Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး၊ ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Tue, 11/22/2022 - 10:22 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ‌တတိယ ပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘို ခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင် ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၃၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၄၃၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၉၀ဝ၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀ဝ၊  ရှမ်း(မြောက်)သို့  အိတ်ရေ ၈၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၀၃၆၀ဝ၊ တန်အားဖြင့် ၅၁၈၀ တန် စီးထွက်ခဲ့သည်။ ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၅၀ဝ၊ မန္တလေးသို့ အိတ်ရေ ၄၄၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀ဝ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၀၄၀ဝ၀၊ တန်အားဖြင့် ၅၂၀ဝ တန် စီးထွက်ခဲ့ သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ် ရေ ၄၀ဝ၊ တန်အားဖြင့် ၂၀ တန် ပို၍စီးထွက်ခဲ့သည်။
ရွှေဘိုမြို့၏ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေ သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ်၂၄၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်း စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁၀ဝ၀ဝ၀၊ ‌ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။  
အေးသိင်္ဂီစိုး(ရွှေဘို)