Main menu

Background

ဈေးကွက်တွင် ရေရှည်တည်တံ့ပြီး နာမည်ကောင်းရနေသော မော်လမြိုင် ကျွဲကောသီး

Mon, 09/02/2024 - 11:19 -- journal_editor

မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်အတွင်း ကျွဲကောစိုက်ဧက စုစုပေါင်း ၂၈၃၁ ဧကရှိပြီး ရေခံ မြေခံကောင်းသဖြင့်  ကျွဲကောစိုက်ပျိုးမှု၌ အောင် မြင်ဖြစ်ထွန်းသည်။  ကျွဲကောသီး အများဆုံး ထွက် ရှိသည့် မြို့နယ်များမှာ  မော်လမြိုင်၊ ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့တို့ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် မွန်ပြည်နယ် ကျွဲ ကောသီးမှာ အကောင်းဆုံးဟု တင်စားအသိအမှတ် ပြုမှုခြင်းခံရသဖြင့်  လက်ဆောင်ပေးခြင်း၊ ဝယ်ယူ စားသုံးခြင်းနှင့် ကျန်းမာရေးဓာတ်စာတို့အတွက် ဝယ်ယူစားသုံးသူများပြားသည်။  ယခင်က ကျွဲ ကော ခြံသမားများက တစ်နိုင်စီးပွားသာလုပ်ကြပြီး  ယခုအခါ ကျွဲကောသီး စိုက်ပျိုးမှုကို စီးပွားဖြစ် ပိုမို လုပ်ကိုင်လာကြသည်။  ကျွဲကောသီးများမှာ  စက် တင်ဘာနှင့် အောက်တိုဘာတွင်  အများဆုံးအသီး ထွက်ရှိပြီး  တစ်နှစ်ပတ်လုံး အသီးမပြတ်ထွက်ရှိ သဖြင့်  ဈေးကွက်အတွင်း ပစ္စည်းပြတ်လတ်မှုမရှိဘဲ ရာသီမရွေး ဝယ်ယူစားသုံးနိုင်သည်။ 
ယခုနှစ်  သြဂုတ်လအတွင်း  ကျွဲကောသီး ဈေးနှုန်းများမှာ ကျွဲကောသီးတစ်လုံးလျှင်   ပန်း ရောင် အလုံးကြီး ကျပ် ၂၅၀ဝ-၄၀ဝ၀၊  အလုံးလတ် ကျပ် ၁၀ဝ၀-၂၀ဝ၀၊   အလုံးသေး  ကျပ် ၇၀ဝ-၁၀ဝ၀ ကျပ်၊ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၂၅၀ဝ-၃၅၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀-၂၃၀ဝ၊ အလုံးသေး ကျပ် ၅၀ဝ-၉၀ဝ ရှိပြီး   အဆိုပါ ကျွဲ ကောသီးများကို မော်လမြိုင်ဈေးကွက်၊ မော်လမြိုင် - ရန်ကုန်   ကားလမ်းတစ်လျှောက်နှင့် ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်သို့ အများဆုံးတင်ပို့ရောင်း ချလျက်ရှိသည်။ 
မွန်ပြည်နယ်အတွင်း ကျွဲကောဇုန်ထူထောင် ရန် ရည်မှန်းချက်ရှိကြောင်း၊ ကျွဲကောထုတ်လုပ်မှု တိုးတက်လာပါက အဆင့်မြင့်ကျွဲကောယို၊ ကျွဲ ကောဝိုင် ထုတ်လုပ်ရန် ကျွဲကောဇုန်မှ ပြည်ပတင်ပို့ နိုင်သည့် အဆင့်ထိရောက်ရှိစေရန်  ရည်ရွယ်၍ ထူထောင်မည်ဖြစ်ကြောင်းသိရသည်။ 
ကျွဲကောသီးကို  ကျန်းမာရေးအရ စားသုံး ကြသည့်အတွက် စားသုံးသူများအနေဖြင့် အဖြူ ရောင် ကျွဲကော(အချိုသီး)နှင့် ပန်းရောင်ကျွဲကော (ချိုချဉ်သီး) နှစ်မျိုးလုံးတို့ကို ဝယ်ယူစားသုံးကြ သည်။ နှလုံးကျန်းမာရေးကို ကောင်းမွန် စေသည်။  အသားအရေအတွက် အထူးကောင်းမွန်စေသည်။ ခသေါူနည လည်းပါဝင်၍  အရေးအကြောင်းနှင့် အရွယ်မတိုင်ခင် အိုမင်းမှုကို လျှော့ချ၍ နုပျိုစေ သည်။ ဆီးလမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်း ကြောင့် နာကျင်မှုများကို လျှော့ချပေးနိုင်သည်။ ရင်သားကင်ဆာနှင့်  အူကင်ဆာ ဖြစ်ခြင်းများကို တားဆီးပေးနိုင်သည်။ နျအမသါနည ပါဝင်ခြင်းကြောင့် ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို  ထိန်းချုပ်ပေးပြီး အမျှင်ဓာတ်မှာ အူမကြီးကင်ဆာ မဖြစ်အောင် စွမ်း ဆောင်ပေးနိုင်သည်။ အချဉ်ဓာတ်နှင့် အမျှင်ဓာတ် ပါဝင်၍ အစာ ခြေစနစ် ကောင်းမွန်စွာ လည်ပတ် နိုင်ပြီး ဝမ်းချုပ်ခြင်းမှ ကင်းဝေစေသည်။ 
ထို့ပြင် ြွကက်သားတင်းမာမှုကို  ပြေလျော့စေ သည် ကျွဲကောသီးတွင် အဆီပိုများကို လောင်ကျွမ်း စေပြီး ခန္ဓာကိုယ်အလေးချိန် ကျစေ၍ ပိန်စေနိုင် သော အင်ဇိုင်းဓာတ်ပါဝင်သည်။ ထို့ကြောင့် ကျန်း မာရေးအတွက် အထောက်အကူပြုသော ကျွဲကော သီးကို အာဟာရအဖြစ်နှင့်သာမက ကျန်းမာရေး ဓာတ်စာအတွက်ပါ  စားသုံးကြသည်။ ယခုအခါ လူကြိုက်များ၍  မော်လမြိုင်   ကျွဲကောသီးဟူ၍ နာမည်ကောင်းနှင့် ရပ်တည်နေသော မွန်ပြည်နယ် ၏ ကျွဲကောသီးအကြောင်းကို ရေးသားလိုက်ရပါ သည်။ 

 

ခင်ကြည် (မွန်ပြည်နယ်)