
တည်သီးသည် မိုးရာသီအကုန် ဆောင်းဦး ကာလဖြစ်သည့် အောက်တိုဘာလတွင် စတင် ထွက်ရှိ၍ နိုဝင်ဘာလတွင် လှိုင်လှိုင်ပေါ်ထွက်ပြီး ဒီဇင်ဘာလအထိ ခူးဆွတ်နိုင်သည့် ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သည်။
သမိုင်းအထောက်အထားများအရ တည်ပင် မြစ်ဖျားခံရာဇာစ်မြစ်မှာ တရုတ်ပြည်ဟု သိရပါ သည်။တည်ပင်များသည် ရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေ၊ သဘာဝကိုလိုက်၍ ပုံသဏ္ဌာန် အနည်း ငယ် ကွဲလွဲမှုရှိပါသည်။ တည်ပင်၏ပုံသဏ္ဌာန်မှာ ဘေးဘက်သို့ပြန့်ကားပြီး အပင်မြင့်အမျိုးအစား ဖြစ်ပြီး အသီး၏ပုံသဏ္ဌာန်မှာလည်း လုံးဝန်းပြီး တစ်ခါတစ်ရံ ဘဲဥပုံစံကဲ့သို့ တွေ့ရတတ်ပါသည်။ တည်သီးရင့်မှည့်လာလျှင် အနီရောင်ဘက် သန်း လာပြီးအသားထူ၍နူးညံ့ချိုမွှေးပါသည်။ မရင့်မှည့် သေးလျှင်ဖန် သောအရသာရှိပြီး တချို့က ထုံးရည် ကြည်စိမ်ကာ အြွကပ်သီးအဖြစ်လည်း စားသုံး လေ့ရှိသည်။ ရင့်မှည့်သောတည်သီးများကို အလုံး လိုက်ရောင်းချသလို နေလှမ်းအခြောက်ခံ၍ တည် သီးခြောက် အနေဖြင့်ရောင်းချကြသည်။ တည်ပင် များကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက် မြို့နယ်ရှိ အေး၍တောတောင်ထူထပ်သော စိန်လုံ တောင်တန်းဒေသကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး ဗန်းမော်ဒေသ၊ ဝိုင်းမော်ဆဒုံးဒေသ များတွင်လည်း အနည်းငယ် တစ်ပိုင်တစ်နိုင် စိုက် ပျိုးကြသည်။
မိုးမောက်မြို့နယ်၊ စိန်လုံတောင်တန်းဒေသကျေးရွာများမှ ထွက်ရှိသော တည်သီးသည် စားသုံး သူများ ကြိုက်နှစ်သက်၍ သီးနှံကုန်သည်များ လာ ရောက်ဝယ်ယူပြီး မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့များသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချကြပါသည်။ တည်သီးဈေးကွက် အခြေ အနေမှာ စိန်လုံတောင်တန်းဒေသ ကျေးရွာများ တွင် အကြီးတစ်လုံးလျှင် ကျပ် ၂၀ဝ ၊ အသေး တစ် လုံးလျှင် ကျပ် ၁၅၀၊ တည်သီးခြောက်(၃၀လုံးမှ ၃၅လုံးပါ)တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀၊ ဗန်းမော် ဈေးကွက်တွင် အကြီးတစ်လုံးလျှင် ၃၀ဝ ကျပ်၊ အသေးတစ်လုံးလျှင် ကျပ် ၂၅၀၊ တည်သီးခြောက် တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ မှ ၁၄၀ဝ၀၊ မြစ်ကြီးနားဈေးကွက်တွင် အကြီးတစ်လုံးလျှင် ကျပ် ၄၀ဝ၊ အသေးတစ်လုံးလျှင် ကျပ် ၃၅၀၊ တည်သီးခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ မှ ၁၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
ရဲရင့်ဖြိုး(ဗန်းမော်)