Main menu

Background

ဇူလိုင်လအတွင်း ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံသီးနှံလည်းဈေးပိုလာခဲ့

Tue, 07/22/2014 - 08:36 -- ydnar

ပဲစင်းငုံသီးနှံမှာ ဇွန်လအတွင်း ဈေး ငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု ဇူလိုင်လဆန်းမှစပြီး ပဲစင်းငုံဈေးမှာ မတ်ပဲဈေးကဲ့သို့ဈေးမြင့်လာတာကို တွေ့ ရပါတယ်။ ရန်ကုန်ဝယ်လက်မှ အိတ် ၃၀၀ ကျော် ၄၀၀ ထိ ဝယ်ယူမှုရှိပြီး၊ ပဲအဝင်မရှိပေမဲ့ လက်ကျန် ပဲများရှိတဲ့ အတွက်ရောင်းချမှုရှိခဲ့ပါတယ်။  ပဲစင်းငုံ ဈေးမှာယခုတစ်ပတ် တစ်တင်း ၂၁၀၀၀ ကျပ်မှ ၂၁၂၀၀ ကျပ်ထိ ယခင်အပတ် ထက် ဈေးပိုရနေခဲ့တယ်လို့ သိရပါ တယ်။