Main menu

Background

မိုးစပါးများ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 11/28/2022 - 14:03 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထား အများဆုံးစိုက်ပျိုးကြသည်။ မိုးစပါး စိုက်ပျိုမှုအနေဖြင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် ၁၅၆၇၀၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင်  ၁၄၃၇၉၆ ဧက စိုက်ပျိုးထားပြီး ယခုနှစ်မိုးစပါးများမှာ ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ 
စပါးဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် ပဒေသာစပါး(အဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်း၊ မနောသုခစပါး (အဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၁၃ သိန်းဖြစ်ပြီး ဆန်ဈေးနှုန်းအနေဖြင့် ပဒေသာဆန် (အဟောင်း)၂၄ ပြည် တစ်အိတ် လျှင် ကျပ် ၆၇၀ဝ၀၊  မနောသုခ ဆန်(အဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၇၀ဝ၀ ရှိပြီး ဆန်ဈေးကွက်အနေဖြင့် မန္တလေး ၊ နွားထိုးကြီး၊ မြင်းခြံမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။                    

 စိုးလွင်