Main menu

Background

ဒေသတွင်း နေကြာစိုက်ပျိုးမှုနှင့် ဆီထုတ်လုပ်မှု

Mon, 07/07/2025 - 15:38 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်တွင်  ဆောင်းသီးနှံဖြစ်သော  မြေပဲ၊ ဆောင်းနှမ်း၊ နေကြာ၊  ပန်းနှမ်း စသော သီးနှံများကို စိုက်ပျိုးထား ကြောင်း သိရသည်။ 
၂၀၂၄ -၂၀၂၅ ခုနှစ်၌ နေကြာကို မအူပင် မြို့နယ်တွင် ၁၁၅၅၂ ဧက၊ ပန်းတနော်မြို့နယ် တွင် ၄၇၄၆ ဧက၊ ညောင်တုန်း မြို့နယ်တွင် ၆၉၀၁ ဧက၊ ဓနုဖြူမြို့နယ်တွင် ဧက ၁၇၆၆၀ စုစုပေါင်း ၄၀၈၅၉ ဧကစိုက်ပျိုးထားသည်။  မြေပဲသီးနှံကို မအူပင်တွင် ၂၀၁၂ ဧက၊ ပန်းတနော်တွင် ၁၂၆ဧက၊ ညောင် တုန်းတွင် ၉၆၅ ဧက၊ ဓနုဖြူမြို့နယ်တွင် ၃၃ ဧက စုစုပေါင်း ၃၁၃၆ ဧက စိုက်ပျိုးခဲ့ကြောင်း သိရ သည်။  စိုက်ပျိုးသော  နေကြာ၊ မြေပဲ သီးနှံများ အထွက်နှုန်း ကောင်းစေရန်နှင့်  ပိုးမွှားအန္တရာယ် ကင်းရှင်းစေရန်  သက်ဆိုင်ရာဌာနများမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။  နေကြာမှာ မြေအမျိုးအစားပေါ်မူတည်ပြီး  အထွက်နှုန်း  ကွာ ခြားသဖြင့်  အထွက်နှုန်း နည်းသည့်မြေယာများကို ပိုမိုထွက်ရှိအောင် ဆောင်ရွက်လျက်ရှိပြီး  မြေပဲမှာ အထွက်နည်းပြီး လိုအပ်ချက်များအရ အခြားဒေသ မှ မှာယူ၍ ဆီကြိတ်ခွဲထုတ်လုပ်ရကြောင်း  သိရ သည်။  
မေလအတွင်း မအူပင်တွင် ဆီစက် သုံးစက် မှ ကြိတ်ခွဲထုတ်လုပ်နိုင်မှု ၁ ဒသမ ၄၁ တန်၊ ပန်း တနော်မြို့နယ်တွင်  ဆီစက်လုပ်ငန်း သုံးစက်မှ ကြိတ်ခွဲထုတ်လုပ်မှု သုည ဒသမ ၅၃တန်၊ ညောင် တုန်းမြို့နယ်တွင် ဆီစက် တစ်စက်မှ ကြိတ်ခွဲထုတ် လုပ်မှု သုည ဒသမ ၁၆ တန်၊ ဓနုဖြူမြို့နယ်တွင် ဆီစက်လုပ်ငန်း နှစ်စက်မှ ကြိတ်ခွဲထုတ်လုပ်နိုင်မှု သုည ဒသမ ၄၈ တန်ရှိပြီး မအူပင်ခရိုင်အနေဖြင့် ဆီစက်လုပ်ငန်း ၉ စက် မှ စုစုပေါင်း ကြိတ်ခွဲထုတ် လုပ်နိုင်မှု ၂ဒသမ၅၈ တန်ရှိ ကြောင်း သိရသည်။  
ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကြိတ်ခွဲ ထုတ်လုပ်သော ဆီများ ဘေးအန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေ ရေးတို့အတွက်  သက်ဆိုင်ရာဌာနများက   ကွင်း ဆင်းစစ်ဆေး ဆောင်ရွက်ခြင်း များလည်းရှိသည်။ ဆီစက်လုပ်ငန်းတစ်ခုမှ  တစ်နာရီလျှင် နေကြာ လေးတင်းမှ ခြောက်တင်းအထိ ကြိတ်ခွဲနိုင်ကြောင်း နှင့် ထွက်ရှိသော နေကြာဆီများကို တစ်ပိဿာ လျှင် ကျပ် ၁၈၀ဝ၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀ ဖြင့် မြို့နယ်အတွင်း ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ 

သဇင် (မအူပင်)