး။                       ကျွန်တော့်ကောင်ကြီး နာမည် ကြီးချင်တော့ တစ်နှစ်ခွဲ၊ နှစ်နှစ်အကြာ မှာဖြစ်လာတာ။ ကျွန်တော့်ကောင်နဲ့ ဂျာစီမလေးနဲ့ စပ်ပြီးကျတဲ့ နွားမလေး နို့ထွက်ချက်က ရက်စက်တယ်။ သူ့ အမေတုန်းက ၅ ပိဿာကျော်၊ ၆ ပိဿာပျော့ပျော့။ သူကျတော့ မဒန်း ညှစ်တာ ၁၀ ပိဿာနီးပါးရတယ်။ ကျွန်တော့် သားကြီးနဲ့ စပ်ပြီးကျတဲ့ နွားကလေးတွေ အားလုံးချောမှချော။ အထီးကလေးတွေဆိုလည်း ၄-၅ လနဲ့ နွားလတ်ပုံစံ ဖြစ်လာတယ်။ ထွားလွယ်တယ်။ အမလေးတွေကလည်း နို့အုံ၊ နို့သီး၊ နို့တန် ကောင်းမှကောင်း။ ကျွန်တော်တို့ နွားသမား နို့သမား ဆိုတာကလဲ သိတဲ့အတိုင်းလေ။ နွား မကြည့်ရင်နောက်ပိုင်းနဲ့ နို့သီး၊ နို့တန် ကြည့်တာ။ နို့စားနွားမဆိုတာ သပ်ပုံစံ မျိုးရှိတာ။ ခေါင်းပိုင်းရှူးပြီး၊ ဖင်ပိုင်းကြီး ရတာ။ ဒါမှဗိုက်အိုးကျယ်မယ်။ အစား များများစားမယ်။ နို့များများထွက်မယ်။ ပြီးတော့တင်ပဆုံရိုးကျဉ်းလို့ကတော့ ကလေးထွားရင်အမွေးခက်မှခက်။ ပြီးတော့ နို့သီး၊ နို့တန်၊ နို့တန်လေး ချောင်းစလုံး ညီဖို့လိုတယ်။ ပုံအကျမှန် ဖို့လိုတယ်။ နို့ပွားတွေပါတာ ကျွန်တော် တော့လုံးဝမကြိုက်ဘူး။ ပြီးတော့နို့အုံ ကိုသွားတဲ့သွေးကြောကြီးတွေ ကြီး တယ်ဆိုရင် ပုံမှန်နို့ထွက်ကောင်းတာ ဘဲ။ သွေးကနေ နို့ဖြစ်တာကိုး။ သွေး အားကောင်းမှနို့ထွက်ကောင်းမယ်လို့ကျွန်တော်တို့က ဒီလိုဘဲလက်ခံထား တယ်။                       အဲဒီမှာစောစောက ကျွန်တော် ပြောသလို ကျွန်တော့်သားကြီး ၁၇၉၊ သူ့သမီးတွေ နို့ထွက်လည်းကောင်းရော၊ စောစောကကျွန်တော်ပြောသလို ဒီကောင်ကြီးရောက်ခါစ ဘို့ကမပါ၊ အရောင်ကနက်ကျား၊ မင်္ဂလာမရှိဘူး ဆိုပြီး လေတင်လေအောက်အဖြတ်မခံ ချင်တဲ့မောင်တွေ၊ သူတို့နွားမတွေဆွဲ လာပြီးကျွန်တော်သားကြီးနဲ့ အလုအယက်သားတင်၊ သားစပ်ကြတာပဲ။ အဲဒီမှာ ကျွန်တော်တို့ တော၊ ရွာတစ်ဝိုက်စပြီးပြောင်းလဲခဲ့တာပဲ။ ကျွန်တော် တို့နဂိုဗမာနွားမွေးတုန်းက အကောင် ၃၀-၄၀မွေးလို့ နို့၂၀-၂၅ မရချင်ဘူး၊ အခု ၁၀ ကောင်လောက်မွေးရင်ကို နွားနို့ ၅၀ ဆိုတာအောက်ထစ်" လူဆိုတာသိတယ်မဟုတ်လား၊ သူများကြီးပွားတာမြင်ရင်၊ ကြီးပွားချင် ကြတယ်။ ကျွန်တော်ကတော့စေတနာ အမှန်နဲ့ အကြံဉာဏ်ကောင်းပေးတာပါပဲ။ အလုပ်ဆိုတာ ဘယ်အလုပ်မျိုး မဆိုစနစ်တကျလုပ်ဖို့လိုတယ်။ စွဲစွဲ မြဲမြဲ လုပ်ဖို့လိုတယ်၊ စူးစူးစိုက်စိုက်လုပ်ဖို့လို တယ်။ နွားမွေးတယ်ဆိုပြီး ကရော်ချော် မယ်လုပ်လို့ကတော့ ဘာပြောမလဲ၊ "သွားမယ်မလုပ်နဲ့ နွားပြုတ် "သွားမယ် ပေါ့။                         နွားဆိုတဲ့သတ္တဝါကလည်း သိတဲ့ အတိုင်းပဲလေ။ အစာအိမ်ကကြီးတယ်။ အစာများများစားတယ်။ ဗိုက်ပြည့် အောင်စားချင်တဲ့သတ္တဝါ၊ ကျွန်တော် တို့လူတွေမစားတဲ့ မြက်တို့ ကောက်ရိုး တို့ ဖွဲနုတို့၊ ပဲခွံတို့၊ ပဲနှစ်တို့ကနေ ကျွန်တော်တို့လူတွေအတွက် အာဟာရဖြစ် တဲ့ နွားနို့ကို ထုတ်ပေးတာ၊ ဒါတောင်မှ ကျွန်တော်တို့လူတွေက အဲဒီအစာ အာဟာရကို တချို့က ပြည့်ပြည့်၀၀ မကျွေးချင်ဘူး။ နွားနို့ကျတော့လိုချင် ကြတယ်။ တချို့ကျတော့လည်း နွားမ ကတော့သူ့ကလေးအတွက် နို့ချန်မှာပဲ ကွာဆိုပြီး နို့ကိုအကုန်ညှစ်ပြီးယူကြ တယ်။                          အဲဒီတော့ မွေးလာတဲ့ကလေး မျိုးရိုးကောင်းပါလျက်နို့မဝဘူး။ နို့မျက် တယ်၊ ဗိုက်ပူနံကား၊ ဖင်ချွန်းလေးဖြစ် လာတယ်။ အမွှေးစောင်းပြီး သံစွဲ တယ်။ ကြီးထွားရမဲ့အရွယ်မှာ အာဟာ ရ ပြည့်ပြည့်၀၀မစားရတော့ "ဗူးသီး နုနု အမွှေးသတ်သလို" ဖြစ်သွား တယ်။ အဲဒီလိုငယ်ငယ်က နို့မျက်ခဲ့တဲ့ နွားက လေး တစ်သက်လုံးဘယ်တော့မှ မကြီးထွားတော့ဘူး။ နွားမကလေးဖြစ် ရင်လည်း သူ့အမေနို့ထွက် ဘယ် လောက် ကောင်းကောင်း သူနို့ထွက် မကောင်းတော့ဘူး။ တစ်နေ့တစ်လုံး ရွှေဥ ဥတဲ့ငန်းကို တစ်ရက်တည်း သတ် စားသလို ဖြစ်သွားတာ။                           နောက်ပြီးနွားငယ်လေးတွေ ထားတာအိပ်ဖို့နေရာ၊ နွေးနွေးထွေးထွေး သန့်သန့်ရှင်းရှင်းဖြစ်ဖို့လိုတယ်။ သစ်ရွက် ခြောက်၊ ကောက်ရိုးခင်းပေးဖို့လိုတယ်။ ကြက်ကလေးပဲဖြစ်ဖြစ်၊ ဝက်ကလေးပဲ ဖြစ်ဖြစ်၊ နွားကလေးပဲဖြစ်ဖြစ်၊ လူကလေးပဲဖြစ်ဖြစ် နွေးနွေးထွေးထွေး သန့်သန့်ရှင်းရှင်းနေရမယ်ဆိုရင်ကျန်း မာမယ်၊ အအေးမမိဘူး။ အဲဒါဆို ကြီးထွားနှုန်းမြန်ပြီး ရောဂါခံနိုင်ရည်စွမ်း အားပိုလာမှာပဲ။ နွားပဲကွာဆိုပြီး ပစ် ထားလို့ကတော့ စောစောက ကျွန်တော်ပြောသလိုဖြစ်ထွန်းသင့်သလောက် မဖြစ်တော့ဘူးလေ။                               နောက်တစ်ခုက ကျွန်တော်တို့ နွား သမားတွေက နွားနို့တော့ရချင်ကြတယ်။ အဲဒါပေမယ့် မြက်ကောင်းကောင်းတော့ မကျွေးချင်ကြဘူး။ ဟိုတုန်းကတော့ ကျွန်တော်တို့ နွားစပြီးမွေးတဲ့အချိန်တုန်း က ဒီမှာပေါက်တဲ့မြက်၊ ပန်းတော်ဖြူ၊ ပန်းတော်ညို၊ မြေဇာမြက် ဒီလောက်ပဲ ကျွန်တော်တို့ကျွေးခဲ့ကြတာ။ နွားကို မြက်စိုက်ပြီးကျွေးတယ်ဆိုတာ ဘယ်မှာ ရှိလို့တုန်း။ အဲဒါပေမယ့် ကျွန်တော်တို့ သဘောပေါက်ဖို့က အဲဒီမြက်သေးသေး လေးတွေ မြက်ရိုးလေးတွေကောက်ရိုး ခြောက်တွေပဲ ကျွေးနေရင်၊ အဲဒီ လောက်နဲ့တန်တဲ့ နို့ပဲကျွန်တော်တို့ရ မှာ၊ ရခဲ့ကြတာ။                        အခုတော့သိတယ်မဟုတ်လား။ နိုင်ငံခြားကလာတဲ့မြက်တွေ မာကာတို့၊ ပါရာတို့၊ နေဗီယာတို့ မြက်ပင်က လူတစ်ရပ်လောက်ရှိတယ်။ မြက်ရိုးက လက်ညှိုးလောက်မကချင်ဘူး။ အရည် ဆိုလည်း ရွှမ်းမှရွှမ်း၊ ကြံချောင်းလိုဖြစ်နေတယ်။ အဲဒီမြက်မျိုးကို စနစ်တကျ သေချာစင်ပြီး ကျွေး၊ ပဲဖတ်၊ နှမ်းဖတ်၊ ပဲနှစ်၊ ပဲခွံ အချိုးကျကျွေး၊ သန့်ရှင်းတဲ့ သောက်ရေ သူတို့စိတ်ကြိုက်လို သလောက် သောက်။ နွားထားတဲ့ခြံ၊ ယင်သန့်ရှင်းအောင်လုပ်။ အဲဒီလိုကျွေး၊ အဲဒီလိုထားလို့ကတော့ မနက်မိုးလင်း ရင်ကို နွားမတွေနို့အုံတောင့်ပြီး နို့မြန်မြန် ညှစ်ဖို့အော်နေကြပြီး၊ နိုညှစ်ဖို့ တကယ်ဖြစ်ချင် တကယ်လုပ် သူတို့ုကိုဆွဲသွား ရင်နွားမတွေ ကျေးဇူး တင်တဲ့မျက်လုံးနဲ့ ကြည့်နေတဲ့ပုံကို ခင်ဗျားတို့မြင်စေချင်တယ်။                     အဲဒီလိုနဲ့ ကျွန်တော့်သားကြီး ၁၇၉ နဲ့ နွားတွေမျိုးပြောင်းပြီးမွေးခဲ့တယ်။ နွားစာကို၀၀လင်လင်နဲ့ အချိုး ကျ ကျွေးတယ်။ နွားစာ မြက်စိုက်တဲ့ အပြင် နှံစား ပြောင်း၊ ဖူးစားပြောင်း၊ နေကြာ၊ ကုလား ပဲ၊ စပါး ဒါတွေလည်း စိုက်တယ်။ နွားတွေကရတဲ့ နွားချေး စိုက်ခင်းတွေထဲ ထည့်တယ်။ စိုက်ခင်းတွေက ရတဲ့ မြက် တို့၊ ပြောင်းရိုး၊ ပြောင်းဖူး၊ ကောက်ရိုး၊ ဖွဲနု နွားပြန်ပြီးကျွေးတယ်။ နွားမတွေက ရတဲ့နို့ကို ချက်နို့ဆီချက်ပြီး ရောင်းတယ်။ အခုဆိုရင် တစ်နေ့ တစ်နေ့ ချက်နို့ဆီ ပိဿာ ၁၅၀၀ လောက်ထုတ်တယ်။ " ဝင်းဝင်း" တမချက်နို့ဆီဆိုရင် နာမည်တစ်လုံးနဲ့ ရန်ကုန်မှာဖြန့်ပေးနေတာပါ။                    လွန်ခဲ့တဲ့အနှစ် (၂၀) က နွားမသုံး တွဲနဲ့ နွားမွေးမြူရေးစခဲ့တာ နွားမျိုး ပြောင်းပြီးမွေး၊ အစာစနစ်တကျစိုက်ပြီး ကျွေး၊ စပ်ပြီးကျွေး၊ နောက်ပိုင်းမှာ မေထုန်မဲ့သားစပ်လုပ်ငန်းအပါအဝင် နွားတွေရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို မွေးကုဦးစီးဌာနက တိရစ္ဆာန်ဆေးကုဆရာဝန်လေးတွေရဲ့ အကူအညီနဲ့ ဆောင်ရွက်ခဲ့လို့ ရိုးရိုး သားသား စနစ်တကျနဲ့ တစ်စိုက်မတ် မတ်ဒီလုပ်ငန်း ကိုလုပ်ခဲ့လို့ ကျွန်တော် နို့စားနွားမွေးမြူရေး ဒီအဆင့်ကိုရောက်ခဲ့တာပါ။                      မိတ္ထီလာမြို့နယ်၊ တောမကျေးရွာ ကောင်းထက်စံ နို့စားမွေးမြူရေးခြံမှ ဦးခင်မောင်ဝင်းအပြောရပ်မှပင် ကိုက်နေသည့်ခြင်ရိုက်ဖို့ကို ကျွန်တော်သတိ ရမိပါသည်။                    တကယ်တော့ " တကယ်ဖြစ်ချင် တကယ်လုပ်၍ အဟုတ်ဖြစ်သူ " ၏ ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါကလား။

Wednesday, 9 Nov 2011

                     သက်ဆိုင်ရာကုမ္ပဏီများအနေနဲ့ မိမိကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်အပ်ထားသော ဝန်ထမ်းများရဲ့ ကောင်းကျိုးဆိုးကျိုးအပါအဝင် အားလုံးကို တာဝန်ခံရမှာဖြစ်ပါတယ်။ ယာဉ်တစ်စီးပေါ်မှာ အမှန်တကယ် ခွင့်ပြုချက်ထက် အင်္ကျီအထည် ၆၀၀၀ ကျော် ပိုမိုတင်ဆောင်လာခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အထည် ၂၀-၃၀ ခန့်ဆိုလျှင် ရေတွက်မှုမှားပြီး ပိုလာသည်ဟု သဘောထားနိုင်သော်လည်း ထောင်ကျော် သယ်ဆောင်လာခြင်းဟာ မရိုးမသား ပြုမူခြင်းပင်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အနှောင့် အယှက်အတားအဆီးများဖြစ်စေတယ်လို့ စက်တင်ဘာ ၂၉ ရက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန် အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ လစဉ်ကုန်သွယ်မှု အစည်းအဝေးမှာ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။                       နိုင်ငံတော်က အခွန် ၈ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းချပေးသော်လည်း မသမာမှုတွေလုပ်နေသမျှ ကုန်သွယ်မှုမြှင့်တင်ရေး ရှိလာမည်မဟုတ်ကြောင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် Xray machine  နဲ့ ပစ္စည်းများစစ်ဆေးမှုအပိုင်းမှာ ကားစီးရေရဲ့ ၅ ရာခိုင်နှုန်းကို စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတဲ့ကားများအား လုပ်ထုံးလုပ်နည်းမညီညွတ်ပါက ပြင်းထန်စွာ အရေးယူသွားရန် အထက်မှ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မြေပြင်တွင် ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက တာဝန်ယူမယ့်သူမရှိ ကြောင်း၊ လိုင်စင် လျှောက်တဲ့ကုမ္ပဏီကတစ်ခု၊ ပစ္စည်းတင်တဲ့ဂိတ်က တစ်ဦး၊ အခွန်ပေးဆောင်သူက တစ်ဦး၊ ကုန်ပစ္စည်းပိုင်ဆိုင်သူကတစ်ဦး ဖြစ်နေကြောင်း၊ မသမာတဲ့ ကုမ္ပဏီအချို့၊ ဝန်ထမ်းအချို့၊ လုပ်ငန်း ရှင်အချို့ကြောင့် နိုင်ငံတော်က ဘယ်လိုပဲဖြေလျော့မှုတွေလုပ်လုပ် ထင်သလောက်ဆောင်ရွက်၍ မရနိုင် ကြောင်း စခန်းတာဝန်ခံက ကုန်သည်လုပ်ငန်းရှင်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။                    မသမာမှုနဲ့မပတ်သက်ရန်  OSS  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဝန်ထမ်းများအနေနဲ့ ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်ရာမှာလည်းကောင်း၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ စစ်ဆေးရာမှာလည်း ကောင်း မိမိတို့လုပ်ကိုင်ခွင့်ပေါ်မူတည်ပြီး ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ညစ်ခြင်းများပြုလုပ်ပြီး တရားမဝင် ငွေတောင်းခံမှုပြုလုပ်ပါက ဖြစ်စဉ်တိကျစွာဖော်ပြ၍ ညွှန်ကြားရေးမှူးချုပ်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူးတို့ထံ အချိန်နဲ့တစ်ပြေးညီ တိုင်ကြားနိုင်ကြောင်းနဲ့ သက်ဆိုင်ရာ ကုန်သည်ကြီးများအသင်း၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များမှ ဝိုင်းဝန်းထိန်းသိမ်းပေးရန်လည်း စခန်းတာဝန်ခံက အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ Source: နကသ (မူဆူဆယ်) MIRT-MAPT

Pages