စားသုံးသူပြည်သူများ လူမှုဘဝတွင် နေ့စဉ် စားသောက်ဖွယ်ရာ မုန့်အမျိုးမျိုးတို့ကို စားသုံး လျက်ရှိရာ ပြည်ပမှ နည်းလမ်းပေါင်းစုံတို့ဖြင့် အစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ ဝင်ရောက် လျက်ရှိနေပြီး မြန်မာနိုင်ငံ ဒေသအသီးသီးတို့တွင် လည်း ဒေသထွက်မုန့် အမျိုးအစားများစွာ ထုတ် လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ မြန်မာနိုင်ငံ ဒေသထွက် မုန့်အများစုမှာ ဒေသထွက် သဘာဝ ကုန်ကြမ်းများဖြင့် ပြုလုပ်ထားခြင်းကြောင့် စားသုံး သူများအတွက် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရ ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည်။ ပြည်တွင်းမုန့်ထုတ်လုပ်မှု လုပ်ငန်း အား ဒေသအသီးသီးတို့၌ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန် လျှော့ ချနိုင်ရုံသာမက ဒေသတွင်း သဘာဝကုန်ကြမ်း ပစ္စည်းများ ဈေးကွက်ရရှိလာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးနိုင်သဖြင့် အလုပ်လက်မဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကုန် ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ထိုးဖောက် နိုင်ရန် ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကွမ်းခြံကုန်း မြို့နယ်တွင် ဒေသတစ်ဝန်း၌ ပဲမုန့်လုပ်ငန်းများ တွင်ကျယ်လာသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေ သည်။ ထူးရှယ် ပဲမုန့်လုပ်ငန်းမှာ သဘာဝကုန်ကြမ်း ပစ္စည်းများကို အဓိကအသုံးပြု ထုတ်လုပ်ထား ခြင်းကြောင့် ဈေးကွက်ဝင်ပြီး လူကြိုက်များသည့် ထုတ်ကုန်တစ်ခုဖြစ်သည်။
သဘာဝပစ္စည်းဖြစ်သည့် ဂျုံ၊ ကုလားပဲခြမ်း၊ သကြား၊ စားဆီသန့် များကို အဓိကသုံးထားသည်ဖြစ် ခြင်းကြောင့် လူကြိုက်များ၍ လက်ဆောင်ပစ္စည်း အဖြစ်လည်းကောင်း၊ စားသုံးရန်အတွက် လည်း ကောင်း၊ အလှူအတန်းများတွင် အသုံးပြုရန် အတွက်လည်းကောင်း ဝယ်ယူကြသည်။
ကွမ်းခြံကုန်းမြို့နယ်ရှိ ပဲမုန့်လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် လုပ်ငန်း လိုင်စင်လျှောက်ပြီး ရန်ကုန်မြို့ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ချိတ်ဆက်၍ တရား ဝင် မှတ်ပုံတင်ထားခြင်းဖြစ်သည်။ မှတ်ပုံတင်လိုက် ခြင်းအားဖြင့် လုပ်ငန်းက တရားဝင်လုပ်ငန်း တစ်ခု အဖြစ် ရပ်တည်နိုင်ပြီး လုပ်ငန်းအတွက် လိုအပ် သည့် အကူအညီများလည်း များစွာရလာသည်။ ထို့ကြောင့် ပဲမုန့်ကို စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ကြောင်း အာမခံချက် ပေးနိုင် သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကိုယ်တိုင်လုပ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်၊ ဖျာပုံမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်နှင့် လှိုင်သာယာမြို့ နယ်များကိုပါ ဖြန့်ချိနိုင်ခဲ့သည်။ ဒလမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များမှ ရန်ကုန်အပြန် လက် ဆောင်ဝယ်ယူကြခြင်းကြောင့် အခြားဒေသ အတော်များများကပါ ကြိုက်နှစ်သက်ကြောင်း တွေ့ရသည်။
ပြည်တွင်းဖြစ် မုန့်များကိုများများထုတ်လုပ် နိုင်ပြီး ဈေးကွက်ထိုးဖောက်နိုင်ခြင်းဖြင့် ပြည်ပမှ နည်းလမ်းပေါင်းစုံနှင့် ဝင်လာသည့် စားသုံးသူ ပြည်သူများအတွက် စားသုံးရန်သင့်/မသင့် မသိ သည့် မုန့်မျိုးစုံများသုံးစွဲမှု နည်းလာမည်ဖြစ်သည်။ ထို့ပြင် ပြည်ပက သွင်းကုန်များကို လျှော့ချနိုင်မည် ဖြစ်သည်။
ဘေးအန္တရာယ် ကင်းရှင်း၍ အာဟာရ ပြည့်ဝသည့် အစားအစာကို စားသုံးနိုင်ရန်နှင့် ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်းဖြစ် ပဲမုန့် အမျိုးမျိုးတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး တိုက်တွန်းလိုက်ရပါသည်။
တင်မင်း