Main menu

Background

Wednesday, 15 Sep 2010

 ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်းများပိုမိုတိုးတက်လာ        ခရီးသွားလုပ်ငန်းများအနက် ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်းမှာ လူကြိုက်အများဆုံးဖြစ်ပြီး  တိုးတက်မှုနှုန်းမှာ  အခြားခရီးသွားလုပ်ငန်းများထက် ပိုမိုလျင်မြန်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။    ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဟိုတယ်နှင့် အခြားအဆောက်အအုံများသည် သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရန်  စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောသည်။      ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေများစွာ ရရှိစေသဖြင့် တချို့နိုင်ငံများတွင် ဘာသာရပ် တစ်ခု အနေဖြင့် ဘွဲ့ဒီဂရီအပ်နှင်းဆောင်ရွက်ကာ သင်ကြားပေးနေကြောင်း၊ တချို့နိုင်ငံများ တွင် မူလတန်းပညာရေးစနစ်၌ ထည့်သွင်းရန်စီမံနေကြောင်း ခရီးသွားလုပ်ငန်း လေ့လာသူတစ်ဦးက ပြောသည်။      မြန်မာနိုင်ငံတွင်လည်း ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်းကို မြင့်တင်သင့် ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းများသည် ပျက်စီးယိုယွင်းမှုမရှိသေးဘဲ သဘာဝ အခြေခံများရှိနေကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ လွင်လွင်မိုး

Wednesday, 15 Sep 2010

  AEC College မှ နိုဝင်ဘာကျောင်းဝင်ခွင့်ခေါ်ယူနေ     စင်ကာပူနိုင်ငံအခြေစိုက် AEC College တွင် အင်္ဂလိပ်စာအရည် အချင်း သီးသန့်တင်ပြရန်မလိုသည် Diploma in Business သင်တန်း အတွက် နိုဝင်ဘာကျောင်းဝင်ခွင့် ခေါ်ယူနေပြီဟု သိရသည်။       အဆိုပါ   သင်တန်းအတွက် ပြည်တွင်းမှ  စီးပွားရေးဘွဲ့ရများ၊ နိုင်ငံတကာအသိအမှတ်ပြု  လက်မှတ် ရထားသူများ လည်း   Advan- ced Diploma in Business Program သင်တန်းကို တိုက်ရိုက်တက် ရောက်နိုင်ကြောင်း သိရသည်။ယခုသင်ကြားပေးမည့် စီးပွား ရေးဆိုင်ရာဘာသာရပ်များကို  AEC College မှ Scotland နိုင်ငံ ှSouth Lanarkshine College (SLC) နှင့်ချိတ်ဆက်ပြီး သင်ကြား ပေးမှာဖြစ်ကြောင်း ဘာသာရပ် ရှစ်ခု သင်ကြားပေးမှာဖြစ်ကြောင်း OESC မှ  တာဝန်ရှိ သူတစ်ဦးက ပြောသည်။        Diploma in Business သင် တန်း   တက်ရောက်လိုသူများသည် OESC ဖုန်း-၅၁၉ဝ၉၂၊ ၇၃ဝ၉၄ဝ၆ဝ သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင် ကြောင်း သိရသည်။                                                                                                    လွင်လွင်မိုး

Wednesday, 15 Sep 2010

 နိုဝင်ဘာတွင် လာစစ်မည့် ပိုလီကျောင်းအချို့၏ကျောင်းဝင်ခွင့်စာမေးပွဲကျင်းပချိန် အပြောင်းအလဲရှိနိုင်         နှစ်စဉ် နိုဝင်ဘာလအတွင်း လာ ရောက်စစ်ဆေးသော စင်ကာပူနိုင်ငံမှ ပိုလီကျောင်းအခိုျ့၏  ကျောင်းဝင်ခွင့် စာမေးပွဲကျင်းပမည့် အချိန် အပြောင်း အလဲရှိနိုင်ကြောင်း  စင်ကာပူပညာရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။      ''၂ဝ၁၁ ဧပြီလ  ကျောင်းဝင်ခွင့် အတွက် ရီပက်ဘလစ်ပိုလီ၊ စင်ကာပူ ပိုလီ၊ တီမားဆက်ပိုလီနဲ့ နန်ယန်းပိုလီ ကျောင်းတွေက စက်တင်ဘာ၊  နိုဝင် ဘာနဲ့ ဒီဇင်ဘာလတွေမှာ ရန်ကုန်မြို့ မှာရှိတဲ့ ဟိုတယ်ကြီးတွေမှာ စာမေးပွဲ လာရောက်စစ်ဆေးလေ့ရှိပါတယ်။      ပုံမှန် နိုဝင်ဘာလဆန်းနဲ့ လလယ် မှာစစ်နေတာရှိတယ်။ ဒါပေမယ့် ဒီနှစ် က နည်းနည်း  နောက်ဆုတ်သွားနိုင် တယ်။ ဒီဇင်ဘာလ လောက်မှာ ဖြစ်မယ် မှန်းတယ်။ သက်ဆိုင်ရာကျောင်းတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာတော့ ပုံမှန်အတိုင်း ပဲ တင်ထားပါတယ်''ဟု ယင်းက ပြော ကြားသည်။        ပုံမှန်အားဖြင့်  ရီပက်ဘလစ်ပိုလီ ကျောင်းသည် စက်တင်ဘာလ၌လည်း ကောင်း၊ စင်ကာပူပိုလီနှင့် တီမားဆက် ပိုလီသည် နိုဝင်ဘာလ၌လည်းကောင်း၊ နန်ယန်းပိုလီမှာလည်း   ဒီဇင်ဘာလ၌ လည်းကောင်း ကျောင်းဝင်ခွင့်စာမေးပွဲ လာရောက်စစ်ဆေး လေ့ရှိပြီး ယခုနှစ်၌ စာမေးပွဲကြေးအချို့မှာလည်း မြင့်တက် သွားကြောင်း သိရသည်။    မင်းသန့်

Wednesday, 15 Sep 2010

 တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ထားပြီး အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသောကျောင်းသား၊ ကျောင်းသူများ UK မှ B.E (Hons) ဘွဲ့ကို အချိန်တိုတိုနှင့်ရယူနိုင်         တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင် မြင်ထားပြီး စင်ကာပူတွင် အင်ဂျင်နီယာ ဘာသာရပ်   တက်ရောက်ချင်သူများ အနေဖြင့် Auston Institute of Management Technology  တွင် အချိန်တိုတိုနှင့်UK အသိအမှတ်ပြု B.E(Hons) ဘွဲ့ကို  ရယူနိုင်ကြောင်း သိရသည်။          GTC   တက်ရောက်နေသူများ၊ အခြား တက္ကသိုလ်တက်ရောက်နေသူ များနှင့် ဘွဲ့ရများအနေဖြင့် အဆိုပါ ဒီပလိုမာသင်တန်း ကို လျှောက်ထားနိုင် ပြီး အင်္ဂလိပ်စာအရည်အချင်းသတ်မှတ် ချက်အနေဖြင့် IELTS 5.5 ရှိရမည်ဖြစ် သည်။ သင်တန်းကာလမှ (၈)လဖြစ်ပြီး ကျောင်းလခကို အရစ်ကျပေးသွင်းနိုင် ကြောင်း သိရသည်။       Advanced Diploma (EEE) တန်းကို (၈)လ တက်ရောက်ရမှာဖြစ်ပါ တယ်။ ဝင်ခွင့်သတ်မှတ်ချက် အနေနဲ့ မြန်မာနိုင်ငံ က A.G.T.I (EP/EC) ပြီး ထားသူတွေလျှောက်ထားနိုင်ပါတယ်။ အင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက် များအနေနဲ့ IELTS 5.5 ရှိရမှာဖြစ်ပါတယ်။ နောက်ဆုံးနှစ် Bachelor တန်း ကို မြန်မာနိုင်ငံက B.E (Electrical Power/ Electronic Circuit)  ရထား သူတွေ B.Tech (EC/EP) ရထားသူ တွေတက်ရောက်နိုင်ပါတယ်။ English အရည်အချင်း သတ်မှတ်ချက်အနေ နဲ့IELTS 6.0ရရှိရမှာဖြစ်ပါတယ်''ဟု OESC မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။       တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူများအနေဖြင့် Diploma rS Bachelor Degree  အထိ တစ်ဆက်တည်း တက် ရောက်မည်ဆိုပါက   စင်ကာပူ ဒေါ်လာ ၄၄ဝဝ သက်သာမည့်အပြင် ကျောင်းလခကိုလည်းအရစ်ကျ(၇)ကြိမ် ပေးသွင်း နိုင်ကြောင်း IELTS အမှတ် မရှိသူများအတွက် Online Placement Test   ကိုလည်း OESCမှ ကျောင်း၏ ကိုယ်စား  စစ်ဆေးပေးသွားမည်ဖြစ် ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက OESC ဖုန်း-၅၁၉ဝ၉၂၊ ဝ၉၅ဝ၈၆၈၁၉ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။မင်းသန့်

Wednesday, 15 Sep 2010

 MCAP JENESYS Free Talk  ကျင်းပမည်      ၂၁ ရာစု အရှေ့အာရှ လူငယ်ကျောင်းသား ချစ်ကြည်မှုဖလှယ်ရေး အစီအစဉ်ကြီး (JENESYS Programme) အရ ဂျပန်အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အင်တာနေရှင်နယ် ကိုအော်ပရေးရှင်းစင်တာ (JICA)  နှင့် မြန်မာ နိုင်ငံ ကွန်ပူျတာအသင်းခုျပ်တို့ပူးပေါင်းကာ မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဝင် လူငယ်အိုင်တီပညာရှင် ၂၆ ဦးကိုရွေးချယ်၍ ဂျပန် နိုင်ငံသို့ ကာလတိုလေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း သိရသည်။       ဂျပန်နှင့် မြန်မာရှိ အိုင်တီပညာရှင်လူငယ်များအကြား ရင်းနှီးချစ်ခင်မှု ပိုမို ကျယ်ပြန့်ခိုင်မာစေရန်အတွက် မြန်မာအိုင်တီလူငယ်ပညာရှင်များအဖွဲ့သည် ဂျပန် နိုင်ငံနှင့် ဂျပန်လူမိုျးတို့၏ နောက်ဆုံးပေါ်နည်းပညာများ၊ နောက်ဆုံးပေါ် မိုဘိုင်း ဆက်သွယ်မှုစနစ်များ၊ ယဉ်ကျေးမှုများနှင့် နေထိုင်မှုဘဝများအကြောင်းကို အသေး စိတ် လေ့လာခွင့်ရရှိပြီး နည်းပညာများကို ဖလှယ်နိုင်ခဲ့ကြောင်း သိရသည်။     ထိုသို့ရရှိလာသော အတွေ့အကြုံများ၊  နည်းပညာများ၊ အခွင့်အလမ်းများ ကို မြန်မာအိုင်တီလူငယ်ပညာရှင်များက အတွေ့အကြုံ ရှင်းလင်းချက်များနဲ့အတူ  MCPA JENESYS Free Talk  အစီအစဉ်ကို စက်တင်ဘာ ၁၉ရက် နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ် ပင်မဆောင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။                      မင်းသန့်

Wednesday, 15 Sep 2010

 စင်ကာပူ ပုဂ္ဂလိကပညာရေးကောင်စီမှ ထုတ်ပြန်လျက်ရှိသော Edu Trust လက်မှတ်ရကျောင်း ၂၉ ကျောင်းရှိပြီဖြစ်        စင်ကာပူနိုင်ငံ ပုဂ္ဂလိကပညာရေးကောင်စီမှ သြဂုတ်လ ၂၉ ရက်အထိ Edu Trust လက်မှတ်ရကျောင်းများကို ဆက်လက်ထုတ်ပြန်လျက်ရှိရာ လေး နှစ် လက်မှတ်ရကျောင်း ၁ဝ ကျောင်းနှင့် တစ်နှစ်လက်မှတ်ရကျောင်းပေါင်း ၁၉ ကျောင်း စုစုပေါင်း ၂၉ ကျောင်းရှိပြီဖြစ်ကြောင်း သိရသည်။       ''ကျောင်းတွေက ဆက်လက်ထုတ်ပြန်ဖို့ ရှိနေပါသေးတယ်။ Edu Trustလက်မှတ်ထုတ်ပေးတဲ့စနစ်က စနစ်ဟောင်း Case Trust လက်မှတ် ကုန်ဆုံးရာ ကနေ ဆက်လက် Edu Trust ကို ထုတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီမှာ စိတ်ဝင်စား ဖို့ကောင်းတဲ့ အချက်တစ်ခုက Case Trust လက်မှတ်သက်တမ်း ကုန်ဆုံးပြီး Edu Trust လက်မှတ် မရတော့ဘူးဆိုရင် ဒီကျောင်းက နိုင်ငံ တကာကျောင်းသားတွေကို လက်ခံလို့ မရတော့တဲ့သဘော ဖြစ်သွားပါတယ်။   ဒီလိုအပြောင်းအလဲ ကာလမှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ''A Concise Guide to Students Enrolling in the  Private Education  Institution in Singapore'' ဆိုတာကို တရားဝင်ထုတ်ပြန်ထားပြီး ကျောင်း သား၊ ကျောင်းသူတွေဖတ်ရှုဖို့အကြံပြု တိုက်တွန်း ပါတယ်။ အသေးစိတ်အချက် အလက်တွေကို www.cpe.gov.sg/  မှာ လေ့လာနိုင်ပါတယ်''ဟု Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောကြား သည်။    အဆိုပါ Edu Trust လက်မှတ်ရ  ကျောင်းထဲမှ လေးနှစ်လက်မှတ်ရ ကျောင်း ၁ဝ ကျောင်းမှာ(1) AT-SUNRICE ACADEMY, (2) EAST ASIA INSTITUTE OF MANAGEMENT, (3) ERC INSTITUTE, (4) JAMES COOK AUSTRALIA INSTITUTE OF HIGHER LEARNING, (5) KLC SHCOOL OF EDUCATION, (6)PARKWAY COLLEGE  OF NURSING NAD ALLIED HEALTH, (7) PSB ACADEMY, (8) SINGAPORE INSTITUTE OF MANAGEMENT, (9) SINGAPORE  INSTITUTE OF MATERIALS MANAGEMENTနှင့် TMC ACADEMY တို့ဖြစ်ကြောင်း သိရသည်။            မင်းသန့်

Thursday, 13 May 2010

    မြန်မာနိုင်ငံမှ ဘွဲ့ရကျောင်း သူ၊ ကျောင်းသားများအနေဖြင့်    ၎င်းတို့ဝါသနာပါရာပြည်ပအလုပ်အကိုင်များရှာဖွေရာတွင် အထောက်အကူပြုနိုင်မည့် တက္ကသိုလ်အဆင့်ဒီပလိုမာသင်တန်းများ ကိုစင်ကာပူနိုင်ငံရှိ PSB  Academy မှ ယခု(၂ဝ၁ဝ) စာသင် နှစ်၌စတင်ဖွင့်လှစ် မည်ဖြစ်ပြီးယခုအခါစင်ကာပူနိုင်ငံတွင် ကျွမ်းကျင်လုပ်သားဗီဇာ (C-Pass)ရရှိရန်အတွက် အခြေခံဘွဲ့ ဒီဂရီတစ်ခုသာမကစင်ကာပူအခြေစိုက်ခိုင်မာသည့် အောင်လက်မှတ်တစ်ခုကိုပါရရှိထားရန် လိုအပ်ကြောင်း AT&S Co,Ltd မှတာ ဝန်ရှိသူတစ်ဦးကဆိုသည်။

Thursday, 13 May 2010

    ကမ္ဘာ့နိုင်ငံအားလုံးက လက်ခံထားသော  အခြေခံပညာအဆင့် စာမေးပွဲများတွင် ကမ္ဘာ၏စံသတ်မှတ်ချက်ဖြစ်သော London GCE စာမေးပွဲ ကို ၂ဝ၁ဝခုနှစ်မေလ ၁ဝ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်မေလမှ စတင်၍ International General Certificate of Secondary Education (IGCSE) သို့ပြောင်းလဲပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဘိုင်အိုက ပြောကြားသည်။

Thursday, 13 May 2010

    မြန်မာနိုင်ငံမှ ဘွဲ့ရကျောင်း သူ၊ ကျောင်းသားများအနေဖြင့်    ၎င်းတို့ဝါသနာပါရာပြည်ပအလုပ်အကိုင်များရှာဖွေရာတွင် အထောက်အကူပြုနိုင်မည့် တက္ကသိုလ်အဆင့်ဒီပလိုမာသင်တန်းများ ကိုစင်ကာပူနိုင်ငံရှိ PSB  Academy မှ ယခု(၂ဝ၁ဝ) စာသင် နှစ်၌စတင်ဖွင့်လှစ် မည်ဖြစ်ပြီးယခုအခါစင်ကာပူနိုင်ငံတွင် ကျွမ်းကျင်လုပ်သားဗီဇာ (C-Pass)ရရှိရန်အတွက် အခြေခံဘွဲ့ ဒီဂရီတစ်ခုသာမကစင်ကာပူအခြေစိုက်ခိုင်မာသည့် အောင်လက်မှတ်တစ်ခုကိုပါရရှိထားရန် လိုအပ်ကြောင်း AT&S Co,Ltd မှတာ ဝန်ရှိသူတစ်ဦးကဆိုသည်။

Thursday, 13 May 2010

    အိုင်တီလုပ်ငန်းခွင်သို့ ဝင်ရောက်လို သည့် ကျောင်းသား၊ ကျောင်းသူများ၊ Software Development အတွေ့အကြုံမရှိသေး သည့် အိုင်တီလုပ်ငန်းခွင်များမှ လူငယ်များအတွက် Online Application Development ကို အထူးလေ့ကျင့်သင်ကြားပေးမည့် လုပ်ငန်းခွင်သင်တန်း On Job Training တစ်ခုကို မြန်မာအင်ဖိုတက်စ်အတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Pages