Main menu

Background

သရက်မြို့ စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းအခြေအနေ

Fri, 03/17/2023 - 13:12 -- journal_editor

သရက်မြို့ စည်ပင်သာယာဈေး၌ ကြက်သွန်ဖြူ၊  အာလူးတို့မှာ ရှမ်းပြည် နယ် ကလောမြို့နှင့် အောင်ပန်းမြို့တို့မှ တစ်ဆင့်   ဝယ်ယူရောင်းချလျက်ရှိပြီး ငရုတ်သီး(အစို)/  (အခြောက်)နှင့် မန်ကျည်းသီးတို့မှာ   သရက်မြို့အနီးရှိ ကျေးရွာများဖြစ်သော    စမ်းအိုင့်ရွာ၊ ကိုးပင်ရွာနှင့်   တခြား  စားဖိုဆောင် စားသောက်ကုန်များကို  အောင်လံမြို့ နှင့် ပြည်မြို့တို့မှ အများဆုံးဝင်ရောက် လျက်ရှိကြောင်း သိရသည်။
မတ်လ ဒုတိယပတ်တွင် သရက် မြို့    စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသည့် ဈေးနှုန်းများမှာ  ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ငရုတ်သီး(အစို) တစ်ပိဿာ လျှင် ကျပ် ၃၅၀ဝ ၊ ငရုတ်သီး(ခြောက်) တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀၊ မန် ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၊  ဆားတစ်ပိဿာလျှင် ကျပ် ၃၅၀၊ ကြက်ဥ တစ်လုံးလျှင် ကျပ် ၂၃၀ နှင့် ဘဲဥ တစ်လုံးလျှင် ကျပ် ၃၀ဝ ကြက် သား(CP)တစ်ပိဿာလျှင် ကျပ် ၁၃၅၀ဝ၊ ဝက်သား တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၃၅၀ဝ စသည်ဖြင့် ပထမပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းပြောင်းလဲမှုမရရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများအနေဖြင့်လည်း စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၁၀ဝ၊ ပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၆၁၀ဝ ဖြစ်၍ ပထမပတ်နှင့်နှိုင်းယှဉ်ပါက  စားအုန်း ဆီနှင့် ပဲဆီတို့မှာ ကျပ် ၅၀ဝ ဝန်းကျင် ဈေးလျာ့ကျခဲ့ကြောင်း စည်ပင်သာယာ  ဈေးအတွင်းရှိ   ဈေးသည်များထံမှ သိရှိရသည်။ 
အေးသီတာ