Main menu

Background

Monday, 13 Jun 2011

ပခုက္ကူတွင် ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းသင်တန်း ဖွင့်လှစ်နိုင်ရေးဆွေးနွေး               ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး ပခုက္ကူရှိ ကုန်သည်လုပ်ငန်းရှင်များ သိသင့်သိထိုက်သော ကုန်သွယ် ရေး ဗဟုသုတများကို ပခုက္ကူကုန်စည်ဒိုင်တွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၃ ရက်မှ ၁၇ ရက် နေ့အထိ ဖွင့်လှစ်နိုင်ရေးအတွက် ဇွန်လ ၃ ရက်က ပခုက္ကူကုန်စည်ဒိုင်မှ အလုပ်အမှုဆောင်အဖွဲ့နဲ့ ပခုက္ကူမြို့နယ်မန်နေဂျာမှ တွေ့ဆုံခဲ့ပါတယ်။ ဒေသအသီးသီးရှိ ကုန်သည်ပွဲစားတိုင်းဟာ ရန်ကုန်ရှိကုမ္ပဏီများ၊ အိတ်စပိုတာများရဲ့ ပေးဈေးကိုသာ ကြည့်၍ ရောင်းဝယ်နေခြင်းအားဖြင့် အမြင်ကျယ်လာမည်မဟုတ်ဘဲ ပြည်ထောင်စုဝန်ကြီးရဲ့ စေတနာအရ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု နည်းစနစ်များ၊ ဈေးနှုန်းဈေးကွက်များတွင် ကုမ္ပဏီများဖွဲ့စည်းကာ ဝင်ရောက် အရောင်းအဝယ်ပြုစေလိုသဖြင့် လက်ရှိကျင့်သုံးနေသော ပို့ကုန်သွင်းကုန်လုပ်ထုံးနည်းများ ကုမ္ပဏီများ တည်ထောင် ၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းစဉ်များ၊ ကုန်စည်ဒိုင်များ တိုးခဲျ့တည်ထောင်ဆောင်ရွက်ခြင်း ကိစ္စရပ်များနဲ့ အခြားသော အရောင်းအဝယ်လုပ်ငန်းလက်တွေ့နယ်ပယ်မှာ အသုံးတည့်တဲ့ နည်းပညာ ဗဟုသုတ မူဝါဒဆိုင်ရာများ ပို့ချသင်ကြားပေးမှာ ဖြစ်ပါတယ်။ MMA

Monday, 13 Jun 2011

မကွေးကုန်စည်ဒိုင်တွင် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းရက်တိုသင်တန်း ဖွင့်လှစ်                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပတဲ့ ပို့ကုန် သွင်းကုန်လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း(မကွေး) ဖွင့်ပွဲအခမ်းအနားကို မကွေးမြို့ ကုန်စည်ဒိုင် အစည်းအဝေးခန်းမတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၆ ရက် နံနက် ၈ နာရီ က ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးမြင့်နိုင်မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး သီးနံှပို့ကုန်မြှင့်တင် ရေးဌာနခွဲမှ အထွေထွေမန်နေဂျာ ဦးမြင့်စိုး၊ သင်တန်းကြီးကြပ်ရေးနှင့် နည်းပြ အရာရှိ ၈ ဦး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာမှ အကြီးအကဲ ၁၅ ဦး၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌနှင့်တာဝန်ရှိသူ ၃ဝ ဦး၊ မြို့နယ်ကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ အတွင်းရေးမှူး ၃ဝ ဦး သင်တန်းတက်ရောက်မည့်သင်တန်းသား ၇၅ ဦး စုစုပေါင်း ၁၅၈ ဦး တက်ရောက်ခဲ့ကြပါတယ်။                    သင်တန်းတွင် ပြည်ပကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပို့ကုန် သွင်းကုန်လုပ်ထုံးလုပ်နည်းများ သိရှိပြီး လုပ်ငန်းများစနစ်တကျမှန်ကန် မြန်ဆန် စွာ ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဗဟုသုတများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၁ဝ ရက်နေ့အထိ နေ့စဉ်နံနက် ဝ၉းဝဝ နာရီမှ ညနေ ၁၅း၅ဝ အထိ ဖွင့်လှစ် ပို့ချသွားမှာဖြစ်ကြောင်း သိရပါတယ်။ MK 

Monday, 13 Jun 2011

ဇလွန်ရှေ့ဆောင် ဆန်အထူးပြုကုမ္ပဏီမှ ၂ဝ၁၁-၁၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပံ့ပိုးနေပြီ                ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ ဇလွန်ရှေ့ဆောင် ဆန်အထူးပြုကုမ္ပဏီမှ ၂ဝ၁၁-၁၂ ခုနှစ် မိုးစပါးစိုက်ပျိုးတဲ့ တောင်သူများအား မေလ ၂၅ ရက်မှစတင်၍ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုဖြစ်သော ဓါတ်မြေသြဇာများ ပံ့ပိုးလျက်ရှိရာ မေလ ၃၁ ရက် နေ့အထိ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ တောင်သူဦးရေ ၃ဝဝဝ ဦး၊ စိုက်ဧက ၁၃၂ဝ ဧကအတွက် စိုက်စရိတ် ၁၃၂ သိန်း ၊ သွင်းအားစု တန်ဖိုး ၇၆၆ ဒသမ ၉၅သိန်း စုစုပေါင်း ၈၉၈ ဒသမ ၉၅ သိန်း ပံ့ပိုးပြီး ဖြစ်ပါတယ်လို့ သိရပါတယ်။ ယခုနှစ်မှာ ဇလွန်ရှေ့ဆောင် ဆန်အထူးပြုကုမ္ပဏီမှ စိုက်ဧက ၁၆ဝဝဝ ဧကအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း ၁၆ဝဝ ၊ သွင်းအားစုတန်ဖိုး ကျပ်သိန်း ၁ဝ၄၅၊ စုစုပေါင်း ကျပ်သိန်း ၁၂ဝ၅ဝ ပံ့ပိုးဆောင်ရွက်မယ်လို့ သိရပါတယ်။    ဌေးဝင်း

Monday, 13 Jun 2011

အိုင်စီတီ နည်းပညာပြပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပ                 စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စတုတ္ထအကြိမ်မြောက် ICT Exhibition 2011 (Myanmar) ကို ဇွန် ၃ ရက်မှ ၅ ရက်အထိ မုံရွာမြို့ မြို့တော် ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခု လိုပြပွဲတွေ ကျင်းပပေးခြင်းအားဖြင့် ဒေသခံလူတွေအတွက် နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရပြီး အသိပညာဗဟုသုတတိုးပွားစေပါတယ်။ ပြပွဲမှရရှိလာတဲ့ ရန်ပုံငွေကို ကွန်ပျူတာ နည်းပညာပြန့်ပွားရေးအတွက် အသုံး ပြုဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ကွန်ပျူတာနဲ့ နည်းပညာဆက်စပ်ပစ္စည်းများကို ကုမ္ပဏီကြီးတွေကိုယ်တိုင် လာရောက်ပြသရောင်းချပေးလို့ ပစ္စည်း မှန်ပြီး ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိ နိုင်ပါတယ်။ ဒါ့အပြင် ှSoftware Company များမှ  SMS စနစ်ဖြင့် Business Information အချက် အလက်ပို့သည့်စနစ်များ၊ ပွဲရုံလုပ်ငန်း သုံး၊ စတိုးဆိုင်၊ ဆေးရုံ၊ ဝန်ထမ်းလစာ ပေးစနစ်များ စသည်ဖြင့် ကွန်ပျူတာ အသုံးပြုစာရင်းကိုင်စနစ်များကို ပြပွဲ အတွင်းအထူးလျှော့ဈေးနှုန်းဖြင့် ရောင်း ချပေးခဲ့တဲ့အတွက် ဒေသခံတွေအနေ နဲ့ ပြည်တွင်း Software  များရဲ့ အသုံးဝင်ပုံကို လေ့လာခွင့်၊သုံးခွင့်ရှိတဲ့ အကျိုး ကျေးဇူးများ ရရှိခဲ့ပါတယ်။ ကွန်ပျူတာ ဝယ်နှုန်းမြင့်လာခြင်းနဲ့ အင်တာနက်ဆိုင် ၂ဝ ကျော်ရှိရာ အင်တာနက်သုံးစွဲသူ များဖြင့် ပြည့်နှက်လျက်ရှိခြင်းတို့ကြောင့် မုံရွာမြို့မှာ တစ်နှစ်ထက်တစ်နှစ် အိုင်တီ နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု တိုးပွား လာကြောင်း တွေ့ရပါတယ်။ ရီလင်းထွဋ် 

Tuesday, 7 Jun 2011

ရွှေပြည်တန်လယ်ယာကုန်ထုတ်အသင်း(ဟင်္သာတမြို့နယ်)ကို မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပေးအပ်ပြီ                ဟင်္သာတမြို့နယ်၊ လယ်ယာကုန်ထုတ်အသင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရွှေပြည်တန်လယ်ယာ ကုန်ထုတ်အသင်း(ဟင်္သာတမြို့နယ်) သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း(ဟင်္သာတမြို့နယ်ခွဲ)မှမျိုးသန့်စပါးများဖြစ်သည့် ဆင်းသွယ်လတ်၊ဆင်းသုခ၊ရွှေဝါထွန်းစပါးမျိုးများအား တောင်သူ ၉၄ ဦး၏ စိုက်ဧက ၅၁၁ ဧကအနက်ပထမအရစ်အနေဖြင့် ၂ဝ၆ ဧက စပါးမိုျး ၃၅၂ တင်း ပေးအပ်ပွဲနှင့် သိပ္ပံနည်းကျဘောင်ပျိုးစံနစ်ပျိုးထောင်နည်းသရုပ်ပြအခမ်းအနားကို မေလ ၂ဝ ရက်တွင် အင်းဓဝယ်ကျေးရွာအုပ်စု စိုက်ပျိုးရေးပညာပေးစခန်း၌ ပြုလုပ်ကြောင်း သိရှိရသည်။     အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမြို့နယ်မန်နေဂျာနှင့် မြို့နယ်လယ်ယာကုန်ထုတ်အသင်းစုကြီးကြပ်မှုကော်မတီဝင်များ၊မြန်မာနိုင်ငံ ဆန်စပါး အသင်း(ဟင်္သာတမြို့နယ်ခွဲ)ဥက္ကဌ၊မြန်မာနိုင်ငံပဲ/နှမ်းကုန်သည်များအသင်း (ဟင်္သာတမြို့နယ်ခွဲ) ဥက္ကဌ၊ ဟင်္သာတ ဆန်စပါးအထူးပြုကုမ္ပဏီမှဒေသခံ ဒါရိုက်တာ တို့နှင့်အသင်းဝင်တောင်သူများတက်ရောက်ကြောင်း သတင်းရရှိသည်။ ကျော်ဌေး

Tuesday, 7 Jun 2011

မြင်းခြံမြို့ ကုန်သည်ပွဲစား စက်ပိုင်များနဲ့ တွေ့ဆုံ                   မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ဇံဟာ မေလ ၂၈ ရက် က မြင်းခြံမြို့ ကုန်သည်ပွဲစားစက်ပိုင်များ ကထိန်တော်အသင်း (မြင်းခြံကုန်စည်ဒိုင်)မှာ ကုန်သည်ပွဲစားစက်ပိုင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ကုန်သည်ပွဲစား စက်ပိုင်များရဲ့ သိရှိလိုတဲ့ မေးမြန်းချက်များအား တိုင်းဒေသကြီး ဝန်ကြီးနဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီးမန်နေဂျာတို့မှ ရင်းနှီး ပွင့်လင်းစွာ ဖြေကြားရှင်းလင်းပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။     တွေ့ဆုံဆွေးနွေးပွဲသို့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ကုန်စည်ဒိုင်ဥက္ကဌနဲ့ အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများ စုံစုံညီညီတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။                             လယ်ယာထွက်ကုန်(မြင်းခြံ) 

Tuesday, 7 Jun 2011

သရက်သီးအစုအဖွဲ့ ထိုင်းနိုင်ငံကိုလေ့လာရေးခရီးသွားရောက်         မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်များဟာ မေလ ၂၆ ရက်နေ့မှ ၃ဝ ရက်နေ့အထိ FAO အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ရောင်းဝယ်မှု တိုးတက်ရေးပြပွဲသို့ လေ့လာရေးခရီး ၄ ရက်ကြာ သွားရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။ ရှေ့လာမယ့် ဇူလိုင်လထဲတွင် တိုင်းဒေသကြီး မန်နေဂျာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ကြီးမှူးပြီး သရက်သီးနဲ့ ပတ်သက်လို့ အပင်စိုက်ပျိုးနည်း ပြုစုပျိုးထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အပင်တိုင်း ပွင့်ပြီး အပွင့်တိုင်းသီးရန်၊ နည်းစနစ်များ အထွက်နှုန်းတိုးတက်ရေးနဲ့ ပိုးမွှား ကာကွယ်ခြင်း၊ ပိုးသတ်ဆေး သုံးစွဲနည်းစတဲ့ မရိတ်သိမ်းမီ အပင်ပြုစုပျိုးထောင် တဲ့ (Pre- Harvest) သင်တန်းတစ်ခုဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ကြောင်းနဲ့ သင်တန်း ကာလမှာ ၂ ရက်ခန့်ကြာမြင့်မှာဖြစ်ပြီး သရက်စိုက် တောင်သူများ မည်သူ မဆိုအခမဲ့ တက်ရောက်နိုင်ကြောင်း သိရပါတယ်။                         ခင်မြင့်မြင့်သန်း

Tuesday, 7 Jun 2011

ရတနာတိုးလယ်ယာကုန်ထုတ်အသင်း(ဟင်္သာတမြို့နယ်)ကို မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပေးအပ်ပြီ              ဟင်္သာတမြို့နယ်၊ လယ်ယာကုန်ထုတ်အသင်း ကြီးကြပ်မှုကော်မတီမှ ဦးဆောင်မှုဖြင့် ရတနာတိုး လယ်ယာကုန်ထုတ်အသင်း (ဟင်္သာတမြို့နယ်)သို့ မြန်မာနိုင်ငံဆန်စပါးအသင်း (ဟင်္သာတမြို့နယ်)ခွဲမှ မျိုးသန့်စပါးများဖြစ်သည့် ဆင်းသွယ်လက်၊ ဆင်းသုခ၊ ရွှေဝါထွန်း စပါးမျိုးများအား တောင်သူ ၈၅ ဦး၏ စိုက်ဧက ၅၄၇ ဧကအနက် ပထမအရစ်အနေဖြင့် ၂၂ဝ ဧကစာ စပါးမိုျး (၃၄ဝ ၁/၂) တင်းပေးအပ်ပွဲနှင့် သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးနည်းစနစ်များ သရုပ်ပြ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့တွင် ချောင်းဖျားကြီးအုပ်စု မကျည်းကုန်းကျေးရွာ တောင်သူဦးစိုးသိန်း၏ လယ်တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ခရိုင်မန်နေဂျာ၊ မြို့နယ်မန်နေဂျာ၊ ခရိုင်အဆင့်အကြီးအကဲများ၊ မြို့နယ်လယ်ယာ ကုန်ထုတ် အသင်းစုကြီးကြပ်မှု ကောမတီဝင်များ မြန်မာနိုင်ငံ ဆန်စပါးအသင်း (ဟင်္သာမြို့ နယ်ခွဲ) ဥက္ကဌ၊ မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်း (ဟင်္သာတမြို့နယ်ခွဲ) ဥက္ကဌ၊ ဟင်္သာတ ဆန်စပါးအထူးပြု ကုမ္ပဏီမှဒေသခံ ဒါရိုက်တာနှင့် အသင်းဝင် တောင်သူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ကျော်ဌေး

Tuesday, 7 Jun 2011

လားရှိုးလက်ကားကုန်စည်ဒိုင်မှ ပြောင်းစိုက်တောင်သူများအား မျိုးစေ့၊ ဓာတ်မြေသြဇာများ အတိုးမဲ့ထုတ်ချေး             လားရှိုးမြို့နယ်ရဲ့ ၂ဝ၁၁-၁၂ ခုနှစ် ပြောင်းစိုက်ရာသီအတွင်း လားရှိုးမြို့ ဘုံမွန်ကျေးရွာအုပ်စု၊ ဘုံပန်ကျေးရွာ၊ မိုင်းပတ် ကျေးရွာ၊ ပန်ကြဲကျေးရွာများနှင့် မန်ကောင်းကျေးရွာအုပ်စု မိုင်းယန်းကျေးရွာများရှိ ဒေသခံ ပြောင်းစိုက်ပျိုးသူ တောင်သူများသို့ (CP-888 )အထွက်နှုန်းကောင်းပြောင်းမျိုးများနှင့် ဓာတ်မြေသြဇာများအား လားရှိုးလက်ကား ကုန်စည်ဒိုင်မှ တစ်ဆင့် ၂ဝ၁၁ ခုနှစ် မေလ ၂၃ ရက်မှစပြီး ဖြန့်ဝေပေးခဲ့ရာ လားရှိုးလက်ကားကုန်စည်ဒိုင် ပြောင်းကုန်သည်ကြီးများမှ (CP-888 ) ပြောင်းမျိုးစေ့အိတ်ကြီး ၃ဝ အိတ်၊ အိတ်သေး ၁၅ အိတ်နှင့် ပုလဲဓာတ်မြေသြဇာ ၁၇ အိတ်တန်ဖိုးငွေ ၅၁၇၉၅ဝဝ ကျပ်အား လည်းကောင်း၊ လားရှိုးလက်ကားကုန်စည်ဒိုင်အနေဖြင့် ပြောင်းမျိုးစေ့ကြီး ၂ဝ အိတ်နှင့် ပုလဲဓာတ်မြေသြဇာ ၄၉၆ အိတ်၊ တန်ဖိုးငွေ ၆၉၆၂ဝဝဝ ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ၁၂၁၄၁၅ဝဝ ကျပ်အား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ ပြောင်းပေါ်ရာသီ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဒေသပေါက်ဈေးနှုန်းဖြင့် သီးနံှပြန်လည်ပေးသွင်းရန် ကုန်စည်ဒိုင်အလုပ်အမှုဆောင် အဖွဲ့နှင့် ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်းညှိနှိုင်း၍ အတိုးမဲ့ ထုတ်ချေး ပေးခဲ့ကြောင်းနှင့် အခြားကျေးရွာအုပ်စုများရှိ ပြောင်းစိုက်တောင်သူများသို့လည်း မျိုးနှင့် သွင်းအားစုများ ဆက်လက်ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တင်မောင်သိန်း

Tuesday, 7 Jun 2011

မဲဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့နှင့် ကုန်သည်စက်မှုအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ တွေ့ဆုံဆွေးနွေး             ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ပြည်နယ်၊ အုပ်ချုပ်ရေးမှူး Mr.Gumtorm Thavornstit  ဦးဆောင် သော ပြည်နယ်စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းတာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အဖွဲ့သည် ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) ဦးဆောင်သော ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့ များ မှ တာဝန် ရှိသူများနှင့် ဇွန်လ ၁ ရက် တွင် တောင်ကြီးမြို့ အေးသာယာ ဂေါက်ကလပ်ခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မဲဟောင်ဆောင် ပြည်နယ်နှင့်ကယားပြည်နယ်၊ ရှမ်းပြည် နယ် (တောင်ပိုင်း)တို့ ဒေသထွက် ကုန်များ ကုန်သွယ်မှုနှင့် ခရီးသွားလုပ် ငန်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများဆွေးနွေးခဲ့ကြကြောင်း၊ မဲဟောင်ဆောင်ပြည်နယ် အနေနဲ့ နယ်နိမိတ်ဆက်စပ်နေသော ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်တွင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်နိုင်ရေး အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့များထံမှ ဆက်လက် ဆက်သွယ် တင်ပြ ဆောင်ရွက်သွားရန် ရှိကြောင်း သတင်းရရှိပါသည်။ နေလင်းစံ

Pages