Main menu

Background

စွန်တာနီနှင့် စွန်တာပြာ တောင်သူများပိုမိုစိုက်ပျိုးလာ

Thu, 01/19/2023 - 13:40 -- journal_editor

စွန်တာနီ၊ စွန်တာပြာ ပဲကို မိုးနှောင်းကာလနှင့် ဆောင်းရာသီ အစောပိုင်းတွင် စိုက်ပျိုးကြ သည်။ စွန်တာနီ/ စွန်တာပြာပဲများသည် မျိုးရိုးဗီဇအားဖြင့် ပဲတစ်မျိုးတည်းဖြစ်သော်လည်း  အရောင်အနည်းငယ် ကွဲပြားမှုကြောင့် အနီရင့်ရောင်ရှိသောပဲများကို စွန်တာနီဟု ခေါ်ပြီး နီညိုရောင်တွင် ပြာလဲ့ရောင်သမ်းလျက်ရှိသော ပဲကို စွန်တာပြာ ဟုခေါ်ကြောင်း၊ စွန်တာပြာမျိုးစိတ်တစ်ခုဖြစ်သည့် ဒေသအခေါ် ပဲဇီးကွက်များမှာ  နိုင်ငံခြားပို့ကုန်သစ်အနေဖြင့်  တွင်ကျယ်လာ ကြောင်း လေ့လာသိရှိရသည်။
စွန်တာနီ/ပြာ ပဲသီးနှံကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ မိုး ၈၂၀ဝ၀ ဧက၊ ဆောင်း ၁၅၀၂၀ဝ ဧက၊ စုစုပေါင်း ဧက  ၂၃၂၂၀ဝ ရှိပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ မုံရွာခရိုင်တွင် ၈၄၂၅၆ဧက၊ ရွှေဘိုခရိုင်တွင် ၃၄၄၄၃ ဧက၊  ကလေးခရိုင်တွင် ၂၇၀၄၇ ဧက၊ ရေဦးခရိုင်တွင် ၂၂၉၆၆ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၇၄၁၁ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၃၇၅၈ ဧကနှင့် ကန့်ဘလူခရိုင်များတွင် ၁၂၈၆၉ ဧက စုစုပေါင်း ၂၁၂၇၅၀ ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်အပေါ်  ၉၁ဒသမ၆၂ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း  တိုင်းစိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအရ သိရှိရသည်။
မိုးသီးနှံကို  ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများတွင် စိုက်ပျိုး ပြီး၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပေါ်ထွက်သည်။ မိုး သီးနှံ ကို ၈၂၀ဝ၀ ဧက လျာထားခဲ့ရာမှ ၈၂၁၉၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ခုနှစ်   နိုဝင်ဘာလကုန်အထိ  ၃၃၉၀ဝ ဧက ရိတ်သိမ်းပြီးစီး ကြောင်း သိရသည်။ ဆောင်းသီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလ နှင့်  ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပါကြောင်း၊ မိုးသီးနှံ စွန်တာနီ/ ပြာပဲ စတင်ထွက်ပေါ်ချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများ တွင် သုံးတင်းဝင်တစ်အိတ်ကို ပျမ်းမျှငွေကျပ်  ၁၂၀ဝ၀ဝ ဝန်းကျင် ပေါက်ဈေးရှိနေသဖြင့် စိုက်ပျိုးသူများလာကြောင်း၊ လက်ရှိ စွန်တာနီ/ ပြာဈေးမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ်  ၁၃၅၀ဝ၀ ဖြစ် ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းအရ သိရသည်။
စွန်တာနီ/ပြာပဲအား  ပဲစိုအဖြစ် ချက်ပြုတ်စားသုံးရန် စားသုံး သူပြည်သူများက  ပိုမိုကြိုက်နှစ်သက်ပြီး  ချက်ပြုတ်ရာတွင်လည်း လွယ်ကူသဖြင့် ပဲစို ခူးဆွတ်ရောင်းချကြကြောင်း၊ ပဲစို တစ်တင်း လျှင် ကျပ် ၇၀ဝ၀ဝ ရရှိသဖြင့် တောင်သူများအတွက်လည်း တွက်ခြေကိုက် ၍  ပဲအစိုကို ခူးဆွတ် ရောင်းချလျက်ရှိပါကြောင်း၊ စွန်တာနီ/ပြာကို အညှောင့်ဖောက်၍ ပဲညှောင့် ပေါက်အဖြစ်လည်းကောင်း၊  ပဲပငေ် ပါက်အဖြစ်လည်းကောင်း၊ ၎င်းပဲပင်ပေါက်ကိုအချဉ်တည်၍ ပဲပင် ချဉ်အဖြစ် အမျိုးမျိုးပြုလုပ်  ရောင်းချနေရခြင်းကြောင့် ပြည်တွင်း ဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ဈေးကွက်ဝယ်လိုအား ရှိနေပြီး ဈေးကောင်းရနေသော စွန်တာနီ/ပြာ သီးနှံကို  ပိုမိုစိုက်ပျိုးလာကြောင်း တောင်သူအမျိုးစုထံမှ လေ့လာသိရှိ ရသည်။                                                              

တင်မာဝေ (မုံရွာ)