Main menu

Background

ဘားအံမြို့တွင် အခွန်လွတ်ဈေးများ ဖွင့်လှစ်ရောင်းချ

Mon, 07/17/2023 - 12:12 -- journal_editor

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန်  ကရင်ပြည်နယ် ကုန်ဈေးနှုန်း  တည်ငြိမ်ရေးနှင့် ကျဆင်းရေးကော်မတီက ဘားအံမြို့ ကန်သာယာတွင် စနေနေ့ အခွန်လွတ်ဈေးကိုလည်းကောင်း၊ အမှတ်(၉)ရပ်ကွက် ကမ္မဌာန်းကျောင်းတွင် ဗုဒ္ဓဟူးနေ့ အခွန်လွတ်ဈေးကိုလည်းကောင်း  အပတ်စဉ် ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဖွင့်လှစ်ရောင်းချပေးလျက်ရှိသော အခွန်လွတ်ဈေးများတွင် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများနှင့် သား/ငါး အရောင်းဒိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာ ကျပ် ၁၃၀ဝ၀၊ အမဲသားတစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ ဆိတ်သား တစ်ပိဿာ ကျပ် ၁၇၀ဝ၀၊ ကြက်သ ား(အိမ်ကြက်) ကျပ် ၁၅၀ဝ၀၊ မွေးမြူရေးငါးကြင်း တစ်ပိဿာ ကျပ် ၇၀ဝ၀၊ တီလားဗီးယား တစ်ပိဿာ ကျပ် ၆၀ဝ၀၊ ငါးမဲလုံး တစ်ပိဿာ ကျပ် ၆၀ဝ၀၊ ယိုးဒယားငါးခုံးမ တစ်ပိဿာ ကျပ် ၆၀ဝ၀ ၊ ငါးခူ တစ်ပိဿာ ကျပ် ၆၃၀ဝ၊ ငါးမုတ် တစ်ပိဿာ ကျပ် ၅၀ဝ၀၊ ငါတန် တစ်ပိဿာ ကျပ် ၄၆၀ဝ၊ ပလာတူး တစ်ပိဿာ ကျပ် ၆၀ဝ၀၊ ဘဲဥ တစ်လုံး ကျပ် ၃၀ဝ၊ ကြက်ဥ တစ်လုံး ၂၅၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၁၀ဝကျပ်၊ ချဉ်ပေါင်ရွက်တစ်စီး ၁၀ဝ ကျပ်၊  ဂေါ်ဖီထုပ် တစ်ထုပ် ကျပ် ၇၀ဝ၊ ပန်းဂေါ်ဖီ တစ်ပွင့် ကျပ် ၅၀ဝ ၊ စားသုံးဆီ တစ်ပိဿာ ကျပ် ၅၁၀ဝ စသည်ဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
အခွန်လွတ်ဈေးများ ဖွင့်လှစ်ရောင်းချပေးခြင်းဖြင့် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအနေဖြင့် ဝယ်သူထံသို့ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့်  သီးနှံ/သားငါး ထုတ်လုပ်ရောင်းချမှုအပေါ် အမြတ်အစွန်းပိုမို ရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူ ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့်  တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ်စားသောက်ရေးအတွက် ကုန်ကျစရိတ်အပေါ် ကာမိကာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လူမှုစီးပွားဘဝ ရိုက်ခတ်မှု လျော့နည်းသက်သာလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မျိုးဝင်းနိုင်(ကရင်/ ပြည်တွင်း)