Main menu

Background

ဇူလိုင်လလယ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲဈေးအမြင့်ဆုံးဈေးရနေသလို ပဲစင်းငုံလည်း ဈေးပိုရခဲ့ပြီး အခြားပဲများဈေးငြိမ်

Tue, 07/22/2014 - 08:29 -- ydnar

 

ပြည်ပဲမျိုးစုံဈေးကွက်တွင် ယခု တစ်ပတ်မှာ မတ်ပဲနှင့် ပဲစင်းငုံသီးနှံ ဈေးမြင့်လာခဲ့သလို ထောပတ်ပဲသီးနှံ လည်း ဈေးပိုလာ ခဲ့တာ ကို တွေ့ရပါ တယ်။ ပဲကြီး၊ ဘိုကိတ်နဲ့ ပဲပုပ်သီးနှံ များကတော့ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ဈေး မှာ ယခင်တစ်ပတ်ကတစ်တင်း ၂၅၈၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ရန်ကုန် ဝယ် လက် ဝယ်လိုအားကောင်း လို့ တစ်ရက် အိတ် ၄၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်း ၂၇၃၀၀ ကျပ်မှ

၂၇၄၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ ကာ ဝင်ရောက် လာတဲ့ပဲများအပြင် လက်ကျန်ပဲများလည်း အရောင်း အဝယ် ဖြစ်လျက်ရှိခဲ့ပါတယ်။ ယခုနှစ် မတ်ပဲဈေးမှာ ယခင်နှစ်က ဈေးထက် သိသိသာသာဈေးပိုရလျက် ရှိပါတယ်။  ယခင်နှစ်က ဇူလိုင်လလယ် မတ်ပဲဈေး မှာ တစ်တင်း ၁၅၄၀၀ ကျပ်သာရရှိခဲ့ပြီး ယခုဇူလိုင် လလယ် မတ်ပဲဈေးမှာ တစ် တင်း ၂၇၃၀၀ ကျပ်ရရှိနေတဲ့အတွက် ကျပ်တစ်သောင်းကျော် ဈေးပိုရလျက် ရှိလို့ လက်ကျန်ပဲများ ထုတ်ရောင်းချမှု ရှိလာခဲ့ပါတယ်။
ပဲတီစိမ်းသီးနှံမှာ ယခင်နှစ်က ဇူလိုင်လ ဒုတိယပတ်တွင် ဈေးကွက်သို့ ဝင်ရောက်လာသော်လည်း ယခုနှစ်မှာ ဇူလိုင်လ လယ် အထိ ဝင်ရောက်လာမှု မရှိသေးဘဲ ပဲထွက်ရှိမှု နောက်ကျနေခဲ့ တယ်လို့ သိရပါတယ်။ ပဲစင်းငုံ သီးနှံမှာ ပဲအဝင်မရှိဘဲ လက်ကျန်ပဲ များ အား ရန်ကုန် ဝယ်လက်မှ ဝယ်ယူနေလို့ တစ်ရက်အိတ် ၄၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲဈေးမှာ လည်း ယခင် တစ်ပတ်ထက် ဈေးပိုရခဲ့ပြီး တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် ယခင်နှစ် က ဈေးထက်လည်း ဈေးပိုနေခဲ့တာကို တွေ့ရပါတယ်။ ယခင်နှစ်က ဇူလိုင်လ လယ် ပြည်ပဲစင်းငုံဈေးမှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ် ဖြစ်ခဲ့လို့ ယခုနှစ်မှာ မတ်ပဲရော၊ ပဲစင်းငုံ သီးနှံပါ ဈေးကောင်းနေတယ်လို့ ဆိုရ မှာ ဖြစ်ပါတယ်။
ကုလားပဲနဲ့ ပဲကြီးဈေးနှုန်းများက တော့ ဒေသတွင်းသာ အဝယ်ရှိသလို ဈေးလည်းအေး အရောင်း အဝယ် လည်း အေးေ န ခဲ့ကြ ပါတယ်။ ကုလားပဲသီးနှံမှာ တစ်တင်း ၁၄၈၀၀ ကျပ်ဖြင့် ပဲအဝင်မရှိ ဘဲ ခွဲစက်သမားသာ ဝယ်ယူ လို့ အိတ် ၃၀၀ ကျော် အရောင်း အဝယ်ဖြစ် ခဲ့သလို ပဲကြီးသီးနှံမှာလည်း ပန်းတောင်း၊ ရွှေ တောင်မြို့နယ်များမှ တစ်ခါတစ်ရံအဝင် ရှိခဲ့ပါတယ်။ ပဲကြော်ဖိုသမားများ ဝယ် ယူမှုရှိလို့ အိတ် ၂၀၀ ကျော် အရောင်း အဝယ်ဖြစ်ပြီး ပဲဈေးကတော့ (ရွှေ ကျွန်း) တစ်တင်း၂၅၀၀၀ကျပ်၊ (ကမ်း နား)တစ်တင်း ၂၂၀၀၀ ကျပ်ဖြင့် ဈေး ငြိမ် နေခဲ့ပါတယ်။ ပဲကြီးဈေးကတော့ ယခင်နှစ်က ပဲဈေးကွက်မှာ ဈေးအမြင့် ဆုံး ရခဲ့ပေမယ့် ယခုနှစ် ဇူလိုင်လလယ် မှာတော့ ပဲကြီးဈေးငြိမ်နေပြီး မတ်ပဲ ဈေးက ပဲဈေးကွက်အတွင်း ဈေးအမြင့် ဆုံးဖြစ်နေခဲ့ပါတယ်။ ဘိုကိတ်ပဲမှာ တစ် တင်း ၁၂၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေ သလိုဒေသတွင်း လက်လီသမားများဖြင့် သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲလွန်း ဖြူဈေးမှာလည်း လက်လီသမားနဲ့ တစ် တင်း ၁၆၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေ ပါတယ်။ထောပတ်ပဲကတော့ တစ်တင်း ၂၆၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးပိုရခဲ့တယ်လို့ သိရပါတယ်။