Main menu

Background

၂၀၂၃ ခုနှစ်အတွက် အလုံခြုံဆုံးလေကြောင်းလိုင်း ၁၀ ခုကို AirlineRatings.com  ဖော်ပြ

Thu, 01/19/2023 - 12:47 -- journal_editor

AirlineRatings.com  သည် ၂၀၂၃ ခုနှစ်အတွက် အလုံခြုံဆုံးလေ ကြောင်းလိုင်းများကို စစ်တမ်းကောက် ကာ ထုတ်ဖော်ကြေညာခဲ့သည်။ AirlineRatings.com  ၏ လေ့လာမှုတွင် ခရီးသည်များဘေးကင်းရေး၊ ဆန်းသစ်တီထွင်မှုနှင့် လေယာဉ်သစ်များကို မိတ်ဆက်ခြင်း စသည်ဖြင့် လေကြောင်းလိုင်း ၃၈၅ လိုင်းကို လေ့လာပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
AirlineRatings.com  က စစ်တမ်းကောက်ယူ ထုတ်ပြန်လိုက်သည့် ၂၀၂၃ ခုနှစ်အတွက် အလုံခြုံဆုံး လေကြောင်းလိုင်း ၁၀ ခုမှာ Qantas, Air New Zealand, Etihad Airways, Qatar Airways, Singapore Airlines, TAP Air Portugal, Emirates, Alaska Airlines, EVA Air နှင့် Virgin Aus- tralia/Virgin Atlantic လေကြောင်းလိုင်းတို့ဖြစ်သည်။
AirlineRatings.com  ၏ လေ့လာမှုတွင် Qantas သည် ထိပ်ဆုံးနေရာ ကို ရယူနိုင်ခဲ့ပြီး အဲလ်နယူးဇီလန်သည် ဒုတိယနေရာ၌ ရပ်တည်လာခဲ့သည်။
အဆိုပါ လေကြောင်းလိုင်းများထဲတွင် Qantasသည် လုပ်ငန်းလည်ပတ်မှု နှစ်ပေါင်း ၁၀ဝ ရှိပြီဖြစ်သောကြောင့် လုပ်ငန်းအတွေ့အကြုံ အရှိဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံထားရသည်။                  

Source; CNBC

စိုင်းဗညား